← Chapters

အခန်း (၁၈၁-၁၈၃)

Vol. 4 Ch. 181-183

အခန်း (၁၈၁-၁၈၃)

Vol. 4 Ch. 181-183

Chapter 181

ငါ့မှာဘယ်လိုလို့အဲ့လောက်ရှိမှာလဲ

အရှင်မင်းကြီးသူ့ကိုသူနာကျင်အောင်လုပ်မှာကိုစိုးရိမ်၍ကျောက်ချန်နဲ့တခြားသူတွေကိုမင်းကြီးကိုကြိုးတုတ်ထားဖို့ပြောလိုက်သည်

ဘယ်လိုဘဲဖြစ်ဖြစ်အရှင်မင်းကြီးအထွတ်ထိပ်ဖြစ်နေတော့ထိလို့တောင်မရဘူးဘယ်လိုလုပ်သူ့မှာမင်းကြီးကိုကြိုးချည်ရဲဖို့သတ္တိရှိမှာလဲ

မင်းကြီးရဲ့မျက်လုံးတွေကအရောင်လက်လာပြီးဒေါသထွက်နေတဲ့အခြေအနေကိုပြတော့သမားတော်ချုပ်လင် ထစ်ငေါ့ထစ်ငေါ့နဲ့ပြောတယ်

“မင်းကြီးကိုမြန်မြန်ကြိုးချည်ပြီးစိတ်ကိုအရင်လျှော့ခိုင်း”

ကျောက်ချန်နဲ့တခြားသူတွေမင်းကြီးရဲ့ဒီအခြေအနေကိုမြင်ကြတော့နောက်သို့ဆုတ်သွားကြသည်

“သမားတော်ချုပ်လင် ဘာတွေဖြစ်နေတာလဲ”

ကျောက်ချန်သူ့အသိစိတ်ပြန်ဝင်လာသည်ကျောက်ချန်းလက်နဲ့သမားတော်ချုပ်လင်ရဲ့ကော်လံကိုဒေါသထွက်စွာဆွဲလိုက်သည်

“နင်ပြောတော့ဒီအဆိပ်ဖြေဆေးလုံးသောက်ပြီးရင်သခင်ရဲ့ခန္ဓာကိုယ်ထဲကအဆိပ်တွေကိုဖယ်ရှားပေးနိုင်ပြီဆိုဘာလို့သခင်ခုလိုဖြစ်နေရတာလဲ”

ကျောက်ချန်စိတ်တိုနေသည်

“ငါသိပ်တော့မသေချာပေမယ့်ဒါပေမယ့်ဒါကဆေးရဲ့အာနိသင်ကြောင့်ဖြစ်နေတာအဆိပ်တွေအားလုံးသန့်စင်ပြီးသွားရင်သူအဆင်ပြေသွားလိမ့်မယ်”

အမှန်တကယ်တော့သူလည်းအဲ့တာကိုယုံကြည်ချက်မရှိဘဲပြောလိုက်သည်

မင်းကြီးကခုလုံးဝကိုဒေါသထွက်နေတဲ့ပုံဖြစ်နေပြီးတော့သူ့ရဲ့ပုံမှန်ပုံစံကိုပျောက်ဆုံးနေသည်

ကျောက်ချန်ကသမားတော်ရဲ့ဘေးကိုတိုးသွားပြီးစိတ်ကုန်စရာကောင်းသောပုံဖြင့်

“ငါပြောသားဘဲသူဆေးကိုချက်ချင်းလက်ခံလို့မရသေးဘူးလို့တစ်ခုခုတော့မှားနေတာဖြစ်မယ်”

သမားတော်ချုပ်လင် ကခေါင်းခါပြသည်

“မဟုတ်ဘူးဒုတိယမင်းသမီးပြောတာဒီဆေးမှာဘာပြဿနာမှာမရှိဘူးဆေးအာနိသင်အရမ်းအားကောင်းနေလို့ဒီလိုလက္ခဏာပြတာမြန်မြန်ကြိုးသွားယူလိုက်ဘာမှမဖြစ်ခင်ငါတို့မင်းကြီးကိုကြိုးတုတ်ထားမှရမယ်”

ကျောက်ချန်ဒေါသတွေနဲ့ပြူးကြည့်ပြီးတော့ချူယွီခါးထဲကဓါးကိုဆွဲယူပြီးတော့သမားတာ်ချုပ်လင်ရဲ့လည်းပင်ကိုထောက်ထားလိုက်တယ်

“နင်ကမင်းကြီးကိုကြိုးနဲ့တုတ်ရဲတယ်ပေါ့!သမားတော်ချုပ်လင်နင်ကနင့်ခေါင်းကိုဆုံးရှူံးဖို့အတွက်ပြင်ဆင်ထားပြီးပြီလား”

အဲ့အချိန်မှာ သမားတော်ချုပ်လင်က အနည်းငယ်တည်ငြိမ်သွားပြီးကြောက်မနေတော့ဘူးချက်ချင်းဘဲသက်ပြင်းချပြီးပြောလိုက်သည်

“ငါမင်းကြီးရဲ့ဖျားနာမှုကိုနှစ်ပေါင်းများစွာကုသလာခဲ့တာဒါပေမယ့်နှင်းကိုက်တာကိုတော့မကုနိုင်ခဲ့ဘူးဒုတိယမင်းသမီးလုမပေါ်လာခင်ထဲကငါ့ရဲ့အသက်ကိုပေးပြီးသား ကံမကောင်းဘဲတစ်ခုခုသာဖြစ်ခဲ့ရင်သူနဲ့အတူတူငရဲပြည်ထိအဖော်ပြုပေးမှာကျောက်ချန်နင်ကငါ့ကိုသေရမှာကြောက်တယ်ထင်နေတာလား”

ကျောက်ချန်ခဏလောက်ကြောင်နေပြီးတော့သူ့လက်ထဲကဓါးကိုစိတ်ဆိုးမာန်ဆိုးနဲ့လွှင့်ပစ်လိုက်သည်

“ဒါပေမယ့်ငါ့တို့မင်းကြီးကိုကြိုးချည်လို့မရဘူးဒုတိယမင်းသမီးလုရဲ့ဆေးကတစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲအဲ့တာကသူ့အတွက်ပိုဆိုးစေနိုင်ဘူးလား”

သမားတော်ချုပ်လင်ပြန်ပြောတော့မယ့်အချ်ိန်မှာလုယန်ကချူယွီရဲ့အကူအညီနဲ့ပြန်ထနေပြီးအက်ကွဲသံနဲ့အော်ဟောက်လိုက်သည်

“ကြိုးယူလာခဲ့စမ်း”

အဲ့တာပြောပြီးပြီးခြင်းပါးစပ်ထဲကသွေးတွေအန်လာသည်

အခန်းထဲမှာရှိတဲ့သူတွေအားလုံးတပြိုင်နက်လန့်သွားပြီးတော့

“သခင်...”

“သခင်!”

“သွားစမ်း”

လုယန်လက်သီးစုပ်ထားတဲ့လက်မှာသွေးကြောတွေပေါ်နေပြီးသူရဲ့အသံထွက်ပြောဖို့မနဲရုန်းကန်နေရသည်

ဒါကိုမြင်တော့ကျောက်ချန်းမတုန့်ဆိုင်းရဲဘဲချက်ချင်းကြိုးကိုလျင်လျင်မြန်မြန်သွားယူသည်

ယူလာပြီးတဲ့နောက်လက်တွေတုန်တုန်နဲ့သမားတော်ချုပ်လင်ကိုပေးလိုက်သည်

“နင်အကြံဉာဏ်ဆိုတော့နင်ကိုယ်တိုင်ကြိုးချည်သင့်တယ်”

သမားတော်ချုပ်လင်ကမျက်လုံးပြူးပြီးတော့စိတ်ဆိုးမာန်ဆိုးနဲ့

“နင်ငါ့လိုအဖိုးကြီးကိုမင်းကြီးကိုကြိုးတုတ်စေချင်တာလည်းငါ့မှာဘယ်လိုလုပ်အဲ့လောက်အားရှိမှာလဲ”

ကျောက်ချန်သူ့ကိုစိုက်ကြည့်ပြီးတော့

“အဲ့တာဆိုတခြားဘယ်သူလုပ်သင့်လဲ”

“နင်လုပ်ရမှာပေါ့နင့်ခန္ဓာကိုယ်ဝဝကဒီတိုင်းပြထားဖို့ဘဲလားသွားစမ်းပါ!”

သမားတော်ချုပ်လင်သူ့ကိုအရှက်မရှိတိုက်တွန်းလိုက်သည်

ကျောက်ချန်ဒေါသထွက်လွန်းလို့ဘာမှမလုပ်ချင်ဘဲဒီအဖိုးကြီးကိုကန်ထုတ်ပစ်ချင်နေသည်

သူလုယန်ရဲ့ခြေထောက်နားမှာထိုင်နေတဲ့ချူယွီကိုကြည့်ပြီးတော့

“ချူယွီဒီအလုပ်ကနင်ကလွဲပြီးဘယ်သူမှမသင့်တော်ဘူး”

ချူယွီစိုက်ကြည့်ပြီးတော့ထပြီးတော့ဘေးကိုရောက်လာတယ်

ကျောက်ချန်စပြီးတော့စိုးရိမ်နေတယ်

“သမားတော်ချုပ်လင်ပြောတာမှန်တယ်နင်ဝနေတဲ့ခန္ဓာကိုယ်ကဒီတိုင်းပြထားဖို့အတွက်ဘဲမဟုတ်ဘူး”

ပြောပြီးတာနဲ့ချူယွီအဝေးကိုဘာမှမပြောဘဲထွက်သွားသည်

ကျောက်ချန်ကဒေါသတွေထွက်ပြီးတုန်နေသည်

အရေးကြီးတဲ့အခြေအနေမျိုးတွေမှာဒီလူတွေကိုယုံကြည်လို့မရဘူး

သခင်ဆေးသောက်တော့မယ်ဆိုထဲကချူရီကအပေါက်ဝမှာကင်းစောင့်နေတာဖြစ်တယ်အဲ့တော့သူ့ကိုခေါ်ဖို့ကလည်းမလွယ်ဘူး

ကျောက်ချန်သူ့ကိုသူဘာမှမတတ်နိုင်တော့တဲ့နောက်ဆုံးအံတွေကြိတ်နေသည်

Chapter 182

April 2, 2024 by Nay Chi Lynn

Chapter 182

သူ့ပုခုံးထက်မှာဆက်သယ်ဆောင်ထားတယ်

ချူယွီ ကအဝေးကြီးတော့မရောက်သေးဘူးတံခါးအပြင်ဘက်အရိပ်ထဲမှာရပ်နေသည်သခင်ရဲ့နာကျင်မှုကြောင့်အော်သံကိုကြားနေရသည်

သူတံခါးထဲကိုကနေအလျင်အမြန်ဝင်ပြီးအထဲကိုအလျင်အမြန်ကြည့်လိုက်သည်သခင်ကိုတိုင်လုံးနဲ့ကျောက်ချန်ကြိုးချည်ထားတာကိုတွေ့လိုက်သည်သူ့ရဲ့နှုတ်ခမ်းတွေကနက်မှောင်နေပြီးတော့သူ့ကိုသူနည်းနည်းကိုက်လိုက်ရင်တောင်သွေးတွေထွက်ကြလာနိုင်တယ်

မျက်လုံးနဲ့တစ်ချက်ကြည့်လိုက်တာနဲ့ချူယွီရဲ့လူတွေနောက်သို့ဆုတ်သွားပြီးတော့သူလည်းအလျင်အမြန်နောက်သို့ဆုတ်လိုက်သည်

သူခေါင်းပေါ်မော့ပြီးတော့ကြယ်တွေပြည့်နေတဲ့ကောင်းကင်ကိုကြည့်လိုက်သည်နှုတ်ခမ်းကိုကိုက်ထားပြီးတော့အပေါ်သို့ရုတ်တရက်ခုန်လိုက်ပြီးတော့ခေါင်မိုးပေါ်မှာရပ်နေသည်

ချူရီကအပေါက်ဝမှာအရိပ်ထဲကနေကင်းစောင့်နေသည်သခင်ဖြေဆေးသောက်ပြီးထဲကသူသတိရှိရှိနဲ့သူ့ရဲ့ဘေးပတ်ပတ်လည်ကိုစောင့်ကြည့်နေသည်

အဲ့ချိန်မှာအထဲကနေအရိပ်တစ်ခုအပြင်ကိုထွက်လာသည်ချူရီထိတ်လန့်သွားသည်အရိပ်ကိုသေချာကြည့်လိုက်တော့သူခဏလောက်အံ့ဩပြီးရပ်တန့်သွားသည်

“ဘာလို့ချူယွီကသခင်ကိုစောင့်ရှောက်ဖို့မရှိတာလဲဒီအချိန်မှာဘယ်တွေသွားနေတာလဲ”

မြို့တော်ဝန်အိမ်ရာ

မိုးလည်းတော်တော်ချုပ်နေပြီအိမ်ရာတစ်ခုလုံးလည်းအိပ်မောကျနေသည်ကင်းပတ်စောင့်နေသူများသာရှိသည်

အဲ့ထဲကအများစုကလုမိသားစုစစ်တပ်မှအငြိမ်းစားယူထားတဲ့သူတွေဖြစ်သည်သန်းခေါင်ယဲံဖြစ်နေသော်လည်းသူတို့တွေကသေသေချာချာလေ့ကျင့်ထားပြီးနိုးနိုးကြားကြားရှိသည်

ဘယ်လိုဘဲဖြစ်ဖြစ်သူတို့ရဲ့ခေါင်းပေါ်ကိုအရိပ်တစ်ခုတိတ်တဆိတ်ဖြတ်သွားတာကိုသတိမထားမိလိုက်ကြဘူးဒီကျူးကျော်တဲ့သူရဲ့ကိုယ်ဖော့သိုင်းပညာကပြည့်စုံလွန်းတယ်

လုလျန့်ဝေအိပ်တော့အိပ်ပျော်နေသည်ဒါပေမယ့်နှစ်နှစ်ခြိုက်ခြိုက်တော့မဟုတ်သေးဘူး

ဒီနေ့ကလုယန်ဖြေဆေးသောက်မယ့်နေ့ဖြစ်သည်သူမကိုယ်တိုင်သေချာနားလည်ပြီးဖော်စပ်ထားတဲ့အဆိပ်ဖြေဆေးမှာပါဝင်သည့်ဆေးဖက်ဝင်အရွက်ရဲ့သတ္တိသည်နှင်းကိုက်ခြင်းကိုကောင်းကောင်းဖယ်ရှားနိုင်သည်

အဲ့ဆေးဖက်ဝင်အရွက်ရဲ့အာနိသင်သည်အလွန်အကျူးခံစားရပြီး သာမန်လူဆိုအဲ့ခံစားမှုကိုထိန်းချုပ်ရန်ခက်ခဲသည်

အဲ့တာကြောင့်သူမကိုယ်တိုင်ပေးတဲ့ဆေးညွှန်းကိုလုယန်ကိုဖြေဆေးမသောက်ခင် ဆက်တိုက်သောက်ဖို့တိုက်တွန်းခဲ့သည်

အဲ့ဆေးတွေမှာပါဝင်နေတဲ့ဆေးဖက်ဝင်ပစ္စည်းတွေသည်သာမန်ဆေးတွေမှာဝင်နေတာနဲ့မတူဘဲထူးခြားသည်အဲ့တာတွေကလုယန်ကိုပိုသန်မာဆေးပြီးဆေးဖက်ဝင်အရွက်ရဲ့အာနိသင်ကိုတွန်းလှန်နိုင်ရန်ဖြစ်သည်

တစ်ခုခုသာမှားသွားရင်သူလမ်းမှားရောက်သွားမယ့်အပြင်ဒေါသပါထွက်လာနိုင်သည်

အဲ့ဒီအတွေးတွေနဲ့ လုလျန့်ဝေကောင်းကောင်းအိပ်မပျော်ဘူးဖြစ်နေသည်

သာမန်မဟုတ်တဲ့အသံတစ်ခုခုကိုဖြည်းဖြည်းလေးကြားလိုက်ရတာကြောင့်သူမရုတ်တရက်နိုးလာသည်

တစ်ခန်းလုံးမှောင်မှဲနေသည်လိုက်ကာရဲ့အနောက်တစ်ဖက်ခြမ်းမှာအရိပ်တစ်ခုရပ်နေတာကိုတွေ့လိုက်သည်

လုလျန့်ဝေစိတ်တွေလှုပ်ရှားလားပြီးသူ့မခေါင်းအုံးအောက်ကဓားမြှောင်ကိုလက်ဖြင့်ဆွဲယူလိုက်သည်

သူမဓားမြှောင်ကိုကိုင်နေတဲ့အချိန်မှာလိုက်ကာတစ်ဖက်ကအရိပ်ကလမ်းလျှောက်ပြီးသူမစီတိုးလာသည်

အဲ့လူရဲ့အသံကတိုးနေပေမယ့်အလျင်လိုနေတယ်ဆိုတာခံစားမိသည်

လုလျန့်ဝေဒီအသံကိုကြားပြီးတဲ့နောက်သူမစိတ်လှုပ်ရှားနေတာကိုလျှော့ချလိုက်သည်လိုက်ကာကိုဆွဲလိုက်ပြီးတော့အပြင်ကလူကိုသူမကြည့်လိုက်သည်

ချူယွီ နှုတ်ခမ်းကိုစိပြီးတော့သူမရဲ့လက်ကိုဆွဲပြီးတော့

နောက်ဆုတ်ပြီးတော့လုလျန့်ဝေသူ့ကိုတားဖို့ကြိုးစားသည်

“နင်ဘယ်လောက်ဘဲစိတ်ထိတ်လန့်နေပါစေငါ့ကိုအရင်အပေါ်အင်္ကျီအရင်ပေးဝတ်ပါ”

သူ့သခင်ရဲ့နာကျင်မှုကိုခံစားနေရမှာကိုတွေးမိနေသည်ချူယွီမျက်မှောင်ကြုံ့ပြီးဘာစကားမှမပြောတော့ဘဲသူအိပ်ရာခင်းကိုယူပြီးသူမကိုပတ်လိုက်သည်

လုလျန့်ဝေ ဘာမှမတုံ့ပြန်နိုင်ခင်ကြောင်တောင်တောင်ဖြစ်နေတုံးသူမကမြေကြီးပေါ်ကနေမပြီးတော့ချူယွီရဲ့ပုခုံးပေါ်မှာရောက်နေသည်

ချူယွီကကိုယ်ဖော့ပညာကိုကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသောကြောင့်လူတစ်ယောက်ကိုထမ်းထားတာတောင်လေထဲမှာပေါ့ပါးစွာသွားလာနိုင်သည်

ခေါင်မိုးတွေတစ်ခုပြီးတစ်ခု ခုန်သွားပြီးတဲ့နောက်နောက်ဆုံးမှာသူတို့ဘုရင့်နန်းဆောင်စီမကြာခင်ရောက်တော့မည်

Chapter 183

April 2, 2024 by Nay Chi Lynn

Chapter 183

သေစေလောက်သောခံစားမှုထွက်ပေါ်လာသည်

ချူရီကအပေါ်ဝမှာဂိတ်စောင့်နေရင်းချူယွီလေပေါ်မှာလူတစ်ယောက်ကိုသယ်ပြီးပျံလာတာကိုတွေ့သည်သယ်လာတဲ့သူကဆံပင်ကျနေသောကြောင့်မိန်းကလေးဖြစ်မယ်နဲ့တူသည်

သူလျှာလိပ်ပြီးတော့ဒီကောင်ဒီအခြေအနေကိုနားမလည်ဘူးလားဘာလို့မိန်းမတစ်ယောက်ကိုအတင်းအဓမ္မခေါ်ဆောင်လာတာလဲ

သူ့သခင်ရဲ့အခြေအနေကမိန်းမတစ်ယောက်နဲ့ကုသလို့ရမယ်ထင်နေတာလား

ချူယွီကလုလျန့်ဝေကိုသယ်ပြီးတော့လုယန်ရဲ့အိပ်ခန်းထဲကိုတိုက်ရိုက်ဝင်သွားသည်

သမားတော်ချုပ်လင်နဲ့ကျောက်ချန်လည်းသူ့ပုခုံးပေါ်မှာလူတစ်ယောက်သယ်လာတာကိုတွေ့လိုက်တော့လန့်သွားသည်

ဘယ်လိုဘဲဖြစ်ဖြစ်သူတို့သူဘာလုပ်နေလဲဆိုတာကိုချက်ချင်းသဘောပေါက်လိုက်သည်

“ချူယွီ နင်ဒုတိယမင်းသမီးလုကိုခေါ်လာတာလား”

ကျောက်ချန်မေးလိုက်သည်သူလည်းတိတ်တဆိတ်အဲ့လိုဖြစ်ပါစေမျှော်လင့်နေသည်

သူ့သခင်ရဲ့ခုအခြေအနေကိုဘာလုပ်ရမလဲဆိုတာဒုတိယမင်းသမီးလုတစ်ယောက်ဘဲသိသည်

သမားတော်ချုပ်လင်လည်းသူ့လိုဘဲမျှော်လင့်ချက်မျက်လုံးတွေနဲ့သူ့ပုခုံးပေါ်ကိုကြည့်နေသည်

လုလျန့်ဝေအောက်ကိုအချခံလိုက်ရပေမယ့်အနည်းငယ်မူးဝေနေသည်ပုခုံးပေါ်မှာသဲအိတ်လိုသယ်လာတာကခံစားလို့မကောင်းဖြစ်နေသည်

အိပ်ရာခင်းပတ်လျက်သူမမတ်တပ်ရပ်နေကာချူယွီကိုဘာမှမပြောဘဲစိုက်ကြည့်နေသည်

သူ့မ မှာသူ့ကိုပြန်ပြီးထေ့ငေါ့ပြန်ပက်ဖို့အတွက်အားတွေမရှိဘူးဖြစ်နေသည်

သူမအိပ်ရာခင်းနဲ့ပက်ထားတာကိုသတိထားမိလိုက်တဲ့အခါမှာကျောက်ချန့်နဲ့သမားတော်ချုပ်လင်တို့အနည်းငယ်နောက်ဆုတ်လိုက်သည်

ဘယ်လိုဘဲဖြစ်ဖြစ် ကျောက်ချန်စိတ်ကိုစုစည်းပြီးတော့ပြောလိုက်သည်

“ဒုတိယမင်းသမီးလု မြန်မြန်လာပါအုံးမင်းကြီးဖြေဆေးသောက်ပြီးထဲကအဲ့လိုဖြစ်နေတာပါ”

“ဟုတ်ပါတယ်ဒုတိယမင်းသမီးလုအရှင်မင်းကြီးကိုအရင်ကြည့်ပေးပါအုံး”

သူမကသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်လေးဖြစ်သောကြောင့်ဆော်ဩနေသည်

လုလျန့်ဝေလှည့်ကြည့်ပြီးတိုင်လုံးရဲ့နောက်ကလူကိုကြည့်လိုက်သည်

သူမရဲ့နှုတ်ခမ်းကိုတွန့်ပြီးတော့စဉ်းစားနေတဲ့အကြည့်နဲ့ကျောက်ချန်နဲ့သမားတော်ချုပ်လင်တို့ကိုကြည့်လိုက်သည်

သံသယဝင်ခံနေရတဲ့အကြည့်တွေကိုကျောက်ချန်ပြန်ရှင်းပြလိုက်သည်

“ဒီအခြေအနေမှာငါတို့ဘာမှမလုပ်နိုင်ဘူးသူကိုကြိုးတုတ်ထားတာငါတို့ခုချိန်မှာလုပ်နိုင်တဲ့တစ်ခုထဲသောအရာဘဲအဲ့ဒါမှမဟုတ်ရင်သူ့ကိုသူဒဏ်ရာရအောင်လုပ်မိလိမ့်မယ်”

သူမအိပ်ရာခင်းပတ်လည်လမ်းလျှောက်သွားပြီးလုယန်ရဲ့အရှေ့မှာမတ်တပ်ရပ်နေသည်

လုယန်ရဲ့ခေါင်းကအောက်ကိုငိုက်ကျနေပြီးသူသတိလစ်ချင်သလိုဖြစ်နေသည်ဆေးရဲ့အားနိသင်ကသူကိုနှိပ်စက်ပြီးတော့သူ့ရဲ့စွမ်းအားတွေကိုလျှော့နည်းစေတာဖြစ်မယ်

သူ့ရဲ့ကျီးကန်းမွှေးကဲ့သို့နက်မှောင်တဲ့ဆံပင်တွေကသူ့ရဲ့မျက်နာပေါ်ကျနေသည်အဲ့တာကအရင်ကထက်ပိုပြီးတော့ဖြူဖက်ဖြူလျော့ဖြစ်စေသည်နှင်းကဲသို့ဖွေးနေတဲ့သူရဲ့သွားတွေနဲ့နက်မှောင်နီရဲနေတဲ့နှုတ်ခမ်းလေးကိုကိုက်ပြီးပါးစပ်ကိုတစ်ဝက်လောက်ဖွင့်ထားသည်သူရဲ့လည်ပင်းအရိုးကိုမြင်နေရသည့်အတွက်သူ့ရဲ့အရင်ကကျက်သရေတွေအာဏာတွေရှိတဲ့ပုံနဲ့တော့ကွာခြားနေသည်ခုသူကအားနည်နေတဲ့ပုံပေါက်နေပေမယ့်မထင်မှတ်ဘဲသေစေလောက်တဲ့ဆွဲဆောင်မှုကထွက်ပေါ်နေသည်

လုလျန့်ဝေတစ်ချက်လောက်ဘဲကြည့်ပြီးကြာကြာဆက်မကြည့်ရဲတော့ပါ

သူမခေါင်းလေးငုံ့ပြီးတော့လက်လေးထုတ်ပြီးသွေးခုန်နှုန်းကိုစမ်းလိုက်သည်သူရဲ့သွေးခုန်နှုန်းကိုစမ်းသပ်လိုက်တော့ခုအခြေအနေကအရမ်းမစိုးရိမ်ရတော့သိသာတော့သူမစိတ်သက်သာရာရသွားသည်

ဘယ်လိုဘဲဖြစ်ဖြစ်သူ့ရဲ့ဒီလိုဖရိုဖရဲဖြစ်နေနေတဲ့ပုံလေးကိုမြင်ပြီးတော့သူမအနည်းငယ်သနားကြင်နာမိသွားသည်

သူမဒီထက်ပိုလုပ်နိုင်တာမရှိတော့ဘူးသူမလုပ်နိုင်တာကနှင်းကိုက်ရောဂါကိုလေ့လားပြီးအဆိပ်ရဲ့သက်ရောက်မှုကိုဘဲနားလည်သည်ဒါပေမယ့်ဆေးရဲ့အာနိသင်ကိုတော့သူမထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေသည်

အဲ့တာကြောင့်လည်းဆေးတွေကအရမ်းညင်သာနေရင်ရောဂါကုတဲ့နေရာမှာအသုံးမဝင်ဖြစ်တာ

သူမရဲ့အကြည့်ကကြိုးတုတ်ထားလို့လက်ကောက်ဝတ်မှာသွေးလေးတွေထွက်နေတဲ့ပေါ်ကိုရောက်သွားသည်သူမနှုတ်ခမ်းကိုတွန့်ပြီးကျောက်ချန်ကိုပြောလိုက်သည်

“ဆေးရဲ့အာနိသင်ကမင်းကြီးရဲ့ခန္ဓာကိုယ်ထဲကိုဖြတ်သန်းစီးဆင်းပြီးပြီသူ့ကိုကြိုးဖြေပေးလို့ရပြီ”

မင်းကြီးရဲ့လက်မှာအရာတွေ့လိုက်တော့သူကြောက်လန့်သွားသည်

ဒါကသူရဲ့အဆုံးသတ်တော့ဖြစ်ပြီမင်းကြီးနိုးလာရင်သူ့ကိုပြစ်ဒဏ်ထပ်ပေးတော့မှာလား

သူ့ရဲ့သခင်ကိုကြိုးချည်ထားတုန်းကလည်းသူသခင်ကအခြေအနေဆိုးနေသည်မင်းကြီးရဲ့အတွင်းအားကောင်းသောကြောင့်ကြိုးကိုဖျက်ပြီးသူ့ကိုသူနာကျင်အောင်ပြုလုပ်မိမှာသောကြောင့်ကျောက်ချန်မှာရွေးချယ်စရာမရှိဘဲဖျက်ရခက်သောရေခဲဝိညာဉ်ပိုးသားနှင့်ပြောင်းချည်ထားလိုက်သည်

ရေခဲဝိညာဉ်ပိုးကြိုးကခိုင်ခံပြီးဆန့်နိုင်အားရှိသည်အဲ့တာကရေကောမီးနဲ့ကောဒဏ်ခံနိုင်တယ်ရုန်းဖို့ကြိုးစားလေရေခဲဝိညာဉ်ပိုးကြိုးကပိုပြီးတင်းလာလေဘဲအဲ့တာကအသားကိုပါဖြတ်ပိုင်းလာနိုင်သည်

ကျောက်ချန်ကထိတ်လန့်ပြီးချွေးတွေပြန်နေပြီသူကရေခဲဝိညာဉ်ပိုးကြိုးကသူ့သခင်အသားကိုဖြေနေတုန်းဖြတ်မိမှာကိုစိုးရိမ်နေသည်သူသတိကြီးစွာကြိုးကိုဖြေနေသည်

ဘယ်လိုဘဲဖြစ်ဖြစ်ရေခဲဝိညာဉ်ပိုးကြိုးကသူ့သခင်ရဲ့အသားထဲကိုအနည်းငယ်နစ်ဝင်နေသည်ကျောက်ချန်ဘယ်လောက်ဂရုစိုက်ပြီးဖြေဖြေသူ့သခင်ရဲ့အသားကိုဆွဲမိနေသည်

လုလျန့်ဝေဘေးကနေစိတ်ပူစွာကြည့်နေသည်သူမရဲ့အကြည့်တွေမှာကျောက်ချန်ကိုအထင်ကြီးမှုတွေပြည့်နေသည်

ကျောက်ချန်ဒီလောက်လုပ်ရဲမယ်လို့သူမထင်ထားခဲ့မိဘူး

လုယန်ကအခုဆေးပင်ရဲ့အာနိသင်နာကျင်မှုကိုမခံစားရတော့ဘဲဒါပေမယ့်ရေခဲဝိညာဉ်ပိုးကြိုးကြောင့်တော်တော်လေးနာကျင်နေသည်

All Chapters