အခန်း (၁၉၃-၁၉၅)
Vol. 4 Ch. 193-195
Chapter 193
လုလျန့်ဝေဆီသို့ထိုးနှက်လိုက်သည်
ကျီလင်းရှုမျက်ခုံးပင့်ပြီးတော့
“လုလျန့်ဝေနင်ဘယ်သူ့အကြောင်းကိုပြောနေတာလဲ”
“ဘာလို့လဲ ငါပြောနေတာကသူတို့ရဲ့အားနည်းချက်ကိုမသိဘဲလူအများဝိုင်းပြောမှသိတဲ့သူတွေအကြောင်းပြောနေတာမသိသာဘူးလား”
လုလျန့်ဝေကထိုင်လျက်ပြုံးပြီးတော့ပြောလိုက်သည်
ကျီလင်းရှုကအင်္ကျီလက်ကိုဒေါသနဲ့အပေါ်ကိုဆွဲတင်ပြီးတော့
“လုလျန့်ဝေနင်ထွက်လာတာကောင်းမယ်ငါတို့တစ်ယောက်ချင်းဖြေရှင်းကြမယ်”
သူမရဲ့စကားတွေကဧည့်သည်တွေအားလုံးစီလုံးလုံးဖုံးလွှမ်းသွားသည်
မြို့စားကတော်တောင်မျက်မှောင်ကြုံ့သွားသည်
ကျီလင်းရှု ရဲ့အမူအရာက ငယ်ရွယ်နေသောကြောင့်အချိုးမပြေတဲ့ပုံဖြစ်နေသည်သူမကစာပေတွေပန်းထိုးတာတွေမကြိုက်ဘဲအဲ့ဒီအစားလက်နက်ကိုဝေ့ရမ်းရတာပိုကြိုက်သည်သူမကမြို့စားကျီရဲ့အငယ်ဆုံးသမီးဖြစ်ပြီးသူမကမင်းမျိုးမင်းနွယ်ကြားထဲမှာမကောင်းတဲ့သတင်းထွက်ပြီးသူမကိုကပ်ဘေးတစ်ခုလိုရှောင်ရှားကြသည်
ကျီချင်းယွမ် ဝင်လာပြီးတော့သူရဲ့အငယ်ဆုံးသမီးရဲ့အမူအကျင့်ကြောင့်မျက်နှာတင်းလာသည်
“ကျီလင်းရှု နင့်အိမ်များထင်နေလားဒီနေရာကိုနင်ဒီလိုပြဿနာဆက်ရှာနေရင်ငါအိမ်ပြန်ရောက်ရင်နင့်ကိုတစ်လအိမ်ထဲမှာပိတ်ထားလိုက်မယ်”
ကျီလင်းရှုရဲ့ ဒေါသကရုတ်တရက်လျှော့နည်းသွားပြီးဒါပေမယ့်သူမကလုလျန့်ဝေကိုဆက်လက်ကြည့်နေသည်
ဒါကိုတွေ့တဲ့ ကျီချင်ွမ် ကကိုယ်နေကိုယ်ဟန်ကိုပြင်ပြီးသူမကိုကောင်းကောင်းရိုက်လိုက်သည်
လုလျန့်ဝေမသိမသာပြုံးပြီးသူမနဲ့ဆက်မငြင်းချင်တော့ပါ
ဘယ်လိုဖြစ်ဖြစ်သူမရဲ့မတူညီတဲ့ပုံစံက ကျီလင်းရှုကိုပိုစိတ်ဆိုးစေသည်
သူမရဲ့မျက်လုံးထဲမှာလုလျန့်ဝေဖြည်းဖြည်းရယ်လိုက်တဲ့ပါးစပ်ကသူမကိုသရော်တော့မယ်လို့ထင်နေသည်ဘယ်လိုဖြစ်လို့သူမဒီတိုင်းနေနိုင်ရတာလဲ
“လုလျန့်ဝေ နင်ဟန်ဆောင်နေတဲ့ပုံကရွံ့ဖို့ကောင်းတယ်နင့်မှာသတ္တိရှိရင်နင်ထိုင်နေရာကနေအပြင်ကိုထွက်ပြီးငါ့နဲ့ယှဉ်ချစမ်း!”
ကျီချင်းယွမ် ရဲ့မျက်နှာကသူ့သမီးရဲ့စကားတွကြောင့်ဒေါသထွက်လာသည်
“ကျီလင်းရှု အဲ့လိုရိုင်းရိုင်းစိုင်းစိုင်းပြောတာကိုဘယ်မှာသင်လာခဲ့တာလဲမြန်မြန်ဒုတိယမင်းသမီးလုကိုတောင်းပန်လိုက်”
“ဘာလို့ကျွန်မကသူမကိုတောင်းပန်ရမှာလဲသူအရင်ကျွန်မကိုစရယ်တာလေ!”
ကျီလင်းရှု စိတ်ဆိုးမာန်ဆိုးနဲ့အော်လိုက်သည် ကျီချင်းယွမ် အကြည့်ခဏလွှဲတဲ့အချိန်မှာသူမကရုတ်တရက်ကြီး လုလျန့်ဝေကိုထိုးလိုက်သည်
ကျီလင်းရှာကမိန်းကလေးပေမယ့်ယောကျာ်းတစ်ယောက်လောက်နီးပါးသန်မာသည်။သူမကငယ်ငယ်ထဲကကိုယ်ခံပညာကိုလေ့လာပြီးငယ်ရွယ်စဉ်ကသူမအဖွဲ့နဲ့သောင်းကျန်းခဲ့သည်သူမကအမြဲတမ်းယောကျာ်းလေးလိုဘဲအဲ့တော့သူမသာမန်တော်ဝန်မိန်းကလေးထက်တော့ပိုသန်မာသည်
သူမထိုးတာခံရတာဘယ်လောက်နာကျင်မလဲဆိုတာတွေးကြည့်ဖို့မခက်ခဲလှချေ
သူတို့ရဲ့မျက်လုံးထဲမှာတော့လုလျန့်ဝေနှင့် ကျီလင်းရှာ တို့ကတစ်ခြားသူတွေထက်ဘာမှပိုမတော်ဘူးဒီရန်ပွဲကသူတို့အတွက်ဖျော်ဖြေမှုလိုဖြစ်နေသည်
ဘယ်လိုဘဲဖြစ်ဖြစ်သူတို့အထင်နဲ့ဆန့်ကျင်ဖက်ဖြစ်နေသည်ကျီလင်းရှု ရဲ့လက်သီးကလုလျန့်ဝေမျက်နှာပေါ်မကျရောက်သေးဘဲအရှိန်လျှော့သွားသည်
ကျီလင်းရှာ သူမရဲ့လက်သီးလွှဲတော့မယ်အချိန်မှာတစ်စုံတစ်ယောက်လက်ကိုဖမ်းလိုက်သည်
“သခင်မလေးကျီ ဝေဝေကတစ်ခါမှကိုယ်ခံပညာမသင်ဖူးဘူးနင်ယှဉ်ချင်ရင်တော့ဒီကအဖွားကြီးနဲ့ဆိုရင်ကောဘယ်လိုလဲ”
ကျီလင်းရှု ရဲ့လက်မောင်းကတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရသည်သူမဘယ်လောက်ကြိုးစားပြီးရုန်းရုန်းနည်းနည်းလေးတောင်မရွေ့ဘူးဖြစ်နေသည်
တဖက်လူကသာသာယာယာလုပ်နေပေမယ့်သူမကတော့လုံးဝမလှုပ်ရှားနိုင်ဖြစ်နေသည်
သူမအလန့်တကြားကြည့်လိုက်တော့အမျိုးသမီးကြီးရဲ့ပညာရှိခံညားတဲ့မျက်လုံးနဲ့ဆုံသွားသည်
မြို့စားကတော်ရဲ့အသံကမပြင်းပေမယ့်သူမရဲ့စကားလုံးတွေမှာဖိအားတွေပါနေသည်
လုလျန့်ဝေသူမရဲ့လက်ထိပ်ကြားမှာဖွက်ထားတဲ့အပ်ကိုသူမရဲ့အင်္ကျီလက်ထဲတိတ်တဆိတ်ပြန်ထည့်ထားလိုက်သည်
ကျီလင်းရှု ရဲ့နဖူးမှာချွေးစေးတွေပြန်နေပြီညရဲ့အေးစက်မှုပေမယ့်လည်းသူမကချွေးတွေစိုစိုရွှဲပြီးအေးစက်နေသည်သူမရဲ့ခုနကခက်ထန်တဲ့ပုံလည်းပျောက်သွားသည်
Chapter 194
April 6, 2024 by Nay Chi Lynn
Chapter 194
ဆက်ပြီးတော်တော်ကြိုက်နေသည်
မြို့စားကတော်ရဲ့ခြိမ်းခြောက်တဲ့အကြည့်တွေအောက်မှာသူမကြောက်ကြောက်လန့်လန့်နဲ့
“ကျွန်မ.ကျွန်မ..”
ကျီချင်းယွမ် ကသူ့သမီးလုပ်တဲ့ရှက်ဖို့ကောင်းတဲ့အမူအရာတွေကြောင့်ဂနာမငြိမ်ဖြစ်နေသည်
သူကသက်ပြင်းချလိုက်ပြီးတော့သူကမြို့စားကတော်ကိုလေးစားစွာပြောသည်
“မဒမ် ကျွန်တော့်ရဲ့သမီးရိုင်းစိုင်းတာတွေကျွန်တော်သူ့ကိုဆုံးမဖို့လိုတာပါကျွန်တော်ပြန်ရောက်ရင်...”
မြို့စားကတော်ကလက်ကိုရမ်းပြီးတော့ ကျီလင်းရှု ကိုလွှတ်ပေးလိုက်ပြီးကြင်နာစွာပြောလိုက်သည်
“ရပါတယ်ငါတို့တွေအားလုံးကတစ်ချိန်ကငယ်ရွယ်ပြီးဆိုးသွမ်းကြတာဘဲဒီကောင်မလေးကအရည်အချင်းရှိတာမြင်ရတယ်သူမသာကိုယ်ခံပညာကိုသင်ချင်ရင်အရည်အချင်းရှိတဲ့ဆရာကိုတစ်ယောက်ခေါ်ပြီးသင်ကြားပေးသင့်တယ်”
ကျီလင်းရှု ကမြို့စားကတော်ကသူမကိုမဆုံးမတဲ့အပြင်သူ့အဖေကိုပါကိုယ်ခံပညာဆရာခန့်ဖို့ပြောနေသည်ကိုယုံကြည်ဖို့ခက်နေသည်ခဏလောက်တော့သူ့စိတ်ထဲမှာရှုပ်ထွေးသွားသည်
သူမမြို့စားကတော်ကိုကြည့်ပြီး ပြီးတော့တစ်ချိန်လုံးတိတ်ဆိတ်စွာထိုင်နေတဲ့လုလျန့်ဝေကိုကြည့်လိုက်သည်နှုတ်ခမ်းကိုတွန့်ပြီးတော့သူမရဲ့ခေါင်းကိုလှည့်လိုက်သည်
သူမရဲ့ခံစားမှုကိုသိရှိပြီးသူမမထီမဲ့မြင်မျက်နှာကမျက်မှောင်ကြုံ့သွားသည်
လုလျန့်ဝေရဲ့အမူအကျင့်ကသူမထက်ဆိုးသည်။ဒါပေမယ့်သူမကိုချစ်ပေးကာကွယ်ပေးမယ့်အဖွားမျိုးကောင်းချီးပေးခံထားရတာဘဲဒါကတော်တော်မတရားဘူး!
ကျီချင်းယွမ်က သူ့သမီးကိုကြည့်တယ်ပြီးတော့မြို့စားကတော်ရဲ့ဘေးမှာထိုင်နေတဲ့လုလျန့်ဝေကိုကြည့်တယ်သူကသူ့ရဲ့သမီးကိုအရမ်းသက်ညှာပေးခဲ့လိုခံစားရပြီးအိမ်ပြန်ရောက်တာနဲ့သူမကိုတင်းတင်းကြပ်ကြပ်စည်းကမ်းရှိအောင်လုပ်တော့မယ်လို့သူစိတ်ဆုံးဖြတ်ချက်ချလိုက်သည်မဟုတ်ရင်သူမကအနာဂတ်မှာပြဿနာဖြစ်လာနိုင်သည်
မြို့စားကတော်ရဲ့ကြင်နာတဲ့မျက်နှာကိုကြည့်ပြီးတော့သူခေါင်းငြိမ့်ပြလိုက်သည်
“ကောင်းပါင်္ပြီ မဒမ်ကျွန်တော်အရမ်းပေါ့ဆခဲ့လို့ပါ”
သူပြောပြီးပြီးချင်းဘဲလှည့်ပြီးတော့ ကျီလင်းရှုကိုမျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်သည်
ကျီလင်းရှု ကတုန်လှုပ်ခြောက်ခြားသွားသည်သူမကလုလျန့်ဝေရဲ့အမှားရှာတာကျရှုံးရုံသာမကသူ့မကိုသူမလူအများကြားထဲမှာအရှက်ရအောင်လုပ်မိသောကြောင့်သူဒီမှာတစ်စက်ကလေးမှကြာကြာမနေချင်တော့ပါအဲ့တာကြောင့်သူမကသူမအဖေကိုပြောလိုက်သည်
“ကျွန်မအစ်မကြီးကိုသွားရှာလိုက်အုံးမယ်”
ပြောပြီးပြီးခြင်းဘဲလေပြင်းတိုက်သလိုပြေးထွက်သွားသည်
ကျီချင်းယွမ် သောကရောက်သွားသည်
သူ့ရဲ့အကြည့်တွေကခံစားချက်အပြည့်နဲ့လုလျန့်ဝေပေါ်သို့ထပ်ကြရောက်သွားသည်လုလျန့်ဝေရဲ့အကျင့်စရိုက်ကလည်းမပြောနိုင်လောက်အောင်အလွန်ဆိုးရွားသည်သူမလည်းစိတ်အနှောင့်အယှက် ဖြစ်စရာပြဿနာတွေကို သူ့သမီး ကျီလင်းရှု ထက်ပိုလုပ်လိမ့်မယ်ထင်သည်
မထင်ထားဘဲသူမကကိစ္စတွေပြီးတဲ့နောက်မှာပိုပြီးတော့ရင့်ကျက်လာပြီးပိုပြီးစဉ်းစားတွေးခေါ်တတ်လာသည်သူကအခုအတိတ်ကလုလျန့်ဝေနဲ့မသက်ဆိုင်တော့ပေ
ကျီလင်းရှု သာလုလျန့်ဝေလောက်သာလိမ္မာပါးနပ်ပြီးစဉ်းစားတွေးတော်တတ်မယ်ဆိုရင်’
လုလျန့်ဝေရဲ့မျက်နှာကိုကြည့်ပြီးတော့တိတ်တိတ်လေးသက်ပြင်းချနေသည်
ရုတ်တရက်သူ့အတွေးတစ်ခုပေါ်သွားပြီးသူ့နှလုံးခုန်သွားသည်
ခုပုံစံလုလျန့်ဝေကကြိုက်နိုင်လောက်တယ်အကယ်၍...
သူ့အတွက်ဘာမှမကောင်းတဲ့သူ့သားအကြောင်းကိုစဉ်းစားမိပြီးသူ့ခေါင်းကကိုက်လာပြန်သည်
မကြာခင်မှာဘဲ မြို့စားချန်အိမ်ကလူတွေရောက်လာသည်သခင်လင်နှင့်သူ့မိသားစုနောက်လိုက်ပြီးရောက်လာသည်
ချန်ကျူပင်းနှင့် လင်ချင်းယွမ်က လူကြီးတွေအနောက်မှာလမ်းလျှောက်နေသည်
ချန်ကျူပင်းမျက်လှံးမှေးပြီးရေစပ်နားကအဆောင်ကိုဝင်လာတဲ့အချိန်လုလျန့်ဝေကိုတွေ့လိုက်သည်ဒါပေမယ့်ချက်ချင်းအကြည့်လွှဲလိုက်သည်
မလုံမလဲနဲ့ လင်ချင်းယွမ် ကသူ့ရဲ့ပျင်းရိနေတဲ့မျက်လုံးတွေမော့ကြည့်လိုက်တဲ့ချိန်မှာလုလျန့်ဝေကိုတွေ့လိုက်သည်သူမစိတ်လှုပ်ရှားတဲ့အကြည့်တွေနဲ့လုလျန့်ဝေကိုအချက်ပေးလိုက်သည်
ဒါကိုမြင်တဲ့လုလျန့်ဝေမျက်မှောင်ကြုံ့သွားသည်
သူတို့နောက်ဆုံးတွေ့ခဲ့တာကလတစ်ဝက်လောက်ဘဲရှိသေးတယ် လင်ချင်းယွမ် ဝိတ်တော်တော်ကျသွားသည်ပြီးတော့ မျက်တွင်းတွေလည်းချောင်နေသည်
ဘာဖြစ်သွားတာလဲ
သူမရဲ့ရှုပ်ထွေးမှုတွေကိုလျစ်လျှူရှုပြီးတော့ဒီကိစ္စကိုဘေးမှာထားလိုက်သည်ဘာလို့ဆိုသူမနဲ့ လင်ချင်းယွမ်အရမ်းမရင်းနှီးသောကြောင့်ဖြစ်သည်
ပြီးတော့ လင်ချင်းယွမ်လက်ထဲမှာဘာသက်သေတွေမှမရှိဘူးချန်ကျူပင်းကသူမကတခြားသူတွေကိုအဓိပ္ပာယ်မရှိတာတွေဖြန့်နေတာကိုသူရဲ့လက်ထဲမှာသူမကိုတင်းကြပ်စွာကိုင်ထားရုံလိုသည်
ပြီးတော့ ချန်မြို့စားနှင့်လင်မြို့စားနှစ်အိမ်လုံးကတော်ဝင်မိသားစုတွေဖြစ်သည်လင်ချင်းယွမ်ကိုသတ်ပြစ်ဖို့အရမ်းအန္တရာယ်များလွန်းသည်သူမကိုဘေးမှာလက်ထပ်ပြီးထားတာကပိုကောင်းမှာသူတို့တွေကစေ့တောင်စေ့စပ်ပြီးပြီလေ
Chapter 195
April 6, 2024 by Nay Chi Lynn
Chapter 195
တစ်ယောက်နဲ့တစ်ယောက်လွမ်းနေကြသည်
ချန်ကျူပင်းအနောက်လိုက်နေတဲ့ လင်ချင်းယွမ်ကိုသူမကြည့်လိုက်သည်
သူမကသူ့ကိုသတ်ဖို့နီးပါးလုပ်တဲ့ချန်ကျူပင်းနဲ့လက်ထပ်ရဲလို့လား
အဲ့တာသာတကယ်ဆိုရင်လုလျန့်ဝေသူမကိုတုံးတယ်လို့ဘဲပြောရမလားသူမရဲ့သတ္တိကိုဘဲချီးကျူးရမလားအံ့ဩနေသည်
ချန်ကျူပင်းလိုလူမျိုးကကောင်းမွန်တဲ့လက်တွဲဖော်မဟုတ်တာအသိသားကြီးဘဲ
အဲ့အချက်ကိုထားအုံးသူကလင်ချင်းယွမ်ကိုသတ်ဖို့အထိကြိုးစားခဲ့တာသူ့ရဲ့နှလုံးသားကလုယွင်ရွှမ်းကိုချစ်တာ သူမကိုမဟုတ်ဘူးသူ့ကိုလက်ထပ်တာကသက်တောင့်သက်သာမဖြစ်စေဘူးလား
ပြီးတော့သူ့လိုရက်စက်ကောက်ကျစ်တတ်တဲ့အတွေးတွေရှိတဲ့သူကိုလက်ထပ်မယ်ဆိုရင်သူမမီးထဲကိုခုန်ချတာနဲ့အတူတူဘဲ
လုလျန့်ဝေခေါင်းကိုခါပြီးအနည်းငယ်သနားကြင်နာသွားသည်
ဘာဘဲဖြစ်ဖြစ် အဲ့ချိန်မှာလင်ချင်းယွမ်ကလမ်းလျှောက်လာပြီးသူမလက်ကိုရုတ်တရက်ဆွဲလိုက်သည်
“လုလျန့်ဝေငါနဲ့ အိမ်သာသို့လိုက်ခဲ့ငါအရမ်းသွားချင်နေပြီ”
သူမသိထားတာက လင်ချင်းယွမ်ကရွှမ်းလေးနဲ့ပိုရင်းနှီးပေမယ့်ဝေဝေနဲ့တွေ့တိုင်းရန်ဖြစ်နေတာကိုဘာလို့ရုတ်တရက်ကြီးသူငယ်ချင်းကောင်းလိုဆက်ဆံနေတာလဲ
မြို့စားကတော်ကလင်ချင်းယွမ်ကိုသတိပေးတဲ့မျက်စောင်းနဲ့ကြည့်လိုက်သည်
လင်ချင်းယွမ်ကအကြံသမားမဟုတ်ပေမယ့်လည်းဒီလိုနန်းတော်အကျယ်ကြီးမှာတစ်ခုခုဖြစ်မှာကိုသူမနည်းနည်းစိတ်ပူနေသည်
လင်ချင်းယွမ်ကသူမရဲ့အကြည့်ကိုခံစားမိပြီးအင်တင်တင်နဲ့ကတိပေးလိုက်သည်
မြို့စားကတော်ကခေါင်းငြိမ့်ပြလိုက်သည်သူမကအစကအန်တီလင်ကိုအနောက်ကလိုက်ခိုင်းပေမယ့်ခဏလေးအတွင်းမှာဝေဝေကအရင်ကထက်ပိုရင့်ကျတ်ပြီးတော့စဉ်းစားတွေးတော်တက်လာပြီသူမကိုဘယ်သူမှတစ်ချိန်လုံးသူမကိုမကာကွယ်နိုင်ဘူး
လုလျန့်ဝေကလင်ချင်းယွမ်နဲ့အပြင်ကိုလိုက်သွားသည်သူတို့ထွက်သွားပြီးမကြာမှီမှာဘဲ ရေစပ်အဆောင်ထဲသို့လုယန်ကလူတွေအုပ်လိုက်နှင့်ဝင်လာသည်
သူအဆောင်ထဲကိုခြေလှမ်းလိုက်တာနဲ့သူ့ရဲ့နက်နဲခက်ခဲသောအကြည့်တွေနဲ့နေရာကိုလိုက်ကြည့်နေသည်လုလျန့်ဝေကိုဘယ်မှာမှမတွေ့သောအခါလန်ရဲ့မျက်ခုံးကကြုံ့သွားသည်
ကျောက်ချန်လန့်ပြီးတော့သူဘာဆိုလိုချင်တာကိုသိပြီးတော့ခါးလေးကိုင်းပြီးတိုးတိုးလေးပြောလိုက်သည်
“မင်းသားလုကဒုတိယမင်းသမီးလာတယ်လို့ပြောတယ်”
လုယန်ဘာမှထပ်မပြောတော့ဘဲနှုတ်ခမ်းကိုတွန့်လိုက်သည်
သူရဲ့ပုံမှန်မဟုတ်တဲ့အမူအရာကခဏလောက်ဘဲကြာလိုက်ပြီးဘယ်သူမှသတိမထားမိလိုက်ဘူး
“ဧက္ကရာဇ်ကြင်ရာတော်များနန်းတက်မင်းသားနန်းတက်မင်းသမီးတို့ကိုနှုတ်ခွန်းဆက်သပါသည်”
ဧက္ကရာဇ်နှင့်ကြင်ရာတော်ဝင်ရောက်လာသောအခါလူတိုင်းကအလျင်အမြန်မတ်တပ်ရပ်ကြိုဆိုကြသည်
အန်တီလန်ရဲ့အကူအညီနဲ့မြို့စားကတော်ကလက်ထုတ်ပြီးဒူးထောက်ခါနီးမှာ
ဒါကိုကြားလိုက်ရပြီးမြို့စားကတော်ကမတ်မတ်ရပ်လိုက်သည်သူမနန်းတော်ကိုလာရတာမုန်းရတဲ့တစ်ချက်ကတော်ဝင်မျိုးနွယ်တွေကိုလုပ်ရိုးလုပ်စဉ်တွေခမ်းခမ်းနားနားနဲ့နှုတ်ဆက်ရတာကိုဖြစ်သည်အဲ့တာကြောင့်သူမလာဖို့ကိုရှောင်နေပြီးတော့မဖြစ်နေလို့သာလာရခြင်းဖြစ်သည်
မြို့စားကတော်ရဲ့လက်ကိုလွှတ်ပြီးတော့လုယန်ကထိုင်ဖို့နေရာစီသွားပြီးတော့ထိုင်လိုက်သည်
တခြားသူတွေလည်းသူတို့နေရာကိုယ်စီမှာထိုင်နေကြသည်
လုလျန့်ဝေနှင့်လင်ချင်းယွမ်ကတကယ်တော့အိမ်သာသို့သွားတာမဟုတ်ဘူး
ရေစပ်အဆောင်နဲ့မလှမ်းမကမ်းသို့ရောက်သောအခါလင်ချင်းယွမ်ကလှည့်ပြီးတော့လုလျန့်ဝေရဲ့လက်ကိုမျက်ရည်တွေနဲ့ကိုင်လိုက်သည်
“လုလျန့်ဝေ နင်ငါ့ကိုကယ်မှရတော့မယ်”