← Chapters

အခန်း (၁၇၈-၁၈၀)

Vol. 4 Ch. 178-180

အခန်း (၁၇၈-၁၈၀)

Vol. 4 Ch. 178-180

Chapter 178

March 31, 2024 by Nay Chi Lynn

Chapter 178

သူမရုတ်တရက်ရင်တွေခုန်လာသည်

လုထင်ချန်း ကသူထိုင်နေတဲ့ခုန်ရဲ့ဘေးကိုလက်ညိုးထိုးပြပြီးတော့

“ထိုင်အုံး”

လုလျန့်ဝေအမိန့်နာခံပြီးတော့ထိုင်လိုက်သည်သူမကအရင်သူမပြောခင်မှာဘဲပါးစပ်ကိုဖွင့်လိုက်ပြီးတော့

“အစ်ကိုကျွန်မကိုမေးစရာရှိရင်မေးလို့ရပါတယ်မေးလိုက်ပါ”

လုထင်ချန်း သူမရဲ့ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုကြည့်ပြီးရုတ်တရက်ခေါင်းကိုက်သွားသည်

ဒီကောင်မလေးကအစကလုချီနဲ့ပက်သက်တယ်ခုသိပ်မကြာခင်မှာဘဲလုယန်ရဲ့အာရုံစိုက်မှုကိုခံရပြန်ပြီ

သူမျက်နှာထားတင်းတင်းနဲ့ပြောလိုက်သည်

“နင်ဘာတွေလုပ်လိုက်လို့မင်းကြီးကနင့်ကိုဒီလိုမျိုးဆက်ဆံနေတာလဲ...”

သူဘာဆိုလိုချင်လည်းကိုလုလျန့်ဝေနားလည်သည်အပြစ်ကင်းစွာနဲ့ပြန်ပြောလိုက်သည်

“ကျွန်မဘာမှမလုပ်ထားပါဘူးလုပ်ပေးတာဆိုလို့မင်းကြီးကိုသွေးခုန်နှုန်းတိုင်းပေးဖူးတာဘဲရှိတာပါ”

အဲ့တာပြောပြီးတာနဲ့သူမချက်ချင်းအပြစ်ရှိသလိုခံစားလိုက်ရသည်

ဘာလို့လဲဆိုတော့သူမက ကြောက်ဖို့ကောင်းတဲ့တောင်ကုန်းပေါ်ခရီးသွားခဲ့တာကိုလုထင်ချန်းကိုမပြောရသေးလို့ဖြစ်သည်

လုယန့်နှင့်သူမတောင်ကုန်းပေါ်သွားခဲ့တာကိုလုထင်ချန်းမသိသေးဘူးဖြစ်သည်

သူမတောင်ကုန်းပေါ်ကကြောက်ဖို့ကောင်းတဲ့အဖြစ်အပျက်ကိုပြန်တွေးမိပြီးသူမရုတ်ရတက်ရင်တွေခုန်လာသည်

အဲ့နေ့ကလုယန်သာသူ့ကိုအနည်းငယ်ကယ်ခဲ့ဖူးသည်သူကြောင့်သာမဟုတ်ရင်သူဒီလိုမျိုးပြန်ရောက်လာမှာမဟုတ်ဘူးဖြစ်သည်

သူမအဆိပ်ဖြေဆေးကိုလုယန်အတွက်ဖော်စပ်ပေးခဲ့တယ်လုယန်ကလည်းသူမကိုကယ်တင်ခဲ့တယ်အဲ့တော့သူတို့အခြင်းခြင်းကျေးဇူးကြွေးမရှိတော့ပြီဖြစ်သည်

သူမစဉ်းစားလို့မပြီးသေးဘူးလုယန်ကဘာလို့သူမကိုဒီလိုအထူးတလည်းဆက်ဆံရတာလဲဆိုတာစဉ်းစားနေသည်

သူမမျက်မှောင်ကြုံးပြီးစိတ်ရှုပ်ထွေးနေတာကိုတွေ့ရတော့လုထင်ချန်းလည်းမသိသာအောင်သက်ပြင်းချနေသည်

သူမဘယ်လောက်လှလည်းဆိုတာသူမသတိထားမိတားလားသူမသတိထားမိရဲ့လား

သူမကသူမရဲ့အံ့ဩဖွယ်ကောင်းတဲ့လှပမှုကိုသူမသေချာမသိဘူးဖြစ်နေသည်

လုချီ သာကန်းနေလို့သူမကိုကျော်ပြီးလုယွင်ရွှမ်းကိုရွေးချယ်တာ

သူ့ညီမရဲ့အလှကသူ့ဘာသူထည်ဝါသည်သူမရဲ့ဂရုမစိုက်တတ်တာလေးရယ်နဲ့အထက်စီးဆန်တာကြောင့်အဲ့ထည်ဝါမှုကိုနည်းနည်းလျှော့နည်းစေသည်သူမကခုတော့ရွက်သစ်လေးတွေပွင့်သလိုဆေးပညာကိုလည်းလေ့လာနေပြီသူမရဲ့အလှတရားကအတွင်းထဲကနေတောက်ပနေတော့သည်သူမရည်ရွယ်ပြီးလုပ်လုပ်မလုပ်လုပ်အမြဲဆွဲဆောင်မှုရှိနေသည်

သူကမင်းကြီးကိုသစ္စာရှိပြီးတော့လေးစားမှုရှိသည်ဒါပေမယ့်သူ့ညီမကိုတော့သူတို့ရဲ့မိန်းမဆောင်ရန်ပွဲကြီးထဲကိုမဝင်စေချင်ဘူး

သူမသူမရဲ့ဘဝတစ်ခုလုံးကိုပျော်ရွှင်အေးချမ်းစွာဘဲနေသွားသင့်သည်

နန်းတော်ကသူမအတွက်နေရာမဟုတ်ဘူးဆိုတာသိသာနေတာဘဲ

သူမအာရုံပြန်ဝင်လာတော့သူမျက်မှောင်ကိုကြုံသထက်ကြုံနေပြီးတော့သူရဲ့ဖြစ်နေတဲ့ပုံစံကိုသူမသဘောပေါက်လိုက်သည်

သူမရဲ့ကိုယ်ပိုင်အရေးကိစ္စကြောင့်သူဒုက္ခရောက်နေတာကိုသတိထားမိလိုကသောကြောင့်အပြစ်ရှိသလိုခံစားမိပြီးသူ့ကိုပူပန်မှုပျောက်အောင်

“အရမ်းကြီးမစဉ်းစားနေပါနဲ့အစ်ကိုကြီးမင်းကြီးကဘာမှမပြောခဲ့ပါဘူးငါတို့ဘာသာငါတို့အထင်လွဲနေတာလည်းဖြစ်နေတာဘဲငါတို့အတွက်ကလွဲပြီးကျန်တာကိုမစိုးရိမ်နဲ့နော်တော်တော်လည်းနောက်ကျနေပြီလာပါမြန်မြန်သွားအိပ်ကြရအောင်”

“နင်ပြောတာလည်းမှန်တယ်ငါတို့မင်းကြီးဆိုလိုရင်းကိုနားလည်မှုလွဲနေတာလည်းဖြစ်နိုင်တာဘဲဘာဘဲဖြစ်ဖြစ်နောက်ဆိုနန်းတော်ထဲကိုငြင်းလို့လုံးဝမရတဲ့ကိစ္စရှိမှသွားနော်”

သူကြောက်တာကသူမကိုနန်းတော်ရဲ့ဇိမ်ခံမှုတွေနဲ့သွေးဆောင်ဖြားယောင်လိုက်မှာကိုဘဲအဲ့တာကမီးတောထဲကိုဂရုမစိုက်ဘဲဆင်းတာနဲ့အတူတူဖြစ်သည်အဲ့လိုမျိုးဖြစ်ခဲ့ရင်လည်းသူမရဲ့ခေါင်းမာပုံနဲ့ဆိုရင်တော့တော်တော်ဆိုးတဲ့သတင်းတစ်ခုဖြစ်မှာဘဲ

နေဝင်စည်းဆာအဆောင်ထဲပြန်ရောက်တော့လုလျန့်ဝေကဆေးကြောပြီးအိပ်ရာထဲသို့ဝင်သည်သူမနဲ့လုထင်ချန်းပြောခဲ့တဲ့စကားတွေကြောင့်သူမဒီညနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်

ကျောက်ချန်ကကြိမ်ဒဏ်ခံရပြီးသူ့အခန်းထဲမှာအားပြန်ဖြည့်နေသည်ချူယွီကသူ့ကို လုယန်ကိုစောင့်ဖို့အတွက်အခန်းထဲလိုက်ပို့လိုက်သည်

Chapter 179

April 1, 2024 by Nay Chi Lynn

Chapter 179

သူ့ကသခင်ကြီးကိုလည်းအိပ်ခိုင်းမှာမဟုတ်ဘူး

ချူယွီကျောက်ရုပ်အတိုင်းဘဲဘေးမှာရပ်နေတယ်

အခန်းကတိတ်ဆိတ်နေပြီးစက္ကူလုံးလေးတွေကြမ်းပြင်ကိုပြုတ်ကျနေတဲ့အသံမှလွဲ၍တိတ်ဆိတ်နေသည်

စက္ကူလုံးတွေကြမ်းပြင်မှာအပုံလိုက်ဖြစ်တော့မှချူယွီက စားပွဲနောက်ကလူကိုခေါင်းမော့ပြီးကြည့်လိုက်သည်

သခင်ကိုကြည့်ရတာဒီနေ့ထူးခြားနေတယ်သူ့ရဲ့မျက်နာကတော့အရင်ကလိုဘဲတည်ငြိမ်နေတယ်ဒါပေမယ့်သူ့မျက်လုံးတွေကတော့ပူပန်သောကရောက်နေတယ်

ချူယွီ မျက်လုံးကိုလှန်ပြီးတော့သေချာစဉ်းစားနေတယ်သခင်ရဲ့ပုံမှန်မဟုတ်တဲ့အမူအရာကဒုတိယမင်းသမီးလုကြောင့်လား

ခုဏလောက်တွေးပြီးတဲ့နောက်မှာတော့သူကုန်းပြီးတော့အောက်မှာကျနေတဲ့စက္ကူလုံးတွေကောက်ပြီးတော့နူးညံ့စွာဖြန့်နေသည်

အဲ့တာကကောင်မလေးတစ်ယောက်စားပွဲပေါ်သူမရဲ့လက်နဲ့လက်မောင်းတင်ပြီးတော့အနားယူနေတဲ့ပန်းချီကားပုံဖြစ်သည်

ဘယ်သူဘဲဒါကိုဆွဲဆွဲတော်တော်အရည်အချင်းပြည့်စုံတယ်ပုံထဲကလူကတကယ့်အပြင်မှာပေါ်လာသလိုအသက်ဝင်လှသည်

သူ့ရဲ့လက်ထဲမှာဘာမှမကိုင်ထားတော့ဘဲသူ့ရဲ့အကြည့်တွေကကောင်မလေးရဲ့မျက်နှာကိုရောက်ခါနီးတွင်အခန်းထဲမှအသံရုတ်တရက်ထွက်လာသည်

ချူယွီကြည့်နေတဲ့စက္ကူလုံးလေးကိုလွှင့်ပစ်ပြီးနှုတ်ခမ်းကိုစိပြီးတော့

“ဟုတ်ကဲ့ပါ သခင်”

“ငါဒီရက်ပိုင်းထဲနင်အားနေတာကိုတွေ့နေရတယ်နင်ကိုယ်ခံပညာကိုမလေ့ကျင့်ဘူးလား”

“ကျွန်တော်-“

“ငါ့ကိုနင်စောင့်ရှောက်ပေးဖို့ဒီမှာမလိုဘူး နင်အရမ်းတက်ကြွနေရင်နန်းတော်တံတိုင်းတွေကို၁၀ပတ်သွားပြေး”

“….”

သူအပြစ်ကင်းစွာမျက်တောင်လေးခတ်လိုက်သည်နန်းတော်ကြီးကဘယ်လောက်ကြီးလိုက်လည်းဆိုတာသူဆယ်ပတ်ပတ်ပြေးပြီးသွားရင်အာရုံတက်လောက်ရောက်သွားမှာသူတစ်ရေးမှလည်းအိပ်ရမှာမဟုတ်ဘူး

“ဟုတ်ကဲ့”

သူ့မျက်လုံးကိုအောက်ချပြီးပြောလိုက်သည်သူလမ်းလျှောက်ထွက်သွားချိန်မှာသူတစ်ခုခုကိုစဉ်းစားမိပြီးအနောက်ကိုလှည့်မကြည့်ဘဲ

“သခင် သခင်ဆွဲထားတဲ့ဒုတိယမင်းသမီးလုပန်းချီကတော်တော်ရုပ်ဆိုးတယ်”

ပြောပြီးပြီးချင်းလုယန်ရဲ့တုံ့ပြန်မှုကိုမစောင့်ဘဲပြေးထွက်သွားသည်

သခင်ကြီးကသူ့ကိုမအိပ်ခိုင်းမှတော့သူလည်းသခင်ကြီးကိုလည်းအိပ်ခိုင်းမှာမဟုတ်ဘူး

သခင်ကြီးက တကယ်တော့ပန်းချီမှာတကယ်တော်ပြီးတော့ဒုတိယမင်းသမီးလုကိုလည်းကွက်ကွက်ကွင်းကွင်းမြင်ရအောင်ဆွဲထားသည်ဘယ်လိုဘဲဖြစ်ဖြစ်သူ့စိတ်ထဲမှာမကြေမချမ်းဖြစ်နေတော့သူကပန်းချီကောင်းကောင်းဆွဲထားတယ်လို့မခံစားရဘူး

သူ့ပန်းချီကရုပ်ဆိုးတယ်လို့ပြောတာကိုကြားသွားပြီးတဲ့နောက်မှာသခင်ကြီးကပြန်ပြီးတော့ဆွဲမှာဘဲသူကျေနပ်တဲ့အထိဆိုရင်တစ်နေ့လုံးကြာရင်ကြာသွားမှာ

ချူယွီကပြုံးလိုက်တယ်ပြီးတော့သူနန်းတော်တံတိုင်းတွေကိုဝမ်းသာစွာပတ်ပြေးနေသည်

လုယန်သူ့နဖူးကိုပွတ်လိုက်သည်သူခုနောက်ပိုင်းတော်တော်နူးညံ့ကြင်နာလာသည်သူ့ဘေးကလူတွေကတစ်ယောက်ပြီးတစ်ယောက်ပိုရဲတင်းလာကြသည်

သူမျက်နာထားတင်းတင်းနဲ့ထိုင်ခုံမှာပြန်ထိုင်လိုက်သည်သူ့ရဲ့စုတ်တံနဲ့ကောင်မလေးရဲ့အရိပ်မည်းကိုသတိထားစွာစာရွက်ပေါ်မှာဆွဲနေသည်

လုယန်ရဲ့ကျန်းမာရေးကပြန်ပြီးတော့တည်ငြိမ်လာပြီအဲ့ညကလုလျန့်ဝေသူ့ကိုပေးထားတဲ့အဆိပ်ဖြေဆေး ဆေးလုံးလေးကိုသူထုတ်လိုက်သည်

ဘုရင်ကြီးဒီနေ့ဆေးသောက်မယ်ဆိုတာကိုသိတယ်သူကစိတ်လှုပ်ရှားပြီးကြောက်ရွံနေတယ်သူကအဆိပ်ဖြေဆေးလုံးရဲ့အာနိသင်ကိုသိချင်နေပြီ

ကျောက်ချန် သူ့သခင်ဆေးလုံးထုတ်လိုကတာကိုတွေ့ပြီးတော့အဲ့တာနဲ့ပက်သက်တာကိုပြောလိုက်တယ်

“သခင် ဒီအဆိပ်ဖြေဆေးထဲမှာဘာတွေပါလဲဆိုတာကျွန်တော်တို့မသိရသေးပါဘူးတစ်ယောက်ယောက်ကိုအရင်စမ်းသပ်ခိုင်းပြီးမှသခင်သောက်မယ်ဆိုရင်...”

ကျောက်ချန်စကားလုံးတွေကိုမြိုချပြီးတော့စကားပြောနေတာရပ်လိုက်သည်စကားလည်းဆက်မပြောရဲတော့ဘူး

ဒုတိယမင်းသမီးလုက သခင်ကိုထိခိုက်အောင်ဘယ်တော့မှရည်ရွယ်ပြီးလုပ်မှာမဟုတ်ပေမယ့်သူမကြိုချက်ထားတဲ့အဆိပ်ဖြေဆေးကဘာတွေဖြစ်မလဲဆိုတာဘယ်သူမှသေချာမသိသေးဘူး

အလိုလေး သခင်ကဒုတိယမင်းသမီးလုကိုဒီလောက်ယုံကြည်နေတာတော့ကောင်းပါတယ်ဆေးမှာဘာပြဿနာမှမဖြစ်ပါစေနဲ့

အဲ့လိုဆို တစ်ယောက်ကဘယ်တော့မှအဲ့လောက်ဂရုမစိုက်ဖူးဘူး..

ကျောချန်စဉ်းစားစရာကုန်သွားတဲ့ချိန်မှာဘေးကလူတစ်ယောက်အရှေ့တို့လာပြီး

“သခင် ဘဏ္ဍာထိန်းကျောက်ချန်ထင်တာတာကတော့အကြောင်းပြချက်မဲ့တာတော့မဟုတ်ဘူး”

ချူယွီ သူ့အတွက်ဝင်ပြောပေးတာကိုတွေ့တော့ကျောက်ချန်အရမ်းခံစားမိပြီးမျက်ရည်လေးတွေဝဲနေသည်

ဒီတစ်ယောက်ကအမြဲတိတ်ဆိတ်နေတတ်ပါတယ်အရေးကြီးကိစ္စမျိုးဆိုသူကအမြဲမှီခိုလို့ရတဲ့သူတစ်ဦးဘဲ

ချူယွီကသူ့ဆီကိုလည်းလာပြီးတော့ဖျောင်းဖျတယ်သခင်ခုယိမ်းယိုင်သင့်နေပြီ

ဘယ်လိုဘဲဖြစ်ဖြစ် သူ့အတွေးထဲမှာရုတ်တရက်ပေါ်လာပြီးသူလုယန်ကအေးအေးဆေးဆေးပြောလိုက်တယ်

“ငါ့ခန္ဓာကိုယ်ကဒါနဲ့ဓာတ်တည့်တယ်ဘာမှမဆိုးလာဘူး”

Chapter 180

April 1, 2024 by Nay Chi Lynn

Chapter 180

ခန္ဓာကိုယ်ကအမြဲအမှန်တိုင်းပြောတယ်

အဲ့တာကိုကြားရတော့ကျောက်ချန်မျက်ရည်တွေကျပြီးတော့ငိုတော့မယ်

သခင်...

ချူယွီ မျက်လုံးကိုအောက်ချပြီးခေါင်းကိုငုံ့ပြီးအနောက်ပြန်ဆုတ်လိုက်တယ်

သမားတော်ချုပ်လင် ကမသိမသာသက်ပြင်းချလိုက်သည်

အဆိပ်ကမင်းကြီးကိုနှိပ်စက်နေတာနှစ်ပေါင်းကြာနေပြီသူရဲ့မဆုတ်မနှစ်ကြောင့်သာမဟုတ်ရင်သူအခုဆိုသည်းမခံနိုင်ဘဲပြိုလဲနေပြီ

ဘာဘဲဖြစ်ဖြစ်နှင်းကိုက်ဝေဒနာကိုအံ့တုနေတဲ့အချိန်တစ်နှစ်ပတ်လုံးသူစစ်ဆေးရေးရုံးတော်ကကိစ္စတွေကိုတစ်ချက်မှလျှော့တိလျှော့ရဲမလုပ်ခဲ့ဘူးစစ်ဆေးရေးအရာရှိတွေရှေ့မှာလည်းတစ်ခါမှမသက်သာတဲ့သက်ပြင်းချပုံကိုတစ်ခါမှမပြသခဲ့ဘူး

အရှင်မင်းကြီးကသာမန်လူတွေဘယ်တော့မှမပိုင်ဆိုင်နိုင်တဲ့ဇွဲလုံ့လမျိုးရှိသည်

“အရှင်မင်းကြီး ဒုတိယမင်းသမီးလုပေးတဲ့ဆေးအညွှန်းကိုကျွန်တော်လေ့လာပြီးပါပြီးဆေးမှာဘာအန္တရာယ်မှာမပါဝင်ပါဘူးစိတ်ချစွာသောက်သုံးနိုင်ပါတယ်”

သမားတော်ချုပ်လင် ပါးစပ်ဖွင့်ပြောလိုက်တဲ့စကားတွေကသူ့အသက်ကိုပါလောင်းကြေးထပ်ထားရတယ်

ဆေးမှာပြဿနာတစ်ခုခုဖြစ်တာနဲ့အဲ့တာကိုမင်းကြီးတွက်သူအသက်နဲ့ရင်းပြီးလုပ်ပေးရလိမ့်မယ်

ဘာဘဲဖြစ်ဖြစ်ဒီနှင်းကိုက်တာနဲ့ပက်သက်ပြီးနှစ်ပေါင်းများစွာဖြေဆေးကိုရှာခဲ့ပေမယ့်ဘာမှသူမရခဲ့ဘူးအဲ့တော့သူဘယ်လိုမျှော်လင့်ချက်မျိုးကိုမဆိုမစွန့်လွှတ်နိုင်ဘူး

ဒီဆေးမှာပြဿနာတစ်စုံတစ်ရာရှိခဲ့ရင်တောင်

သူအဲ့လိုပြောတာကြားတဲ့ကျောက်ချန်ကဘာမှမပြောဘဲတိတ်တိတ်လေးအနောက်ဆုတ်သွားခဲ့သည်

လုလျန့်ဝေရဲ့ဆေးမှာပြဿနာရှိမယ်လို့ လုယန်ကမစဉ်းစားဘူး

အဲ့မိန်းကလေးကငယ်ရွယ်ပေမယ့်သူ့ရဲ့ယုံကြည်မှုကိုတော့ရရှိထားတယ်

သူတုံ့ဆိုင်းချင်းမရှိဘဲအဆိပ်ဖြေဆေးလုံးကိုသောက်လိုက်သည်

သမားတော်ချုပ်လင် သူ့ကိုမျက်တောင်မခတ်ဘဲစိုက်ကြည့်နေသည်

အဆိပ်ဖြေဆေးမှာတော့ပြဿနာမရှိတဲ့ပုံဘဲခုသူတို့စောင့်ကြည့်ရမှာကဆေးကအာနှိသင်ပြပြီး နှင်းကိုက်အဆိပ်ကိုကုသနိုင်မလားဆိုတာကို

အနည်းငယ်ကြာတော့သမားတော်ချုပ်လင်စိတ်သက်သာရာနည်းနည်းရသွားတယ်လုယန်ရဲ့ပုံစံကရုတ်တရက်ပြောင်းလဲသွားသည်နဖူးမှာချွေးစေးတွေထွက်နေသည်သူ့ရဲ့ကြည့်ကောင်းတဲ့မျက်နာကကြောက်စရာကောင်းအောင်ဖြူလျော့နေသည်

အဲ့တာကသမားတော်ချုပ်လင်ကိုတော်တော်ထိတ်လန့်စေတယ်

သူသိထားတာမင်းကြီးကအမြဲတမ်းတောင့်ခံနိုင်စွမ်းကောင်းတယ်လူဆိုတာကိုသူအသံတော့မထွက်ပေမယ့်ခန္ဓာကိုယ်ကတော့အမြဲလိမ်လို့မရဘူး

သမားတော်ချုပ်လင် အချိန်မဆွဲရဲဘဲသူ့စီပြေးသွားပြီးတော့သွေးခုန်နှုန်းသွား၍စမ်းသပ်သည်

ဘယ်လိုဖြစ်ဖြစ်သူရဲ့လက်ကောက်ဝတ်ကိုထိရုံလေးထိလိုက်တာကိုတော်တော်ပူတာကိုခံစားမိလိုက်သည်

အဲ့ဒီအချိန်မှာ လုယန်ရဲ့အပူအချိန်ကစိုးရိမ်ရလောက်တဲ့အထိပူနေပြီသူရဲ့လက်ချောင်းထိပ်ကအပူချိန်သည်ရေဆူအမှတ်အပူချိန်လောက်ရှိနေပြီသူ့ရဲ့အသားရောင်တွေလည်းတော်တော်ကိုဖြူဖျော့နေပြီ

သမားတော်ချုပ်လင်လည်းကိုယ့်ကိုကိုစိတ်ထိန်းပြီးအားနဲ့သွေးခုန်နှုန်းကိုစမ်းနေသည်သူ့ရဲ့သွေးခုန်နှုန်းသည်အရမ်းအားကောင်းလိုက်အားနည်းသွားလိုက်ဖြစ်နေသည်

သမားတော်ချုပ်လင် သူ့လက်ကိုအနောက်ဆုတ်လိုက်ပြီးတော့အရမ်းစိတ်လှုပ်ရှားနေပြီဒါပေမယ့်လုလျန့်ဝေပြောတာကိုမှတ်မိပြီးတော့သူ့ကိုယ်သူနောက်တစ်ခေါက်စိတ်ကိုပြန်ထိန်းသည်

ဘုရင်ကြီးဒီလောက်ထိခံစားနေရပြီဆိုရင်အဆိပ်ဖြေဆေးအာနိသင်ပြပြီနဲ့တူတယ်

“အရှင်မင်းကြီးဆေးရဲ့အာနိသင်ကပြန်နှံ့နေပြီဒုတိယမင်းသမီးလုပြောသလိုဘဲအဲ့တာကတော်တော်နာကျင်မယ်ပြောတယ်မင်းကြီးနောက်ထပ်နည်းနည်းလောက်သည်းခံပေးထားပါအုံး”

လုယန်ခုံပေါ်ကိုမှီလိုက်တယ်သူ့နဖူးသွေးကြောတွေကခေါင်းကိုပေါက်ထွက်တော့မယ်ကိုကြည့်ရရင်သူ့ဘယ်လောက်ထိပြင်းပြင်းထန်ထန်ခုခံစားနေရမယ်ဆိုတာစဉ်းစားကြည့်ဖို့မခက်ခဲလှဘူး

စက္ကန့်တွေကုန်သွားတာနဲ့အမျှလုယန်ရဲ့နာကျင်မှုကမပျောက်သွားဘဲနဲ့ပို၍ဆိုးလာသည်

သမားတော်ချုပ်လင်ကြည့်ရတာအရမ်းစိုးရိမ်လွန်နေသည်

အဲ့အချိန်မှာဘဲ လုယန်ကထိုင်ခုံမှာထိုင်နေလျှက်သူ့ဘေးကစားပွဲကို ကန်လိုက်သည်

ရုတ်တရက်အသံကြောင့်သမားတော်ချုပ်လင်လန့်ပြီးထခုန်လိုက်သည်

အဲ့နောက်မှာကြွေထည်ကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့အသံထွက်ပေါ်လာသည်

နောက်ထပ်အသံကျယ်ကြီးတစ်ခုအနောက်ကလိုက်လာသည်လုယန်ခုံကိုရိုက်ချလိုက်တာကိုကြည့်ပြီးသမားတော်ချုပ်လင်လန့်နေသည်

လုယန်ခေါင်းကိုငုံ့ထားပြီးတော့သူ့ရဲ့ဆံပင်မှာချွေးတွေကျပြီးသူမျက်နာတစ်ခုလုံးမှာချွေးတွေနဲ့ဖုံးအုပ်ထားသည်ချွေးစီးချွေးပေါက်တွေကသူ့ရဲ့အင်္ကျီပေါ်စီးကျနေသည်

အဲ့တာကိုမြင်တဲ့သမားတော်ချုပ်လင်ကနောက်ဆုံးမှာပြိုလဲပြီးထိတ်လန့်နေသည်

All Chapters