← Chapters

စစ်တလင်းအတွင်းဝင်ရောက်ခြင်း

Vol. 10 Ch. 145

စစ်တလင်းအတွင်းဝင်ရောက်ခြင်း

Vol. 10 Ch. 145

“အကြီးအကဲ..၊ လေဟာနယ်စစ်တလင်း ပွင့်ဖို့ အချိန်မလိုတော့ဘူး”

ဝမ်မုန့်ယွင်သည် သူမရောက်ရှိလာသည့် အကြောင်းရင်းကို ပြောလိုက်၏။ ထို့နောက်တွင် သူမသည် ကောင်းကင်ထက်မှ ညင်သာသည့် ခြေလမ်းများနှင့် တလှမ်းချင်းလှမ်း၍ ဟွမ်းထံ ဦးတည်လာသည်။ သူမ၏ နောက်တွင် မိန်းမငယ်လေးနှစ်ဦးလည်း ပါရှိသည်။

ထိုမိန်ကလေးနှစ်ဦးသည် သူမ၏ တပည့်ရင်းများပင်ဖြစ်၏။ သူတို့နှစ်ဦးသည် တူညီသည့် ပန်းရောင်အဝတ်အစားများနှင့် တူညီသည့် မျက်နှာအသွင်ပြင်ရှိသည်။ သူမတို့၏ ခန္ဓာကိုယ်သည် ဝမ်မုန့်ယွင်ကဲ့သို့ ကောက်ကြောင်းများ မထင်ရှားသော်လည်း ထိုက်သင့်သည့် ဖွံ့ဖြိုးမှုများရှိနေ၏။ ထို့အပြင် အဆင့်တစ်နတ်အင်ပါယာများ ဖြစ်နေကြသေးသည်။ တစ်ဦးမှာ ဝမ်ရွှမ်းဖြစ်ပြီး နောက်တစ်ဦးမှာ ဝမ်ရှီးဖြစ်၏။

“ဟမ့်..သတင်းပေးယုံသပ်သပ်ဆို ဘာကြောင့် ခိုးကြောင်ခိုးဝှက် ပုန်းအောင်းနေလဲ”

ချုးယွီဟွာသည် နှာမှုတ်ကာ ခွန်းတုန့်ပြန်လိုက်၏။ သူမသည် ခါတိုင်းကဲ့သို့ သိမ်မွေ့မနေတော့ချေ။ သို့သော် လက်ရှိသူမ၏ပုံစံသည်လည်း ချစ်စဖွယ် မိန်းမငယ်လေးတစ်ဦးအလား ဖြစ်နေသည်။

“ကျွန်မ အကြီးအကဲနဲ့ နှစ်ဦးတည်းဆွေးနွေးချင်တဲ့ ကိစ္စရှိပါတယ်”

ဝမ်မုန့်ယွင်သည် ချုးယွီဟွာကို ဂရုမစိုက်ပဲ ဟွမ်းကိုသာ ကြည့်၍ အလေးနက်ပြောလိုက်သည်။ သို့သော် သူမ၏ ပုံစံသည် ဆွဲဆောင်ညို့ငင်နေဟန်ရှိ၏။

“မရဘူး..”

ချုးယွီဟွာသည် ဟွမ်း၏ ရှေ့တွင် ပိတ်ရပ်ကာ တားမြစ်လိုက်သည်။ ထိုအမျိုးသမီး စတင်ပေါ်ပေါက်လာချိန်တွင် ချုးယွီဟွာသည် သဘာဝရန်သူအလား သူမ၏သဘောထားသည် တင်းမာနေ၏။ သူမသည် ဝမ်မုန့်ယွင်ကို မြင်မြင်ချင်း အန္တရာယ်ရှိသည့် အငွေ့အသက်ကို ခံစားမိလိုက်သည်။ ထို့နောက် သူမ၏ အရှိန်အဝါကိုထုတ်ဖော်လိုက်၏။

ဝမ်မုန့်ယွင်လည်း သူမ၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ကာ ပြန်လည်တုန့်ပြန်လိုက်သည်။ သူမသည် ချုးယွီဟွာ၏ အင်အားကို အံ့အားသင့်သွား၏။ သို့သော် ချုးယွီဟွာသည် သူမအား ဖိအားပေးနိုင်စွမ်းတော့မရှိသေးချေ။

ထိုအမျိုးသမီးနှစ်ဦး၏ မျက်နှာချင်းဆိုင်ကာ အရှိန်အဝါများနှင့် အပြန်အလှန်ဖိနှိပ်နေမှုကြောင့် ဟွမ်းယွီအိမ်တော်၏ လေထုသည် တင်းမာလာဟန်ရှိ၏။

အိမ်တော်အတွင်းရှိ အဆင့်နှစ်နတ်အင်ပါယာအောက်ရှိသူများသည် အရှိန်အဝါနှစ်ခုအောက်တွင် မွန်းကျပ်လာကြသည်။ မော့ရွှယ်အာနှင့် ယွဲ့ဝူယောင်ပင် မသက်မသာခံစားလိုက်ရ၏။

“တော်ပြီ..”

ဟွမ်းသည် ချုးယွီဟွာ၏ ပခုံးတစ်ဖက်ကို ကိုင်ကာ ရပ်တန့်စေလိုက်သည်။ ထို့နောက် ရှင်းဝေ့ကျန်းနှင့် လူငယ်များကို ထွက်သွားစေ၏။ သို့သော် ချုးယွီဟွာနှင့် မော့ရွှယ်အာသည် ဟွမ်းအနားတွင်သာ ရပ်တန့်နေကြ၏။ ဟွမ်းသည် ဝမ်မုန့်ယွင်ကို ပြောခွင့်ပေးလိုက်သည်။

“အကြောင်းအရင်းကိုပြော..”

ထို့နောက် ဝမ်မုန့်ယွင်သည် အကြောင်းအရင်းကို စတင်ပြောဆိုလိုက်၏။

တစ်ဖက်ရှိ အရှေ့ပိုင်းနယ်မြေတွင် ချီလုံဟန်သည် သူ၏ ဂိုဏ်းတပည့်များကို မှာကြားနေသည်။

“ယီဟယ် အားလုံးထဲမှာ မင်းက အားအကောင်းဆုံးပဲ၊ ဝင်ခွင့် ဆယ့်တစ်နေရာမှာ ငါတို့ ချီကျင်းဂိုဏ်းက ခြောက်ဦးစာရထားတယ်၊ သွေးသံမဏိဂိုဏ်းသားတွေနဲ့ ပူးပေါင်းပြီး ဒီနယ်မြေက လူငယ်တွေကို ဖြေရှင်းလိုက်”

ချီလုံဟန်သည် ကောက်ကျစ်စွာပြောလိုက်၏။ သူ၏တပည့်ဖြစ်သူ ချန့်ယီဟယ်ကို မှာကြားနေ၏။

“ဆရာဒါပေမဲ့၊ ဒီနယ်မြေက လူငယ်တွေသေဆုံးသွားရင် ဆရာကို အဲ့ဒီလူက အခက်တွေ့စေလိမ့်မယ်”

ချန်ယီဟယ်သည် တွေးတွေးဆဆနှင့်ပြောလိုက်၏။ ထိုလူ့အား သူ့ဆရာသည် အနိုင်မယူနိုင်ခဲ့ပေ။

“စိတ်မပူနဲ့၊ လေဟာနယ်စစ်တလင်းထဲ ဝင်ရောက်သွားပြီးရင် လအနည်းငယ်စောင့်လိုက်၊ ဒါဆိုရင် ဆရာတို့ကို အပြစ်တင်ချင်လဲ တင်လို့မရတော့ဘူး၊ ပြီးတော့ ဒီလူရဲ့ စိတ်အာရုံကနေလွတ်တဲ့အချိန် ဂိုဏ်းကို သတင်းပို့ဖို့ ဆရာလုပ်လိုက်မယ်”

ချီလုံဟန်သည် အကြံအစည်ကိုရှင်းပြလိုက်၏။ ယခုအချိန်ပို့လိုက်လျှင် ဟွမ်းသည် သတိထားမိနိုင်ပေသည်။ ထို့ကြောင့် သူသည် အနည်းငယ်ရုန်းရင်းဆန်ခက်ဖြစ်မည့် အခွင့်အရေးကို စောင့်ရမည်ဖြစ်၏။

“နားလည်ပါပြီဆရာ..”

ချန်ယီဟယ်သည် ရက်စက်သည့်အပြုံးနှင့်ပြောလိုက်၏။ သူသည် အဆင့်နှစ်နတ်အင်ပါယာပင်ဖြစ်နေသည်။

ခဏအကြာတွင် ချီလုံဟန်နှင့် ထျယ်ကျင်းတုန် တို့သည် လူငယ်ဆယ့်တစ်ယောက်ရှေ့တွင် ရပ်နေကြကာ ဟွမ်းတို့ကို စောင့်နေလိုက်၏။ ယနေ့တွင် လေဟာနယ်စစ်တလင်း၏ မုခ်ဝသည် ပွင့်တော့မည်ဖြစ်သည်။

ခဏအကြာတွင် လေဟာနယ်အက်ကွဲကြောင်းပေါ်ထွက်လာပြီးနောက် ထိုအတွင်းမှ ပုံရိပ်တစ်ဒါဇင်ခန့် ဆင်းသက်လာခဲ့သည်။

“ရောင်းရင်း ရောက်လာပြီလား..”

ချီလုံဟန်သည် ပြုံးရွှင်သည့် မျက်နှာထားဖြင့် ကြိုဆိုလိုက်၏။ ထျယ်ကျင်းတုန်သည် မျက်နှာသေနှင့်သာ ရှိနေသည်။ သူ၏ ပုံစံသည် ကြိုဆိုရန် စိတ်မဝင်စားသည့်အလားပင်။ သူတို့သည် မုခ်ဝကို လာရောက် လုယူသူများအား အသည်းအသန် တိုက်ခိုက်ခဲ့ရသော်လည်း ထိုလူသည် ဂရုမစိုက်ခဲ့ချေ။

ထို့အပြင် မုခ်ဝကိုပင် အစီအရင်နှင့် တားဆီးမှုပြုလုပ်သွားသေးသည်။ သို့သော် သူသည် အထွန့်တက်လို့ရသည့် အနေအထားမဟုတ်သောကြောင့် တိတ်တဆိတ်နေလိုက်ရသည်။

“ရွှယ်အာ အစီအရင်သိမ်းလိုက်”

ဟွမ်းသည် မုခ်ဝတွင် တားစီးထားသည့် အစီအရင်ကို ဖယ်စေလိုက်သည်။

“ဒါက လေဟာနယ်စစ်တလင်းအတွင်း ဝင်ရောက်မဲ့ လူငယ်တွေပါ”

ချီလုံဟန်သည် လူငယ်ဆယ့်တစ်ဦးကို ညွန်ပြလိုက်၏။ အဆင့်နှစ်နတ်အင်ပါယာတစ်ဦးနှင့်၊ အဆင့်တစ်နတ်အင်ပါယာလေးဦးအပြင် နတ်ဘုရင်ခြောက်ဦးရှိနေသည်။ သူတို့နယ်မြေ၏ အစွမ်းထက်ဆုံးလူငယ်များကို ရွေးထုတ်ထားခြင်းဖြစ်သည်။ သို့သော် ဟွမ်းသည် တစ်ချက်မျှပင် မကြည့်ချေ။ အာရုံစိုက်ရန် မထိုက်တန်သည့်အလားပင်။ သူသည် မုခ်ဝ ပွင့်မည့်အချိန်ကိုသာ အာရုံစိုက်စောင့်စားနေသည်။

‘ဒီလူအတော်မောက်မာလွန်းတယ်’

ချီလုံဟန်သည် အနည်းငယ်နေရခက်သွား၏။ ထိုလူသည် ရောက်ရှိလာချိန်ကတည်းက သူ့ကိုပင် တစ်စက်မျှ မကြည့်ခဲ့ချေ။ သူ၏ မျက်လုံးများ မှေးကျဉ်းသွားပြီးနောက် ဟွမ်းနောက်ရှိ လူငယ်များကို တိတ်တဆိတ်စစ်ဆေးလိုက်သည်။

သို့သော် ခရမ်းရောင်ဆံနွယ်နှင့် မိန်းကလေးနှင့် အနီရောင်မျက်ဝန်းများရှိသည့် မိန်းကလေးမှလွဲလျှင် ကျန်သည့်သူများသည် အားနည်းလွန်းသည်ကို တွေ့လိုက်ရ၏။ ထို့ကြောင့် ထပ်မံ အာရုံမစိုက်တော့ချေ။

ချန်ယီဟယ်လည်း တိတ်တဆိတ် စစ်ဆေးနေသည်။ မော့ရွှယ်အာနှင့် ယွဲ့ဝူယောင်မှ လွဲလျှင် ကျန်သည့်လူများ၏ အရှိန်အဝါသည် အားနည်းလွန်းလှသည်။ ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်သည် အဆင့်တစ်နတ်အင်ပါယာဖြစ်သော်လည်း အားနည်းလွန်းသည်ဟုယူဆထားသည်။ သို့သော် အားကောင်းသည်ဟုယူဆထားသည့် ထိုမိန်းကလေးနှစ်ဦးပင် အဆင့်တစ်နတ်အင်ပါယာတွင်သာ ရှိနေသည်ကို တွေ့လိုက်သောကြောင့် ချန်ယီဟယ်သည် အထင်သေးသွား၏။

‘အားနည်းလွန်းတယ်’

ခဏအကြာတွင် မုခ်ဝသည် အပြာရောင်အလင်းတန်းများပေါ်ထွက်လာခဲ့ပြီး တုန်ခါသွားသည်။ ထို့နောက်တွင် ထိုမုခ်ဝ၏ အကျယ်သည် သုံးဆခန့်ကျယ်ပြန့်လာ၏။

“ရောင်းရင်း..မုခ်ဝက ပွင့်သွားခဲ့ပြီ၊ ဒါကြောင့် ရောင်းရင်တို့ လူငယ်တွေကို ဦးစားပေးတဲ့အနေနဲ့ အရင်ဝင်လို့ရပါတယ်”

ချီလုံဟန်သည် လေသံချိုချိုနှင့် ဆိုလိုက်၏။ သူသည် အရမ်းသဘောကောင်းလွန်းသည့်ပုံ ပေါက်နေသည်။ သို့သော်လည်း ဘေးအန္တရာယ်ကြုံပါက ဟွမ်း၏တပည့်များအား ဦးစွာ ကြုံတွေ့စေလိုခြင်းဖြစ်သည်။

“ဝင်ကြတော့..”

ဟွမ်းသည် ဂရုမစိုက်ပေ။ မော့ရွှယ်အာတို့ကို ဝင်ရောက်စေလိုက်၏။ သူတို့ ကိုးဦးသည်မတုန့်နှေးနေတော့ပဲ ဝင်ရောက်သွားကြသည်။

ဤနေရာတွင် ရှင်းဝေ့ကျန်းနှင့် ဟေးချုံး ပါမလာခဲ့သောကြောင့် ဟွမ်းနှင့် ချုးယွီဟွာသာ ကျန်ရစ်ခဲ့တော့၏။

‘ဒီလူ နည်းနည်းလောက်တောင် ဂရုမစိုက်တာလား၊ ယုံကြည်မှု မြင့်မားလွန်းနေတာလား’

ချီလုံဟန်သည် ပို၍ပင် သတိကပ်သည့် အနေအထားသို့ရောက်ရှိသွား၏။ သို့သော် ချန်ယီဟယ်တို့အားလည်း ဝင်စေလိုက်သည်။

“မင်းတို့လဲ ဝင်ကြတော့”

ထျန်းယွမ်ကုန်းမြေမှ လူငယ်များသည် ဦးစွာဝင်ရောက်သွားသော်လည်း ချန်ယီဟယ်အား ယှဉ်နိုင်သည့်သူ မရှိမှန်းသိလိုက်သောကြောင့် စိုးရိမ်မနေတော့ချေ။ချန်ယီဟယ်တို့သည် မုခ်ဝအတွင်းသို့ ချက်ချင်းဝင်ရောက်သွားကြ၏။ သူ၏ နောက်တွင် လူငယ်ဆယ်ဦးလည်းပါရှိလေသည်။

မုခ်ဝအတွင်း ရောက်ရှိသွားချိန်တွင် လေဟာနယ်စစ်တလင်း၏ ပုံစံသည် ပြင်ပလောကနှင့် အနည်းငယ်ကွဲပြား၏။ တောင်တန်းနှင့် တောများ ထူထပ်လှပြီး နယ်မြေတစ်ခုလုံး နီဆွေးဆွေးအရောင်ရှိနေသည်။ ထို့အပြင် လေထု၏ ဖိအားသည်လည်း ပြင်းထန်ဟန်ရှိ၏။ ချန်ယီဟယ်သည် ထိုဖိအားကြောင့် မျက်မှောင်ကြုတ်သွားသော်လည်း ကျင့်သားရသွားလျှင် အဆင်ပြေသွားမည်ဟု တွေးလိုက်သည်။

“အဲ့ဒီအုပ်စုက ဝေးဝေးရောက်သွားဦးမှာ မဟုတ်ဘူး၊ အမြန်လိုက်ကြမယ်”

ချန်ယီဟယ်သည် သူ၏နောက်ရှိ လူငယ်များအား အမိန့်ပေးလိုက်၏။ သူ၏ဆရာဖြစ်သူမှာကြားထားသောကြောင့် မျက်ခြေပြတ်မသွားအောင် စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် ချိုသာသည့် အသံကို ကြားလိုက်ရ၏။

“အပင်ပန်း ခံစရာမလိုဘူး”

All Chapters