← Chapters

အခန်း (၁၈၄-၁၈၆)

Vol. 4 Ch. 184-186

အခန်း (၁၈၄-၁၈၆)

Vol. 4 Ch. 184-186

Chapter 184

April 2, 2024 by Nay Chi Lynn

Chapter 184

သူမရဲ့လေပွေလိုအချိန်ခဏလေးမှာအားလုံးရင်သပ်ရှုမောဖွယ်ဖြစ်သွားသည်

ကျောက်ချန်ကလုယန်ဆီမှရေခဲဝိညာဉ်ပိုးကြိုးကိုဖြေပေးတာအချိန်၁၅မိနစ်လောက်ကြာသွားသည်

သူကသူ့စီမှာရှိတဲ့အားတွေသုံးလိုက်ရတယ်လို့ခံစားလိုက်ရသည်သူမြေပြင်ပေါ်သို့အားနည်းစွာထိုင်ချလိုက်ပြီးချွေးတွေကိုအားသတ်တရောသုတ်နေသည်

အဲ့အချိန်မှာဘဲလုယန်ကနိုးလာပြီးနာကျင်မှုကြောင့်မျက်မှောင်ကြုံ့ပြီးမျက်လုံးကိုဖွင့်လိုက်သည်

လုလျန့်ဝေနောက်ဆုတ်ဖို့လုပ်မယ့်အချိန်မှာသူမကသူ့ရဲ့အေးစက်တဲ့ခြိမ်းခြောက်တဲ့အကြည့်တွေကိုခံစားမိလိုက်သည်သူမကအဲ့အတွက်မပြင်မဆင်ထားသောကြောင့်သူမရဲ့နှလုံးသားကရုတ်တရက်ကြီးတင်းကြပ်သွားသည်

သူမရဲ့နှလုံးကိုတည်ငြိမ်အောင်လုပ်ပြီးမေးခွန်းမေးလိုက်သည်

“အရှင်မင်းကြီးနိုးလာပြီလားခုဘယ်လိုခံစားနေရလဲနေလို့ပိုကောင်းသွားပြီလား”

သူမပြောပြီးပြီးချင်းဘဲသွေးခုန်နှုန်းစမ်းသပ်နေသည်ဘယ်လိုဘဲဖြစ်ဖြစ်သူမရဲ့လက်ကသူ့ရဲ့အရေပြားကိုထိလုခံနီးမှာသူမရဲ့ခါးတစ်ဝက်မှာတစ်ခုခုတင်းတင်းကျပ်ကျပ်ဖြစ်နေတာကိုရုတ်တရက်ခံစားလိုက်သည်သူမ မတုန့်ပြန်နိုင်ခင်မှာသူမလုယန်ရဲ့အရှေ့သို့ဆွဲခေါ်ခံလိုက်ရသည်အရမ်းနီးနေတော့သူ့ရဲ့ပူလောင်တဲ့အသက်ရှူတဲ့လေတွေကသူမရဲ့မျက်နာပေါ်မှာခံစားနေမိသည်

“ဝေဝေ..”

သူ့ရဲ့အက်ကွဲတဲ့အသံတွေကသူမရဲ့နား နားသို့ဖြတ်သွားပြီးသူမအသက်ရှုတွေမြန်လာပါသည်သူမမျက်လုံးလေးပင့်ပြီးသူရဲ့စကားရှည်တဲ့တပည့်တွေနဲ့အကြည့်ခြင်းဆုံရန်လိုက်ကြည့်နေသည်သူကလုံးဝမေ့မျောနေတာမဟုတ်ဘူးဆိုတာသူမသတိထားမိသွားသည်

သူမစိတ်သက်သာရသွားပေမယ့်သူမကိုရုတ်တရက်ကြီးရင်းရင်းနှီးနှီးခေါ်လိုက်လို့နည်းနည်းတော့မသက်မသာဖြစ်သွားသည်

သူကအရင်ကသူမကိုတစ်ခါမှအဲ့လိုမခေါ်ဖူးဘူးသူကသူမကိုဒုတိယမင်းသမီးလုဒါမှမဟုတ်လုလျန့်ဝေလို့သာအမြဲခေါ်သည်

ဒါပေမယ့်လည်း ခုချိန်မှဘာလို့လဲ

သူမအတွေးတွေကရှုပ်ထွေးပြီးတော့သူမရဲ့ခေါင်းနောက်ကိုတစ်ခုခုကကိုင်ထားသည်ကိုရုတ်တရက်ခံစားမိလိုက်သည်နောက်မကြာခင်မှာဘဲသူမရဲ့ခေါင်းကိုအားနဲ့အရှေ့သို့တွန်းပို့ခံနေရသည်

သူမရဲ့နှုတ်ခမ်းနုနုလေးတွေကပူလောင်တဲ့ခံစားမှုတွေကြောင့်ငုံနေမိသည်

ကျန်တဲ့အခန်းထဲကသုံးယောက်ကသူတို့ရှေ့မှာမြင်နေရတဲ့မြင်ကွင်းကိုဘယ်လိုတုံ့ပြန်ရမှန်းမသိဘူးဖြစ်နေသည်

ကျောက်ချန်ကပထမဆုံးတုံ့ပြန်ပြီးတော့သူရုတ်တရက်ထလိုက်သည်သူနောက်ကိုလှည့်ပြီးအရင်ဆုံးလုပ်တဲ့အရာကချူယွီရဲ့ပြူးနေတဲ့မျက်လုံးတွေကိုလက်နဲ့ကာလိုက်ခြင်းဖြစ်သည်

“ကလေးတွေကဒါကိုမကြည့်သင့်ဘူးကြည့်နေတာကိုရပ်လိုက်မဟုတ်ရင်နင့်မျက်လုံးဖောက်ထုတ်ခံရမယ်”

သူတစ်ယောက်မှကိုဘာမှမပြောစေဘဲကြောင်တောင်တောင်ဖြစ်နေတဲ့ချူယွီနဲ့သမားတော်ချုပ်လင်တို့ကိုအခန်းထဲကနေအမြန်ဆွဲခေါ်ထားသည်

လုလျန့်ဝေကဆူညံ့တာတွေကိုကြားပြီးတော့သူမထိတ်လန့်နေရာကနေအသိပြန်ဝင်လာသည်သူမရဲ့လက်ဖြင့်လုယန်ရဲ့ရင်ဘတ်ကိုတွန်းပြီးတော့ရုန်းရန်ကြိုးစားသည်

ဘယ်လိုဘဲဖြစ်ဖြစ်လုယန်ကမထင်မှတ်ဘဲသန်မာနေတော့သူမဘာမှမလုပ်နိုင်ဖြစ်နေသည်

သူမကကြည့်ဘဲကြည့်နေနိုင်တယ်သူမရဲ့လေပွေလိုအခိုက်တန့်မှာအသက်ရှုသံမှားပြီးတော့သူမမျက်မှောင်ကြုံ့ပြီးတော့သူ့ကိုကြမ်းကြမ်းနဲ့ကိုက်လိုက်သည်

လုယန်နာကျင်မှုကိုခံစားလိုက်ရပြီးမရေမရာဖြစ်နေရာကနေခေါင်းထဲမှာရှင်းလင်းသွားပြီးနောက်ဆုံးမသူမကိုလွှတ်လိုက်သည်

သူမျက်လုံးကိုအောက်ချလိုက်ပြီးသူမရဲ့နီရဲနူးညံ့နေတဲ့နှုတ်ခမ်းလေးကိုတွေ့လိုက်သည်သူခဏလောက်ကြည့်နေပြီးတော့သူ့နှုတ်ခမ်းပေါ်ကသွေးအရသာကဘာတွေဖြစ်ပျက်နေလည်းဆိုတာသတိရသွားသည်

သူသူ့ရဲ့နှုတ်ခမ်းကိုလျှာနဲ့သပ်နေပြီးတော့အန္တရာယ်ရှိတဲ့အကြည့်တွေမျက်လုံးပေါ်မှာပေါ်နေသည်

သူ့ရဲ့အရှေ့မှသူမပေါ်လာတာကအိမ်မက်ထင်ပြီးတော့သူ့ကိုသူမထိန်းနိုင်ဘဲ

“လုလျန့်ဝေ ငါ”

လုလျန့်ဝေရဲ့ဖြူဖွေးနေတဲ့မျက်နာလေးကနီရဲပြီးသူမသူ့ကိုဒေါသနည်းနည်းထွက်ပြီးစိုက်ကြည့်နေသည်

လုယန်ကသူ့မကိုနမ်းမယ်လို့မထင်မှတ်ထားသောကြောင့်ဖြစ်သည်

အခြေအနေတွေကရုတ်တရက်ရှုပ်ထွေးနေပြီးတော့သူမရဲ့စိတ်ထဲမှာဗလာကျင်းဖြစ်နေသည်

သူမနည်းနည်းတည်ငြိမ်သွားပေမယ့်သူမရင်ဘတ်ထဲမှာဒေါသတွေပြည့်နေသည်

သူမသူ့ရဲ့လက်ထဲကလွတ်အောင်ရုန်းကန်နေသည်အရမ်းကြမ်းတမ်းစွာရုန်းလိုက်သောကြောင့်သူမလက်နဲ့မသိတဲ့အရာတစ်ခုကိုဖိမလိုက်သည်သူမကြားလိုက်တာသူ့စီကအော်သံတိုးတိုးအော်လိုက်ပြီးသူမရဲ့ရဲနေတဲ့မျက်နှာတစ်ခုလုံးသွေးတွေပေါက်ထွက်လာတော့မယ်ထင်ရသည်

“ကျွန်မ...ကျွန်မရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး”

သူမကစိတ်လှုပ်ရှားစွာဘာလုပ်မယ်မှန်းမသိတဲ့လူရဲ့မျက်လုံးကိုကြည့်ပြီးတော့ရှင်းပြနေသည်သူမနှလုံးခုန်သံမြန်လာသည်

လုယန်ကသူရဲ့မျက်လုံးနက်နဲ့ခေါင်းငုံ့ပြီးကြည့်လိုက်သည်အဲ့အချိန်မှာခေါင်းမော့လိုက်တဲ့အခါမှာသူ့မျက်လုံးစွန်းမှာသေးငယ်တဲ့အနီရောင်တွေပြန့်နှံနေတာတွေ့လိုက်သည်သူအက်ကွဲတဲ့အသံနှင့်

“ဘာမှစိတ်လှုပ်ရှားစရာမလိုပါဘူး”

လုလျန့်ဝေနှုတ်ခမ်းကိုကိုက်ပြီးဘာလုပ်လို့လုပ်ရမှန်းမသိဘူးဖြစ်နေသည်

အရေးပေါ်အသက်ကယ်နည်းနဲ့မတူဘဲလုယန်ရဲ့အနမ်းကတော်တော်ထိုးဖောက်နိုင်သည်ခုတောင်သူမရဲ့ပါးစပ်ထဲမှာသူ့ရဲ့အရသာတွေနဲ့ပြည့်နှက်နေသည်

သူမကသူ့ရဲ့ရိုင်းတဲ့အပြုအမူကိုရင်ဆိုင်ဖြေရှင်းသင့်တားဒါပေမယ့်ခုချိန်မှာရုတ်တရက်ကြီးသူမဒေါသထွက်တယ်လို့မခံစားရဘူးဖြစ်နေသည်

Chapter 185

April 3, 2024 by Nay Chi Lynn

Chapter 185 ဖုန်းကွယ်ထားတဲ့ကြည်နူးမှု

သူကသူမကိုနမ်းခဲ့သည်သူမကသူ့ကိုထိခဲ့သည်

သူမကသူ့ကိုအဲ့လိုလုပ်လို့အခွင့်အရေးယူတယ်လို့သတ်မှတ်နိုင်လား

သူမရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်ဘူး

သူမသူမရဲ့ဘယ်လက်ကိုနောက်သို့ပို့လိုက်သည်သူမရဲ့အဲ့လက်ကတော်တော်ပူလောင်နေတာကိုခံစားမိလိုက်သည်

အထိအတွေ့ကကြောက်စရာအတွေ့အကြုံဘဲ!

ဘယ်လိုဘဲဖြစ်ဖြစ်အဓိကက လုယန်ကမိန်းမတွေကိုစိတ်မဝင်စားဘူးလေခုကနှင်းကိုက်ရဲ့ဝေဒနာကိုမထိန်းနိုင်ဘဲလုပ်လိုက်မိတာမလားဟုတ်တယ်မလား

“လုလျန့်ဝေဆေးထဲမှာဘာကိုထည့်ထားတာလဲ”

သူမရဲ့နားကိုတိုးတိုးပြောနေပေမယ့်သူ့ရဲ့အသံကအက်ကွဲနေသေးသည်လုလျန့်ဝေလန့်သွားသည်သူမရဲ့အတွေးတွေနဲ့ရှုပ်ထွေးနေတုန်းအချိန်မှာသူကအနားကပ်လာတာကိုသတိထားမိလိုက်လို့လန့်သွားသည်သူမကိုစကားပြောနေရင်းနဲ့သူမစီတဖြည်းဖြည်းတိုးလာသည်သူကစကားပြောနေရင်းနဲ့သူမရဲ့နားကိုကိုက်တော့မယ်လို့ခံစားမိနေသည်

လုလျန့်ဝေရင်တွေအရမ်းခုန်လာသည်သူမသူ့ရဲ့မေးခွန်းကိုကြားပြီးရုတ်တရက်တွေးမိသွားသည်

နှင်းကိုက်တာကသန်မာတဲ့ယောကျာ်းတစ်ယောက်ကိုဖျက်စီးနိုင်တဲ့မြွေအဆိပ်လိုဘဲအဲ့တာကြောင့်ဖြေဆေးထဲမှာပါဝင်တဲ့ပစ္စည်းတွေကအဲ့တာကိုဖြေရှင်းပေးနိုင်ပါသည်

သာမန်အခြေအနေမျိုးမှာတစ်ခုကိုသောက်မယ်ဆိုရင်တုံ့ပြန်မှုကအရမ်းတော့မဆိုးဘူးအဲ့တာကအမျိုးသားတွေမှာရှိတဲ့အာရုံတွေကိုနိုးစွဖို့ကူညီပေးနိုင်တယ်

လုယန်ရဲ့တုံ့ပြန်မှုကိုကြည့်ပြီး သူ့ကြည့်ရတာလုပ်နိုင်မယ်မထင်ဘူး

စိတ်ရှပ်ထွေးတဲ့အကြည့်တွေကသူမရဲ့သေးသွယ်လှတဲ့မျက်နာလေးပေါ်ဖြတ်သွားသည်

လုယန်သူမရဲ့မျက်နာအမှုအရာကိုနားလည်ပြီးတော့ခေါင်းငြိမ့်ပြလိုက်သည်နှုတ်ခမ်းကမထိန်းနိုင်ဘဲရယ်မိလိုက်သည်

သူရပ်တန့်ပြီးတော့မျက်မှောင်ကြုံ့နေသည်သူ့အပြီးထိမပြောလိုက်ဘူး

လုလျန့်ဝေကအစွန်အဖျားလေးပေါ်နည်းနည်းရောက်နေတယ်လို့ခံစားလိုက်ရသည်သူမသူ့ကိုအမြန်ကြည့်လိုက်သည်

သူမကိုသူမသတ္တိမွေးပြီးတော့မေးလိုက်သည်

“မဟုတ်ဘူးလားနှင်းကိုက်တာကသွေးလှည်ပတ်မှုကိုဖျက်စီးစေပြီီးအဆိပ်မိတဲ့ဘယ်သူမဆိုအမျိုးသမီးတွေအပေါ်စိတ်ဝင်စားမှုလျော့နည်းသွားလိမ့်မယ်...နင်စိတ်ရှုပ်ပြီးစိတ်ညစ်တဲ့အမျိုးသမီးဆိုပိုဆိုးပေါ့”

လုလျန့်ဝေအောက်နှုတ်ခမ်းလေးကိုကိုက်ပြီးဘာမှဆက်မပြောတော့ပါ

သူမလုပ်လိုက်တာကသူ့ကိုရင်ထဲကနေလှောင်ပြောနေလိုက်သည်လုယန်ကသူ့ရဲ့နေ့စဉ်ဘဝမှာတင်းကြပ်တဲ့စည်းကမ်းတွေရှိသည်အဲ့ထဲကလူသိများတဲ့တစ်ချက်ကအမျိုးသမီးတွေကိုသူနဲ့၃ပေအကွာကွာနေဘဲပြောဆိုဆက်ဆံခွင့်ပြုသည်

အဲ့တာကအမျိုးသမီးတွေကိုမကြိုက်ဘူးဆိုတဲ့လက္ခဏာမဟုတ်ဘူးလား

ဘယ်လိုဘဲဖြစ်ဖြစ်လုလျန့်ဝေမေ့နေတာကခုသူနဲ့လုယန်ကြားကအကွာအဝေးကတစ်မီတာတောင်မရှိတော့ဘူးသူမနီးကပ်လေလုယန်ကရွံ့တယ်ဆိုတဲ့ပုံစံကိုတစ်ချက်မှတောင်မပြသဘူး

“နင်ကအမျိုးသမီးမဟုတ်ဘူးလား”

လုလျန့်ဝေမျက်မှောင်ကြုံ့ပြီးပြန်ပြောလိုက်သည်

“ဒါပေါ့ငါက....”

“ဒါပေါ့နင်ကအမျိုးသမီးလေဒါပေမယ့်ကောင်မလေးလေ”

လုယန်သူမကိုဝင်ဖြတ်ပြောပြီးအဲ့စကားလုံးတွေရဲ့နောက်ကွယ်မှာကြည်နူးမှုတစ်ခုခုဖုံးကွယ်ထားတာဖြစ်မယ်

“…”

သူမသူမရဲ့စကားလုံးတွေနဲ့တစ်နေတာကိုကြည့်ပြီးတော့လုယန်သဘောကျနေတဲ့မျက်လုံးတွေမြင်ရသည်သူထပ်ပြီးနောက်တစ်ကြိမ်သေချာရှင်းပြသည်

“နင်ပြောတာမှန်တယ်နှင်းကိုက်တာကယောကျာ်းသန်မာမှုကိုဖျက်စီးနိုင်တယ်ဒါပေမယ့်သမားတော်ချုပ်လင်ကအားမကိုးရဘူးလို့နင်ထင်လို့လားသူကနှင်းကိုက်တာကိုအရှင်းမကုပေးနိုင်တာတောင်ဒါပေမယ့်သူရဲ့နားလည်တဲ့ဂရုစိုက်မှုတွေကြောင့်အဲ့ဒီပြဿနာကိုအရင်ထဲကသူကငါ့ကိုကုပေးပြီးပြီအဲ့တာကြောင့်ငါ့အခြေအနေကမင်းထင်ထားသလိုမဟုတ်ဘူး”

ဒီကောင်မလေးကသူကယောကျာ်းတာဝန်ကိုမလုပ်နိုင်ဘူးထင်နေတာလား

လုလျန့်ဝေအနောက်သို့နည်းနည်းဆုတ်လိုက်သည်သူဒီအခြေအနေကိုမတွေးထားဘူး

“အဲ့တာကြောင့်ယောကျာ်းအားသန်မှုကိုနိုးဆွပေးတဲ့ဆေးမျိုးကိုဒီဆေးထဲမှာထည့်ပေးထားတာလား”

သူကအဖြူရောင်အတွင်းခံဝတ်အင်္ကျီပေါ်မှာသွေးတွေမဲပြီးခြောက်နေသည်သူကြည့်ရတာသေစေလောက်တယ်

သူမစံတွေးမြိုချပြီးအနောက်သို့အနည်းငယ်ဆုတ်လိုက်သည်

“ငါနင်ရဲ့အခြေအနေမှန်အစစ်ကိုမသိဘူးလေဘယ်ဟာဘာလို့ပြီးတော့ငါ...နောက်မှ..”

လုယန်ကကြီးကြီးမားမားတုံ့ပြန်တာမစမ်းဘူးအဲ့တာသူမဒဏ်ခတ်ခံရတာထင်တယ်

သူမကိုသံသယရဲ့ရိုက်နှက်ခြင်းကိုခံလိုက်ရသလိုဖြစ်ပြီးဘယ်လိုမှထွက်ပြေးလို့မရတော့ပါ

“အရှင်မင်းကြီး အဆင်ပြေနေပြီဆိုရင်ကျွန်မအိမ်ပြန်ပါတော့မယ်”

သူမတမင်တကာသမ်းပြပြီးလျင်လျင်မြန်မြန်ပြောလိုက်သည်

လုယန်ရဲ့မျက်လုံးတွေကသူမကိုပတ်ထားတဲ့အိမ်ရာခင်းတွေပေါ်ကိုရောက်သွားသည်သူခဏရပ်ပြီးတော့သူမျက်နာပေါ်ကအကြည့်ကနည်းနည်းညိုးသွားပြီးတော့

“ကောင်းပြီလေ”

Chapter 186

April 3, 2024 by Nay Chi Lynn

Chpater 186

ဒါကိုနင်ဘယ်လိုလျင်လျင်မြန်မြန်ပြီးအောင်လုပ်လိုက်တာလဲ

လုလျန့်ဝေရဲ့ပုခုံးပေါ်ဝန်တစ်ခုခုထမ်းထားရသလိုခံစားရပြီးစကားမပြောဘဲလှည့်ပြီးတော့ထွက်သွားသည်သူမကအိပ်ရာခင်းပတ်လျှက်ဖြစ်သည်

လုယန်ရဲ့မျက်လုံးတွေကနက်မှောင်နေသည်သူမကိုခေါ်ပြီးတော့ရပ်ဖို့ပြောလိုက်ချင်တယ်ဒါပေမယ့်အဲ့တာကသူမကိုဒီမှာဆက်နေခိုင်းလို့မရမှာသေချာတယ်သူရဲ့ခန္ဓာကိုယ်ထဲမှာပူလောင်မှုကိုခံစားနေရသေးသည်

သူလက်သီးဆုပ်ပြီးတော့သူ့ကိုသူပြန်ပြီးတော့ထိန်းချုပ်လိုက်သည်

ကျောက်ချန် ချူယွီ သမားတော်ချုပ်လင်တို့က အခန်းရဲ့အပြင်မှာသုံးယောက်တန်းပြီးရပ်နေသည်

သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကသူတို့မတွေးတတ်အောင်ဖြစ်နေပြီးတော့သူတို့တွေစိတ်ကိုလျှော့ဖို့လိုအပ်သည်

အရှင်မင်းကြီးဆန့်ကျင်ဘက်လိင်တွေနဲ့ခပ်ကင်းကင်းနေတဲ့ကောလဟာကရှိသည် သို့သော်အခုတင်သူတို့ရှေ့မှာတင်ဒုတိယမင်းသမီးလုကိုနမ်းလိုက်သည်

အခုခန်းထဲမှာဘာတွေဖြစ်နေလဲသူတို့မသိဘူး

အရှင်မင်းကြီး ဒုတိယမင်းသမီးလုနဲ့အဆင်ပြေပါ့မလား

ဒုတိယမင်းသမီးလုရဲ့သေးသွယ်တဲ့အချိုးအစားနဲ့သူမခုတော့သေရေးရှင်ရေးရေလက်ကြားရောက်နေပြီးကောင်းကင်ကောမြေကြီးကောသူမကိုကယ်ဖို့အကူအညီတောင်းနေပေမယ့်ထိရောက်မှာမဟုတ်ဘူးလို့သူတို့ထင်နေကြသည်

သုံးယောက်လုံးကလုလျန့်ဝေအတွက်အားနာပြီးဝမ်းနည်းစွာသက်ပြင်းချနေကြသည်ရှင်းလင်းသောအသံစိမ့်စိမ့်နဲ့သူတို့နောက်ကနေရုတ်တရက်ပေါ်လာသည်

“အားလုံးမင်းကြီးအခုပြန်ပြီးတော့သတိဝင်လာပြီနင်တို့ဝင်ပြီးတော့သွားကြည့်လို့ရပြီ”

သုံးယောက်လုံးတောင့်သွားသည်ပြီးတော့တချိန်ထဲလှည့်ပြီးသူမကိုကြည့်လိုက်သည်

ကျောက်ချန်ပထမဆုံးတုံ့ပြန်လိုက်သည်ရှေ့နောက်မစဉ်းစားဘဲပြောလိုကသည်

လုလျန့်ဝေအရင်ဆုံးကြည့်ပြီးတော့မျက်လုံးကိုမှေးပြီးအပြုံးတုနဲ့ပြန်ဖြေလိုက်သည်

ကျောက်ချန်ခဏလောက်တော့ရပ်တန့်သွားပေမယ့်နောက်ထပ်ရှေ့နောက်မစဉ်းစားဘဲပြောလိုက်သည်

“ဒါကသခင်ရဲ့ပထမဦးဆုံးပါသူ့မှာအတွေ့အကြုံမရှိလို့နောက်တစ်ခါကျရင်...”

ကျောက်ချန်ပြောစကားကြောင့်လုလျန့်ဝေနီရဲလာသည်သူဒီထပ်ပိုလန့်စရာပြောမှာကိုစိုးရိမ်ပြီးစကားကိုဝင်ဖြတ်ပြောလိုက်သည်

အဲ့ချိန်မှာကျောက်ချန်သတိထားမိလိုက်တယ်သူ့စကားတွေကအရမ်းတဲ့တိုးဆန်နေတာကိုဒုတိယမင်းသမီးလုကအရမ်းငယ်သေးတဲ့မိန်းကလေးဖြစ်သည်နောက်ဆုံးမှာသူကလှောင်ရယ်ပြီး

အေးစက်ပြီးအရမ်းရင်းနှီးတဲ့အသံတစ်ခုလုလျန့်ဝေနောက်ကနေထွက်လာသည်ကျောက်ချန်ကျောတစ်ခုလုံးချမ်းသွားသည်တုန်တုန်ရီရီနဲ့သူ့မျက်လုံးကိုမော့ကြည့်လိုက်တဲ့အချိန်မှာသူ့သခင်ကအပြင်ရောက်နေပြီကိုသတိထားမိလိုက်သည်ဘယ်ချိန်တုန်းကလုလျန့်ဝေရဲ့အနောက်မှာရပ်နေလည်းဆိုတာသူမသိဘူးဖြစ်နေသည်

သူကသူ့သခင်ရဲ့အကြည့်ကိုခဏလောက်ရှောင်လိုက်သည်သူ့ရဲ့နှလုံးသားထဲမှာတော့သူဇာတ်သိမ်းပြီဆိုတာသေချာနေတယ်ဒါပေမယ့်သူ့ရဲ့ကပ်ဖားယက်ဖားအပြုံးနဲ့နှိမ့်ချလွန်းတဲ့အမူအရာနဲ့

“အစေခံကျွန်တော်မျိုးရှိပါတယ်သခင်ကျွန်တော့်အတွက်ပေးစရာအမိန့်ရှိပါသလား”

လုယန်ရဲ့နှုတ်ခမ်းပါးလေးကထွက်လာတဲ့စကားလုံးကကျောက်ချန်ကိုသေစေနိုင်လောက်တဲ့ထိလုံလောက်ခဲ့သည်

အရင်တစ်ခေါက်ချူယွီသခင်ကိုစိတ်ဆိုးအောင်လုပ်တုန်းက၁၀ပတ်တောင်တစ်နေ့လုံးပြေးလိုက်ရသည်အပတ်၂၀လားကျောက်ချန်သူ့ရဲ့အိုနေတဲ့အသက်ကိုအကြောင်းပြချက်မပေးတော့ဘူးလား

သူနုံ့ချိစွာပြန်ဖြေလိုက်ပြီးစိတ်ပျက်လက်ပျက်လမ်းလျှောက်ထွက်သွားသည်

သမားတော်ချုပ်လင်လည်းချွေးစီးတွေကိုသုတ်နေပြီးသူဘာမှမပြောလိုက်တာတော်သေးတာပေါ့ဆိုပြီးဖြစ်နေသည်

သူမရင်းနှီးတဲ့အေးစက်မှုတွေအရှိန်အဝါတွေသူစီကထွက်လာနေသည်ကိုလက်တွေ့ကျကျခံစားမိနေသည်

သူမသူ့ရဲ့အကြည့်တွေကိုခံစားမိလိုက်သောအခါသူမရုတ်တရက်မတ်မတ်ရပ်ပြီးသူ့ကိုတော့လှည့်မကြည့်ရဲဘူးဖြစ်နေသည်

သူမမျက်တောင်တွေမြန်မြန်ခက်ပြီးရင်ထဲမှာစိတ်လှုပ်ရှားနေတာကိုဖုံးကွယ်ထားသည်သူမချူယွီကိုမြင်သောအခါသူမရဲ့မျက်နာမှာပြုံးတဲ့အရိပ်ယောင်ပေါ်လာသည်

ချူယွီသူမရဲ့အကြည့်ကိုခဏရှောင်ပြီးအနောက်မှာရပ်နေတဲ့သူ့သခင်ကိုကြည့်လိုက်သည်သူ့သခင်ဘာမှမပြောသောအခါသူ့ခါးမှာချိတ်ထားတဲ့ဓါးရိုးကိုကိုင်ပြီးအရှေ့သို့လမ်းလျှောက်သွားသည်သူလုလျန်ဝေကိုသဲအိတ်လိုထပ်ပြီးပုခုံးပေါ်တင်မယ်လုပ်နေတဲ့အချိန်မှာသူ့လက်မောင်းကိုတင်းတင်းဆုပ်ကိုင်ထားတာခံစားမိလိုက်သည်

“ငါသဲအိတ်လိုမျိုးဖြစ်ရတာတော့မကြိုက်ဘူးကျေးဇူးပါ”

ချူယွီခဏလောက်ရပ်ပြီးသူမကိုနားမလည်သလိုကြည့်လိုက်သည်သူမကိုပုခုံးပေါ်တင်မသယ်ရင်ဘယ်လိုလုပ်ရမလဲ

လုလျန့်ဝေကအမူအရာနဲ့အပြစ်ကင်းစင်တဲ့အပြုံးနဲ့

“ကျေးဇူးပြု၍ဟိုဘက်ကိုအရင်လှည့်လိုက်ပါ”

ချူယွီ

“….”

All Chapters