← Chapters

ကိုယ်ကံကို ပျက်စီးရအောင် မလုပ်နဲ့

Vol. 14 Ch. 185

ကိုယ်ကံကို ပျက်စီးရအောင် မလုပ်နဲ့

Vol. 14 Ch. 185

"အစ်ကိုလီ၊ မင်းဖုန်းကို တတိယဦးလေးကိုပေးလိုက်ပါ။ မင်းကတော့... မြို့စောင့်နတ်ကျောင်းထဲကို သွားပြီးတောင်းပန်တာက အကောင်းဆုံးပဲ။ ဒီကိစ္စက မင်းရဲ့ မိသားစုနဲ့ဆိုင်နေတာကိုး"

ပုံရိပ် ထွက်လာပြီးနောက် ကျန်းရီက အစ်ကိုလီကို ပြောလိုက်သည်။

အစ်ကိုလီသည် စိုးရိမ်စွာဖြင့် ဖုန်းကို ကြင်နာသော တတိယဦးလေးထံပေးအပ်လိုက်ပြီး တတိယဦးလေးသည် ပြုံးကာ ယူခဲ့လိုက်သည်။ သူ၏လှုပ်ရှားမှုတွေကို ကြည့်လျှင် အလွန်ရိုသေစွာဖြင့် ယူလိုက်တာကို တွေ့နေရသည်။

ကျန်းရီနှင့် တတိယဦးလေးတို့သည် ဖုန်းကနေ တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။

နောက်ဆုံးတွင် ကျန်းရီမေးမြန်းစရာမလိုဘဲ သူ့ဘာသာ ပြောခဲ့သည်- " ဒါက သူတို့နဲ့ မြို့စောင့်နတ်ကျောင်း ကြားက မှားယွင်းတဲ့ နားလည်မှုလေး တစ်ခုပါပဲ။

မြို့စောင့်နတ်ကျောင်းထဲမှာ အဲ့လိုပြုမူတာက မှားပေမယ့်၊ ပြဿနာက မကြီးပါဘူး။

သူတို့အသက်တွေကို မယူပါဘူး"

"ဒီကောင်မလေးက ငယ်သေးတယ်လေ၊ ကျွန်တော်တို့လည်း ဘာမှမလုပ်ပေးနိုင်ဘူး။

သူမသေဆုံးပြီးနောက်မှာ သူမရဲ့ ရည်းစားဖြစ်သူ ရှောင်လီ မိသားစုရဲ့ သားကိုရှာဖို့ လာခဲ့တာ။

လူတွေက သေဆုံးပြီးရင် များသောအားဖြင့် စွဲလမ်းမှုတွေနဲ့ပဲ ရှိနေတတ်တယ်၊ ဒီကောင်လေးနဲ့ကောင်မလေးကြားက ဆက်ဆံရေးက ခွဲလို့မရဘူး၊ ဒါပေမယ့် လူနဲ့သရဲက လမ်းကြောင်းမတူဘူးဆိုတာ သူတို့နားမလည်ကြဘူး။"

တတိယဦးလေးက တိုးတိတ်စွာပြောလိုက်သည်၊ သူ၏ပုံရိပ်သည် တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် မည်သို့ ပုံပေါ်နေသည်ကို သူမသိချေ။

တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်နေသောပရိသတ်များသည် စိတ်ကူးယဉ်ဆန်သော အတွေးများရှိနေကြပြီး၊ အထူးသဖြင့် ကျန်းရီနှင့် တတိယဦးလေး၏ စကားဝိုင်းကို ပေါင်းစပ်လိုက်သောအခါ၊ အချို့က "မြို့စောင့်နတ်၊ ဒီတတိယဦးလေးက မြို့စောင့်နတ်ဖြစ်နေတာပဲ!" ဟု အော်ဟစ်ခဲ့ကြသည်။

"အစ်ကိုလီပြောခဲ့တာမှတ်မိသေးလား? ဒီတတိယဦးလေးက အရင်တုန်းကစစ်မှုထမ်းခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့တွေ ရခဲ့တဲ့သူပဲ။

သူဘာလို့ ဒီကျေးရွာလေးမှာ နေနေရတာလဲဆိုတာမသိပေမယ့်၊ အနည်းဆုံးတော့ သူဟာ ကြီးမြတ်သူ တစ်ယောက်ဆိုတာ အာမခံနိုင်တယ်။

ပြီးတော့ အစ်ကိုလီကလည်း ပြောဖူးတယ်၊ ဒီတတိယဦးလေးဟာ ကျေးရွာမှာ အလွန်ဂုဏ်သတင်းကြီးတယ်၊ စတွင်မာ​ရေ မြန်မြန်ဖြေပါ သူက တကယ့်မြို့စောင့်နတ်လား?"

ကျန်းရီက ထိုအချိန်တွင် ငြိမ်သက်စွာခေါင်းညိတ်လိုက်ပြီး၊ တိုက်ရိုက်ထုတ်လွင့်ခန်းထဲတွင် ရှုပ်ထွေးသွားခဲ့သည်။

ကြည့်ရှု့သူ A-"အံ့ဩစရာပဲ၊ ဒါဆို ငါတို့နဲ့ ဒီလောက်ကြာအောင် စကားပြောနေတဲ့ စတွင်မာကရော ဘယ်သူလဲ?"

ကြည့်ရှု့သူ B-"အပေါ်က ပြောနေတဲ့သူက အရူးလား ၊ မြို့စောင့်နတ်ကိုတောင်ထိတ်လန့်စေပြီး မြင်တာနဲ့လက်အုပ်ချီရတဲ့သူက လူလား? နတ်ဘုရားကွ!"

ကျန်းရီ၏မျက်နှာသည် မှောင်မဲသွားပြီး တတိယဦးလေးကိုပြောလိုက်သည်- " အဘိုး စကားပြောရင် သေချာလေး ဂရုစိုက်ပြောပါလား၊ ဒီလိုမှ မဟုတ်ရင် ရက်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးက ကျွန်တော့်ကို ရှာနေလိမ့်မယ်။"

တတိယဦးလေးက ရယ်ပြီးပြောလိုက်သည်- "ငါ့လို အဘိုးကြီးက စတွင်မာကိုတွေ့တာက ကံကောင်းတာပါ၊ ဒါပေမယ့် လူဆိုတာ လူပဲလေ၊ သူကနတ်ဘုရား ဟုတ်လားမဟုတ်လားဆိုတာ ငါမပြောတတ်ဘူး။ သူ့နဲ့ တွေ့ရတဲ့သူတွေဟာ ကံကောင်းသူတွေပဲ။ ဒါပေမယ့် သူ့ကို တမင်တကာရှာဖွေတာဟာ ဒီကံကောင်းခြင်းကို ဖျက်ဆီးလိုက်တာပဲ။"

"တနည်းပြောရရင်၊ စတွင်မာကို တမင်တကာ မရှာနဲ့လို့ ဆိုလိုတာလား? အခုကျွန်တော်တို့ စတွင်မာကိုတွေ့နေရသလိုမျိုး ကံကောင်းတာလား? ဒါပေမယ့် တမင်တကာ ရှာလိုက်ရင် ဒီကံက ပျက်သွားမှာလား?"

"ဟုတ်တယ်၊ ဒီလောကမှာ တမင်တကာ အတင်းအကျပ် လုပ်ယူတာဟာ ဘယ်တော့မှမကောင်းဘူး။ ငါ့အတွက်ကတော့ မင်းတို့ကိုတွေ့ရတာ ကံကောင်းတာပါပဲ။ ငရဲမှာလည်း သူ့ရဲ့တရားစီရင်ရေး စနစ်ရှိတယ်။ ဒီကံကောင်းခြင်းက အားထုတ်မှုကြောင့်သာ ရခဲ့တာ။ အခုတော့ ငယ ထွက်ခွာဖို့ ပြင်ဆင်နေသင့်ပြီ။"

"ကံကောင်းတာလား၊ ကံဆိုးတာလား၊ အဘိုး အလျင်စလို ဘာလို့ဆုံးဖြတ်လိုက်တာလဲ? မရဏ ဖယောင်းတိုင် တစ်တိုင်ပေးမယ်ဆိုရင်ကော?" ကျန်းရီက ပြုံးကာပြောလိုက်သည်၊ တတိယဦးလေး၏မျက်နှာက ချက်ချင်းပင် လေးနက်မှုသို့ ပြောင်းသွားသည်။

"မရဏ ဖယောင်းတိုင်ဆိုတာ ဘာလဲ?"

"မရဏ ဖယောင်းတိုင်က ငရဲလမ်းကို အလင်းပေးတာပဲ။ အဖိုးက ဒီဟာကိုရဖို့ အခွင့်အရေး ကြီးမားတယ်။ အောက်ကိုရောက်တဲ့အခါ မရဏ ​ဖယောင်းတိုင်နဲ့အတူ ရှိနေမယ်ဆိုရင် ဘယ်သူကမှ အဘိုးကို ဆိုးဆိုးဝါးဝါး ဆက်ဆံကြမှာ မဟုတ်ဘူး။"

ကျန်းရီစကားပြောပြီးတာနဲ့ တတိယဦးလေး၏ လက်ထဲတွင် ဖယောင်းတိုင်တစ်တိုင်ပေါ်လာခဲ့သည်။

ဖယောင်းတိုင်အလင်းကို မြင်တဲ့အခါ တတိယဦးလေး၏ မျက်နှာတွင် အံအားသင့်စွာဖြင့် ပျော်ရွှင်သွားပြီး "ဒီလောက်ကြီးမားတဲ့ ကျေးဇူးကို ဘယ်လိုလက်ခံရမလဲ? ကျွန်တော် ဘာပြန်ပေးရမလဲ?" ဟု မေးလိုက်သည်။

"အဖိုးက အရင်တုန်းက မိသားစုနဲ့ တိုင်းပြည်ကို ကာကွယ်ခဲ့တဲ့စစ်သားတစ်ယောက်ပဲ

အခုအသက်ရှင်နေတဲ့လူတိုင်းဟာ မင်းရဲ့ ကျေးဇူးကို ခံစားနေရတာပါ။

ပြီးတော့ ဒီမရဏ ဖယောင်းတိုင်ကို ကျွန်တော်ပေးတာ မဟုတ်ဘူး၊ ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းမှာ ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ပရိသတ်တွေက ပေးတာပါ။

အဖိုးကို ပေးလိုက်တာဟာ အကြောင်းအကျိုးတစ်ခုရဲ့အဆုံးသတ်လို့ မှတ်ယူနိုင်ပါတယ်။"

"ပရိသတ်တို့ အဖိုးကို မရဏဖယောင်းတိုင် ပေးလိုက်မယ်၊ မင်းတို့ လက်ခံတယ် မလား?"

"လက်ခံပါတယ်၊ ကျွန်တော်တို့ လက်ခံပါတယ်! အဖိုးက လေးစားရတဲ့သူလည်းဖြစ်တယ်၊ ပြီးတော့ စစ်မှုထမ်းခဲ့ပြီး ဂုဏ်ထူးဆောင်ဘွဲ့ရခဲ့တဲ့သူဖြစ်တယ်၊ ဒါကြောင့် အဖိုးကို မရဏ ဖယောင်းတိုင်ပေးတာထက် ပိုကောင်းတာမရှိတော့ဘူး!"

တတိယဦးလေးက မရဏ ဖယောင်းတိုင်ကိုကိုင်ပြီးသက်ပြင်းချလိုက်တယ် "ကောင်းပြီ၊ ကောင်းတာနဲ့ဆိုးတာဟာ ဒွန်တွဲနေတတ်တယ်။

အရင်ကတော့ မင်းတို့ကို တွေ့တာဆိုးတယ်လို့ထင်ခဲ့တယ်၊ ဒါပေမယ့် ဒီလိုကံကောင်းမှုမျိုး ရမယ်လို့မထင်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ်၊ ငါ အောက်ကိုသွားပြီး အစီရင်ခံရမယ်၊ အင်း... ဒီကောင်မလေးကိုပါ ခေါ်သွားရမယ်။"

"ဒီတော့ အရာအားလုံးက တကယ်တော့ ဒီကောင်မလေးကြောင့်ပေါ့။ အနီရောင်ခေါင်းဆောင်းကိုယ်တိုင်က လက်ထပ်မှုနဲ့ ဆက်စပ်နေတယ်။ ကျွန်တော်စဉ်းစားသင့်တာကိုး...ေအစောကတည်းက ကျွန်တော်စဉ်းစားခဲ့လိုက်သင့်တာ"

ကျန်းရီက ပြောရင်းနဲ့ မနေနိုင်ဘဲ ရယ်မောလိုက်မိတယ်။

အရာရာဟာ သူထင်ထားတာထက် သိပ်မဆိုးနေခဲ့ပါဘူး။ တကယ်တော့ ဒါဟာ အလွန်သာမန် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ မမျှော်လင့်ဘဲသေဆုံးသွားတဲ့ ကောင်မလေးဟာ သူမရည်းစားကို လာရှာတာပါ၊ ဒါပေမယ့် သူမ၏စွဲလမ်းမှုကြောင့် သရဲဖြစ်နေပြီး ပြန်လည်မဝင်စားချင်တဲ့ အတွက်ကြောင့် အခုလို နောက်ဆက်တွဲတွေ ဖြစ်လာရခြင်းဖြစ်သည်။

"ဒါဆို အစ်ကိုလီကို ဘာလို့ခြောက်နေတာလဲ!"

"အစ်ကိုလီက ခေါင်းမာတယ်။ သူ့သား ငယ်ငယ်လေးနဲ့ ချစ်နေတာကို သိရင် ပထမဆုံးရိုက်နှက်မှာပဲ။ သူမအသက်ရှင်နေတုန်းကလည်း အများကြီးသိခဲ့မယ်ထင်တယ်၊ အနီရောင်ခေါင်းဆောင်းကို မီးရှို့တာမှာလည်း အစ်ကိုလီအပြစ်ရှိတယ်။ ဒါကြောင့် သူမက သူ့ကိုလွှတ်မှာမဟုတ်ဘူး။"

"တကယ်တော့ ဒါတွေအားလုံးက အဓိပ္ပာယ်မရှိဘူး။ အသက်ရှင်နေတဲ့ သူတွေက နောင်မှာ ကောင်းကောင်း နေထိုင်ကြမယ်၊ သေဆုံးသွားသူတွေက ပြန်လည်မွေးဖွားဖို့ လမ်းကိုရှာဖွေသင့်တယ်။"

ကျန်းရီစကားပြောပြီးတာနဲ့ ဖုန်းရဲ့ တစ်ဖက်က တတိယဦးလေးက ငြိမ်သက်စွာ ခေါင်းညိတ်လိုက်တယ်။

အစ်ကိုလီရဲ့သားကို သရဲမက တစ်ခုခုပြောပြီးတဲ့အခါ၊ တတိယဦးလေးက ရှေ့ကိုတိုးသွားပြီး ကောင်မလေးကိုဆွဲကာ "ကောင်းပြီ၊ ငါနဲ့လိုက်ခဲ့။

မင်းကို စိတ်ရှိတဲ့တိုင်း မလုပ်ဖို့ အမြဲသတိပေးခဲ့တယ်။

ငါ သချိုင်းထဲက ထွက်လာတဲ့အခါမှ မင်း ရပ်တန့်ခဲ့တယ်။

အခုတော့ ပြီးပြီမလား

ငါတို့ အောက်ကိုရောက်ပြီးတဲ့အခါမှာ မင်းဒဏ်ခတ်ခံရမှာ စိုးတယ်!"

သရဲမက ရှက်ရွံ့စွာဖြင့်ခေါင်းငုံ့ပြီး စကားမပြောဝံ့တော့ချေ။ ကျန်းရီက ပြုံးကာ "ကောင်းပြီ၊ အဖိုးက သူမကို ခေါ်သွားပေးးနိုင်မလား?" ဟုမေးလိုက်သည်။

တတိယဦးလေးက ကြားတာနဲ့ ခေါင်းညိတ်လိုက်ပြီး၊ မကြာမီသူတို့နှစ်ဦးပျောက်ကွယ်သွားကြသည်။

အစ်ကိုလီကို စကားမပြောခွင့်မပေးဘဲ၊ ကျန်းရီက တစ်ဖက်ကနေ ဗီဒီယိုကို ပိတ်လိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲက ပရိသတ်တွေက ရည်မှန်းချက်တစ်ခု ရှိလာခဲ့ကြသည်။

ကျန်းရီဆိုတာဘယ်သူလဲ?

မသိဘူး

ဒါပေမယ့် အခုတော့ သူဟာ လူ့ပြည်က ဝိညာဥ်အရေးကိစ္စတွေကို အုပ်စိုးတဲ့ မြို့စောင့်နတ်ထက် ပိုပြီးအရေးပါတယ်ဆိုတာ သေချာသိခဲ့ပြီ!

ဒီဒေသက မြို့စောင့်နတ်ဟာ အပူဇော်မခံရဘဲ ဆင်းရဲပေမယ့်၊ အပူဇော်မခံရတဲ့ မြို့စောင့်နတ်ဟာလည်း နတ်ဘုရားပါပဲ။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေ ကြည်ညိုလေးစားတဲ့ စာတွေ ပို့နေတာကို ကြည့်ပြီး ကျန်းရီက "ငါက ညဘက်မှာ ခရီးဆက်နေတုန်းပဲ။ တကယ်တော့ငါက မိုင်ထောင်ချီသွားပြီးတော့ တိုက်ပွဲဝင်ချင်ခဲ့တာ၊ ဒါပေမယ့် ငါ့ရဲ့ ခုန်အားက ၃ မီတာထက်မပိုဘူး" ဟု ပြောလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ပရိတ်သတ်တွေက ကျန်းရီစကားကြောင့် ထပ်မံရယ်မောခဲ့ကြသည်၊ ဒါပေမယ့် ကောင်းကင်က လင်းလက်နေတဲ့ လကိုကြည့်ပြီး နောက်ပြန်လှည့်ကြည့်သောအခါ၊ ကျန်းရီ၏ မျက်နှာတွင် အနည်းငယ်အေးစက်သွားခဲ့သည်- "တတိယဦးလေးပြောခဲ့တာကို မမေ့ဖို့ ငါမျှော်လင့်တယ်

မင်းတို့ ငါ့ကို မတွေ့ရသေးဘူး၊ ဒါပေမယ့် တကယ်တွေ့ခဲ့ရင်... မင်းတို့ရဲ့ ကံက တကယ်ပျက်စီးသွားလိမ့်မယ်။"

ဒီစကားလုံးတွေဟာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ပဲ့တင်ထပ်နေပြီး၊ လူတိုင်းက ကျန်းရီနောက်ကိုကြည့်လိုက်ကြသည်၊ ဒါပေမယ့် သူ့နောက်မှာ ဘယ်သူမှ ရှိပုံမရနေဘူး...

All Chapters