← Chapters

စက်ဘီးပေါ်က အရိပ်

Vol. 14 Ch. 186

စက်ဘီးပေါ်က အရိပ်

Vol. 14 Ch. 186

ကျန်းရီ၏ အေးစက်သော မျက်နှာအမူအရာကို မြင်လိုက်ရသည်နှင့် တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲရှိ ပရိသတ်များ ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်နေသော အခန်းဆီသို့ ပြုံးပြလိုက်မှသာ လေထုက ပြန်၍ ရွှင်လန်းလာခဲ့သည်။

ကြည့်ရှု့သူ A-"စတွင်မာ အခုနက တစ်ယောက်ယောက်က ခြေရာခံနေတာလား? ဒါကြောင့် ဒေါသထွက်သွားတာလား?"

ကြည့်ရှု့သူ W-"တကယ်တော့ စတွင်မာ ဒေါသထွက်တာလည်း ကောင်းပါတယ်။ အခုနက စတွင်မာရဲ့ အကြည့်တွေက ဩဇာကြီးပြီး စိုးမိုးလွန်းတဲ့ CEO နဲ့ တူတယ်!"

ကြည့်ရှု့သူ B-" ညီအစ်ကိုတို့ အပေါ်က မိန်းကလေးဆိုတာ သေချာတယ်၊ စစ်ဆေးပြီးပြီ!"

ကျန်းရီက ပြုံးပြီး ပြောလိုက်တယ်- "ခင်ဗျားတို့က ဉာဏ်ကောင်းတာပဲ၊ ဒီတိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲမှာ လူပေါင်း သိန်းနဲ့ချီပြီးရှိတယ်၊ ဘယ်သူက ယောက်ျားလေး၊ ဘယ်သူက မိန်းကလေးဆိုတာ ငါ မခွဲခြားနိုင်ဘူး။ ဒါပေမယ့် အခုနက ငါပြောခဲ့တာက တတိယဦးလေးရဲ့ စကားကို ပြန်ပြောတာပါ။

ပြီးတော့ မြို့စောင့်နတ်ကျောင်း ကို မကြောက်ပဲနဲ့ မနေနဲ့အုံး

မြို့စောင့်နတ် မရှိရင် အဲဒီကို သွားပြီး ဝတ်ပြုတာ၊ ဓာတ်ပုံရိုက်တာ၊ WeChat မှာ တင်တာတွေ လုပ်ရင် ဒုက္ခရောက်နိုင်တယ်။"

"ဒီအချက်တွေကို ကျွန်တော်တို့ နားလည်ပါတယ်၊ နာမည်ကြီးတောင်တွေ၊ မြစ်တွေပေါ်က ဘုရားကျောင်းတွေမှာ ခရီးသွားတွေ ဓာတ်ပုံမရိုက်ရဘူးဆိုတာနဲ့ တူတယ်မလား။"

ကျန်းရီက ခေါင်းညိတ်ပြီး - " ညက ၂နာရီ ၁၆မိနစ် ရှိနေပြီ။ ဖုန်းခေါ်ဆိုမှုကို ဆက်စောင့်ကြည့်ရအောင်၊ ဒီညမှာ အကူအညီတောင်းခံမယ့် သူငယ်ချင်းတွေ ရှိမရှိ ကြည့်ရအောင်။"

သူစကားပြောပြီးတာနဲ့ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အခန်းထဲကနေ ဖုန်းသံ ထပ်မံကြားလာရသည်။

ကျန်းရီက ဖုန်းကို ကောက်ကိုင်ပြီး - "ဟယ်လို၊ ကျွန်တော်က သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာ ကျန်းရီပါ၊ အမည်ကို ဘယ်လိုခေါ်ရမလဲ?"

"ဟယ်လို စတွင်မာ၊ နောက်ဆုံးတော့ စတွင်မာကို ဖုန်းဆက်လို့ရခဲ့ပြီ။ အရင်က ဦးလေးလီက အစ်ကို့ကို ဖုန်းဆက်တုန်းက ကျွန်မလည်း ဆက်ချင်နေခဲ့တာ၊ ဒါပေမယ့် သူက ကျွန်မထက် ၁၀စက္ကန့်စောပြီး ဆက်သွားတယ်၊ အခုထိ စောင့်နေခဲ့ရတယ်။"

ကျန်းရီက "အင်း" ဆိုပြီး သဘောတူလိုက်သည်- "ဒီလောက်အကြာကြီးစောင့်ခိုင်းရတာ အားနာပါတယ်၊ ဒါပေမယ့် မိန်းကလေးတစ်ယောက် ဒီလောက်နောက်ကျအောင် မအိပ်ဘဲနေတာက မကောင်းဘူး။ မိန်းကလေးတွေရဲ့ အလှအပက အိပ်စက်ခြင်းကနေ လာတာလေ"

"စတွင်မာ ဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အင်း... ကျွန်မကို ရှောင်မိန်လို့ ခေါ်လို့ရပါတယ်။ ကျွန်မက မကြာသေးခင်ကမှ လျိုဟွာမြို့ မှာ အလုပ်စခဲ့တာပါ၊ အခုတော့ စျေးဝယ်စင်တာတစ်ခုမှာ နာရီဝယ်ယူသူတွေကို လမ်းညွှန်ပေးတဲ့ အလုပ်လုပ်နေပါတယ်။"

"ဒါက မဆိုးဘူးပဲ၊ ကော်မရှင်ခ ကလည်း တော်တော်ကောင်းမှာပဲ။"

"သိပ်ပြီးလည်း မရပါဘူး၊ ကျွန်မတို့ဆိုင်မှာ ရောင်းတဲ့နာရီတွေက ဈေးကြီးတဲ့နာရီတွေ မဟုတ်ဘူး။ ထောင်ဂဏန်းပဲ ရှိတယ်။ ဒါပေမယ့် ကြိုးစားပြီး တက်တက်ကြွကြွ အလုပ်လုပ်ရင် တစ်လမှာ အနည်းငယ်လောက်တော့ ပိုရပါတယ်။"

"ဟုတ်ပါပြီ၊ ဒါဆို အချိန်ကုန်မခံတော့ဘူး။ ညီမ ဘာတွေကြုံနေရသလဲ ပြောပါ။"

ကျန်းရီစကားပြောနေစဉ် ရှောင်မိန်ဘက်က တိတ်ဆိတ်သွားပြီး ရုတ်တရက် အခန်းထဲမှ အော်ဟစ်သံများ ကြားလာရသည်။

ထိုအော်ဟစ်သံထဲတွင် ထူးဆန်းသော ဂီတသံများလည်း ပါဝင်နေသည်။

ထိုဂီတသံကို လူအချို့က မနှစ်သက်ကြပေ၊ နားထဲတွင် နည်းနည်း စိတ်ဓာတ်ကျစရာ အသံမျိုး ဖြစ်နေသည်။

ကျန်းရီက စိုးရိမ်ပြီး မေးလိုက်သည်- "ရှောင်မိန်၊ မင်းဘက်မှာ ဘာတွေဖြစ်နေတာလဲ?"

"တောင်းပန်ပါတယ် စတွင်မာ၊ ကျွန်မရဲ့ ​လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်မက တစ်ခန်းထဲ တူတူနေကြတာ၊ မိန်းကလေး နှစ်ယောက်ပဲ။ အခု သူတို့က သရဲကား ကြည့်နေကြတယ်။"

"အံ့ဩစရာပဲ" ဆိုတဲ့ စကားလုံးက ကျန်းရီ၏ စိတ်ထဲတွင် မထင်မှတ်ဘဲ ပေါ်လာခဲ့သည်၊

စိတ်ကို ပြန်ထိန်းပြီးနောက် ကျန်းရီက ပြုံးပြီး ပြောသည်- "ဒီအချိန်မှာ မင်းတကယ်ကို ကြောက်နေမှာပဲ၊ သရဲကား ကြည့်နေတုန်းမှာ မင်းလည်း ကြည့်မိသွားလား?"

"ကျွန်မက အိပ်ရာထဲမှာ ခွေနေတာ၊ မကြည့်ရဲဘူး။ သူတို့ကို ပြောတယ်၊ ဒါပေမယ့် သူတို့က နားမထောင်ဘူး။ အခန်းက ဆိုင်က စီစဉ်ပေးထားတာဆိုတော့ ကျွန်မမှာ အခြားသူတွေကို ကျွန်မရဲ့ လိုအပ်ချက်တွေကို တောင်းဆိုဖို့ အခွင့်အရေး မရှိဘူး။"

စကားပြောနေစဉ် ဖုန်းဘက်မှ ရှောင်မိန်၏ အသံထဲတွင် မကျေမနပ်ဖြစ်နေတဲ့ အသံတွေ ပါနေသည်။

သို့သော် သူမ ပြောသည့်အတိုင်း အခန်းသည် သူမ တစ်ဦးတည်း၏ နေရာမဟုတ်သဖြင့် အခြားသူများကို ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိပေ။

မကြာမီ ဖုန်းမှတစ်ဆင့် လုပ်ဖော်ကိုင်ဖက် မိန်းကလေး နှစ်ယောက်၏ ရယ်သံများ ကြားလာရသည်။

ကျန်းရီက စိတ်မရှည်ဖြစ်လာသည်။ သူတို့တွင် တစ်ဦးချင်းစီ၏ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိသည်ဆိုလျှင် ညဘက်တွင် သူတို့လုပ်နေသည်များကို တိတ်တိတ်လေး လုပ်သင့်သည် မဟုတ်လော?

လုပ်ဖော်ကိုင်ဖက်တွေက တမင်သက်သက် လုပ်နေကြတာများလား?

"စတွင်အာရေ၊ စတွင်မာ...ကျွန်မရဲ့ ဖုန်းကို နားထောင်နေသေးလား?" ရှောင်မိန်၏ အသံက ထွက်လာသည်။

ကျန်းရီက ပြုံးပြီး - "နားထောင်နေပါတယ်၊ အခု မင်းအပြင်ထွက်ပြီး ဖုန်းပြောလို့ရမလား။ ဒီလိုဆက်သွားရင် မင်း အပြည့်အစုံ မပြောနိုင်တော့မှာကို စိုးရိမ်လို့ပါ။"

"ဟုတ်ကဲ့၊ အခုပဲ ထွက်သွားလိုက်မယ်။"

ရှောင်မိန်က ထလိုက်သည်၊ ဒါပေမယ့် တံခါးဖွင့်လိုက်တာနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဆဲဆိုသံကို ကြားလိုက်ရသည်- "ရှောင်မိန်၊ ဘာတွေလုပ်နေတာလဲ? ဒီအချိန်မှာ တံခါးဖွင့်တာက တခြားသူတွေရဲ့ အနားယူချိန်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာ မင်းမသိဘူးလား?"

"သူတို့အပေါက်တွေကို ပိတ်ထားဖို့ ပြောလိုက်။ ဒီစကားမှ မပြောနိုင်ရင် ဖုန်းချလိုက်တော့မယ်။"

ကျန်းရီက အေးအေးဆေးဆေး ပြောလိုက်သည်၊ ရှောင်မိန်က ခဏလောက် ရပ်နေလိုက်သည်။ ထို့နောက် သူမရဲ့ သတ္တိတွေက ဘယ်ကနေ ရလာမှန်း မသိပေ၊ အလွန်အေးစက်စွာ အော်ဟစ်လိုက်သည်- " တိတ်စမ်း၊ နင်တို့နှစ်ယောက်၊ နင်တို့ နားကန်းနေတာလား ဒါမှမဟုတ် မသိချင်ယောင် ဆောင်နေတာလား၊ ခုနက နင်တို့ရယ်နေတာ အရူးတွေ ရယ်နေတဲ့အတိုင်းပဲ?"

"ဘုန်း!"

ပြောပြီးတာနဲ့ ရှောင်မိန်က တံခါးကို အပြင်းအထန် ပိတ်လိုက်သည်၊ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။

"ကောင်းတယ်၊ ရှောင်မိန်။ ငါက သဘာဝလွန် ဖြစ်ရပ်တွေကို တိုက်ရိုက်ထုတ်လွှင့်တဲ့သူ ဆိုပေမယ့် တစ်ခါတလေ ဒီလိုအခြေအနေမျိုးနဲ့ ကြုံရရင် မင်းက... သူတို့ကို အဲ့လို ပြန်ပြီး တုန့်ပြန်လိုက်တာ အကောင်းဆုံးပဲ"

"ဝူး..ဝူး..ဝူး..."

ဖုန်းရဲ့တစ်ဖက်မှ ရှောင်မိန်က ငိုကြွေးလာခဲ့သည်၊ ဒါပေမယ့် ကျန်းရီက ဘာမှမပြောဘဲနေလိုက်သည်။ သူမ စိတ်တည်ငြိမ်သွားတဲ့အခါမှ ပြောလိုက်သည်- "ရှောင်မိန်၊ မင်းဘာတွေကြုံနေရလဲ ပြောပါ။"

"ဟုတ်ကဲ့ စတွင်မာ မင်း ချန်းကန်ရဲ့ အငှား စက်ဘီးကို စီးဖူးလား?"

ကျန်းရီက အံ့အားသင့်သွားသည်- "စီးဖူးတယ်။ ဒီရက်ပိုင်းအတွင်း စီးဖူးတယ်ထင်တယ်။"

"ဒါက အများသုံး အငှား စက်ဘီးကနေ စခဲ့တာပါ။ နေတဲ့ အခန်းက စျေးဝယ်စင်တာကနေ သုံးကီလိုမီတာ ဝေးပါတယ်။ အလုပ်ဆင်းဖို့ ညတိုင်း စျေးဝယ်စင်တာ ပိတ်တဲ့အချိန်အထိ စောင့်ရတယ်၊ ပုံမှန်အားဖြင့် ည ၉နာရီလောက်မှာ အလုပ်ပြီးတယ်။ အားလပ်ရက်တွေဆိုရင်တော့ ၁၀နာရီခွဲအထိ စောင့်ရတယ်။"

"အဲဒီညက အားလပ်ရက်ဖြစ်တော့ အလုပ်ကနေ ၁၀နာရီခွဲမှ ပြန်လာခဲ့ရတယ်။

စတွင်မာ သိပါတယ်၊ ကျွန်မနဲ့ အလုပ်တူတွေကြားက ဆက်ဆံရေးက သိပ်မကောင်းဘူး၊ ဒါကြောင့် ကျွန်မက တစ်ယောက်တည်း အလုပ်သွား အလုပ်ပြန် လုပ်နေရတယ်။

အဲဒီညက ကျွန်မက နောက်ဆုံးမှ ပြန်ခဲ့တယ်၊ ဗီဒိုတွေကို သန့်ရှင်းရေး လုပ်ပြီး စစ်ဆေးပြီးတဲ့နောက် တံခါးကို သော့ခတ်ပြီး အောက်ထပ်ကို ဆင်းသွားခဲ့တယ်၊ အငှား စက်ဘီး ရှိမရှိကို ရှာလိုက်တယ်"

"စျေးဝယ်စင်တာ အောက်ထပ်မှာ အငှားစက်ဘီးတွေ ထားတဲ့ နေရာ ရှိတယ်၊ ညတိုင်း အငှားစက်ဘီးတွ ရှိတတ်တယ်။ ဒါပေမယ့် အဲဒီညမှာတော့ အောက်ထပ်မှာ တစ်စီးပဲ ကျန်နေခဲ့တယ်၊ အဲဒီ စက်ဘီးရဲ့ ခြင်းထဲမှာ အိတ်တစ်လုံး ရှိနေတာကို တွေ့လိုက်ရတယ်။ တစ်ယောက်ယောက် စီးလာတုန်းက ပစ္စည်းတွေ မေ့ကျန်ခဲ့တာလားလို့ ထင်မိတယ်။"

"ဒါကြောင့် ကျွန်မ အဲဒီမှာ စောင့်နေခဲ့တယ်။

ည ၁၁နာရီနီးပါးလောက်ကနေ ၁၁နာရီခွဲအထိ စောင့်ခဲ့တယ်၊ ဒါပေမယ့် ဘယ်သူမှ မလာခဲ့ဘူး။

ကျွန်မက မသက်သာပဲ အဲ့စက်ဘီးနဲ့ပဲ ပြန်လာခဲ့ရတယ်။

ဒီလိုမှမဟုတ်ရင် လမ်းက သုံးကီလိုမီတာလောက်ပဲ ရှိပေမယ့် လမ်းလျှောက်ပြန်ရမယ်ဆိုရင်တော့ ခက်ခဲလိမ့်မယ်။

အဲဒီအချိန်မှာ ကျွန်မက နည်းနည်းပိုဝေးတဲ့ လမ်းကို စီးပြီး အခြားလမ်းပေါ်က ရဲစခန်းကို သွားဖို့လည်း စဉ်းစားခဲ့တယ်။

ပစ္စည်းတွေကို ရဲတွေဆီ အပ်ဖို့ပါ၊ အိတ်ကို ဖွင့်ကြည့်တော့ ဓာတ်ပုံအယ်လ်ဘမ်တစ်အုပ် ရှိနေတယ်။

ဒါပေမယ့် အယ်လ်ဘမ်ထဲက ဓာတ်ပုံတွေက တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပါနေတော့ ကျွန်မ မကြည့်မိခဲ့ဘူး။

ဒါပေမယ့် အိတ်ထဲမှာ ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ အများကြီး ရှိနေတော့ ရဲတွေဆီ အမြန်ဆုံး အပ်ဖို့ စဉ်းစားခဲ့တယ်။"

"စက်ဘီးစီးနေတုန်း လမ်းဆုံတစ်ခုကို ရောက်သွားတယ်၊ ခဏရပ်လိုက်တယ်၊ အဲဒါက မီးနီဖြစ်နေလို့ပါ။

လမ်းပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး၊ ကျယ်ပြန့်တဲ့ လမ်းဆုံမှာ တစ်ယောက်တည်း ရပ်နေရတော့ အေးစက်စက်ဖြစ်နေသလိုတောင် ခံစားရတယ်။

ဒါပေမယ့် ကျွန်မ မကြောက်ဘူး၊ အဲဒီအချိန်မှာ လပေါင်းများစွာ အလုပ်လုပ်ပြီးသားဖြစ်နေတော့ အဲဒီလမ်းတွေကို အလွန်ရင်းနှီးနေပြီလေ။"

"မီးစိမ်းပြောင်းသွားတော့ လမ်းဘေးကနေ စက်ဘီးကို စီးခဲ့တယ်၊

ဘေးကို ဘာမှ တွေးမထားဘဲ ကြည့်လိုက်တာပေါ့

အဲဒီအချိန်မှာ စက်ဘီးရဲ့ အရိပ်က ဘေးမှာ ရှိနေတယ်၊

ကျွန်မ လှည့်ကြည့်တဲ့အခါ အစပိုင်းမှာ သတိမထားမိဘူး၊

တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်ထိ ကြောင်သွားခဲ့တယ်၊

တစ်ဖန်ပြန်ကြည့်လိုက်တော့ စက်ဘီးရဲ့ ခြင်းထဲမှာ တစ်ယောက်ယောက် ထိုင်နေတာ တွေ့လိုက်ရတယ်...

မဟုတ်သေးဘူး၊ တိတိကျကျပြောရရင် အရိပ်တစ်ခုပဲ! ဘာလို့လဲဆိုတော့ ကျွန်မ စီးနေတဲ့ စက်ဘီးရဲ့ ခြင်းထဲမှာ ဘယ်သူမှ မရှိဘူး!"

"ဒါပေမယ့် အရိပ်က ရှင်းလင်းနေတယ်၊ သူမရဲ့ ဆံပင်ရှည်တွေ လှိုင်းထနေပြီး ခြေထောက်တွေက ခြင်းရဲ့ အရှေ့မှာ ချိတ်ကျနေတယ်... ကျွန်မက စက်ဘီးကို ရပ်လိုက်ပြီး လမ်းဘေးမှာ ရပ်လိုက်တယ်၊ အရိပ်က ခြင်းထဲမှာ လှုပ်မမယှက်ပဲ ထိုင်နေတယ်..."

All Chapters