အခန်း (၁၉၀-၁၉၂)
Vol. 4 Ch. 190-192
Chapter 190
သူမအသက်ရှုတာဖြည်းညင်းသွားတယ်
လုချီကတကယ်တော့ကိုယ်လုပ်တော်တွေကိုလက်ခံနေသည်
ဇာတ်လမ်းကပုံမှန်ဇာတ်ကြောင်းကနေတော်တော်ကွဲထွက်နေပြီဖြစ်သည်
အရှေ့နန်းဆောင်ထဲမှာ ခုဆိုလုယွင်ရွှမ်းတစ်ယောက်ထဲမဟုတ်တော့ဘူး
“ဘယ်လိုဘဲဖြစ်ဖြစ်အရှေ့နန်းဆောင်တွက်ရွေးချယ်တဲ့လှပတဲ့မိန်းကလေးတွေအားလုံးကဒုတိယမိန်းမရဲ့သမီးတွေဖြစ်နေတယ်ဝန်ကြီးဌာနချုပ်ဘဲသက်သက်ကြံစဉ်ပြီလုပ်တာလားဒါမှမဟုတ်တိုက်ဆိုင်တာလားဆိုပြီးဘယ်လိုဘဲဖြစ်ဖြစ်ဒီအခြေအနေကတော်တော်ထူးဆန်းနေတယ်လို့လမ်းပေါ်ကလူတွေအားလုံးပြောနေကြသည်”
ကျူးလင်ရဲ့စိတ်ရှုပ်နေတဲ့အသံကလုလျန့်ဝေကိုသူမရဲ့အတွေးတွေကနေဆွဲခေါ်လိုက်သည်
လုလျန့်ဝေဒါကိုကြားပြီးအလွန်အံ့ဩသင့်သွားသည်
“ဟုတ်တယ်သူတို့ထဲကလူနည်းနည်းသာမျိုးရိုးမြင့်မြင့်မွေးဖွားလာရင်သူတို့ကလုယွင်ရွှမ်းသိက္ခာလျှော့ပါးစေနိုင်တာကို ကံဆိုးတာကမိန်းကလေးတိုင်းကဒုတိယမိန်းမကမွေးဖွားထားတာတွေဘဲ လုယွင်ရွှမ်းသာသူတို့အားလုံးကိုသူမရဲ့လက်အောက်မှာမထားနိုင်ရင်ဖြစ်ဖြစ်သူတို့ထဲကတစ်ယောက်ယောက်က ဉာဏ်ရှိနေရင်ဖြစ်ဖြစ် ကျွန်မစိုးရိမ်တာကသူတို့စီမှာသတ္တိဒါမှမဟုတ်ဖြတ်ထိုးဉာဏ်မရှိမှာကိုဘဲအဲ့လိုသာဖြစ်လာရင်သူတို့အရှေ့နန်းဆောင်ကိုရောက်လည်းဘာမှထူးခြားလာမှာမဟုတ်ဘူး”
“နင်တစ်ယောက်ထဲဘဲအဲ့လိုတွေအတွက်စိတ်ပူပြီးအချိန်ကုန်ခံနေတာ”
“ဘာလို့လဲဆိုတော့အဲ့အမျိုးသမီးတွေကလုယွင်ရွှမ်းကိုစိတ်အနှောင့်အယှက်ပေးဖို့မျှော်လင့်နေတာဘာလို့ဆိုသူမကသခင်မလေးစီကနေအိမ်ရှေ့စံကိုလုယူသွားတာတွက်ဒါကခံရသင့်တယ်မလား”
“အဲ့တာတွေကပြီးသွားပြီဘဲအဲ့ကိစ္စကိုပြန်ပြန်ဖော်မနေနဲ့နင့်သခင်မလေးကအဲ့ကိစ္စကိုမမေ့နိုင်ဘူးထင်နေကြမယ်”
“ကောင်းပါပြီသခင်မလေးကမပြောနဲ့ဆိုကျွန်မမပြောတော့ပါဘူး”
အချိန်တွေကုန်တာမြန်လွန်းတယ်မျက်လုံးတစ်မှိတ်လေးအတွင်းမှာဧပြီလကုန်ပြီးမေလကိုရောက်လာသည်။
လုလျန့်ဝေနောက်လုယန်နဲ့တွေ့မယ့်အချိန်ကတော်ဝင်လှေပွဲတော်နန်းတော်စားပွဲမှာဖြစ်သည်။
လုလျန့်ဝေကအဲ့ပွဲကိုမတက်ချင်ဘူးဒါပေမယ့်လုယန်ကလုထင်ချန်းကတစ်ဆင့် သူမကိုနန်းတော်မှာပွဲကိုတက်ရောက်ဖို့ဖိတ်ခေါ်ခဲ့ဖို့အမိန့်ပေးလိုက်သည်။
လုယန်ကသူ့ရဲ့အရာရှိတွေကိုဒီပွဲတော်မှာမဖိတ်ကြားခဲ့ဘူးဒါပေမယ့်လုလျန့်ဝေအတွက်သူကမြို့စားကတော်ကိုပါဖိတ်ကြားခဲ့သည်
အရင်တုန်းကဧက္ကရာဇ်ကတော်ဝင်လှေပြိုင်ပွဲမှာတစ်ခါမှနန်းတော်မှာပွဲတော်မကျင်းပလေ့မရှိဘူးဒီနှစ်ကတော့ထူးထူးခြားခြားဧက္ကရာဇ်ကသူ့ရဲ့နာမည်ကိုခေါ်ပြီးဖိတ်ခေါ်တာဆိုတော့မြို့စားကတော်တွေးနေသည်။
သူမဘေးမှာထိုင်နေတဲ့သူ့မြေးမလေးကိုစောင်းပြီးတော့သို့လောသို့လောအကြည့်နဲ့ကြည့်နေသည်။
သူ့အဖွားရဲ့အကြည့်ကသူ့အပေါ်ရောက်လာတာကိုသတိထားမိပြီးသူမအသက်ကိုဖြည်းညင်းစွာရူထုတ်လိုက်သည်
လုယန်ဒီတစ်ခါသူ့မကိုရုတ်တရက်ဖိတ်ခေါ်လိုက်တယ်ဆိုတာမြို့စားကတော်လိုတခြားသူတွေကိုလည်းတွေးတောစေနိုင်သည်။
သူမကသူမရဲ့အတွေးတွေကိုစုပြီးတော့လက်ထဲကဝါးရွက်လေးကိုဖြည်လိုက်သည်ပြားရည်တွေနဲ့စေးကပ်နေသည့်Jujubes အနံ့မွှေးကြိုင်နေသောကောက်ညှင်းထုတ်လေးကပန်းကန်ပေါ်ရောက်နေသည်
(Jujubes ကရှာကြည့်ပေမယ့် ရှာမတွေ့လို့ဒီလိုဘဲထည့်လိုက်ပါတယ်နော်)
ကောက်ညှင်းထုပ်ကအနံ့အလွန်မွှေးကြိုင်နေပြီးလုလျန့်ဝေကမြို့စားကတော်စားသုံးရတာပိုလွယ်ကူစေရန်လုပ်ပေးချင်တာကြောင့် သူမကအဲ့တာကိုဓါးလေးနဲ့လှီးပေးလိုက်သည်
လုလျန့်ဝေကချစ်ဖို့ကောင်းတဲ့အမူအရာနဲ့မြို့စားကတော်ရှေ့ကပန်းကန်ထဲကိုထည့်ပေးလိုက်သည်
မြို့စားကတော်ရဲ့မျက်လုံးတွေကကောက်ညှင်းထုပ်ရဲ့ဆွဲဆောင်မှုကိုခံရပြီးလက်ကပန်းကန်ကိုလှမ်းယူလိုက်သည်
ကြီးမြတ်တဲ့ရှန်အင်ပါယာတုန်းကကောက်ညှင်းထုပ်ဆိုတာကိုမကြားခဲ့ဖူးဘူးဘာလို့လဲဆိုတော့ဘယ်သူမှအဲ့ဒီအရာရှိနေတယ်လို့မကြားခဲ့ဖူးဖြစ်သည်
မြို့စားကတော်ကကောက်ညှင်းထုပ်ကိုထူးဆန်းပြီးရှားပါးတဲ့ပုံနဲ့ကြည့်နေသည်
“ဒီကောက်ညှင်းထုပ်ကအနံ့တော်တော်မွှေးတာဘဲအနံ့လေးကမပြင်းဘဲနဲ့မွှေးကြိုင်နေတာဘဲဝါးရွက်ရဲ့သန့်ရှင်းတဲ့အနံ့တောင်ရတယ်”
“ဟုတ်တယ်ကောက်ညှင်းထုပ်ကချိုတယ်အထဲမှာပဲနီနဲ့ Jujube တို့ရောစပ်ထားတယ် အဲ့တာကိုပဲနီကောက်ညှင်းထုပ်လို့လဲခေါ်တယ်အထဲကအရသာကပိုချိုတယ်အဖွားမြန်မြန်မြည်းကြည့်လိုက်ပါအရသာကိုမကြိုက်ရင်နောက်ထပ်အရသာတစ်မျိုးပြောင်းပေးလို့ရတယ်”
မြို့စားကတော်စိတ်ဝင်စားမှုနည်းနည်းအောင့်သွားသည်
“နင်ပြောတာတခြားအရသာတွေရှိတယ်ပေါ့အဲ့တာတွေအကုန်လုံးကချိုတယ်မဟုတ်ဘူးလား”
“အဲ့လိုကြီးဘဲမဟုတ်ဘူးကောက်ညှင်းထုပ်ကချိုလည်းချိုသလိုတခြားအရသာတွေလည်းရှိတယ်အရသာတစ်ခုဆိုအထဲမှာအသားပါတယ်ကျွန်မအထဲမှာအသားတွေပိတ်ပြီးထည့်ထားပြီးတော့အနံ့ကလည်းတကယ်မွှေးတယ် အခုပဲနီအဆာသွပ်ထားတာလည်းရှိတယ်အဲ့အရသာလည်းချိုတယ်”
Chapter 191
April 5, 2024 by Nay Chi Lynn
Chapter 191
သူ့အကြိုက်နဲ့လုံးဝကွက်တိဘဲ
လုလျန့်ဝေပြောပြောနေချင်းဘဲကောက်ညှင်းထုပ်တွေတစ်ခုချင်းစီကိုလိုက်ဖြေပြီးတော့လုဟယ့်ထျန်းနဲ့လုထင်ချန်းရှေ့ကပန်းကန်တွေထဲကိုလိုက်ထည့်ပေးလိုက်သည်။
သူမပြောတာကိုကြားပြီးတဲ့နောက်မှာသူတို့ရဲ့စားချင်တဲ့စိတ်ကိုမလွန်ဆန်နိုင်တော့ဘူး
“ထူးခြားတဲ့အရသာဘဲငါဘာလို့နင်ဒီလိုကောက်ညှင်းထုပ်ကိုလုပ်နိုင်တယ်ဆ်ိုတာမသိရတာလဲလုဟယ့်ထျန်းကသူ့ကိုသူဗဟုသုတကြွယ်ဝသူလို့မှတ်ယူထားတယ်ဒါပေမယ့်ဒီလိုဟင်းလျာမျိုးကိုမကြားဖူးဘူး”
“ကျွန်တော့်ရဲ့အတွေးလည်းအတူတူဘဲဒါတွေကိုတစ်ခါမှမကြားဖူးဘူးဝေဝေနင်ဒါတွေလုပ်နည်းကိုဘယ်မှာသင်ကြားခဲ့တာလဲလုထင်ချန်းသူ့လက်ထဲမှာရှိနေတဲ့ကောက်ညှင်းထုပ်ကိုကိုက်ရင်းမေးနေသည်”
လုလျန့်ဝေကသူ့ကိုဝက်သားကောက်ညှင်းထုပ်ကိုကမ်းပေးလိုက်သည်
အထဲမှာအဆာသွတ်ထားတာဝက်သားတင်မဟုတ်ဘူးမှိုတွေလည်းပါတယ်ပြီးတော့လုံးဝလည်းချွဲကျိကျိဖြစ်မနေဘူး
မြန်မြန်ကြည့်ပြီးတော့လုလျန့်ဝေပြန်ပြောလိုက်သည်
“ငါစာအုပ်ထဲကဖတ်ထားတာ”
နောက်ထပ်မေးခွန်းတွေမေးမှာစိုးရိမ်ပြီးသူမမြန်မြန်ဘဲပြန်ပြီးတော့
“ကောက်ညှင်းထုပ်ကစားလို့ကောင်းပေမယ့်အများကြီးစားလို့မသင့်တော်ဘူးသူကအစာခြေဖို့ခက်ခဲတယ်”
လုဟယ့်ထျန်းနှင့်လုထင်ချန်းစားတာအဆင်ပြေတယ်ဒါပေမယ့်မြို့စားကတော်အတွက်ကျ သူ့အသက်အရွယ်နဲ့ကအလွန်အကျွံ့စားလို့မသင့်တော်ဘူး
အဲ့တာကြောင့်မြို့စားကတော်တစ်ခုစားပြီးတဲ့ချိန်မှာလုလျန့်ဝေကသူမကိုနောက်တစ်ခုထပ်၍မပေးတော့ပါ
ဘယ်လိုဘဲဖြစ်ဖြစ်မြို့စားကတော်ကကောက်ညှင်းထုပ်ကိုတော်တော်အရသာတွေ့သွားသည်လုလျန့်ဝေပေးတဲ့တစ်ခုကသူ့မရဲ့စားချင်စိတ်အတွက်အရမ်းနည်းလွန်းနေသည်
လုလျန့်ဝေကကောက်ညှင်းထုပ်တွေကိုသိမ်းသွားဖို့လုတဲ့အချိန်မှာသူမကရုတ်တရက်စိတ်လှုပ်ရှားစွာဖြင့်
“ဟေး ဝေဝေ ဒီကောက်ညှင်းထုပ်ငါ့အတွက်စားရဖို့ဆိုတာအခွင့်အရေးရှားတယ်ငါ့ကိုနောက်ထပ်နှစ်ခုပေးအုံး”
“ကျွန်မကမစားစေချင်လို့မဟုတ်ပါဘူးကောက်ညှင်းထုပ်တွေစားတာများသွားရင်အစာခြေဖို့ခက်ခဲတာကြောင့်ပါ”
“ငါ့ကိုမစားစေချင်ရင်ဘာလို့အဲ့တာတွေကိုလုပ်ထားသလဲ”
သူမကမလုံမလဲနည်းနည်းဖြစ်သွားသည်မြို့စားကတော်ကကောက်ညှင်းထုပ်ကိုအဲ့လောက်သဘောကျမှန်းသူမထင်ထားခဲ့ဘူးသူမသာသိခဲ့ရင်သူမဒါတွေကိုဘယ်တော့မှလုပ်မှာမဟုတ်ဘူး
သူမကဒီအသက်ကြီးတဲ့အမျိုးသမီးအများကြီးစားပြီးအစာမခြေနိုင်မှာစိတ်ပူနေသောကြောင့်ဖြစ်သည်
“ငါကကောင်းကောင်းတောင်မမြည်းရသေးဘူးနင့်ကငါ့ကိုစားဖို့တားနေပြီဘာလို့အဲ့လောက်တောင်ရက်စက်တာလဲ”
သူမကညှိနှုင်းပြောနေတာကိုဆက်လက်ငြင်းဆန်နေသောကြောင့်မြို့စားကတော်သိသိသာသာကြောက်ဖို့ကောင်းလာသည်
အဲ့အချိန်လုဟယ့်ထျန်းက လုလျန့်ဝေကိုအဓိပ္ပာယ်ရှိတဲ့အကြည့်နဲ့လှမ်းကြည့်လိုက်သည်
“အဖွားကဒီလောက်ကြိုက်နေတာသူ့ကိုတစ်ခုလောက်ထပ်ပေးလိုက်ပါမဟုတ်ရင်သူတစ်ညလုံးအိပ်ပျော်မှာမဟုတ်ဘူး”
လုလျန့်ဝေစိတ်အနှောင့်အယှက်တော်တော်ဖြစ်သွားသည်
လုထင်ချန်းကဒီအခြေအနေကိုဆက်မကြည့်နိုင်တော့ဘူး
“အဖွားကောက်ညှင်းထုပ်တွေအများကြီးမစားသင့်ဘူးဝေဝေကအဖွားကောင်းဖို့အတွက်ပြောနေတာ”
ပြီးတော့သူ့လက်ထဲကဝက်သားကောက်ညှင်းထုပ်ကိုဖြည်ပြီးတစ်ကိုက်ကိုက်လိုက်သည်
သူကချိုတဲ့အစားအစာတွေဆိုမကြိုက်ဘူးဒါပေမယ့် ဝက်သားကောက်ညှင်းထုပ်ကတော့သူ့ရဲ့အကြိုက်နဲ့လုံးဝကွက်တိကျသည်
လုလျန့်ဝေပါးစပ်ကတွန့်သွားပြီးတော့သူရဲ့ပါးစပ်ကိုပိတ်ထားသင့်တာ
သူကျတော့စားနေပြီးတော့တခြားသူကိုမစားဖို့ဘယ်လိုဖြောင်းဖျနေတာလဲ
“ကောင်စုတ်ကလေးနင်လက်ထဲကကောက်ညှင်းထုပ်ကိုချပြီးမှငါ့ကိုဖြောင်းဖျလို့မရဘူးလား”
လုဟယ့်ထျန်းကလုထင်ချန်းကိုရုတ်တရက်ကြည့်လိုက်သည်
လုထင်ချန်းကောက်ညှင်းထုပ်ကိုအနည်းငယ်ကိုက်စားပြီးကုန်သွားပြီးနောက်မှလုလျန့်ဝေကိုမေးလိုက်သည်
“ငါကခဏနေရင်နန်းတော်ကိုသွားမှာနန်းတော်စီကိုနမူနာယူသွားချင်လို့ပါ”
မြို့စားကတော်ကဒေါသထွက်ပြီးသူမရဲ့တုတ်ကောက်နဲ့သူ့ကိုပစ်ပေါက်ခါနီး
“ကောင်စုတ်လေးနင့်အဖွားဗိုက်ဆာနေသေးတယ်ဆိုတာနင်မမြင်ဘူးလား”
“ကောင်းပြီ ကောင်းပြီ ငါနင့်ကိုတစ်ခုထပ်ပြီးတော့ပေးမယ်”
မြို့စားကတော်ကရယ်ပြီးတော့လက်နှစ်ချောင်းထောင်ပြလိုက်သည်
လုလျန့်ဝေရဲ့လှပတဲ့မျက်နှာလေးကမျက်နှာကြောတင်းသွားသည်
Chapter 192
April 5, 2024 by Nay Chi Lynn
Chapter 192
နန်းတော်ထဲသို့ဝင်ရောက်သည်
မြို့စားကတော်နည်းနည်းနောက်ဆုတ်သွားပြီးဒီကောင်မလေးကသဘောတူမှာမဟုတ်ဘူးဆိုတာကျိန်းသေနေသည်ဒါပေမယ့်အံ့ဩစွာနဲ့သူမကလက်ခံလိုက်သည်
“ကောင်းပြီ နှစ်ခုဘဲ”
“သုံးခု...”
မြို့စားကတော်ကလက်ချောင်း၃ချောင်းကိုမရဲတရဲထောင်လိုက်သည်
လုလျန့်ဝေကသူမရဲ့ကြိုးပမ်းမှုကိုနည်းနည်းလေးတိတ်ဆိတ်လိုက်ပြီးမှသူမပေးဖို့ငြင်းလိုက်သည်
“မရဘူး၂ခုဘဲအဖွားထပ်ပြီးတော့စမ်းနေမယ်ဆိုရင်တော့တစ်ခုမှတောင်ရမှာမဟုတ်ဘူး”
ရှုံးနိမ့်သွားတဲ့ မြို့စားကတော်ကမလုံမလဲနဲ့
“ကောင်းပြီလေအဲ့တာဆိုငါနောက်ထပ်၂ခုယူမယ်”
လုလျန့်ဝေကသူမစီကောက်ညှင်းထုပ်ပေးတဲ့အချိန်မှာမြို့စားကတော်ကရုတ်တရက်မော့ပြီးကြည့်လိုက်သည်ဒီတစ်ခါမှာတော့သူမကိုယ်တိုင်ဘဲဝါးရွက်တွေကိုခွာပြီးတော့ချက်ချင်းကောက်ညှင်းထုပ်ကိုစားပါတော့သည်
လုလျန့်ဝေလန့်သွားသည်
မြို့စားကတော်ကကောက်ညှင်းထုပ်၂ခုကိုအားရပါးရစားပြီးနောက်နောက်ဆုံးမှာစိတ်ကျေနပ်မှုရရှိသွားသည်
သူမဗိုက်အောင့်မှာစိုးရိမ်၍လုလျန့်ဝေကအထူးတလည်ပြင်ဆင်ထားတဲ့ဆေးကို အန်တီလန်ကိုပေးလိုက်သည်
လုထင်ချန်းကကောက်ညှင်းထုပ်အနည်းငယ်ကိုနန်းတော်သို့ယူသွားချင်တယ်ပြောသည်အဲ့တော့လုလျန့်ဝေထပ်ပြီးတော့ပြုလုပ်ရတော့မည်
အားလုံးပြင်ဆင်လို့ပြီးတဲ့နောက်မှာတစ်မိသားစုလုံးညနေကျစမယ့်ပွဲတော်စီထွက်ခွာဖို့အဆင်သင့်ဖြစ်နေသည်
နွေရာသီရဲ့အစောပိုင်းကာလဖြစ်ပြီး ပွဲတော်ကတော်ဝင်ပန်းခြေဘေးကရေစပ်လေးအနားကအဆောင်မှာကျင်းပသည်
ဧည့်သည်တွေတော့အများကြီးမရှိဘူးဒါပေမယ့်ဖိတ်ကြားခံရတဲ့လူတွေအကုန်လုံးကတော်ဝင်ခုံရုံးမှာအရေးပါတဲ့လူတွေကြီးဘဲ
သိုပေမယ့်လည်းဒီအရေးပါတဲ့သူတွေကမြို့စားကတော်ဝင်လာတော့ထိုင်နေရာကနေထပြီးတော့သူမကိုကြိုဆိုကြသည်
မြို့စားကတော်ကအရမ်းလည်းမတင်းမာသလိူအရမ်းလည်းမဖော်ရွယ်ဘဲမတင်းမမာပြောဆိုသည်
ဧက္ကရာဇ်ရောက်မလာသေးခင်အားလုံးကပုံမှန်ထက်ပိုတဲ့အပြုအမူအများဖြင့်နေနေကြသည်
ခဏလောက်တော့ရေစပ်နားကအဆောင်ထဲမှာစကားပြောသံတွေနဲ့ပြည့်နှက်သွားသည်လူတွေကသုံးယောက်တစ်ဖွဲ့ငါးယောက်တစ်ဖွဲ့ဖွဲ့ပြီးအချင်းချင်းစကားပြောနေကြသည်
လုလျန့်ဝေကမြို့စားကတော်ဘေးမှာငြိမ်သက်စွာထိုင်နေသည်ဒါပေမယ်သူမကတစ်ယောက်ယောက်ကအရှေ့နန်းဆောင်ကိစ္စပြောသံကိုကြားလိုက်သည်
သူမကအရှေ့နန်းဆောင်ကအမျိုးသမီးအချို့ကိုခေါ်ယူမယ်လို့ကျူးလင်ပြောပြီးလို့သိပြီးပြီ
အဲ့ကောင်မလေးကအရှေ့နန်းဆောင်ကိုတစ်မျိုးမျိုးနဲ့ဆန့်ကျင်ချင်နေပုံရတယ်နေ့တိုင်းအပြင်ထွက်ပြီးအရှေ့နန်းဆောင်ရဲ့အတင်းဖျင်းတွေအမြဲလိုက်စုနေတတ်တယ်အဲ့အထဲမှာမှလုယွင်ရွှမ်းရဲ့မကောင်းတဲ့သတင်းတွေကိုအထူးလိုက်ရှာလေ့ရှိသည်
ဥပမာပြောရရင်သူမကလုလျန့်ဝေကိုလုယွင်ရွှမ်းရဲ့အရေးမပါသောအလှလေးချန်အကြောင့်အရှက်ရတဲ့ကိစ္စတွေပါပြောပြသည်
ဘယ်လိုဖြစ်ဖြစ် ကျူးလင်ကအရှေ့နန်းဆောင်မှာဘာတွေဖြစ်နေလည်းဆိုတာအကုန်သိသည်သူ့ရဲ့သတင်းရတဲ့အရင်းအမြစ်ကထူးဆန်းလှသည်
လုချီကိုယ်လုပ်တော်တွေယူမယ်ဆိုတာသူသိပေမယ့်လည်းတစ်ခြားတစ်ယောက်စီကအဲ့လိုကြားရတော့ထူးဆန်းစွာခံစားနေရသည်
ဇာတ်လမ်းရဲ့ပုံမှန်ဇာတ်ကြောင်းမှာ လုချီရဲ့မိန်းကလေးကလုယွင်ရွှမ်းတစ်ယောက်သာဖြစ်သည်ပြီးတော့သူကလုံးဝကိုယ်လုပ်တော်တွေကိုတစ်ခါမှမယူခဲ့ဘူးဘယ်လိုဘဲဖြစ်ဖြစ်ခုဖြစ်ပျက်နေတာကနဂိုဇာတ်လမ်းနဲ့အများကြီးကွဲထွက်နေသည်
ပြောရရင်လုချီကကိုယ်လုပ်တော်ထဲကတစ်ချို့ကိုတစ်ပြိုက်နက်ထဲသူ့ဘာသာသူရခဲ့သည်
နဂိုဇာတ်လမ်းထဲမှာလုလျန့်ဝေကသာမန်ဇတ်ဆောင်ဘဲသူ့ကိုမိတ်ဆက်ပြီးမကြာခင်မှာဘဲသေဆုံးသွားသည်
ခုတော့သူမရဲ့ပြိုင်ဘက်ကြောင့်အများကြီးပြောင်းလဲသွားသည်လိပ်ပြာတောင်ပံတစ်ချက်ခတ်လိုက်တာနဲ့ဇာတ်လမ်းတစ်ခုလုံးအလှည့်အပြောင်းတွေဖြစ်လာသည်
အဲ့ထက်ခုလုယန်လည်းအဆိပ်ကိုကုလို့ပြီးပြီသူကနှစ်ပေါင်းများစွာအသက်ရှင်သွားလိမ့်မယ်ပြောရရင်သူ့ရဲ့ကျန်းမာရေးကိုသေသေချာချာဂရုစိုက်ရင်သူအသက်အရှည်ကြီးတောင်နေနိုင်သည်လုယန်ရဲ့အဆိပ်ကလည်းအရင်ကလိုမဟုတ်တော့ဘူးပြီးတော့လုချီကပလ္လင်ကိုရယူဖို့ဘယ်တော့မှဖြစ်တော့မှာမဟုတ်ဘူး....
လုလျန့်ဝေအတွေးတွေထဲမှာမျောနေချိန်ရုတ်တရက်ကြီးသရော်ပြောတဲ့အသံကြားလိုက်ရသည်
“နင်ဘာသာနင်ဘယ်လောက်ကောင်းအောင်ဟန်ဆောင်ဟန်ဆောင်နင့်ရဲ့ဆိုးရွားတဲ့သဘာဝကိုပြောင်းလဲနိုင်မှာမဟုတ်ဘူးဒီမှာရှိတဲ့သူတွေကအဲ့တာကိုမသိဘူးထင်လို့လား”
လုလျန့်ဝေကခေါင်းကိုမော့လိုက်သည်အရှက်မရှိအထင်သေးတဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်နှာကိုတွေ့လိုက်သည်
သူမခဏလောက်ရပ်တန့်လိုက်ပြီးသူက နန်းတော်အပြင်ကတံခါးမှာနောက်ဆုံးတွေ့ခဲ့တဲ့ကျီလင်းရှု မဟုတ်လား
“ကိုယ့်ရဲ့အားနည်းချက်ကိုကာကွယ်ဖို့သိတာကရှက်ဖို့ကောင်းတာမဟုတ်ဘူးဆန့်ကျင့်ဘက်နင့်အကြောင်းကိုစိတ်ပါလိုက်ပါဖော်ထုတ်လိုက်ရင်ရယ်စရာတွေဖြစ်ကုန်မှာပေါ့ သခင်မလေးကျီ လက်ခံတယ်မလား”