အခန်း (၁၇၅-၁၇၇)
Vol. 4 Ch. 175-177
Chapter 175
သူမဆက်ပြီးသည်းမခံနိုင်တော့ဘူး
ကောင်မလေးရဲ့ညဉ်းသံကိုကြားရတော့လုယန်တော်တော်ပျော်နေသည်။
သူမရဲ့ပန်းကန်ထဲကိုကြက်သားတစ်တုံးထည့်ပေးလိုက်သည်
“ဒီဟာကိုကုန်အောင်စားလိုက်ငါမင်းကိုထပ်ပြီးတော့ဆက်မစားခိုင်းတော့ဘူး”
လုလျန့်ဝေသူ့ကိုကြည့်လိုက်သည်ရင်ထဲမှာတော့မကျေချမ်းမှုတွေပြည့်နေသည်
သူမအစားအစာကိုကြိုက်နှစ်သက်တာတော့မှန်တယ်ဒါပေမယ့်သူ့ကိုသူတော့အစာပြည့်အင့်နေအောင်တော့မလုပ်ဘူး
ဘာဘဲဖြစ်ဖြစ် မင်းကြီးရဲ့အမိန့်ကိုမငြင်းဘဲကြက်သားကိုကုန်အောင်စားလိုက်သည်
သူမသူ့ရဲ့ပန်းကန်ထဲကိုကြည်ပြီးတောသူမရဲ့တူဖြင့်ကြက်သားနှပ်ကိုထည့်ပေးလိုက်သည်
“အရှင်မင်းကြီးအပြန်အလှန်ပြုလုပ်ရတယ်ဆိုတာလောကကျင့်ဝတ်တစ်ခုပါကျွန်တော်မျိုးမလည်းအရှင်မင်းကြီးကိုပြန်ပေးပါရစေမင်းကြီးကကျွန်တော်မျိုးမကိုဒီလိုခွင့်ပြုထားတာဆိုတော့”
လုယန် ကြက်သားနှပ်တုံးကြီးကိုကြည့်နေပြီးတော့သူ့နဖူးတွန့်သွားသည်
သူခေါင်းမော့လိုက်တော့ သူမကသူ့ကိုသေချာစိုက်ကြည့်နေတာကိုတွေ့လိုက်သည်သူ့ရင်တွေခုန်ပြီးတော့သူ့မျက်ခုံးကိုအညင်အသာတွန့်လိုက်သည်
ဒီကောင်မလေးဒါသက်သက်လုပ်တာဘဲဖြစ်မယ်
ဘာဘဲဖြစ်ဖြစ် ဒီသွက်တဲ့ကောင်မလေးကသူ့ပန်းကန်ထဲအသားထည့်ချိန်မှာဟင်းထည့်ပေးတဲ့တူကိုသုံးဖို့မေ့ခဲ့သည်
သူအသားကိုယူလိုက်ပြီးတော့မျက်တောင်တောင်မခတ်ဘဲစားလိုက်သည်
သူစားလို့ပြီးသွားတဲ့အခါမှာတော့သူမကြည့်ပြီးသူ့ရဲ့အကြည့်တွေကနည်းနည်းနားလည်ရခက်နေသည်
“အဲ့တာကအရသာရှိတာဘဲငါတော်တော်ကြိုက်တယ်”
လုလျန့်ဝေမျက်နှာပေါ်ကအပြုံးကအနည်းနည်းငယ်တုံ့ဆိုင်းသွားသည်
သူကသူမကိုပုံမှန်အသုံးအနှုန်းတွေနဲ့မပြောဖူးတော့သူမကိုနားလည်ရခက်တဲ့အကြည့်တွေနဲ့ကြည့်ပြီးပြောလိုက်တော့သူမရင်ခုန်သွားသည်
သူရဲ့မျက်လုံးတွေကတော်တော်ကြော်ဖို့ကောင်းပြီးအဲ့နောက်ကွယ်မှာတစ်ခုခုကိုဖုံးကွယ်ပြီးသူမကိုကြည့်နေသည်
“မင်းကြီး နှပ်ချက်တဲ့အသားကိုကြိုက်တယ်ဆိုရင်စားဖိုဆောင်ကစာဖိုမှူးတွေကိုနေ့တိုင်းချက်ခိုင်းလို့ရပါတယ်”
သူမတည်ငြိမ်မှုပြန်ရပြီးတော့ပြန်ဖြေလိုက်သည်
လုယန်ကသူ့မကိုကြည့်ပြီးတော့သူရဲ့အကြည့်တွေကိုဖြည်းဖြည်းချင်းစုစည်းပြီးတော့
“ဟုတ်တယ်တော်ဝင်စားဖိုမှူးတွေကအရည်အချင်းရှိရင်တောင်ဒီနေ့ကလိုမျိုးဟင်းအရသာမျိုးနေတိုင်းရမှာမဟုတ်ဘူးလေ ပြီးတော့ တစ်ခါတစ်လေကျရင်ဟင်းပွဲအရသာရှိတာအတူတူစားရတဲ့လူကြောင့်လည်းဖြစ်တယ်လေ”
ဘယ်လိုဘဲဖြစ်ဖြစ်လုလျန့်ဝေတုံးချက်ကဒီစကားတွေရဲ့အဓိပ္ပာယ်တွေကိုစဉ်းစားနေသည်
ဘာလို့လုယန်ကသူမကိုအဲ့လိုစကားတွေပြောရတာလဲ
လုယန်ကသတိထားမိတော့နှုတ်ခမ်းနည်းနည်းတွန့်သွားသည်
“မင်းဘာအတွက်နဲ့ပြာယာခတ်နေတာလဲ”
လုလျန့်ဝေသူမရဲ့အတွေးတွေကိုစုစည်းပြီးတော့ခေါင်းခါပြသည်
“ဘာမှမဟုတ်ပါဘူး ကျွန်မကအရှင်မင်းကြီးပြောတာကိုနားမလည်နိုင်အောင်တုံးနေတယ်လို့ခံစားမိနေလို့ပါ”
လုယန်ရဲ့မျက်လုံးတွေကိုဖြည်းဖြည်းအောက်ချပြီးတော့
“မင်းနားမလည်လည်းရပါတယ်”
လုလျန့်ဝေသက်ပြင်းချလိုက်တယ်သူမကသူမကိုအန္တရာယ်ဖြစ်စေမယ့်တစ်ခုခုပြောမှာကိုစိုးရိမ်နေတာကံကောင်းစွာနဲ့အဲ့အချိန်မှာဘဲငါးနှုတ်ခမ်းစွတ်ပြုတ်နှင့်ဒရယ်ဆေးခြောက်တို့ကိုလာချပေးသည်အခန်းထဲမှာရှိတဲ့ထူးဆန်းနေတဲ့နေရခက်တာတွေကိုဖြိုခွဲပေးလိုက်သည်
သူမ,တောင်းတနေတဲ့ငါးနှုတ်ခမ်းစွတ်ပြုတ်ကသူမရဲ့အရှေ့ကိုရောက်လာပြီလုလျန့်ဝေသတိထားမိလိုက်တာကသူမထင်သလောက်သူမ မကြိုက်ဘူးဖြစ်နေသည်
ဘာဘဲဖြစ်ဖြစ်ဒီဟင်းကိုသူမနောက်ဆုံးစားဖြစ်မှာကိုသတိထားမိပြီးသူမဟင်းရည်ကိုကုန်အောင်တော့သောက်လိုက်သည်ဒရယ်ဆေးခြောက်ကိုတော့သူမမစားနိုင်တော့မှာကိုသိပြီးတော့လောင်ရန်ကိုမေးလိုက်သည်
“အရှင်မင်းကြီးကျွန်မထက်မစားနိုင်တော့ဘူးဒီဟင်းပွဲကျန်တာကိုအိမ်ကိုယူသွားလို့ရလား”
လုယန်ကသူ့ရဲ့တူကိုချထားလိုက်တာကြာပြီသူမပြောတာကိုကြားလိုက်တော့သူသတိထားမိလိုက်သည်သူမရှေ့ကဟင်းပွဲမကုန်သေးတာကိုစဉ်းစားကြည့်ပြီးတော့သူပြောလိုက်မှာကသူမကိုလန့်သလိုဖြစ်သွားစေလိမ့်မယ်
ဒီအရူးမလေးကသူပြောမှာလည်းနားလည်မှာမဟုတ်ပါဘူးဒါပေမယ့်သူမကသူဘာဆိုလိုချင်လည်းသဘောပေါက်ပြီးသားဖြစ်သည်
သူနှုတ်ခမ်းကိုကြိတ်နေသည် သူမကိုနန်းတော်ထဲကထွက်ခွာခွင့်ပေးလိုက်ရင်နောက်ထပ်ပိတ်ခေါ်မှုတွေကိုသူမလုံးဝရှောင်မှာသေချာသည်
အဲ့တာတွေးနေချိန်မှာဘဲသူကစိတ်မပါတဲ့ပုံဖြင့်
“ရပါတယ်မင်းယူနိုင်ပါတယ်”
“ကျေးဇူးတင်ပါတယ် မင်းကြီး”
လုလျန့်ဝေအဲ့တာပြောပြီးတော့ဘာမှမပြောဘဲနေသည်သူထိုင်တဲ့နေရာလေးမှာတိတ်တိတ်လေး လုထင်ချန်းကို သူမကိုအိမ်ပြန်လိုက်ပို့ခိုင်းဖို့စောင့်နေသည်
သူမဒီနေ့အစောကြီးထပြီးတော့ဒီနေ့တစ်နေ့လုံးပင်ပန်းထားပြီးတော့ခုလည်းတိတ်တိတ်လေးထိုင်နေရတော့သူမမျက်လုံးကိုမနည်းဖွင့်ထားရသည်
အဆုံးမှာတော့သူမခံနိုင်တော့ဘဲစားပွဲပေါ်ခြေပစ်လက်ပစ်ကျသွားသည်သူမရဲ့မျက်လုံးတွေလည်းပိတ်တော့မည်သူမမျက်လုံးတွေကိုမှိတ်ပြီးတစ်မှေးအိပ်ပျော်သွားသည်
သူမအိပ်မောကျနေသောကြောင့်လုယန်သူမဆီလာနေတာကိုသတိမထားမိဘူးဖြစ်သွားသည်။
Chapter 176
သူ့အကြည့်တွေတဖြည်းဖြည်းစူးရှလာသည်...
လုယန်ကအနက်ရောင်ခြုံထည်လေးကိုလုလျန့်ဝေရဲ့ကိုယ်ပေါ်မှာအုပ်ပေးပြီးထွက်သွားဖို့လုပ်ပေမယ့် သူရဲ့အကြည့်တွေကအမှတ်မထင်သူမရဲ့အလွန်လှပသိမ်မွေ့တဲ့မျက်နာနဲ့ကိုယ်လုံးလေးရဲ့ဆွဲဆောင်မှုကိုခံလိုက်ရသည်
သူရဲ့မျက်လုံးတွေကလှပကျော့ရှင်းတဲ့သူမရဲ့မျက်နာလေးပေါ်ကျရောက်နေသည်အချိန်ခဏအကြာတော့သူမရဲ့ဘေးကထိုင်ခုံမှာသူထိုင်ဖို့ဆုံးဖြတ်လိုက်သည်
သူမရဲ့အိပ်နေတဲ့မျက်နှာလေးကတိတ်ဆိတ်ပြီးသည်းခံတဲ့ပုံလေးဖြစ်နေသည်သူမရဲ့မျက်တောင်မွှေးတွေကထူပြီးရှည်လွန်းလို့သူမမျက်လုံးအောက်မှာတောင်အရိပ်လိုပေါ်နေသည်
သူမရဲ့နှာခေါင်းလေးကနူးညံ့သိမ်မွေ့သည်သူအရဲ့နှုတ်ခမ်းလေးကလည်းသူမရဲ့နှင်းလိုမျိုးဖွေးနေတဲ့အသားမှာရဲနေတဲ့ပုံလေးကဆွဲဆောင်မှုအနံ့ရှိတဲ့လက်ဆက်တဲ့ချယ်ရီသေးလိုမျိုးဖြစ်နေသည်
သူ့ရဲ့အကြည့်တွေကလည်းနှုတ်ခမ်းပေါ်မှာခဏလောက်ရစ်ဝဲနေသည်သူအကြည့်လွှဲမလို့လုပ်တဲ့အချိန်မှာသူမရဲ့ပါးစပ်တောင့်လေးမှာအမဲရောင်သေးသေးလေးတစ်ခုကိုတွေ့လိုက်သည်အဲ့တာကကြည့်ရတာထမင်းစားတုန်းကမတော်တဆကျန်ခဲ့တဲ့နှမ်းစေ့လေးနဲ့တူသည်
သူရဲ့လက်ညိုးလေးနဲ့နှမ်းစေ့လေးကိုဖယ်ဖို့တုံ့ဆိုင်းနေချိန်မှာဘယ်လိုဖြစ်ဖြစ်သူရဲ့လက်နဲ့နှုတ်ခမ်းလေးကိုမထိတထိလေးဖြစ်နေချိန်မှာအိမ်နေတဲ့ကောင်မလေးကအိမ်မက်ထဲမှာတစ်ခုခုဖြစ်နေတယ်ပုံနဲ့လက်ကိုယူပြီးသူမရဲ့ပါးစပ်ထဲထည့်ထားလိုက်သည်
သူ့လက်ချောင်းလေးရဲ့နွေးနွေးထွေးထွေးလေးနဲ့စိုစွတ်မှုကြောင့်သူ့မျက်လုံးတွေရုတ်တရက်နက်မှောင်လာသည်
နောက်ခဏအကြာတော့သူ့ရဲ့လက်ချောင်းထိပ်ကိုတစ်ခုခုပွတ်နေတာကိုခံစားမလိုက်သည်သူ့ရဲ့တစ်ကိုယ်လုံးရုတ်တရက်သံလိုမျိုးတောင့်သွားသည်
သူ့ရဲ့မျက်နာကိုအရိပ်ဖြတ်သွားပြီးတော့သူသတိလက်လွတ်အိပ်ပျော်နေတဲ့ကောင်မလေးကိုကြည့်နေသည်သူ့လက်ချောင်းထုတ်လိုက်တာတောင်အိပ်မောကျနေသေးသည်
သူလက်ချောင်းထိပ်မှာစိုစွတ်နေတာကိုတွေ့လိုက်တော့သူရဲ့အကြည့်တွေကပိုပြီးတော့စူးရှလာသည်မီးရောင်စုံထွန်းထားတဲ့အောက်ကခန်းမထဲမှာသူ့နဖူးမှာချွေးလေးတွေစိုနေသည်
လုလျန့်ဝေအိပ်မောကျနေသည်လုထင်ချန်းလာပြီးတော့သူမကိုလှုပ်နိုးသည်
သူမမျက်လုံးကိုပွတ်ပြီးတော့ကြောင်တောင်တောင်ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေသည်ပြီးတော့အိပ်ငိုက်နေရင်းပြောလိုက်သည်
“အစ်ကိုကြီးငါတို့အိမ်ပြန်လို့ရပြီလားငါတော်တော်အိပ်ငိုက်နေပြီ”
သူမကိုဒီလိုမြင်လိုက်ရတော့စိတ်လည်းသက်သာရာရသွားသလိုရယ်လည်းရယ်ချင်နေတယ်
လုလျန့်ဝေလက်မောင်းကိုလှုပ်နေသည်။လက်မောင်းပေါ်ဖိအိပ်ထားသောကြောင့်လက်မောင်းကထုံနေပြီနာကျင်နေတဲ့မျက်နာအမူအရာဖြင့်
သူမထိုင်ပြီးတော့လှုပ်ဖို့ငြင်းဆိုနေသည်ကိုလုထင်ချန်းကစိတ်တိုပြီးပြောလိုက်သည်
“နင့်လက်မောင်းတွေဘဲထုံနေတာခြေထောက်မဟုတ်ဘူးခုထတော့”
လုထင်ချန်း ကျိတ်ရယ်ပြီးတော့
သူဘာဘဲပြောပြောအနောက်လှည့်ပြီးတော့သူမအရှေ့မှာထိုင်လိုက်သည်
လုလျန့်ဝေသူ့ကျောပေါ်ကိုပြုံးပြီးတော့တက်လိုက်သည်ခိုင်မာနေတဲ့သူ့ကြွက်သားတွေနဲ့မှီကပ်လျက်ဖြစ်သွားသောကြောင့်နားလည်ရခက်တဲ့ခံစားချက်မျိုးဖြစ်သွားသည်
လုထင်ချန်းနှုတ်ခမ်းရွဲ့လိုက်ပြီးတော့သူမကိုဒေါသနဲ့ပြုံးပြလိုက်သည်
လုလျန့်ဝေကသူ့ရဲ့လက်မောင်းတွေနဲ့သူ့လည်ပင်းနားတဝိုက်ကိုမကြောက်မလန့်ချိတ်ထားသည်
“လုလျန့်ဝေ ငါအရင်ဘဝတုန်းကနင့်အပေါ်အကြွေးများရှိခဲ့လို့လား”
လုထင်ချန်းရယ်ပြီးတော့ခေါင်းခါပြသည်သူလုလျန့်ဝေကိုသယ်ပြီးတော့အခန်းတည့်တည့်ကနေနန်းဆောင်အပေါက်ဝသို့လမ်းလျှောက်သွားသည်
ညဘက်ဆိုတော့နည်းနည်းချမ်းစိမ့်နေသည်လုလျန့်ဝေကဘောလုံးလေးလိုသူ့နောက်ကျောမှာခွေနေသည်
ရုတ်တရက်လုထင်ချန်းလမ်းလျှောက်နေတာကိုရပ်ပြီးတော့ခေါင်းကိုဘယ်ဘက်သို့လှည့်လိုက်သည်
လုလျန့်ဝေ ခေါင်းကိုမော့ပြီးသူရဲ့အကြည့်တွေနောက်လိုက်ကြည့်တဲ့အခါမှာလုယန်သူ့အိမ်ဆောင်ကနေထွက်လာတာကိုတွေ့လိုက်သည်သူရဲ့နက်မှောင်နေတဲ့ဆံပင်တွေကသူ့ပုခုံးပေါ်ပျံ့ကျဲနေသည်သူ့တစ်ကိုယ်လုံးပေါ်မှာလည်းရေးစက်လေးတွေရှိနေသည်
သူကအပေါ်ကအနက်ရောင်ဝတ်ရုံနဲ့အောက်ကအဖြူရောင်ကိုဝတ်ဆင်ထားသည်
သူကနည်းနည်းအဝေးမှာဆိုတော့သူ့ရဲ့မျက်နှာအမူအရာကိုတော့ကောင်းစွာမမြင်ရဘူးဖြစ်နေသည်
ဘယ်လိုဘဲဖြစ်ဖြစ်သူ့ရဲ့အကြည့်တွေကသူမအပေါ်ကျရောက်နေသည်ကိုလုလျန့်ဝေခံစားမိသည်
လုလျန့်ဝေ မသိမသာ လုထင်ချန်းကိုတင်းတင်းလေးကိုင်ထားလိုက်သည်
“အရှင်မင်းကြီး နောက်ကျနေသောကြောင့်ကျွန်တော်ညီမကိုကျွန်တော်ပြန်လိုက်ပို့လိုက်ပါအုံးမယ်”
လုထင်ချန်းရဲ့အသံကရုတ်တရက်ကြီးတိတ်ဆိတ်နေတာကိုဖြိုခွဲလိုက်သည်လုလျန့်ဝေလည်းသက်ပြင်းချလိုက်ပြီးတော့သူ့အစ်ကိုရဲ့ပုခုံးကိုထပ်ရိုက်လိုက်ပြန်သည်
Chapter 177
March 31, 2024 by Nay Chi Lynn
Chapter 177
တစ်စုံတစ်ယောက်ရဲ့နွေးထွေးမှုလေးကသေချာစွာစွဲကျန်နေခဲ့တယ်
“ဟမ်-ဟွန်း”
လုယန်သက်ပြင်းချပြီးပြောလိုက်တယ်သူ့ရဲ့သေးသွယ်တဲ့လက်ချောင်းတွေနဲ့ဝတ်ရုံရဲ့ကြိုးကိုဖြေလိုက်ပြီးအရိပ်ထဲမှာရှိနေတဲ့ချူယွီဘက်လှည့်ပြီးတော့အမိန့်နဲ့အတူဝတ်ရုံပါပေးလိုက်သည်
ချူယွီကယူပြီးတော့လုမောင်နှမနှစ်ယောက်နောက်ကိုပြေးလိုက်သည်
“ချူယွီ တစ်ခုခုဖြစ်လို့လား”
သူတို့နောက်ပြေးလိုက်တာတဲ့သူ့ကိုမနေနိုင်ဘဲလုတင်ချန်လှည့်မေးလိုက်သည်
ချူယွီဘာမှမပြောဘဲယူလာတဲ့ဝတ်ရုံကိုလုလျန့်ဝေရဲ့ပုခုံးပေါ်ကိုချုံပေးလိုက်သည်ပြီးတော့သူကအသက်မပါသောပုံဖြင့်
“မင်းကြီးကညကနည်းနည်းအေးတယ်ဒုတိယမင်းသမီးလုအအေးမမိသင့်ဘူးတဲ့”
လုထင်ချန်းကြောင်တောင်တော်နဲ့လုလျန့်ဝေပေါ်ခြုံထားတဲ့ဝတ်ရုံကိုကြည့်နေသည်
လုလျန့်ဝေသူရဲ့ပုခုံးပေါ်ကအမဲရောင်ဝတ်ရုံလေးကိုဖြည်းဖြည်းချင်းထိလိုက်ပြီးတော့တစ်စုံတစ်ယောက်ရဲ့နွေးထွေးမှုကကျန်ရှိနေတဲ့ပုံရသည်
သူမလုယန်ရပ်နေတဲ့နေရာကိုလှည့်ကြည့်လိုက်ရာခုတော့သူမရှိတော့ဘူးဖြစ်သည်
တစ်မျိုးမျိုးနဲ့ သူမကိုပေါ်လာပြီးတော့ဝတ်ရုံပေးသွားတဲ့လုယန်ကိုတော့ခံစားမိသွားသည်
“ဝေဝေ နင်နဲ့မင်းကြီးနဲ့က...”
လုထင်ချန်းသူ့ရင်ဘက်ထဲကအထင်လွှဲမှုကိုရပ်တန့်လို့မရဖြစ်သွားသည်
ဒီကိုကြားလိုက်တဲ့လုလျန့်ဝေကအပြစ်ရှိသလိုခံစားမိပြီးအလောတကြီးပြန်ဖြေလိုက်သည်
“ဟုတ်တယ်မင်းကြီးကသူ့အတွက်အဆိပ်ဖြေဆေးကိုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောချင်တဲ့အတွက်ဒီခြုံထည်ကိုပေးတာဖြစ်မယ်”
လုထင်ချန်း ခဏလောက်ရပ်သွားပြီးမျက်စောင်းအကြာကြီးကြည့်လိုက်သည်သူ့နှုတ်ခမ်းကိုရွဲ့ပြီးတော့ဘာမှမပြောဘဲကြည့်နေသည်
သူတို့နှစ်ယောက်နန်းဆောင်ထဲကထွက်လာပြီးတော့သူ့တို့ကိုစောင့်နေတဲ့လှည်းကိုလိုက်ရှာသည်
ချူရီ သူတို့နှစ်ယောက်စီကိုရောက်လာသည်
“ဒီလှည်းကမင်းတို့နှစ်ယောက်အတွက်မင်းကြီးစီစဉ်ပေးထားတာတက်တော့မင်းတို့ကိုအိမ်ပြန်ပို့ပြီးရင်ဒီလှည်းကိုဒီမှာပြန်လာထားရအုံးမှာ”
လရောင်ရဲ့အောက်မှာလှည်းကိုရပ်ထားသည်လုထင်ချန်းမျက်မှောင်ကြုံနေပေမယ့်အေးဆေးဆေးဆေးပြောလိုက်သည်
“ဒီလိုလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ချူရီ ငါမနက်ဖြန်မင်းကြီးစီကို ကိုယ်တိုင်ကျေးဇူးတင်ကြောင်းသွားပြောလိုက်ပါ့မယ်”
ချူရီကဘာမှမပြောဘဲသူတို့နှစ်ယောက်လှည်းပေါ်တက်ပြီးတဲ့အခါမှာတော့သူကမြင်းလှည်းမောင်းတဲ့နေရာကိုခုန်ဝင်ပြီးတော့ဇာတ်ကြိုးကိုကိုင်ပြီးရိုက်ပြီးတော့လှည်းမောင်းပြီးနန်းတော်ထဲကထွက်လာခဲ့ပါသည်
လှည်းထဲမှာမောင်နှမနှစ်ယောက်လုံးတိတ်ဆိတ်နေသည်
လုထင်ချန်းကလုလျန့်ဝေကိုယ်ပေါ်ကဝတ်ရုံကိုကြည့်ပြီးတော့သူမရဲ့သေးသွယ်လှပတဲ့မျက်နှာကိုကြည့်လိုက်တယ်စိတ်ထဲနေရာတာတော့သိပ်အဆင်မပြေဘူး
ဘာဘဲဖြစ်ဖြစ် ချူရီကအပြင်ဘက်မှာရှိနေသေးတော့သူစကားပြောချင်တာကိုထိန်းထားရသည်
လုယန်က...ဘာရည်ရွယ်ချက်နဲ့လဲ
ဒီနေ့ဖြစ်ပျက်သွားတာတွေကအများကြီးဘဲသူမှချက်ချင်းအကျဉ်းချုပ်ပြီးမစဉ်းစားနိုင်ဘူး
ပထမဆုံး သူကသူမကိုညစာစားဖို့ဖိတ်ခေါ်တယ်ညစာစားချိန်မှာသူနားမလည်ဒါတွေပြောခဲ့သည်ခုလည်းသူဝတ်ရုံပေးပြီးတော့ချူရီကိုလည်းအိမ်ပြန်လိုက်ပို့ခိုင်းသည်
သူမရဲ့စိတ်ထဲမှာဝရုန်းသုန်းကားဖြစ်နေသည်
သူမမျက်လုံးကိုတင်းကျပ်စွာပိတ်ထားပေမယ့်လည်းသူ့အစ်ကိုရဲ့လေးနက်တဲ့အမူအရာကိုခံစားမိသည်
သူလည်းတစ်ခုခုကိုသတိထားမိတယ်နဲ့တူတယ်
သူတို့မကြာခင်ဝန်ကြီးချုပ်အိမ်ရာကိုပြန်ရောက်တော့မယ် မောင်နှမနှစ်ယောက်လှည်းပေါ်ကဆင်းပြီးတော့ချူရီကိုနှုတ်ဆက်လိုက်သည်သူမောင်းထွက်သွားတာကြည့်ပြီးတော့အိမ်ရာရဲ့ဂိတ်ပေါက်ကိုဖြတ်ပြီးတော့ဝင်သွားသည်
လုလျန့်ဝေမနက်တုန်းကလှဲခဲ့တဲ့အဝတ်အစားတွေကရိတ်သိမ်းခန်းမထဲမှာရှိနေသောကြောင့်သူမ လုထင်ချန်းရဲ့အဆောင်နောက်ကိုလိုက်သွားသည်
အဝတ်အစားလှဲပြီးသူမထွက်လာပြီးတော့လုထင်ချန်းကသူမကိုထိုင်စောင့်နေတာကိုတွေ့လိုက်သည်သူမသူ့ကိုကောင်းသောညပါလို့ပြောချင်နေတယ် ဒါပေမယ့်သူ့အမူအရာကိုတွေ့လိုက်တဲ့အချိန်မှာသူမရဲ့စကားတွေကိုမြိုသိပ်ထားသည်