← Chapters

အခန်း (၁၉၉-၂၀၀)

Vol. 4 Ch. 199-200

အခန်း (၁၉၉-၂၀၀)

Vol. 4 Ch. 199-200

Chapter 199

ဒုတိယမင်းသမီးလုကျေးဇူးပြု၍ဒါကိုရှင်းပြပါ

အဲ့ချိန်မှာဘဲအမျိုးသမီးတစ်ယောက်ကသာယာတဲ့အသံနဲ့ပြောလိုက်သည်

“အရှင်မင်းကြီးခုဘာသုံးဆောင်နေတာပါလဲအဲ့တာကိုကြည့်ရတာလက်ရာမြောက်တယ်ကျွန်မအဲ့တာကိုအရင်ကတစ်ခါမှမမြင်ဖူးလို့ပါ”

သန့်စင်တဲ့ကြင်ရာတော်ကအဲ့စကားပြောသံကိုကြားပြီးခံစားချက်တွေအလိပ်လိပ်တက်လာသည်သူမရဲ့အတွေးတွေကိုစုပြီးတော့ထိုင်ခုံပေါ်ကနေခါကိုင်းနေတဲ့အမျိုးသမီးပေါ်အကြည့်တွေရောက်သွားသည်

ဆင်ခြင်မျှော်တွေးတတ်တဲ့ကြင်ရာတော် ကျီလင်းဟိုင် ဘဲသူမကသူမရဲ့နာမည်အတိုင်းဘဲသူမကလှပရုံတင်မဟုတ်ဘဲစင်ကြယ်ပြီးတော့မျှော်မြင်ခြင်ဆမှုလည်းရှိသည်သူမရဲ့အသံကောလှုပ်ရှားမှုကောကနူးညံ့သိမ်မွေ့သည်

ကြင်ရာတော်ကလှောင်ပြုံးပြုံးပြီးငေါ့တဲ့အကြည့်နဲ့ဆင်ခြင်မျှော်တွေးတတ်တဲ့ကြင်ရာတော်ကိုကြည့်လိုက်သည်

ဆင်ခြင်မျှော်တွေးတတ်တဲ့ကြင်ရာတော်ကပြောစကားကိုအားလုံးကြားပြီးစားနေတာကိုရပ်ပြီးတော့ဧက္ကရာဇ်ရဲ့စားပွဲကိုလှမ်းကြည့်ကြသည်

လုထင်ချန်းဆက်သထားတဲ့ကောက်ညှင်းထုပ်ကိုလုယန်စားသုံးနေတာဖြစ်သည်

သူကချိုတဲ့အရာတွေစားသောက်ရတာမကြိုက်ပေမယ့်လုလျန့်ဝေပြုလုပ်ထားတယ်ပြောတော့ပါးစပ်ပြည့်ရုံမြည်းကြည့်ချင်သည်

ဆင်ခြင်မျှော်တွေးတတ်တဲ့ကြင်ရာတော်မေးတာကိုကြားပြီးတော့ခန်းမထဲကလူတိုင်းကလည်းသူ့ကိုကြည့်နေသည်သူစားနေတာကိုရပ်ပြီးတူကိုအောက်သို့ချလိုက်သည်

သူကခန်းမထဲကိုအနည်းငယ်လိုက်ကြည့်လိုက်ပြီးတော့တစ်ယောက်ထဲဘဲဆက်လက်စားနေတာကိုသတိထားမိလိုက်သည်

ကောက်ညှင်းထုပ်ကသူမကိုယ်တိုင်ပြုလုပ်ထားတာကြောင့်သူများတွေရဲ့မေးခွန်းကသူမကိုအာရုံမပျက်နိုင်ပါ

သူအကြည့်လွှဲပြီးတော့စပ်စုနေတဲ့အကြည့်တွေအောက်မှာသူပါးပါးနပ်နပ်ပြန်ဖြေလိုက်သည်

ဆင်ခြင်မျှော်တွေးတတ်တဲ့ကြင်ရာတော်ကသူ့ရဲ့ပြောစကားကိုကြားပြီးစိတ်ထဲမှာဗလာကျင်းဖြစ်သွားသည်

တခြားသူတွေလည်းအနည်းငယ်နောက်ဆုတ်သွားသည်

သူ့ပန်းကန်ထဲကအစားအစာကထမင်းလုံးလေးလိုဘဲဒါပေမယ့်အထဲမှာတစ်ခုခုအစာသွပ်ထားပြီးတော့အပြင်ကလည်းပတ်ထားတဲ့ထူးခြားတဲ့အစားအသောက်မျိုးကိုမမြင်ဖူးဘူးဖြစ်သည်

လုလျန့်ဝေကခေါင်းလေးငုံလျက်စားသာက်နေသည်လုယန်ပြောတာကိုကြားပြီးသူမနှလုံးသားအောက်သို့ပြုတ်ကျသွားသလိုခံစားလိုက်ရသည်သူမထင်ထားတဲ့အတိုင်းခဏနေတော့မင်းကြီးရဲ့ဩဇာအာဏာပြည့်တဲ့အသံပေါ်ထွက်လာသည်

“ဒုတိယမင်းသမီးလု ဒီအစားအသောက်ကိုအားလုံးကိုရှင်းပြမယ်မလား”

လုလျန့်ဝေမျက်မှောင်ကြုံ့သွားသည်သူမကဘာတွေဖြစ်ပျက်နေတာကိုလျစ်လျှူရှုလို့မရတော့ဘဲသူမရဲ့တူကိုချလိုက်ပြီးခေါင်းကိုမော့လိုက်သည်

သူမတွေ့ထားသလိုသူတို့ရဲ့သိချင်တဲ့မျက်လုံးတွေကသူမအပေါ်ကျရောက်လာသည်

လုလျန့်ဝေနည်းနည်းစိတ်ပျက်သွားသည်လုယန်ကအဲ့တာကိုဘယ်လိုမသိတာလဲ

သူမရဲ့အစ်ကိုကမရှင်းပြဘဲမနေဘူးလို့တာ့ယုံသည်လုယန်သူတမင်သက်သက်ရည်ရွယ်ချက်ရှိရှိလုပ်တာသေချာသည်

ဧက္ကရာဇ်မေးခွန်းမေးတာကိုကြားပြီးတော့ရွေးချယ်စရာမရှိဘဲမတ်တပ်ရပ်လိုက်သည်

လုယန်ကသူမကိုကြည့်လိုက်သည် သူ့ရဲ့မျက်နှာမှာစိတ်အေးနေပေမယ့်ရင်ဘတ်ထဲမှာသူ့ကိုကျိန်ဆဲနေမှာသေချာသည်

ထူးထူးဆန်းဆန်းသူကသူ့စိတ်ထဲမှာဘာတွေတွေးနေလဲဆိုတာခန့်မှန်းလာနိုင်သည်

သူ့ရဲ့မျက်လုံးနက်ထဲမှာအပြုံးလေးခဏဖြတ်သန်းသွားသည်သူကကောက်ညှင်းထုပ်ကိုကောက်ကိုင်ပြီးတော့ကောင်းစွာဖွင့်လိုက်သည်

“ဒုတိယမင်းသမီးလုကိုယ်တိုင်လုပ်ထားတာမလားမေ့များမေ့နေတာလား”

လုလျန့်ဝေသူကိုင်ထားတဲ့ကောက်ညှင်းထုပ်ကိုကြည့်နေသည်သူကကိုင်ထားခံထားရတဲ့ကောက်ညှင်းထုပ်လေးကိုသနားမိနေသည်လူကြားထဲမှာကိုင်ထားပေမယ့်သူနဲ့တကယ်လိုက်သည်

လုယန်မျက်နှာလည်းကျသွားပြီးတော့သူ့ရဲ့မျက်လုံးတွေကိုရုတ်တရက်ကျဉ်းလိုက်ပြီးတော့လုလျန့်ဝေကိုကြည့်လိုက်သည်

လုထင်ချန်းကသူ့ဘာသာသူဝိုင်ကိုငှဲ့နေပြီးတော့မထင်ထားတဲ့မီးကသူ့စီလာဟပ်သည်ဧက္ကရာဇ်ကသူ့ရဲ့နာမည်ကိုရုတ်တရက်ခေါ်လိုက်လို့သူကြောက်လန့်သွားသည်ပြီးတော့သူ့လက်ထဲမှာကိုင်ထားတဲ့ဝိုင်ခွက်လည်းတုန်နေပြီးတော့ခွက်ထဲကနေဝိုင်းအနည်းငယ်ဖိတ်ကျကုန်သည်

Chapter 200

April 8, 2024 by Nay Chi Lynn

အပိုင်း (၂၀၀) - ညင်သာပေါ့ပါးသော လေထု။

သူ စားပွဲပေါ် မှောက်သွားသော သေရည်များကို ကြည့်လိုက်ပြီး နှမြောစွာဖြင့် သက်ပြင်းချမိ၏။ ထို့နောက် ရှေ့သို့တက်လာကာ ဒူးတစ်ဖက်ထောက်လိုက်သည်။

“ကျွန်တော်မျိုး တုံးအလှတာမို့ ဘာအပြစ်ကျူးလွန်မိကြောင်း မသိပါ အရှင်မင်းကြီ။”

လုံယန်က ခပ်ဖျော့ဖျော့အပြုံးဖြင့် ထိုမောင်နှမကို ကြည့်လိုက်သည်။ နောက်ဆုံးမှာ သူ့အကြည့်များက လုထင်ချန်းအပေါ် ကျရောက်သွား၏။

“ငါကိုယ်တော် မှတ်မိတာမမှားရင် ကိုယ်တော့်ကို မင်း ဒီဟင်းပွဲ ဆက်သတုန်းက မင်းညီမဖြစ်သူကိုယ်တိုင် လုပ်ထားတာပါလို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုတော့ မင်းညီမက ဆိုင်တစ်ဆိုင်က ဝယ်လာတာပါလို့ ပြောနေတယ်လေ၊ မင်းပြောကြည့် မင်းဘာအပြစ်ကျူးလွန်ထားသလဲဆိုတာ။”

လုထင်ချန်း : “....”

သူ လုံယန်ကို ကြည့်ပြီးနောက် လုလျန့်ဝေကို လှည့်ကြည့်လိုက်၏။ ရုတ်တရက် သူ ခေါင်းကိုက်လာရသည်။

ဝေဝေက သူမကိုယ်တိုင် လုပ်ထားသည်ကို ဝန်မခံလိုမှန်းသာ သူသိခဲ့လျှင် အရှင်မင်းကြီးအား သူ ထိုသို့ပြောခဲ့မည်မဟုတ်ပါ။

ယခုတော့ သူ ဘယ်လိုပဲဖြေဖြေ မှားနေပုံပေါ်လေသည်။

ထိုကောက်ညှင်းထုပ်များကို ဝေဝေ လုပ်ခဲ့ခြင်းမဟုတ်ဟု ဖြေလိုက်ပါက သူ ယခင်က ဧကရာဇ်ကို ပြောခဲ့သည်မှာ အလိမ်အညာဖြစ်သွားသည့်အဓိပ္ပာယ် ရောက်ကာ ရေမြေ့သခင်ကို လိမ်ညာလှည့်စားသည့်အပြစ် ကျူးလွန်မိမည်ဖြစ်သည်။ ဝေဝေ လုပ်ခဲ့သည်ဟု ပြောလိုက်ပါက သူမက ထိုကောက်ညှင်းထုပ်များကို လမ်းဘေးဆိုင်မှ ဝယ်ခဲ့သည်ဟု ပြောခဲ့သဖြင့် ဧကရာဇ်ကို လိမ်ညာသည့်အပြစ်မှာ ဝေဝေ့အပေါ် ရောက်သွားမည်ဖြစ်၏။

ဧကရာဇ်အား လိမ်လည်လှည့်ဖြားခြင်းအပြစ်က ပေါ့ပေါ့လေးမဟုတ်ပေ။

လုလျန့်ဝေ မျက်မှောင်ကြုံ့လိုက်ပြီး စိတ်ရှုပ်သွားရသည်။

ဒီည လုံယန်က အဘယ်ကြောင့် ဤသို့ပြုမူနေမှန်း သူမ နားမလည်ပေ။ သူက သူမနဲ့ သူမအစ်ကိုတို့အပေါ် တမင်တကာဒေါသပုံချချင်နေခြင်းပေလော။

သူမ စိတ်မပါသော်လည်း သူမ ဝတ်ရုံကို ခပ်ဖွဖွမ,၍ စားပွဲနောက်မှ လျှောက်လာသည်။ သူမ လုထင်ချန်းနံဘေးတွင် ဒူးထောက်လျက် အနည်းငယ်သုန်မှုန်စွာဖြင့် ရှင်းပြလေသည်။

“ကောက်ညှင်းထုပ်တွေကို ကျွန်တော်မျိုးမ လုပ်ထားတာ အမှန်ပါ၊ ခုနတုန်းက ကျွန်မ လေထုအခြေအနေလေးကို ပေါ့ပေါ့ပါးပါး ဖြစ်စေချင်တာမို့ ဟာသလေးပြောလိုက်တာပါရှင်၊ အရှင်မင်းကြီး အပြစ်မယူဖို့ တောင်းဆိုပါတယ်။”

လုံယန် သူမ ရုတ်တရက်ဒူးထောက်လိုက်သည်ကို မြင်သောအခါ မျက်မှောင်ကြုံ့လိုက်သည်။ သူမက ဒူးထောက်ရခြင်းကို မုန်းပါ၏၊ သို့သော် ယခုမူ....။

သူ့မျက်နှာထား အနည်းငယ်ပြေလျော့သွားပြီး နှုတ်ခမ်းများ စေ့လိုက်သည်။ သူ့အသံက မဆိုစလောက် အက်ရှနေ၏။

လုလျန့်ဝေ ခေါင်းမော့၍ သူ့ကို တစ်ချက်အကဲခတ်လိုက်ပြီး သူ အနည်းငယ် မပျော်မရွှင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ ခုနက သူ့ကိုပြန်ဖြေခဲ့သည့်အဖြေကို နောင်တရမိပြီး အစတည်းက ဝန်ခံလိုက်သင့်သည်ဟု ခံစားနေရသည်။ သူမအစ်ကိုကို ဆွဲထည့်မိရုံသာမက ခွင့်လွှတ်မှုရရန်အတွက်ပါ သူမ ဒူးထောက်လိုက်ရသေး၏။

ယခု ဧကရာဇ်က သူမအား ထရန်အမိန့်ပေးနေသောအခါ သူမ အနည်းငယ် တွန့်ဆုတ်နေမိသည်။ရေမြေ့သခင်၏ အတွေးများက အမှန်ပင် တိုင်းတာရန် ခက်ခဲလှပါသည်။ ကျောက်ချန်မှာ သခင်ဖြစ်သူ၏မျက်နှာက တစ်မုဟုတ်ချင်း မပျော်မရွှင်ဖြစ်သွားသည်ကို မြင်သောအခါ သူ စိတ်လှုပ်ရှား စိုးရိမ်သွားသည်။ သူ မနေနိုင်တော့ဘဲ လုံယန်နောက်မှ လျှောက်လာလေသည်။

“အိုင်းယိုး ဒုတိယသခင်မလေးလုရယ်၊ ဘယ်လိုလုပ်ဒူးထောက်လိုက်ရတာတုန်း၊ ‌ကြမ်းပြင်က အေးကအေးနဲ့၊ မြန်မြန်ထပါ၊ သခင်ကလည်း သခင်မလေးတို့ကို စနောက်နေရုံပါဗျာ။”

နေရာ၌ ရှိနေကြသူများမှာ ဝမ်းသာအားရဖြင့် ပွဲဖြစ်ရန် မျှော်လင့်နေကြသည်။

လုမောင်နှမက ဧကရာဇ်အမျက်တော်ရှအောင် လုပ်မိသည်ကို မြင်သောအခါ သူတို့ ဝမ်းမြောက်သွားကြသည်။

သို့သော် ကျောက်ချန်က ရုတ်တရက်ဘး ထိုမောင်နှမအတွက် ပြောပေးလာသောအခါ အားလုံးမှာ ၎င်းကို ထင်မှတ်မထားသည့်အတွက် အံ့အားသင့်ကုန်ကြ၏။

အိမ်တော်ထိန်းကျောက်က လုလျန့်ဝေကို သိပ်ဂရုစိုက်လွန်းနေသည်မဟုတိပါလား။

လက်အောက်ငယ်သားတစ်ယောက်က ဧကရာဇ်ရှေ့ဒူးထောက်ရသည်မှာ အခြေခံအကျဆုံးအပြုအမူဖြစ်သည်။ လုလျန့်ဝေ ဒူးထောက်နေခြင်းကို အိမ်တော်ထိန်းကျောက်က အဘယ်ကြောင့် သည်လောက်စိုးရိမ်နေရသနည်း။

အိမ်တော်ထိန်းကျောက်သည် ဧကရာဇ်၏လူယုံ ဖြစ်သည်။ သူ့လုပ်ရပ်များက ယေဘုယျအားဖြင့် ဧကရာဇ်၏ အတွေးဆန္ဒများကို ကိုယ်စားပြု၏။လက်ရှိ သူ့၏ လုလျန့်ဝေအပေါ် အပြုအမူသည်ကား...။

အားလုံးမှာ ထိုကိစ္စကို မစဉ်းစားမိဘဲ မနေနိုင်ကြပေ။ သူ့တို့၏ လုလျန့်ဝေအပေါ်အကြည့်များ ပြောင်းလဲသွားကြသည်။ သူမ ဒုက္ခရောက်နေခြင်းကို ဝမ်းသာနေရမည့်အစား သူမကို နက်နက်ရှိုင်းရှိုင်း စိစစ်ပိုင်းခြားနေကြ၏။

မြို့စားမင်းမယ်တော်နှင့် လုဟယ့်ထျန်းတို့မှာ အကြည့်ချင်းဆုံသွားကြပြီး မျက်နှာအမူအရာများ လေးနက်လာကြသည်။ဧကရာဇ်က ဘယ်လိုဖြစ်တာလဲ။အိမ်တော်ထိန်းကျောက်က သိပ်စိုးရိမ်နေသည်ကို မြင်ရ၍ လိုသည်ထက်ပိုပြီး နက်နက်နဲနဲမစဉ်း‌စားမိဘဲနေဖို့ ခက်သည်။

လက်ရှိ အားလုံးစိတ်ထဲ တွေးနေသည်များကို သူတို့နှစ်ယောက်လည်း သေချာပေါက် တွေးမိပါသည်။ ဝေဝေ့အပေါ် ဧကရာဇ်၏အတွေးနှင့်ခံစားချက်များသည်...။မြို့စားမင်းမယ်တော်နှင့် လုဟယ့်ထျန်းတို့မှာ မျက်မှောင်ကြုံ့မိကြသည်။လုံချီ၏ လုလျန့်ဝေအပေါ်အမြင်သည်ပင် စတင်ပြောင်းလဲလာသည်။သူ့ဦးရီးတော်က လုလျန့်ဝေအား ဆက်ဆံနေပုံတွင် တစ်ခုခုကတော့ မတူညီမှန်း သူ အထင်အရှားခံစားမိသည်။

လုယွင်ရွှမ်း၏မျက်နှာမှာ အတော်လေး မပျော်မရွှင်ဖြစ်နေ၏။ ဧကရာဇ်၏ လုလျန့်‌ဝေအပေါ် အပြုအမူမှာ မသိမသာအရိပ်အမြွက်တစ်ခု ပါနေကြောင်း မျက်လုံးမကန်းသောလူတိုင်း မြင်နိုင်ပေသည်။

လုလျန့်ဝေ ဘယ်လိုလျှို့ဝှက်နည်းလမ်းတွေများ သုံးလိုက်ပါလိမ့်။

All Chapters