← Chapters

ဒီကောင်ကွာ

Vol. 14 Ch. 183

ဒီကောင်ကွာ

Vol. 14 Ch. 183

မြို့စောင့်နတ်ကွန်းရဲ့ တာဝန်ရှိသူက သဘာဝအားဖြင့် မြို့စောင့်နတ်ပင် ဖြစ်သည်။ မြို့စောင့်နတ်က ဘာတွေကို ဂရုစိုက်ရသလဲ?။

မြို့စောင့်နတ်သည် ဒေသတွင်း ရေကြီးမှု၊ မိုးခေါင်မှုနှင့် ကပ်ရောဂါများကို ထိန်းချုပ်ရုံသာမက ဒေသဆိုင်ရာ ငရဲလောကနှင့် ပတ်သတ်သည့် တာဝန်များကိုပါ ထမ်းဆောင်ရသည်။

နတ်ဘုရားများသည် မထင်မရှား အရာများဖြစ်သည်။ ဘီလီယံ နှင့်ချီသော လူသားများထဲတွင် နတ်ဘုရား၏မျက်နှာကို မြင်ဖူးတဲ့သူ မရှိသလောက် ရှားပါးသည်ဟု ဆိုနိုင်သည်။

အထူးသဖြင့် ယနေ့ခတ်တွင် နာမည်ကြီး စစ်သူကြီးများ၊ သူရဲကောင်းများ၏ မြို့တော်နတ်ဘုရားကျောင်းများမှလွဲ၍ အများစုသော မြိုတော်နတ်ဘုရားကျောင်းများသည် နာမည်နဲ့တောင် မလိုက်ဖတ်သကဲ့သို့ ဖြစ်နေခဲ့သည်။

မြို့တော်နတ်ဘုရားကျောင်းများပင် ဤသို့ဖြစ်နေပါက အောက်ခြေရှိ မြေစောင့်နတ်များကဲ့သို့သော နတ်များအတွက်ဆိုလျှင် ကိုးကွယ်သူ လုံးဝမရှိသလောက်ပင် ဖြစ်နေခဲ့သည်။

မရဏ ဖယောင်းတိုင် ရဲ့ အသုံးဝင်မှုတွေကား ဘာတွေလည်း?

၎င်းသည် သေဆုံးသူများအား ပြန်လည်မွေးဖွားရန် အစိမ်းရောင် အလင်းရောင်ကို ပေးစွမ်းသည်။

သို့သော် ထိုဖယောင်းတိုင်ကို ပေးတဲ့သူ၊ ဆိုလိုသည်မှာ ကျန်းရီသည် မမြင်နိုင် မထိမိနိုင်သော ကုသိုလ်ကောင်းကျိုးများကို ရရှိမည်ဖြစ်သည်။

ဒါဆို ရှေးယခင်က ကိုးကွယ်ခဲ့ကြတဲ့ နတ်ဘုရားတွေက သူတို့ ဆက်လက်ရှင်သန်ရန် ဘာကို အားထားကြသနည်း။

ဒါတွေက ကုသိုလ်ကောင်းမှု၊ ယုံကြည်မှုနှင့် နတ်ကွန်းမီးတိုင် ( အမွှေးတိုင် ) တို့အပေါ် မှီခိုနေရသည်။

တစ်ချိန်က အမွှေးနံ့သာတိုင်များ ကုန်ခန်းသွားပါက ယုံကြည်မှုနှင့် ကုသိုလ်များလည်း မရှိတော့ဘဲ ထိုနတ်ဘုရားသည်လည်းပဲ နာမည်နှင့်မလိုက်ဖက်တော့ပေ။

ကျန်းရီသည် အစ်ကိုလီ၏ ပြောပြချက်များကို နားထောင်ပြီးနောက်၊ အထူးသဖြင့် သူပြောသော "အဖြူအမည်း ဝူချန် နှင့် အခြားမကောင်းသော ဝိဉာဉ်များသည် သူ၏ဝိဉာဉ်ကို သွေးဆောင်နိုင်သလား" ဆိုသည့်အချက်ကို ကြားသောအခါ မြို့စောင့်နတ် ၏ အဆင့်ဆယ်ပါးသော ဘုန်းတန်ခိုးအကြောင်းကို ရုတ်တရက် သတိရလိုက်သည်။

ရိုးရိုးရှင်းရှင်းပြောရလျှင် မြို့စောင့်နတ်ဘုရားသည် တစ်မြို့လုံး၏ ခေါင်းဆောင်နှင့် တူသည်။

သို့သော် မြို့များကိုလည်း အရွယ်အစားအလိုက် မြို့တော် ၊ ခရိုင်၊ ကျေးရွာစသည်ဖြင့် ခွဲခြားထားသည်။

အထူးသဖြင့် နောက်ပိုင်းတွင် နတ်ကွန်းအများစုသည် ကိုးကွယ်သူများ၊ ဘုရားဖူးများနှင့် ယုံကြည်သူများ ဆုံးရှုံးသွားကြသည်။

အမည်ခံသာ ရှိနေသော်လည်း လူအများကြားတွင် ဤမြို့စောင့်နတ်ကျောင်းသည် မည်မျှကြီးမားသော နတ်ဘုရားဖြစ်သည်ဆိုသည့် အချက်နှင့်ပတ်သက်၍ မကြာခဏ ဆိုသလို ပြောဆိုမှုများလည်း မရှိပေ။

အစ်ကိုလီက ၁၀မိုင် အကွာက မြို့စောင့်နတ်ကျောင်းတစ်ခု ရှိသည်ဟု ပြောခဲ့သည်။ ကျန်းရီအနေဖြင့်လည်း ထိုမြို့စောင့်နတ်ကျောင်းသည် ကိုးကွယ်သူများ မရှိဘဲ ပျက်စီးနေသော ကျောင်းတစ်ခုသာ ဖြစ်မည်ဟု သိလိုက်ရသည်။

အစ်ကိုလီက "ထိုမြို့စောင့်နတ်ကျောင်းကို နှစ်ပေါင်းများစွာ ကြာပြီးကတည်းက တည်ဆောက်ခဲ့ပြီး နှစ်တစ်ရာတောင် ရှိနေပြီဖြစ်တယ်။

အဲ့ဒီအချိန်က ရေကြီးမှုတွေ အမြဲဖြစ်နေခဲ့ပြီး လူတွေ အကြီးအကျယ် ဆုံးရှုံးခဲ့ကြတယ်။

နောက်ပိုင်းမှာ တစ်စုံတစ်ဦးက " မြို့နယ် ရာဇဝင်ချုပ် မှတ်တမ်း" တွင် ဖော်ပြထားထာက ကျွန်ုပ်တို့ဒေသမှာ မြို့စောင့်နတ်ဘုရား တစ်ပါးရှိတယ်တဲ့၊ ဒါကြောင့် လူတိုင်းက ငွေအနည်းငယ်စီ လှူဒါန်းပြီး မြို့စောင့်နတ်ကျောင်း တည်ဆောက်ကြဖို့ အဆိုပြုခဲ့တယ်။ ဒီအကြံပြုချက်ကို လူတိုင်းကလည်း လိုက်နာခဲ့ကြတယ်။

"ကျွန်တော်လည်း ဒီအကြောင်းတွေကို ဘိုးဘွားတွေဆီကနေ ကြားဖူးတယ်။

အဲ့ဒီအချိန်က ကျွန်တော်တို့ရဲ့ ဘိုးဘွားတွေက အကြံပြုချက်ကို ကြားတာနဲ့ သဘောတူခဲ့ကြသည်။

ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်က ဆင်းရဲခဲ့တော့ လူကြီးတွေကလည်း ငွေအများကြီး မလှူဒါန်းခဲ့သည့်အတွက် ကျောင်းက သိပ်မကြီးခဲ့ဘူး၊ ဒါပေမယ့် ကျောင်းက အဆောက်အဦး သုံးခု ပါရှိခဲ့တယ်။

ပြီးတော့ မြို့စောင့်နတ်ကျောင်း တည်ဆောက်ပြီး ဒုတိယနှစ်မှာ ရေကြီးမှုဘေးက အမှန်တကယ် ပျောက်ကွယ်သွားခဲ့တယ်

အဲ့ဒီအချိန်က ကျောင်းမှာ အမွှေးတိုင်တွေ အများအပြားထွန်းပြီး ကိုးကွယ်ခဲ့သူတွေ ရှိခဲ့သော်လည်း အခုတော့ တဖြည်းဖြည်း ကိုးကွယ်သူ မရှိသလောက် ဖြစ်လာခဲ့တယ်။

နောက်ဆုံးမှာ လူတိုင်းက ဝမ်းရေးအတွက် ငွေရှာဖို့ အတွက်ပဲ လုံးပင်းနေကြတာပဲလေ။

နတ်ဘုရားတွေကို ကိုးကွယ်တာနဲ့ နတ်ဘုရားရုပ်ပွားတော်တွေကို ပူဇော်ခြင်းက စိတ်ပိုင်းဆိုင်ရာ သက်သာမှုတစ်ခုသာ ဖြစ်ခဲ့တယ်။

ယခုအချိန်မှာ ကျောင်းက ပြိုလဲပျက်စီးနေပြီး နတ်ဘုရားကို ကိုးကွယ်ဖို့ ဘယ်သူမှ မသွားကြတော့ဘူး"

အစ်ကိုလီ ပြောပြီးနောက် ကျန်းရီက "အစ်ကိုလီ တတိယဦးလေးအကြောင်းကို ခဏထားလိုက်ပါ။ ကျွန်တော် ရှင်းရှင်းလင်းလင်း သိချင်တာတစ်ခုရှိတယ်။ မင်းက အနီရောင် ခေါင်းဆောင်းကို မီးရှို့ပြီးတဲ့နောက် မင်းသားလေး ဘာလို့ အနီရောင် ခေါင်းဆောင်းနဲ့ တစ်ညလုံး ဖြစ်နေတာလဲ" ဟု မေးလိုက်သည်။

"ဟုတ်တယ်၊ တတိယဦးလေးကို သွားရောက်ဂါရဝပြုပြီး နှစ်ရက်အကြာမှာ မနက်စောစော အိမ်တံခါးကို ဖွင့်လိုက်တယ်။

တံခါးအပြင်ဘက်မှာ ငွေစက္ကူ မရှိတော့ဘူး၊ ဒါပေမယ့် အနီရောင် ခေါင်းဆောင်းတစ်ခု ပေါ်လာခဲ့တယ်။

အဲ့ အနီရောင် ခေါင်းဆောင်းကို မြင်တဲ့အခါ ကျွန်တော့်စိတ်ထဲမှာ တုန်လှုပ်သွားခဲ့တယ်။

ကျွန်တော်က အနီရောင် ခေါင်းဆောင်းကို ကောက်ယူပြီး ချက်ချင်းမီးရှို့လိုက်တယ်၊ ဒါပေမယ့် အခန်းထဲက ကျွန်တော့်သားရဲ့ အော်ဟစ်သံကို ကြားလိုက်ရတယ်။

"ကျွန်တော် သူ့အခန်းထဲကို ဝင်သွားလိုက်တော့ သူ့အိပ်ရာဘေးမှာ အနီရောင် ခေါင်းဆောင်းတစ်ခု ရှိနေတယ်။

သူကကျွန်တော့်ကိုမြင်တာနဲ့ ငိုပြီးပြောတာက 'သူအိပ်ရာနိုးလာတဲ့အချိန်မှာ ဒီအနီရောင် ခေါင်းဆောင်းက သူ့မျက်နှာကို အုပ်ထားတယ်' တဲ့။ ဒါက ဒီမနက်က ဖြစ်ရပ်ပါ။ ကျွန်တော်က ကျွန်တော့်သားကို အခန်းထဲကနေ ထွက်ခိုင်းလိုက်ပြီး ညနေပိုင်းမှာ အဖြေရှာဖို့ ကြိုးစားနေတုန်းမှာ မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ကြည့်မိခဲ့လိုက်တယ်။"

"ဒါဆို အစ်ကိုရဲ့သားက အစ်ကိုနဲ့အတူ ရှိနေတယ်မလား?"

"ရှိတယ်ဗျ၊ သူက ကျွန်တော့်ကို ဒီဖုန်းခေါ်ဆိုခိုင်းခဲ့တာ

ကျွန်တော်က တောသားပါ၊ အင်တာနက်တွေ ဘာတွေအကြောင်းကို ဘာမှမသိဘူး။

မင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ကြည့်ပြီးနောက် အင်တာနက်ပေါ်မှာ မင်းအကြောင်း ရှာဖွေကြည့်လိုက်တယ်။

ပြီးတော့ သူက 'မင်းက တကယ့်ကို အရမ်းတော်တဲ့စတွင်မာ၊ ဒီလိုကိစ္စတွေကို တကယ်ဖြေရှင်းနိုင်တဲ့သူတဲ့' လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော် မင်းကို ဖုန်းခေါ်လိုက်တာပါ။"

"အိုကေ၊ ဒါဆို နောက်ထပ်မေးခွန်းတစ်ခု ရှိသေးတယ်။ ကျွန်တော်မင်းကို ဗီဒီယိုခေါ်ဆိုတာကို ပို့လိုက်တဲ့အခါ မင်းက ဘာလို့ ဖြေရမယ့်အစား ဖြတ်တောက်လိုက်တာလဲ?"

"ကျွန်တော် မဖြတ်ဘူးဗျ၊ ကျွန်တော် မမြင်ခဲ့ဘူး။ ဖုန်းက ရုတ်တရက် အလုပ်မလုပ်တော့ဘူး၊ မင်းဆီကလည်း အသံထွက်မလာဘူး၊ ကျွန်တော် အကြိမ်ကြိမ်ခေါ်ခဲ့ပေမယ့် မင်းက မတုန့်ပြန်ခဲ့ဘူး။"

ကျန်းရီက စဉ်းစားကြည့်ပြီး ပြုံးကာ " ဒါကအသေးအမွှားလေးပါ၊ ကျွန်တော် အခု ဗီဒီယိုခေါ်ဆိုတာ ပို့တော့မယ်၊ လက်ခံဖို့ မမေ့နဲ့နော်။ အစ်ကို့ရဲ့ သားနဲ့ တွေ့ဆုံပြီး မေးခွန်းတချို့ မေးချင်တယ်" ဟု ပြောလိုက်သည်။

"ပြဿနာ မရှိပါဘူး။"

ကျန်းရီက ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်ပြီး မကြာမီ အစ်ကိုလီနှင့် သူ၏သားကို ဗီဒီယို၏ အခြားဘက်ခြမ်းတွင် တွေ့မြင်လိုက်ရသည်။

သူတို့၏မျက်လုံးများ မည်းနက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ၎င်းသည် ယန်စွမ်းအင် ပြင်းထန်စွာ ယိုယွင်းနေသော လက္ခဏာဖြစ်ပြီး သေဆုံးသူတို့၏ ဝိဉာဉ်နှင့် ပတ်သက်နေသည့် ပုံပေါ်နေသည်။

အစ်ကိုလီ၏သားက ကျန်းရီကို တွေ့မြင်သောအခါ "ဟဲလို၊ စတွင်မာ" ဟု သူ့ဘာသာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ၊ အခု ကျွန်တော် မေးခွန်းတချို့ မေးမယ်။ မှတ်ထားပါ၊ ငါ့ကို ဒီကိစ္စကို ဖြေရှင်းဖို့ ကူညီပေးစေလိုရင် မင်းက အမှန်အတိုင်း ပြောဖို့ လိုတယ်၊ ရှင်းလား?"

ကျန်းရီက ပြောလိုက်တော့ အစ်ကိုလီ၏သားက ခေါင်းညိတ်လိုက်သည်။

" ၁၀မိုင် အကွာမှာ မြို့စောင့်နတ်ကျောင်းရှိတယ်ဆိုတာ မင်းသိလား?" ကျန်းရီက ဦးစွာ မေးလိုက်သည်။

အစ်ကိုလီ၏သားက ခေါင်းညိတ်ကာ "သိပါတယ်၊ ငယ်ငယ်တုန်းက အဲဒီကို သွားဖူးတယ်" ဟု ဖြေလိုက်တယ်။

"ဒီဖြစ်ရပ် မတိုင်ခင်က အဲဒီမြို့စောင့်နတ်ကျောင်းကို သွားဖူးလား? အကယ်၍ သွားဖူးခဲ့ရင် အဲဒီမှာ ဘာတွေ လုပ်ခဲ့လဲ?"

ကျန်းရီ၏ မျက်နှာအမူအရာက ပိုမို လေးနက်လာခဲ့သည်။ အစ်ကိုလီ၏သားက ခဏတစ်ဖြုတ် တုံ့ဆိုင်းသွားပြီး "မသွားဖူးဘူး၊ မြို့စောင့်နတ်ကျောင်းကို မသွားခဲ့ဖူးဘူး" ဟု ဖြေလိုက်သည်။

"ဒါဆို မင်းမှာ ချစ်သူရှိလား?"

ကျန်းရီက လူတိုင်းကို အံ့အားသင့်စေသော မေးခွန်းတစ်ခုကို မေးလိုက်သည်။ အစ်ကိုလီ၏ သားက ခေါင်းကို အောက်စိုက်ကာ "ဟုတ် ချစ်သူရှိပါတယ်။ သူမက ကျွန်တော့်တို့ ခရိုင်က အထက်တန်းကျောင်းမှာ ကျွန်တော်နဲ့ အတူတူ တက်ခဲ့တာပါ" ဟု ဖြေလိုက်သည်။

"မင်းနဲ့ မင်းရဲ့ ချစ်သူတို့ မြို့စောင့်နတ်ကျောင်းကို အတူတူသွားဖူးတယ် မဟုတ်လား?" ကျန်းရီက ပြောလိုက်သည်။

အစ်ကိုလီ၏သားက ခေါင်းမော့လာပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်နေသည်ကို ထင်ရှားစွာ မြင်နိုင်သည်။ ကျန်းရီ၏ အသံက အနည်းငယ် ပိုမိုအေးစက်လာကာ "သွားဖူးလား? မသွားဖူးဘူးလား?" ဟု အော်မေးလိုက်သည်။

"ဟုတ်တယ်၊ ကျွန်တော်တို့ သွားဖူးတယ်၊ မြို့စောင့်နတ်ကျောင်းနားကို အတူတူသွားဖူးတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးတဲ့နောက်မှာ သူမက ငါ့ဆီ လာချင်တယ်လို့ ပြောတယ်။

ကျွန်တော်က သူမ နောက်နေတာပဲလို့ ထင်ခဲ့တာ၊ ဒါပေမယ့် သူမက တကယ်ပဲ ကားနဲ့လာခဲ့တယ်။

အဲဒီအချိန်တုန်းက ကျွန်တော့် အဖေ မြင်သွားမှာကို ကြောက်ခဲ့တယ်

ကျွန်တော်က တစ်ခါတလေ သူနဲ့ အနည်းငယ် အတိုက်အခံ ပြောဆိုမိတတ်ပေမယ့် တကယ်တော့ သူ့ကို အရမ်းကြောက်တယ်။

အကယ်လို့ သူက ကျွန်တော့်မှာ ချစ်သူရှိနေတယ်ဆိုတာ သိသွားရင် ကျွန်တော့်ကို အရေခွံခွာမှာ သေချာတယ်။"

အစ်ကိုလီ၏သား ပြောနေစဉ် ကျန်းရီ၏ မျက်နှာအမူအရာက ပျော့ပျောင်းသွားကာ "ဒီအချိန်ရောက်မှတော့ အမှန်အတိုင်း ပြောဖို့ လိုတယ်။ မဟုတ်ရင် မင်းက စိတ်ရင်းမမှန်ဘူးဆိုရင် ငါက ဘာလို့ မင်းကို ကယ်တင်ဖို့ ကူညီရမှာလဲ? ပြောစမ်း မြို့စောင့်နတ်ကျောင်းမှာ မင်းတို့ ဘာတွေလုပ်ခဲ့လဲ?" ဟု ပြောလိုက်သည်။

အစ်ကိုလီ၏သားက ပိုမို ရှက်ရွံ့သွားပြီး အနည်းငယ် ကြောက်ရွံ့နေသည့် ပုံရသည်။

"............"

"အမှန်အတိုင်း ပြောစမ်း!"

"အဲဒီနေရာက အရမ်းတောနက်ပြီး ဘယ်သူမှ မသွားကြဘူး။ ကျွန်တော်တို့နှစ်ယောက်က လက်ဆွဲနေရင်းနဲ့ စကားပြောနေတာပါ၊ ဒါပေမယ့် နောက်ပိုင်းမှာ... နောက်ပိုင်းမှာ... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လုပ်သင့်တာတွေ အကုန်လုံးလုပ်ခဲ့တယ်!" ( ဒီကောင်ကွာ:3)

ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး "မြို့စောင့်နတ်ကျောင်းနားမှာတောင် ဘာမဆို လုပ်ရဲတာပဲ၊ မင်းက တကယ်ကို သတ္တိတွေ ကောင်းနေတာပဲ" ဟု အေးစက်စွာ ပြောလိုက်သည်။

All Chapters