ကြိုးကို ထုံးခဲ့တဲ့ သူကပဲ ပြန်ဖြေရမယ်
Vol. 14 Ch. 184
အစ်ကိုလီသည် ကျန်းရီ ဆိုလိုတာကို သေသေချာချာ နားမလည်သော်လည်း တစ်ခုကိုတော့ နားလည်သွားခဲ့သည်။
သူ၏သားက သူ၏ချစ်သူနှင့် တစ်ခုခုလုပ်မိခဲ့ပြီး ၎င်းကို မြို့စောင့်နတ်ကျောင်းတွင် ပြုလုပ်မိခဲ့ခြင်းဖြစ်သည်။
အစ်ကိုလီ နားလည်သွားသည်နှင့် မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
"မိုက်ရိုင်းလိုက်တဲ့ကောင်! ဒါမျိုးကို ဘယ်လိုလုပ်နိုင်ရတာလဲ! မြို့စောင့်နတ်ကျောင်းက ဘယ်လောက်ပဲ ပျက်စီးယိုယွင်းနေပါစေ၊ အဲဒီမှာ ဒါမျိုးလုပ်စရာလား! မင်းခေါင်းရဲ့ သုံးပေအထက်မှာ နတ်ဘုရားတွေ ရှိတယ်ဆိုတာ မင်းမေ့နေတာလား! မင်းကိုယ်တိုင်က မကောင်းမှုကို လုပ်နေတာပဲ!"
အစ်ကိုလီက အပြည့်အဝနားလည်သွားပြီး သူ့သားကို ဆူခဲ့လိုက်တယ်၊ ပြီးနောက် ကျန်းရီထံ အကူအညီတောင်းခဲ့သည်-
"စတွင်မာရေ၊ ကလေးက အရွယ်မရောက်သေးလို့ ဒါတွေကို နားမလည်သေးဘူး။ ဘယ်လို ဖြေရှင်းလို့ရမလဲဆိုတာ ကြည့်ပေးပါအုံး။ သူမှားတာ မှန်ပေမယ့် ဒီလိုဆက်ဖြစ်နေရင် သူတင်မကဘူး၊ ကျွန်တော့် အမေကပါ ဒါကို လက်ခံနိုင်မှာ မဟုတ်ဘူး!"
အစ်ကိုလီက ကျန်းရီကို ဒူးထောက်တော့မလိုဖြစ်နေသည်။ ကျန်းရီက အစ်ကိုလီ၏သားကို မေးလိုက်သည်-
"မင်း ဘာမှားလဲဆိုတာ သိပြီလား? "
"မြို့စောင့်နတ်က နတ်ဘုရားမဟုတ်ဘူးလား? ငါ့ကို နှောင့်ယှက်နေတဲ့သူက အမျိုးသမီးတစ်ယောက်၊ သူက သရဲတစ်ကောင်ပဲ!"
အစ်ကိုလီ၏သား ပြောလိုက်သည့်အခါ ကျန်းရီက ပြက်ရယ်ပြုလိုက်သည်-
"ငါ ဖြစ်ရပ်တွေ အများကြီး ဖြေရှင်းဖူးတယ်၊ ဒါမျိုးကတော့ ပထမဆုံးပဲ။ အင်း... မဟုတ်သေးဘူး၊ မင်းက ဒုတိယပဲ။
အချိန်မဆွဲနဲ့၊ အစ်ကိုလီ မင်းတို့ မြို့စောင့်နတ်ကို အမြင့်ဆုံးစံနှုန်းနဲ့ ပူဇော်ပသရမယ်။
သူ ခွင့်မလွှတ်ရင်တော့ သူ့ပြဿနာပဲ။"
အစ်ကိုလီ၏မျက်နှာက ဖြူရော်သွားပြီး ပြောလိုက်သည်-
"စတွင်မာရေ၊ ဒီကမ္ဘာမှာ နတ်ဘုရားတွေ တကယ်ရှိတာလား?"
"ယုံရင် ရှိတယ်၊ မယုံရင် မရှိဘူး။ ဒါပေမယ့် ဒါက မင်းငါ့ကို လာမစရင် ငါကလည်း မင်းကို ဘာမှလုပ်မှာ မဟုတ်ဘူးဆိုတဲ့ အချက်ပေါ်မူတည်တယ်။ မင်းသားလို နတ်ကျောင်းထဲမှာ ဒါမျိုးလုပ်ရဲတဲ့ သတ္တိကတော့ အံ့သြစရာပဲ။"
"ကျွန်တော် အခုပဲ ပြင်လိုက်ပါ့မယ်၊ ပြီးတာနဲ့ မြို့စောင့်နတ်ကျောင်းကို တည့်တည့်သွားမယ်!" အစ်ကိုလီက နောက်ထပ်စကားများမနေတော့ဘဲ အမြန်ဆုံးဖြေရှင်းဖို့ ပြင်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေကလည်း အံ့အားသင့်နေကြပြီး မေးလာကြသည်
"စတွင်မာ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့စောင့်နတ်က စိတ်ဆိုးနေတာလား?"
"အဲ့လိုပဲ ဖြစ်မှာပေါ့၊ သူတို့ မြို့စောင့်နတ်ကျောင်းကို သွားတာနဲ့ ဒါကို သိသွားမှာပဲလေ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အစ်ကိုလီသားလုပ်သလို ဘယ်သူမှ မလုပ်သင့်ဘူးလေ။ သာမန်နေရာတွေမှာတောင် မလုပ်သင့်တာကို၊ လူတွေ ကိုးကွယ်ဖို့ လုပ်တဲ့နေရာမှာ ဒါမျိုးလုပ်ရင် ပိုဆိုးတာပေါ့။"
ကျန်းရီ၏စကားကို လူအားလုံးက သဘောတူခဲ့ကြပြီး အစ်ကိုလီ၏သားနှင့် သူ၏ချစ်သူတို့၏ အလွန်အကျွံ ပြုမူမှုကို ဝမ်းနည်းစွာ မှတ်ချက်ပြုခဲ့ကြသည်။
သို့သော် ထိုအချိန်တွင် တစ်စုံတစ်ဦးက မေးလာသည်
"စတွင်မာ မြို့စောင့်နတ်က လူတွေကိုးကွယ်တဲ့နတ်ဆိုရင်၊ သူက စတွင်မာကို မျက်နှာသာ မပေးရင် ဘယ်လိုလုပ်မလဲ?"
"ငါက သူ့ကို မျက်နှာလိုက်ခိုင်းတာမဟုတ်ဘူး။ အမှားကို အမှားလုပ်တဲ့သူတွေ ကိုယ်တိုင်ကပဲ တာဝန်ယူရမှာပါ။ သူတို့က လူကြီးဖြစ်နေပြီလေ တက္ကသိုလ်ပဲ တက်ရတော့မယ်။ သူတို့အမှားကို သူတို့ ဝန်ခံရမှာပေါ့"
"စတွင်မာ ကျွန်တော်တို့ ဆိုလိုတာကို နားလည်ပါတယ်။ ကျွန်တော်တို့ တကယ်သိချင်တာက မြို့စောင့်နတ်က စတွင်မာကိုမြင်ရင် ဘယ်လိုပြုမူမလဲဆိုတာပဲ"
ကျန်းရီက တွေးပြီး ပြောလိုက်တယ်
"ငါ အစ်ကိုလီရဲ့ ဗီဒီယိုကို ခဏပိတ်ထားလိုက်မယ်ဆိုရင်ရော?"
"မဖြစ်ဘူး၊ မပိတ်ပါနဲ့! ဒါက ကျွန်တော်တို့ပထမဆုံး မြို့စောင့်နတ်ကို မျက်ဝါးထင်ထင်မြင်ရမယ့်အခွင့်အရေးပါ။ စတွင်မာက ဒီလိုဖျက်လိုက်ရင် ကျွန်တော်တို့... ငိုပြလိုက်မှာ!"
ကျန်းရီက ပြုံးလိုက်ပြီး အစ်ကိုလီက သူ့ညွှန်ကြားချက်အတိုင်း အရာအားလုံးကို အဆင်သင့်ပြင်ထားခဲ့တယ်။
သို့သော် အစ်ကိုလီ၏သားက သူ၏ချစ်သူထံ ဖုန်းဆက်နေစဉ် အခက်အခဲတွေ့ခဲ့သည်။ သူ ဖုန်းနှင့်အတူ ပြန်လာပြီး ပြောလိုက်သည်
"သူ့ကို ဆက်သွယ်လို့မရဘူး! သူ့ဖုန်းကို ဘယ်သူမှ မဖြေဘူး!"
"ဒါဆို သူ့မိသားစုနဲ့ရော ဆက်သွယ်နိုင်လား?"
"သူ့အဖေရဲ့ဖုန်းနံပါတ်ကို မှတ်မိတယ်၊ ဒါပေမယ့်... သူက ဖုန်းကို အမြဲယူသွားတတ်တယ်။ အရင်တုန်းကဆို ကျွန်တော်ကြောက်နေတဲ့အချိန်တွေမှာ သူနဲ့စကားပြောခဲ့တာပဲ၊ ဒါပေမယ့် အခုဘာဖြစ်လို့ မဖြေတာလဲ?"
ကျန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်
"သူ့အဖေကို ဆက်သွယ်လိုက်ပါ"
အစ်ကိုလီ၏သားက အခြားနံပါတ်တစ်ခုကို နှိုပ်လိုက်ပြီး အသံကြမ်းရှနေသော ယောက်ျားတစ်ဦးက ဖြေလိုက်သည်။ အကြောင်းအရာကို မေးမြန်းပြီးနောက် သူက ပြောလိုက်သည်
"သူမ... သူမ ထွက်သွားပြီ။"
"ဦးလေး၊ သူမဘယ်ရောက်သွားတာလဲ?"
"သူမ... သူမက မနေ့က အိမ်မှာ ချော်လဲပြီး... နိုးမလာတော့ဘူး။" ဖုန်းဖြင့်ပြောနေသော အလယ်အလတ်အရွယ်ယောက်ျားက ငိုလိုက်သည်။
ကျန်းရီ မျက်မှောင်ကြုတ်လိုက်ပြီး ပရိတ်သတ်တွေရဲ့ မျက်နှာများလည်း သဘာဝမကျတော့ပေ။
အစ်ကိုလီသား၏ ချစ်သူသည် သေဆုံးနေပြီဖြစ်သည်!
"မေးလိုက်ပါ၊ ဘယ်အချိန်က ဖြစ်တာလဲ?"
အစ်ကိုလီ၏သား မေးလိုက်သည့်အခါ ဖုန်းဖြင့်ပြောနေသော အလယ်အလတ်အရွယ်ယောက်ျားက ဖြေလိုက်သည်
"လွန်ခဲ့တဲ့ ၇ ရက်က နေ့လည်ပိုင်းမှာ၊ သူမက ဖုန်းကိုင်ရင်း လှေကားဆင်းတုန်း ချော်လဲပြီး ဦးခေါင်းက တစ်ခုခုနဲ့ ထိခိုက်မိသွားတယ်။"
ကျန်းရီက နောက်ဆုံးတွင် တစ်ခုခုကို သတိရသွားပြီး အစ်ကိုလီကို မေးလိုက်သည်-
"အစ်ကို အရင်က အိမ်ထဲမှာ အနံ့ဆိုးတွေ ရှိနေတယ်လို့ ပြောဖူးတယ်မလား?"
"ဟုတ်တယ်၊ အဲဒီအနံ့က အခုထိ ရှိနေတုန်းပဲ၊ ပိုပြီးပြင်းထန်လာတယ်" အစ်ကိုလီက ဖြေလိုက်သည်။
အစ်ကိုလီ၏သား လဲကျသွားသည်ကို ကြည့်လိုက်ပြီး ကျန်းရီက လေးနက်စွာ ပြောလိုက်သည်
"သူ့ကို မြို့စောင့်နတ်ကျောင်းဆီ ဆွဲခေါ်သွားပါ။ ငါ သူ့ကို ရှင်းရှင်းလင်းလင်း မေးမြန်းချင်တယ်!"
အစ်ကိုလီက သူ၏သား ဝမ်းနည်းနေသည်ကို ဂရုမစိုက်ဘဲ ပစ္စည်းများကို ကောက်ကိုင်ပြီး မြို့ပြင်ရှိ မြို့စောင့်နတ်ကျောင်းဆီ တည့်တည့်သွားလိုက်သည်...
တစ်လျှောက်လုံး ပြေးလာရသည့်အတွက် အစ်ကိုလီ မောပန်းနေသော်လည်း မြို့စောင့်နတ်ကျောင်းဝင်ပေါက်သို့ ရောက်သောအခါ ကျောင်းတံခါးဝတွင် တစ်ယောက်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုပုံရိပ်ကို မြင်သည့်အခါ အစ်ကိုလီ ပြေးနေရာမှ ချက်ချင်းရပ်လိုက်သည်။
"တတိယဦးလေး!"
အစ်ကိုလီ၏မျက်နှာက ချက်ချင်း ဖြူရော်သွားခဲ့သည်။ ကျန်းရီက ပြောလိုက်သည်
" ဒါက အခွင့်အရေးတစ်ခုပဲ။ အစ်ကိုလီ၊ ရှေ့ကိုတိုးသွားပါ။ တတိယဦးလေးက မင်းကို အန္တရာယ်မပြုနိုင်ဘူး။"
ကျန်းရီ ပြောပြီးနောက် အစ်ကိုလီက သတ္တိမွေးလိုက်ပြီး သူ့သားနှင့်အတူ ရှေ့သို့ တိုးလိုက်သည်။ သို့သော် သူတို့ ရှေ့ကို ရောက်သည့်အခါ တတိယဦးလေးက လက်ထဲကတုတ်ကို မြှောက်ပြီး အစ်ကိုလီ၏သား၏ ကျောကို ရိုက်လိုက်သည်။
အစ်ကိုလီ၏သား ချက်ချင်း ဒူးထောက်လဲကျသွားပြီး သေဆုံးနေပြီဖြစ်သော အဘိုး၏ မျက်နှာက အလွန်တရာကို လေးနက်နေသည်။
သို့သော် သူက လှည့်ပြီး အစ်ကိုလီ၏ဖုန်းပေါ်က ကျန်းရီကို မြင်သည့်အခါ သူ၏မျက်နှာအမူအရာ ပြောင်းသွားပြီး ချက်ချင်း လက်အုပ်ချီလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိသတ် ၆ သိန်းကျော်က ဤမြင်ကွင်းကို မြင်နေကြပြီး မျက်တောင်တောင် မခတ်ကြပေ။
တတိယဦးလေး လက်အုပ်ချီလိုက်ပြီး ဦးညွတ်တော့မည့်အချိန်တွင် ကျန်းရီ၏အသံကို ကြားလိုက်ရသည်
"အဘိုး၊ ဘယ်လိုတောင် ကံကောင်းလိုက်မှုလဲ"
"...."
"အဘိုးကြီးတစ်ယောက်အနေနဲ့ ခေါင်းမာမှုတွေက ရှိသေးတာပဲ ။ အဲ့ဒီတုတ်က သက်တောင့်သက်သာရှိရဲ့လား?" ကျန်းရီက ပြုံးပြီး ပြောလိုက်သည်။
တတိယဦးလေးက တစ်ခုခုကို နားလည်သလို ဖြစ်သွားပြီး ပြောလိုက်သည်
"ဒီကောင်လေးက မှတ်လောက်သားလောက်အောင် ရိုက်ပေးမှ ရမယ်။ မရိုက်ရင် သူတို့က ကောင်းကင်ဘယ်လောက်မြင့်တယ်ဆိုတာ သိမှာမဟုတ်ဘူး!"
တတိယဦးလေး ပြောနေစဉ် သူ၏မျက်နှာတွင် အလွန်အေးစက်နေသည်။
အစ်ကိုလီက ထိုအချိန်တွင် ဘာမှမပြောရဲတော့ဘဲ သူ၏သား၏ တင်ပါးကို ကန်လိုက်ပြီး ဆူလိုက်တယ်
"ခွေးကောင်! မြို့စောင့်နတ်ကျောင်းရှေ့မှာ ဒူးထောက်ပြီး မင်းလုပ်ခဲ့တဲ့ မကောင်းမှုတွေကို စဉ်းစားနေလိုက်!"
အစ်ကိုလီ၏သား ငိုပြီး မြို့စောင့်နတ်ကျောင်းကို ဒူးထောက်လိုက်သည်။ ဒါပေမယ့် တတိယဦးလေးက ထိုအချိန်တွင် ပြောလိုက်သည်-
"ကောင်းပြီ၊ သူတို့လုပ်ခဲ့တာကို သိပြီပဲ၊ အမှားတွေကို ဝန်ခံတတ်ဖို့လိုတယ်။
ဒါတွေအားလုံးက သူတို့ရဲ့ မသိတတ်မှုရဲ့ အကျိုးဆက်တွေပါ။
အပြစ်ဒဏ်အနေနဲ့ သူ့ကို ဒီမှာ တစ်ညလုံး ဒူးထောက်ခိုင်းမယ်။
တစ်ညလုံး သေသေချာချာ စဉ်းစားဆင်ခြင်ပြီးမှ နောက်တစ်နေ့ ထွက်ခွာခွင့်ပြုမယ်။"
"အဘိုးက ဒီလိုပြောတော့ ဒီအတိုင်းလုပ်ကြရအောင်။ ဒါပေမယ့် ကောင်မလေး၊ မင်းက အတော်လေး ဖုံးကွယ်ထားတာပဲနော်?"
"မဖုံးကွယ်ပါဘူး၊ အခုပဲ သူမကို ခေါ်ထုတ်လိုက်ပါ့မယ်"
တတိယဦးလေးပြောပြီးနောက် မြို့စောင့်နတ်ကျောင်းနောက်မှ အရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရိပ်ကို မြင်သည့်အခါ အစ်ကိုလီ၏သားက သူမကို မှတ်မိသွားသည်။
PS: ဒါက စာရေးစရာက သူ့စာဖတ်ပရိတ်သတ်တွေ သူ့ကို ပြောထားတာတွေကို ပြန်ဖြေတဲ့သဘောပါ။
အကြောင်းက သူ့ပရိတ်သတ်တွေက နောက်ပိုင်း ဖြစ်ရပ်တွေက အရင်ဖြစ်ရပ်တွေလောက် ကြောက်စရာမကောင်းတော့တဲ့ အကြောင်း ပြောတဲ့အတွက် သူလည်း အဲ့ဒီအတွက် စဥ်းစားရင်း ဖိအားတွေများနေကြောင်း ရေးထားတာပါ။
တကယ်တမ်းပြောရရင် အခုရေးနေတဲ့ ဖြစ်ရပ်တွေက အရင်က ဖြစ်ရပ်တွေလောက် တကယ် ကြောက်စရာ မကောင်းတော့ဘူး။ အစပိုင်းက ဖြစ်ရပ်တွေဆို ဘာသာပြန်သူ၊ ကျွန်တော်က ညဘက်တွေမှာဆို မပြန်ရဲခဲ့ဘူး နေ့ခင်းဘက်မှာပဲ ပြန်ရဲခဲ့တာ။:3