← Chapters

အခန်း (၁၉၆-၁၉၈)

Vol. 4 Ch. 196-198

အခန်း (၁၉၆-၁၉၈)

Vol. 4 Ch. 196-198

Chapter 196

လုလျန့်ဝေ နင်ပြောတာကိုဆိုလိုတာမဟုတ်ဘူး

လုလျန့်ဝေသူမလက်ကိုကိုင်ထားတာကိုဖယ်ပြီးတော့အေးအေးဆေးဆေးပြောလိုက်သည်

“နင်ကိုဘယ်လိုကယ်စေချင်တာလဲပြီးဘာလို့ငါကကယ်ရမှာလဲ”

လင်ချင်းယွမ် စိတ်လှုပ်ရှားပြီးနှုတ်ခမ်းကိုကိုက်နေသည်

“ငါပြောခဲ့ပြီးပြီလေအရင်တုန်းကငါ့ရဲ့အမှားတွေပါလို့နင်အဲ့တာကိုမေ့ပေးနိုင်မလား”

“ဘာလို့ငါကမေ့ရမှာလဲ”

လုလျန့်ဝေစိတ်ရှုပ်ထွေးပြီးတော့နှုတ်ခမ်းကိုတွန့်လိုက်သည်

အရင်တုန်းကလင်ချင်းယွမ်ကအဓိကဇာတ်ဆောင်နဲ့တွေ့တိုင်းမကောင်းတာတွေတွေ့တိုင်းပြောခဲ့တာကပြီးခဲ့တဲ့နန်းတော်စားသောက်ပွဲမှာတင် ခုမှဒီမိန်းမကဘာလာဖြစ်နေတာလဲသူ့မှာဘယ်လိုအတိတ်မေ့ရောဂါရှိလို့ဒီအဖြစ်အပျက်တွေကိုလွယ်လွယ်နဲ့မေ့နိုင်ရတာလဲ

အဲ့တာထက်လင်ချင်းယွမ်ကသူမကိုဒီလိုတောင်းဆိုချက်လုပ်လို့ရမယ်လို့ဘာလို့ထင်တာလဲ

အဓိပ္ပာယ်မရှိလိုက်တာ!

လင်ချင်းယွမ်ကသူမရဲ့စကားတွေကမသင့်တော်မှန်းသိတယ်သူမရဲ့မျက်လုံးလေးကိုအောက်ချပြီးတော့ဝမ်းနည်းစွာပြောသည်

“ငါ့မှာတကယ်တခြားနည်းလမ်းမရှိတော့လို့ပါငါ့မိဘတွေကငါပြောတာမယုံဘဲချန်ကျူပင်းနဲ့ဘဲအတင်းလက်ထပ်ခိုင်းနေတယ်ဒါပေမယ့်ငါမလုပ်ချင်ဘူးသူကငါ့ကိုသတ်ဖို့ကြိုးစားပြီးပြီပြီးတော့သူချစ်တာကလည်းလုယွင်ရွှမ်းကိုသူကမီးကွင်းထဲမှာလမ်းလျှောက်နေတာငါရူးနေမှဘဲအဲ့ထဲကိုခုန်ဝင်မှာ...”

လုလျန့်ဝေကသူအစကားတွေကြားပြီးမျက်ခုံးကိုပင့်လိုက်သည်သူမခန့်မှန်းထားတာမှန်နေပြီချန်ကျူပင်းကလင်ချင်းယွမ်ကိုသတ်ဖို့မကြိုးစားတော့ဘဲသူလက်ထပ်ပြီးတော့သူ့ဘေးနားမှာတင်းတင်းကြပ်ကြပ် ချုပ်နှောင်ထားချင်တာ

အဲ့လိုသာဆို ချန်ကျူပင်းကလုလျန့်ဝေကိုဘယ်လိုကကိုင်တွယ်မှာလဲ

ပြီးတော့လင်ချင်းယွမ်ကအဲ့နေ့ကသူမနဲ့တူတူရှိနေတာ သူလည်းလင်ချင်းယွမ်ကအကုန်ပြောပြီးပြီးဆိုတာသိနေလောက်ပြီ

လုလျန့်ဝေမျက်မှောင်ကြုံ့လိုက်သည် ချန်ကျူပင်းနှင့်လုယွင်ရွှမ်း တို့ကသူတို့ပြောသလိုဆိုသူမကိုချမ်းသာပေးမှာမဟုတ်ဘူး

သူမကိုကိုင်တွယ်ဖို့အကောင်းဆုံးနည်းလမ်းကသူမကိုသတ်ပြစ်တဲ့နည်းဘဲဖြစ်သည်

လင်ချင်းယွမ်အံကြိတ်ပြီးတော့ရုတ်တရက်လှောင်ပြုံးပြုံးလိုက်သည်

“လုလျန့်ဝေအရမ်းသွေးအေးတဲ့စကားတွေမပြောပါနဲ့နင်သာမကူညီချင်ရင်နင်ငါနဲ့ဒီကိုလိုက်လာမှာမဟုတ်ဘူးလေ”

လုလျန့်ဝေနှုတ်ခမ်းကိုစိပြီးတော့ဘေးကကျောက်စားပွဲပေါ်မှာထိုင်လိုက်သည်သူမရဲ့မေးစေ့ကိုလက်ဖဝါးနဲ့ပွတ်နေပြီးတော့သူမပြောလိုက်သည်

“ကောင်းပြီသနားဖို့ကောင်းအောင်အရမ်းမလုပ်နေနဲ့နင်ကိုတိတိကျကျဘယ်လိုကယ်ပေးရမှာလဲ”

လင်ချင်းယွမ်ဒီစကားကြားပြီးမျက်နှာကသက်သာရာရသွားသည်သူမမြန်မြန်လမ်းလျှောက်ပြီးသူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်သည်

“ငါ့ကိုအခုအဖေနဲ့အမေကအိမ်ထဲမှာဘဲပိတ်ထားတယ်အပြင်ကိုခြေတစ်လှမ်းတောင်ချခွင့်မပေးဘူးမင်္ဂလာဆောင်ကဒီလရဲ့ဆယ်ရက်နေ့မှာချန်ကျူပင်းငါ့ကိုသတ်ဖို့ကြိုးစားပြီးတဲ့နောက်မှာငါထိုင်ပြီးတော့ငါသေမယ့်ချိန်ကိုထိုင်မစောင့်ချင်ဘူးငါသူ့ကိုလည်းငြိမ်းချမ်းစွာမနေစေချင်ဘူးပြီးတော့ဒီကိစ္စမှာလုယွင်ရွှမ်းလည်းပါဝင်တယ်လို့ငါသံသယဝင်တယ်ငါကဒီရွံ့စရာကောင်းတဲ့စုံတွဲရဲ့ဂုဏ်သတင်းတွေကိုတစ်ခုပြီးတစ်ခုဖျက်စီးပြစ်ချင်တယ်”

လင်ချင်းယွမ်ကကြောက်ဖို့ကောင်းစွာအစွယ်ထုတ်ပြသည်

ဒီအချိန်မှာသူမ ပြောတဲ့ချန်ကျူပင်းမကောင်းတဲ့အကြောင်းကိုထားအုံးသူ့မိဘတွေကိုသူမကိုယုံမှာမဟုတ်ဘူးသူတို့ကသူမဝုန်းဒိုင်းကြဲပေါက်ကွဲနေတယ်လို့ဘဲတွေးတောင်တွေးမှာကျန်ခဲ့တာဆိုလို့သူမဘာလုပ်လုပ်ရှုံးမှာဘဲ

အဲ့အရှက်မရှိတဲ့ယောကျာ်းကသူ့မိဘတွေကိုသူကြိုက်တဲ့ချိန်မြူဆွယ်နိုင်သောကြောင့်ဖြစ်သည်အဲ့တာတွေထက်မိသားနှစ်ခုလုံးကတစ်ဦးနှင့်တစ်ဦးသိတာမျိုးဆက်မနည်းဖြစ်နေသည်သူမရဲ့မိဘတွေကသူ့ရဲ့ပုံစံကိုသံသယမဝင်ဘဲသူတို့တွေကသူမက ချန်ကျူပင်းနဲ့လက်ထက်ဖို့ကံပါလာတယ်လို့ထင်နေကြသည်။

သူမနန်းတော်ထဲဝင်ပြီးတော့သူမရဲ့အခွင့်အရေးကိုဆုတ်ကိုင်ပြီးသူမကိုလုလျန့်ဝေကူညီပါစေလို့မျှော်လင့်နေသည်

ခုတော့သူမတွေးနေသည်သူမအရင်တုန်းကရွံ့ရှာပြီးရယ်ထားတဲ့သူကခုသူမရဲ့နောက်ဆုံးမျှော်လင့်ချက်မီးပြတိုက်ဖြစ်နေတာကို

သူမပြောတာတွေကိုနားထောင်ပြီးနောက်လုလျန့်ဝေတည်ငြိမ်စွာပြောလိုက်သည်

“အဲ့တော့နင်ကဘာလုပ်ချင်လဲ”

Chapter 197

April 7, 2024 by Nay Chi Lynn

Chapter 197

လုလျန့်ဝေဒယိမ်းဒယိုင်ဖြစ်သွားသည်

လင်ချင်းယွမ်အံကြိတ်ပြီးတော့ပြောလိုက်သည်

“ငါ့မိဘတွေကငါ့ကိုမယုံမှတော့သူတို့ရှေ့မှာသေပြလိုက်ရမလားသူတို့တွေနောင်တရမလားမရဘူးဆိုတာကြည့်ရအောင်”

လုလျန့်ဝေခေါင်းငြိမ့်ပြသည်

“ဒီအကြံလည်းကောင်းတာဘဲ”

“ဘယ်လို”

လင်ချင်းယွမ်ကြောင်သွားသည်

“နင်ပြောတော့နင်သေချင်တယ်ဆိုငါကနင့်ဆုတောင်းကိုဖြည့်ပေးနိုင်တယ်”

လုလျန့်ဝေမျက်ခုံးပင့်ပြီးတော့လေးလေးနက်နက်ပြောလိုက်သည်

လင်ချင်းယွမ်လန့်သွားသည် သူမတွေ့လိုက်တာကလုလျန့်ဝေကနောက်နေတာမဟုတ်တဲ့ချိန်မှာသူမရဲ့နှလုံးသားထဲအေးစိမ့်သွားသည်

“နင်တကယ်ပြောနေတာလား”

“တကယ်ပြောနေတာနင့်မိဘတွေကိုနောင်တရစေချင်တာမလားသေချင်းကအထိရောက်ဆုံးနှင့်အရက်စက်ဆုံးနည်းလမ်းဘဲလေ”

လုလျန့်ဝေကဂရုမစိုက်တဲ့ပုံဖြင့်ပြောသည်

သူမကငယ်သေးတယ့်အပြင်ဘဝကိုတော့ပျော်ရွှင်စွာမနေရသေးဘူးဘာလို့ဒီလိုကောင်ကြောင့်သေရမှာလဲ

“ဘယ်သူကသေချင်မှာလဲငါကောင်းကောင်းတောင်အသက်မရှင်ရသေးဘူး”

လုလျန့်ဝေကပုခုံးတွန့်ပြီးတော့

“ငါကနင့်ကိုကူညီမလို့ပါဘဲနင်မသေချင်ဘူးဆိုရင်တော့ငါကဘာမှမလုပ်ပေးနိုင်ဘူးလေ”

လင်ချင်းယွမ်နှုတ်ခမ်းကိုကိုက်ပြီးတော့

“နောက်နည်းလမ်းမရှိတော့ဘူးလား”

“အဲ့တာဘာလဲ”

“နင်သာချန်ကျူပင်းရဲ့ဂုဏ်သတင်းကိုရိုက်ချိုးနိုင်ရင်နင့်မိဘတွေသူ့အလိုလိုသူနဲ့မင်္ဂလာဆောင်ဖို့သဘောတူမှာမဟုတ်တော့ဘူး”

“ဒါပေမယ့်ချန်ကျူပင်းကအမြဲသတိရှိနေတာငါသူ့ကိုဘယ်လိုနှောင့်ယှက်ရမလဲ”

“အဲ့တာကြောင့်ငါပြောတယ်သေတာကအလွယ်ကူဆုံးနဲ့အထိရောက်ဆုံးဘဲ”

“နင်ငါ့ကိုအဲ့လောက်သေစေချင်နေတာလား”

“ဟုတ်တယ်”

လုလျန့်ဝေမတွေဝေဘဲချက်ချင်းပြန်ပြောလိုက်သည်

လင်ချင်းယွမ်

လုလျန့်ဝေတည်ကြည်စွာပြောသည်

“သေသေချာချာစဉ်းစားနန်းတော်ကမထွက်သွားခင်ငါ့ကိုအဖြေပေးသေချင်ယောင်ဆောင်ဖို့ဆေးဖော်ရတာမလွယ်ဘူးအဲ့တာအချိန်လိုတယ်”

ပြောပြီးပြီးချင်းမတ်တပ်ရပ်ပြီးတော့ရေစပ်နားအဆောင်စီသို့ဦးတည်သွားသည်

“ငါတို့မြန်မြန်ပြန်သွားသင့်သည်မဟုတ်ရင်လူတွေသံသယဝင်လာမှာ”

လင်ချင်းယွမ်ဘာမှမသိဘဲခေါင်းငြိမ့်ပြလိုက်သည်လုလျန့်ဝေပြောတာကိုဆက်လက်စဉ်းစားနေသည်

သူတို့ရေစပ်နားကအဆောင်ကိုရောက်တော့သူမရဲ့ခေါင်းထဲအတွေးတစ်ခုပေါ်လာပြီးသူမမျက်လုံးကိုပင့်ပြီးတော့သူမခပ်သွက်သွက်လမ်းလျှောက်ပြီးလုလျန့်ဝေကိုမှီသွားသောအခါစိတ်ဆိုးစွာအော်လိုက်သည်

“လုလျန့်ဝေနင်တော်တော်ဆိုးတာဘဲငါ့ကိုမစောင့်ဘူးငါ့ကိုအီးပုံပေါ်နင်းမိအောင်လုပ်တယ်..”

သူမရဲ့စကားလုံးတွေကလုလျန့်ဝေကိုလန့်သွားစေပြီးဒယိမ်းဒယိုင်ဖြစ်သွားပြီးခလုတ်တိုက်ပြီးရေစပ်နားကအဆောင်ထဲသို့ဝင်သွားသည်

သူတို့ရဲ့အကြည့်တွေကသူမဘဲနင်းလာသလိုဖြစ်နေသည်

လုယန်အနောက်မှာရပ်နေတဲ့ကျောက်ချန်ကရယ်မိမလိုဖြစ်သွားသည်

လုယန်ကရေစပ်အဆောင်ထဲကိုဝင်လာတဲ့ရှားပါးပြီးအံ့ဩဖို့ကောင်းလှတဲ့မိန်းကလေးကိုမြင်ပြီးတော့သူ့မျက်လုံးထဲမှာခဏလောက်ပြုံးသွားသည်

အဲ့ချိန်မှာလုလျန့်ဝေကလင်ချင်းယွမ်ရဲ့နှာခေါင်းကိုလက်တစ်ဖက်နဲ့သူ့နောက်ကလိုက်ဝင်လာမှာကိုတားလိုက်သည်

လုလျန့်ဝေခေါင်းငုံ့ပြီးသူမဖိနပ်ကိုကြည့်လိုက်ပြီးသွယ်ဝိုက်စွာပြောလိုက်သည်

“နင်တစ်ခုခုနင်းလာမိတယ်ပြောတယ်မလားနင်ဝင်မလာခင်သွားသန့်ရှင်းရေးမလုပ်သင့်ဘူးလားအားလုံးအစားသောက်ပျက်အောင်လုပ်မလို့လား”

သူမအပေါ်လူတိုင်းထူးဆန်းတဲ့အကြည့်တွေနဲ့ကြည့်နေတာကိုခံစားမိလိုက်သည်သူမရဲ့မျက်နှာစိမ်းပြီးတော့ရဲလာသည်သူမနောက်ဆုံးတော့သူမဘာဆိုလိုချင်လဲဆိုတာသဘောပေါက်သွားသည်

“တစ်ဆိတ်လောက် မင်းသမီးလင်ကိုခြေထောက်ဆေးဖို့ခေါ်သွားပေးပါ”

လုလျန့်ဝေခေါင်းလှည့်ပြီးတော့သူ့ဘေးကနန်းတော်အစေခံကိုပြောလိုက်သည်

Chapter 198

April 7, 2024 by Nay Chi Lynn

Chapter 198

သူတို့နှစ်ယောက်ထဲတူတူကြာကြီးဘာတွေလုပ်နေ တာလဲ

နန်းတော်အစေခံကရွံ့တာကိုထိန်းထားလိုက်ပြီးရိုအသေပေးလိုက်သည်

“မင်းသမီးလင် ကျွန်မနောက်လိုက်ခဲ့ပါ”

လင်ချင်းယွမ်ဒေါသထွက်ပြီးစကားတောင်မပြောနိုင်ဘူး

“ကျွန်မ...”

လုလျန့်ဝေကပြုံးပြီးတော့ပြောလိုက်သည်

“သေသေချာချာသန့်ရှင်းခဲ့နော်”

လင်ချင်းယွမ်ကအံကြိတ်ပြီးတော့လုလျန့်ဝေကိုကြည့်လိုက်သည်ဘယ်သူမှကသူမအတွက်စကားမပြောဘဲရွံ့တဲ့အကြည့်တွေနဲ့သူမမှာတစ်ခုခုပေနေတယ်ဆိုတဲ့အကြည့်တွေနဲ့ကြည့်နေသည်

သူမသာခုဝင်သွားရင်ဧက္ကရာဇ်နှင့်သူ့ရဲ့ကိုယ်လုပ်တော်တွေကိုမလေးစားရာကြလိမ့်မယ်

လင်ချင်းယွမ်စိတ်မပါဘဲနန်းတောင်အစေခံနဲ့ထွက်သွားသည်

လုယွင်ရွှမ်းနှင့်ချန်ကျူပင်းဒါကိုမြင်သောအခါတစ်ယောက်နဲ့တစ်ယောက်မသိမသာကြည့်နေသည်

သူတို့နှစ်ယောက်ပေါင်းပြီးသူတို့ကိုပြဿနာဖြစ်စေမှာစိုးရိမ်နေသည်

လုလျန့်ဝေတစ်ခုခုသာသိရင်ဒီလိုတည်ငြိမ်ဖို့ဆိုတာမဖြစ်နိုင်ဘူး

ချန်ကျူပင်းကအဲ့နေ့ကလင်ချင်ယွမ်ကိုသတ်ဖို့ကြိုးစားနေတာတွေ့ခဲ့သည်သူမကသူတို့နှစ်ယောက်ကြားမှာတစ်ခုခုဖြစ်နေတယ်ထင်ပြီးကျန်တာဘာမှဆက်မတွေးဘူးနဲ့တူသည်

လုယွင်ရွှမ်းကအဲ့လိုတွေးပြီးနည်းနည်းစိတ်သက်သာရာရသွားသည်

ဘယ်လိုဘဲဖြစ်ဖြစ် ချန်ကျူပင်းကလုလျန့်ဝေကိုကြည့်လိုက်တိုင်းလူသတ်ချင်တဲ့အကြည့်တွေနဲ့ကြည့်နေတုန်းဘဲ

ဂရုမစိုက်ဘဲလုလျန့်ဝေသေကိုသေရမယ်သူမငယ်ငယ်တုန်းကလုပ်ခဲ့တဲ့ဆိုးဆိုးရွားရွားအပြုအမူအတွက်ပြန်တော့ပေးဆပ်ရမယ်

သူကသူရဲ့ဝိုင်ခွက်ကိုကိုင်ပြီးတော့တစ်ခါထဲမော့သောက်ပြီးတော့သူရဲ့လူသတ်ချင်တဲ့မျက်လုံးတွေကိုဖုံးထားလိုက်သည်

လုလျန့်ဝေကနန်းတော်စောင့်နောက်ကိုလိုက်သွားတဲ့လင်ချင်းယွမ်ကိုကြည့်ပြီးတော့ရယ်တာရပ်လိုက်သည်သူမကမြို့စားကတော်ဘေးမှာဝင်မထိုင်ခင်လုယန်ကိုဒူးညွှတ်ပြီးဂါရဝါပြုလိုက်သည်

မြို့စားကတော်ကသူ့ဘေးမှာရပ်နေတဲ့သူ့မြေးမကိုကြည့်ပြီးတော့သူမရဲ့အကြည့်တွေထဲမှာအပြုံးတွေပြည့်နေပြီးလုလျန့်ဝေကိုတို့လိုက်ပြီးတော့

“ကျွန်မတော့အဲ့လိုမထင်ပါဘူးကျွန်မကအားလုံးထဲမှာအမိန့်အနာခံဆုံးပါ”

သူမကလုလျန့်ဝေရဲ့ခေါင်းလေးကိုဘာမှမပြောဘဲပွတ်ပေးနေသည်ဒါပေမယ့်သူမနှုတ်ခမ်းဆူနေပြီးတော့သူမဝမ်းသာနေမှန်းဘယ်သူမဆိုပြောနိုင်သည်

ဒါကိုတွေ့လိုက်တဲ့ လုယွင်ရွှမ်းကအားကျပြီးသဝန်တိုကိုတစ်ခါထဲခံစားမိလိုက်ရသည်

သူမကြာသေးခင်မှာသတိထားမိတာလုလျန့်ဝေကအရင်နဲ့မတူတော့တာကိုဘဲ

မြို့စားကတော်ကလုလျန့်ဝေကိုအလိုလိုက်နေတာကိုတွေ့သောအခါကျန်ခဲ့တဲ့ရက်ကနန်းတော်ရေကန်နားမှာဖြစ်ပျက်သွားတာကိုမစဉ်းစားဘဲမနေနိုင်ဘူး

ဘုရင်ကြီးကလုလျန့်ဝေကိုဆက်ဆံတာတော်တော်ကွဲပြားတယ်

ဘုရင်ကြီးကအမျိုးသမီးတွေကိုရွံ့ပြီးတော့ဘယ်အမျိုးသမီးတွေကိုမှသူ့အနားကပ်ခံတာမဟုတ်ဘူးနောက်ဆုံချိန်တုန်းကတော့သူကလုလျန့်ဝေနဲ့သီးသန့်တွေ့ဆုံခဲ့သည်

သူမအဲ့နေ့ကတစ်ယောက်ယောက်ရှာတွေ့သွားတာမေ့နေသည်လုလျန့်ဝေကကြည့်ရသလောက်တော်ဝင်လေ့လာရေးအခန်းထဲမှာကြာကြာနေပြီးမှာနန်းတော်ကထွက်သွားတာနဲ့တူသည်ဘုရင်ကြီးကဘဏ္ဍာစိုးကျောက်ကိုသူမကိုကိုယ်တိုင်သွားတွေ့စေပြီးဆုလာဘ်ဆောင်တွေအများကြီးပေးခိုင်းလိုက်သည်

လုလျန့်ဝေစာလေ့လာနေတဲ့အဲ့နေ့ကသူမကဘုရင်ကြီးနဲ့နှစ်ယောက်ထဲအကြာကြီးအချိန်ကုန်နေတာနှစ်ယောက်တူတူဘာတွေလုပ်ခဲ့ကြလဲ

သူမလက်မှာရှိတဲ့ပိုးလက်ကိုင်ပုဝါလေးကိုတွန့်လိမ်ပြီးတော့သူမမျက်နှာမှာမသာယာတဲ့မျက်နှာထားပေါ်လာသည်

All Chapters