← Chapters

တူညီနေသည့်ဦးတည်ရာ

Vol. 10 Ch. 150

တူညီနေသည့်ဦးတည်ရာ

Vol. 10 Ch. 150

“ဒါပေမဲ့ ဒီနေရာမှာ လအနည်းငယ်လောက်လေ့ကျင့်လိုက်၊ ငါဒီနေရာမှာ နှစ်ပေါင်းများစွာနေခဲ့ရတာဆိုတော့ နတ်ဆိုးစွမ်းအင်တွေက မင်းအတွက် အဆင့်တစ်ခုတက်ဖို့တော့လုံလောက်တယ်”

နတ်ဆိုးဧကရီသည် ချီမင်ယောင်ကိုပြောလိုက်၏။ သူမ ရေတွက်ရန်ပင် မေ့လျော့သွားသည်အထိကြာလွန်းသည့် နှစ်များစွာတွင် သူမ၏ နတ်ဆိုးစွမ်းအင်များသည် တဖြည်းဖြည်း ပြန်ကျဲကုန်သည်။ ဤနေရာသည် အစီအရင်တစ်ခုနှင့်သာ အဝင်အထွက်ပြုလိုက်နိုင်သည့် အလုံပိတ် အခန်းတစ်ခုဖြစ်သည်။ ထို့ကြောင့် သူမ၏ နတ်ဆိုးစွမ်းအင်များသည် ဤနေရာတွင် သိပ်သည်းနေခြင်းဖြစ်၏။

“ကျွန်မက နတ်ဆိုးနည်းစနစ်မကျင့်ကြံဖူးလို့ နတ်ဆိုးစွမ်းအင်တွေ မစုပ်ယူနိုင်ဘူး”

ချီမင်ယောင်သည် စိတ်ဓာတ်ကျသွား၏။ သူမသည် နတ်ဆိုးနည်းစနစ်များကို ကျင့်ကြံဖို့နေနေသာသာ မြင်တောင်မမြင်ဖူးချေ။

နတ်ဆိုးဧကရီသည် ခေတ္တစဉ်းစားပြီးနောက် ချီမင်ယောင်၏ နဖူးကို တို့ထိလိုက်၏။ ထိုအချိန်တွင် ချီမင်ယောင်၏ ဝိညာဉ်စွမ်းအင်များသည် ရှုပ်ထွေးသွားခဲ့သည်။ သူမသည် နာကျင်မှုကြောင့်ချွေးစေးများပင် စီးကျလာသည်။

“သည်းခံထား..”

နတ်ဆိုးဧကရီသည် ချီမင်ယောင်၏ ကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို နတ်ဆိုးစွမ်းအင်များအဖြစ်ပြောင်းလဲပေးလိုက်၏။ ထို့နောက် နတ်ဆိုးနည်းစနစ်တစ်ခုပေးလိုက်သည်။

“မင်းရဲ့ နည်းစနစ်ကို နတ်ဆိုးစွမ်းအင်စုပ်ယူလို့ရအောင်ပြောင်းလဲပေးလိုက်တာပဲ”

ချီမင်ယောင်သည် ထိုသို့ပြောင်းလဲ၍ရမည်ဟုမထင်ထားခဲ့ချေ။ သို့သော် သူမထံတွင် နတ်ဆိုးသွေးအနည်းငယ်ရှိနေခြင်းကြောင့်သာ ပြောင်းလဲရလွယ်ကူခြင်းဖြစ်သည်။ မဟုတ်လျှင် နည်းစနစ်ကျင့်ကြံထားခြင်းမရှိပဲ ထိုသို့ လုံးဝပြောင်းလဲ၍မရချေ။ သူမ၏ ခန္ဓာကိုယ်တွင်း နတ်ဆိုးစွမ်းအင်များ အရူးအမူးစီးဝင်လာသည်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် စတင့်ကျင့်ကြံလိုက်၏။

“မင်းလဲ ပေါင်းစပ်ဖို့ပြင်တော့..”

နတ်ဆိုးဧကရီသည် မော့ရွှယ်အာကိုကြည့်ကာဆိုလိုက်၏။

“ဟုတ်ကဲ့..”

မော့ရွှယ်အာသည်လည်း နတ်ဆိုးသရဖူနှင့် ပေါင်းစပ်ရန်စတင်လိုက်၏။ သူမသည် တင်ပလ္လင်ချိတ်ထိုင်ကာ နတ်ဆိုးသရဖူအတွင်းဝိညာဉ်စွမ်းအင်များ စီးဆင်းစေလိုက်သည်။ ထိုသရဖူသည် သူမ၏ စွမ်းအင်များအား ငြင်းဆန်ဟန်မရချေ။ တစ်ခဏအတွင်း သရဖူနှင့်ချိတ်ဆက်သွားခဲ့သည်။

မော့ရွှယ်အာပင် မှင်သက်သွားသည်။ မည်သည့် အတားအဆီးမျှမရှိပဲ ချော့ချော့မွေ့မွေ့နှင့် အောင်မြင်ခြင်းသည် ထူးဆန်းနေ၏။

“နတ်ဆိုးဧကရီ..”

မော့ရွှယ်အာသည် နတ်ဆိုးဧကရီ၏ ဝိညာဉ် မှိန်ဖျသွားသည်ကို တွေ့လိုက်ရ၏။ သို့သော် သူမ၏ နတ်ဆိုးဆန်ဆန်လှပနေသည့် မျက်နှာထက်တွင် အပြုံးများတွဲခိုနေ၏။ သူမသည် လွှပ်လပ်သွားသည့်အလားပင်။

“ငါ့တာဝန်က ပြီးသွားပြီလေ..၊ မင်းနှလုံးသားထဲက လမ်းကြောင်းကို ဆက်လျှောက်ပါ”

နတ်ဆိုးဧကရီသည် မော့ရွှယ်အာကို ထိုစကားအား ထပ်မံပြောကာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ မော့ရွှယ်အာ၏ ခံစားချက်များကို ဖော်ပြနိုင်စွမ်းမရှိပေ။ သူမထံတွင် အထီးကျန်ရမည့် ကံပါလေသလားမပြောတက်ပေ။ သူမနှင့် သက်ဆိုင်သူများကို တွေ့ဆုံပြီးသွားတိုင်း ပျောက်ကွယ်သွားကြလေသည်။

“ဒါက ကံကြမ္မာလား..”

သူမသည် ထိုအရာများကို ခံနိုင်ရည်ရှိသွားသည့်အလား သက်ပြင်းချလိုက်၏။ သို့သော် ခံနိုင်ရည်ရှိခြင်းမဟုတ်ပေ။ တစ်ခဏသာ တွေ့ဆုံရသေးခြင်းကြောင့် သာဖြေသိမ့်ရလွယ်ကူနေခြင်းဖြစ်သည်။ ထို့နောက်တွင် နတ်ဆိုးသရဖူကို သိမ်းဆည်းရန်ပြင်လိုက်သည်။

ထိုအချိန်တွင် နတ်ဆိုးသရဖူမှ အလင်းတန်းများထွက်ပေါ်လာပြီး သူမ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ အတင်းဝင်ရောက်မည့်အသွင်ဖြစ်သွားသည်။ သူမသည် တားဆီးရန်ကြိုးစားလိုက်သော်လည်း နတ်ဆိုးသရဖူ၏ လျှင်မြန်မှုကြောင့် အချည်းအနှီးဖြစ်သွားခဲ့သည်။

သူမသည် ထိုသရဖူအား ဝိညာဉ်ပင်လယ်နှင့် ချိတ်ဆက်မှုပြုလုပ်ခဲ့သော်လည်း ၎င်းသည် သူမအား အသက်သွေးကြောရတနာအဖြစ် အတင်းအကြပ်သတ်မှန်ရန်ကြိုးစားနေခြင်းပင်။

ထို့နောက်မော့ရွှယ်အာသည် ထိုအချင်းအရာကို သိရှိသွားသောကြောင့် ဆက်လက်မငြင်းဆန်တော့ပေ။ နတ်ဆိုးဧကရာဇ်စွမ်းအားလည်း ဖြစ်နေခြင်းကြောင့် အသက်သွေးကြောရတနာအဖြစ် လက်ခံလိုက်လျှင်လည်း နစ်နာမှုမရှိချေ။

မိနစ်အနည်းငယ်ကြာပြီးနောက်တွင် သူမ၏ နတ်ဆိုးအရှိန်အဝါများသည် ပြင်းထန်လာပြီး သူမ၏ ကျင့်ကြံမှုအဆင့်သည် အရှိန်ဟုန်ပြင်းပြင်းနှင့် မြင့်တက်လာသည်။ အဆင့်နှစ်မှ အဆင့်သုံးသို့ ချက်ချင်းရောက်ရှိသွားပြီး ရပ်တန့်ဟန် မရသေးချေ။ အခန်းအတွင်းနတ်ဆိုးအရှိန်ဝါများ လွန်စွာပြင်းထန်နေပြီး သူမ၏ ကျင့်ကြံမှုအဆင့်သည် အဆင့်လေးသို့ပင် ရောက်ရှိသွား၏။ သူမကိုယ်တိုင်ပင် မယုံနိုင်ဖြစ်နေရသည်။

“ဒီလောက်တောင်လွယ်ကူတာလား..”

မော့ရွှယ်အာ၏ အရှိန်အဝါများနှင့် နတ်ဆိုးဧကရီ၏ကျန်ရှိခဲ့သော နတ်ဆိုးစွမ်းအင်များကြောင့် ချီမင်ယောင်ပင် အဆင့်နှစ်သို့ရောက်ရှိသွားသည်။ သို့သော် ထိုအခန်းအတွင်းရှိ နတ်ဆိုးစွမ်းအင်များသည် ကွယ်ပျောက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူမလည်း ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီးမော့ရွှယ်အာ၏ အခြေအနေကို မှင်သက်စွာကြည့်နေမိ၏။

မော့ရွှယ်အာ အဆင့်လေးသို့ရောက်ရှိသွားသည်နှင့်တပြိုင်နက် နတ်ဆိုးရဲတိုက်၏ အနီးတဝိုက်တွင် အက်ရှရှအသံတစ်ခုထွက်ပေါ်လာ၏။

“အဆင့်လေးတစ်ယောက်မှ လေဟာနယ်စစ်တလင်းမှာ နေခွင့်မရှိဘူး..”

ထိုအသံနှင့်အတူ မော့ရွှယ်အာရှိရာ အခန်းတွင်းသို့ အလင်းတန်းတစ်ခုပြေးဝင်လာသည်။ နတ်ဆိုးရဲတိုက်သည်လည်း ခါးယမ်းနေ၏။

“ဝုန်း..”

ထိုအလင်းတန်းကြောင့် နတ်ဆိုးရဲတိုက်ပင် အပေါက်တစ်ခုဖြစ်သွားသည်။ ထိုအလင်းတန်းသည် ကြီးမားသည့် ကျောက်စိုင်များကိုပင် အသာယာ ထိုးခွဲသွားသည်။ သို့သော် ထိုအလင်းတန်းသည် ဤမျှနှင့် မရပ်တန့်သေးပေ။ မော့ရွှယ်အာ၏ ခန္ဓာကိုယ်ပါ ထိမှန်သွား၏။

မော့ရွှယ်အာသည် မည်သို့တုန့်ပြန်ရမည်ကိုပင် မသိတော့ချေ။ ၎င်း၏ အရှိန်ဟုန်သည် သူမတုန့်ပြန်နိုင်သည့် အမြန်နှုန်းတွင် ရှိမနေသောကြောင့်ပင်။ ထိုအလင်းတန်းကြောင့် သူမ၏ ခန္ဓာကိုယ်သည် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။

ထို့နောက်တွင် နတ်ဆိုးရဲတိုက်အား ကာကွယ်ထားသည့် အတားအဆီးပင် ပျောက်ကွယ်သွားတော့သည်။

“မင်ယောင် ဘာဖြစ်တာလဲ..”

ထိုက်ဟုန်ကျွင်းသည် အတားအဆီးမရှိတော့သည်မို့ အလျှင်အမြန် ဝင်ရောက်လာခဲ့သည်။ သူမရုတ်တရက် ပျောက်ကွယ်သွားသည့် အချိန်ကတည်းက ထိုက်ဟုန်ကျွင်းသည် အလွန်စိတ်ပူနေရ၏။ သို့သော် သူသည် အတားအဆီးအား မဖြတ်နိုင်ပေ။

“အစ်မရွှယ်အာကရော..”

ယွဲ့ဝူယောင်သည် မော့ရွှယ်အာကို မတွေ့ရှိသောကြောင့် မေးလိုက်မိ၏။ ချီမင်ယောင်ပင် ထိုမြန်ဆန်သည့်အဖြစ်အပျက်ကို မနည်းနားလည်အောင်ကြိုးစားနေရသည်။ ထို့နောက်သူမသည် အသေအချာတွေးဆပြီးနောက်ပြောလိုက်၏။ အားလုံးသည်လည်း ရဲတိုက်အနားတွင် ရှိနေသည်မို့ အက်ရှရှအသံကြီးအား ကြားလိုက်ရသည်။

ချီမင်ယောင်၏ ရှင်းပြချက်ပြီးနောက် နားလည်သွားကြ၏။ အားလုံး၏ အတွေးတွင်တော့ ‘အဆင့်လေးရောက်ဖို့ အဲ့လောက်လွယ်တာလား’ ဆိုသည့် တူညီမေးခွန်းများ ထုတ်မိနေကြသည်။

“ဒါဆို အစ်မရွှယ်အာကို ထျန်းယွမ်ကုန်းမြေကို ပြန်ပို့လိုက်ပြီထင်တယ်”

လုရှင်းယန်သည် အသေချာစဉ်းစားပြီးနောက်ဆိုလိုက်၏။

“ကျုပ်တို့ ဘယ်နေရာကို အရင်သွားကြမလဲ”

ပိုင်ကျန့်ယွီသည် ယွဲ့ဝူယောင်ကိုကြည့်ကာ မေးလိုက်သည်။

“အဲ့ဒီဘက်ကိုသွားမယ်..”

ယွဲ့ဝူယောင်သည် ဦးတည်ရာတစ်ခုကို ညွှန်ပြလိုက်၏။ ထို့နောက်သူတို့အားလုံးသည် ယွဲ့ဝူယောင် ညွှန်ပြသည့်တည်နေရာသို့ ဦးတည်သွားကြသည်။

လေဟာနယ်စစ်တလင်းအတွင်း လူငယ်တစ်ဦးနှင့် နောက်လိုက်သုံးဦးတို့သည် တည်နေရာတစ်ခုကို ချဉ်းကပ်နေကြသည်။ ထိုလူငယ်သည် အဆင့်နှစ်တွင် ရှိနေပြီး နောက်လိုက် သုံးဦးသည် အဆင့်တစ်များဖြစ်နေကြ၏။

“သခင်လေး၊ မြေပုံထဲက တည်နေရာက အဲ့ဒီရှေ့နားမှာပဲ”

နောက်လိုက်တစ်ဦးသည် မြေပုံတစ်ခုကို ကြည့်နေရင်း လမ်းပြလိုက်၏။

“အဲ့ဒီရတနာက အဆင့်တစ်ခုမြင့်ပေးနိုင်တယ်လို့ပြောကြတယ်၊ ငါတို့ ရအောင်ယူရမယ်၊ ဒါမှ ကျုပ်က ကျီယွမ် မဟာမိတ်အဖွဲ့မှာ ရာထူးတစ်ခုရနိုင်မှာ”

သခင်းလေးဆိုသူသည် ပြောလိုက်၏။ သူသည် ငယ်ရွှယ်ဟန်ရှိပြီး ရုပ်ရည်ချောမောသည့် လူငယ်တစ်ဦးဖြစ်သည်။ ထိုလူငယ်လေးမှာ ချန့်ယန်ရှု ဖြစ်ပြီး ချန့်အိမ်တော်၏ သခင်လေးတစ်ဦးပင်ဖြစ်သည်။ ချန့်အိမ်တော်သည် ကျီယွမ်မဟာမိတ်အဖွဲ့၏ လက်အောက်တွင် ရှိနေပြီး ချန့်ယန်ရှုသည် ထိုအဖွဲ့အစည်းတွင် နေရာတစ်ခု ရချင်နေခြင်းဖြစ်သည်။ သို့သော် ထို့အဖွဲ့အစည်းတွင် အဆင့်သုံးအောက်ရှိသူများ ဝင်ရောက်ခွင့်မရှိသေးချေ။ ထို့ကြောင့် ချန်ယန်ရှုသည် အဆင့်တက်နိုင်မည့် ရတနာတစ်ခုကို လိုအပ်နေခြင်းဖြစ်၏။

“စိတ်ချပါ သခင်လေး၊ ကျုပ်တို့ အကောင်းဆုံးကြိုးစားမှာပါ”

နောက်လိုက်တစ်ဦးသည် ဆိုလိုက်၏။ ထို့နောက်သူတို့သည် မြေပုံပေါ်ရှိတည်နေရာသို့ အလျှင်အမြန် ဦးတည်သွားကြသည်။

All Chapters