ဖုန်းထဲက ဗီဒီယို
Vol. 14 Ch. 190
ရှောင်မိန်သည် ကျန်းရီ၏ ညွှန်ကြားချက်များကို လိုက်နာလျက်ရှိသည်။
လူတွေကိုရိုက်ဖို့တောင် ကျန်းရီက သူမကိုသင်ပေးခဲ့တာပါ။
လူကောင်းတွေဟာ အနိုင်ကျင့်ခံရတတ်ပြီး လူကောင်းတွေဟာ လှောင်ပြောင် ခံရတတ်တယ်။ အထူးသဖြင့် အပြင်မှာ အလွန်အမင်းကောင်းမွန်စွာပြုမူပြီး မိမိ၏ အကျင့်စရိုက်တွေကို မပြသဘဲ၊ ထူးချွန်နေပါက လူများစွာက သူမကို နင်းခြေချင်ကြသည်။
ရှောင်မိန်၏ ရိုက်ချက်က အလုပ်ဖော်များကို ကြောင်အ သွားစေခဲ့ပြီး အလုပ်ဖော် အားယုသည် ခြေရင်းအောက်မှ စက်ဘီးကို ဆွဲထုတ်လိုက်သည်။
"ဖုန်းဘယ်မှာလဲ?"
"ငါ့အောက်မှာ... ခေါင်းအုံးအောက်မှာ။"
"ထုတ်လိုက်၊ ဖုန်းကို ကြည့်ပြီးပြီလား?"
"ခဏတစ်ဖြုတ်လောက်တော့ ကြည့်ပြီးပြီ၊ လော့ခ်မပိတ်ထားဘူး၊ အသစ်စက်စက် ဖုန်းတစ်လုံးပဲ"
အားယုက ပြောပြီး ခေါင်းအုံးအောက်မှ ဖုန်းတစ်လုံး ထုတ်ယူလိုက်သည်။
ဖုန်းသည် တကယ်ပင် အသစ်စက်စက်ဖြစ်သည်။ ကျန်းရီက "ရှောင်မိန်၊ ဖုန်းကိုဖွင့်ပြီး အသံသွင်းထားတာ ဒါမှမဟုတ် ဗီဒီယို ရှိမရှိရှာကြည့်လိုက်ပါ" ဟုပြောလိုက်သည်။
"ဟုတ်ကဲ့"
ရှောင်မိန်က ဖုန်းကိုယူပြီး အလုပ်ဖော်နှစ်ဦးက "ရှောင်မိန်၊ နင် ဘယ်သူ့နဲ့ ပြောနေတာလဲ?" ဟုမေးသည်။
"အရမ်းစွမ်းအားကြီးတဲ့ သူတစ်ယောက်ပါ။"
ရှောင်မိန်က ဖုန်းထဲရှိ အကြောင်းအရာများကို ရှာဖွေကြည့်ရှုလိုက်သည်။
ဓာတ်ပုံအယ်လ်ဘမ်ကိုတွေ့ပြီး သူမ၏ နေ့စဉ်ဓာတ်ပုံများကိုမြင်သောအခါ ရှောင်မိန်၏ အသံက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။
"စတွင်မာရေ ဒီအမျိုးသမီးပဲ အဲ့ဒီညမှာတွေ့ခဲ့တဲ့ အမှိုက်ကားဘီး အောက်မှာ ခေါင်းကပ်နေတဲ့သူပဲ!"
"ကောင်းပြီ၊ ရှောင်မိန်ရေ စိတ်သိပ်မပူနဲ့၊ ထူးဆန်းတဲ့ဓာတ်ပုံတွေ သို့မဟုတ် ဗီဒီယိုတွေ ရှိမရှိဆက်ရှာကြည့်ပါ။"
ကျန်းရီစကားပြောပြီးချိန်တွင် ရှောင်မိန်၏ အခန်းဖော် အားဖန်က "ငါ၊ ငါသူမနဲ့ တွေ့ဖူးတယ်!" ဟု ရုတ်တရက် ပြောလိုက်သည်။
ရှောင်မိန်က "အစ်မ အားဖန် သူမကို ဘယ်တုန်းကတွေ့ခဲ့တာလဲ?" ဟုမေးလိုက်သည်။
"လွန်ခဲ့တဲ့လက၊ ငါတို့ စျေးဝယ်စင်တာက ကော်ဖီဆိုင်မှာ၊ ညနေခင်းမှာ သူမပြတင်းပေါက်ဘေးမှာ ငေးငိုင်နေတာကို တွေ့ခဲ့တယ်။ သူမက အဖြူရောင် ဝတ်စုံကို ဝတ်ထားပြီး ဆံပင်ကို ချထားတာ အရမ်းလှတယ်။"
" သူမနဲ့ရော စကားပြောဖူးလား”
“ ပြောဖူးတယ်။ သူမက ကျွန်မလက်ပေါ်က လက်ကောက်ကိုကြည့်ပြီး 'ဒီလက်ကောက်ကို ဘယ်ကနေ ဝယ်လာတာလဲ' လို့မေးခဲ့တယ်။
ငါက ‘လမ်ဘေးဆိုင် တစ်ဆိုင်ကနေ ဝယ်ခဲ့တာလို့ ဖြေလိုက်တယ်’ သူ့ကို ခဏလောက် ပြလို့ရမလားလို့ မေးတော့ ငါမငြင်းဘဲ လက်ကောက်ကို သူ့ကို ပေးလိုက်တယ်။
သူမက လက်ကောက်ရဲ့ အစိတ်အပိုင်းတွေကို သေသေချာချာ ကြည့်လိုက်ပြီး သူမက ‘ ဒီလက်ကောက်ကို သူ့ကို ပြန်ရောင်းပါလား ၊ တစ်ထောင်နဲ့ ပြန်ဝယ်ပါ့မယ်' လို့မေးခဲ့တယ်။
ကျွန်မက ငြင်းလိုက်တယ်၊ ဘာလို့ဆို အဲ့ဒါကို ကျွန်မက ယွမ် ၂၀ နဲ့ ဝယ်ခဲ့တာလေ၊ ယွမ်တစ်ထောင်နဲ့ ပြန်ရောင်းဖို့ထောက်ထိ ကျွန်မ အရေပြားက သိပ်မထူဘူး၊ ဒါကြောင့် အမှန်တိုင်းပြောပြီး ငြင်းလိုက်တယ်၊ ဒါပေမယ့် သူမက ယွမ်တစ်ထောင်ကို ထုတ်ပြီး ကျွန်မကို ပေးလိုက်ပြီး လက်ကောက်ကို ဝယ်လိုက်တယ်"
“ဒါနဲ့ ကျွန်မလည်း ခဏထိုင်ပြီး သူနဲ့ စကားပြောခဲ့လိုက်တယ်။ သူမက ကျွန်မကို တော်တော်များများ ပြောခဲ့တယ်။ ဒါပေမယ့် ဘာလို့လဲတော့ မသိဘူး သူမပြောခဲ့တာတွေကို တိတိကျကျ ဘာမှ မမှတ်မိခဲ့ဘူး။
သူမရဲ့ ခံစားချက်တွေ အကြောင်းကို ပြောခဲ့တာထင်တယ်၊ ဒါပေမယ့် အသေးစိတ်ကိုတော့ မမှတ်မိတော့ဘူး”
"သူမမှာ ထူးဆန်းတဲ့အရာတွေရှိလား?"
"သူမမှာ အနံ့တစ်ခုရှိတယ်၊ ဟုတ်တယ် သူမကို ဘယ်ရေမွှေးအမျိုးအစားကို သုံးတာလဲလို့ မေးလိုက်တယ်။ သူမက ဘယ်တော့မှ ရေမွှေးမသုံးဖူးဘူးလို့ ပြောတယ်။ ဒါနဲ့ ကျွန်မက ရေမွှေးမသုံးရင် ဘာလို့ အဲ့လောက်ထိ မွှေးနေရတာလဲလို့ မေးလိုက်တယ်။ သူမက ပြုံးပြီး ကြွားသလိုပုံစံနဲ့ 'ငါက ဘုရားကို ကိုးကွယ်တယ်လေ၊ ဒါကြောင့် နံ့သာြဖူအနံ့ ရတာဖြစ်နိုင်တယ်' လို့ပြောတယ်"
“ အနံက နံ့သာဖြူအနံ့နဲ့ သိပ်ပြီးတော့ မတူသလိုလိုပါပဲ။ ဒါပေမယ့် ကျွန်မ သိပ်ပြီးတော့ ဂရုစိုက်ခဲ့တော့ဘူး”
"နောက်တစ်ခေါက် ထပ်တွေ့ဖူးသေးလား?"
"နောက်မတွေ့တော့ဘူး၊ အဲ့ဒီတစ်ခါပဲ တွေ့ဖူးတယ်။ ရှောင်မိန်၊ သူမသေသွားပြီလား?"
ရှောင်မိန်က အခန်းထဲမှာ ရပ်ထားတဲ့ စက်ဘီးကိုကြည့်ပြီး "သေသွားပြီ၊ အဲ့တုန်းက သူမစက်ဘီးစီးနေတုန်း အမှိုက်ကားနဲ့ တိုက်ခံလိုက်ရတယ်"
အားဖန်က "မဖြစ်နိုင်ဘူး၊ သူမက စက်ဘီးစီးမယ့် သူမျိုးမဟုတ်ဘူး။ သူမရဲ့ နေပုံထိုင်ပုံက ချမ်းသာတဲ့ မိသာစုက ပုံစံမျိုး၊ ပြီးတော့ ယွမ် ၂၀ တန် လက်ကောက်ကို တစ်ထောင်တောင် ပေးဝယ်သွားခဲ့တာ၊ ပြီးတော့ သူမရဲ့ ကားသော့ကို ကြည့်ပြီး ဇိမ်ခံကားဆိုတာ ပြောလို့ရတယ်၊ ဘာလို့ ညအချိန်ကြီးမှာ စက်ဘီးစီးရမှာလဲ" ဟုဆိုလိုက်တယ်။
ရှောင်မိန်က နောက်ထပ် မမေးတော့ဘဲ ကျန်းရီက "ရှောင်မိန်၊ ဖုန်းထဲမှာ ဗီဒီယိုရှိလား" ဟုမေးလိုက်သည်။
"ရှိပါတယ်၊ အခုကြည့်မလို့ပါ။"
"ဖွင့်ကြည့်လိုက်ပါ။"
ရှောင်မိန်က ဗီဒီယိုကို နှိပ်လိုက်သည်။ ဗီဒီယိုက ဖွင့်လိုက်တာနဲ့ ရိုက်ကူးထားတာ မပီပြင်တဲ့ပုံစံမျိုး တရှဲရှဲ အသံတွေ ထွက်လာခဲ့သည်။
ဒါပေမယ့် အဲ့ဒီအသံတွေ ပျောက်သွားတာနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခြေသံကို ကြားလိုက်ရတယ်
ကျန်းရီက တိုက်ရိုက်ပဲ ဗီဒီယို ခေါ်ဆိုမှုကို ရှောင်မိန်ထံ ပို့လိုက်သည်။ ရှောင်မိန်က ဗီဒီယို ခေါ်ဆိုမှု ချိတ်ဆက်လိုက်တာနဲ့ ဖုန်းထဲက ဗီဒီယိုကို ဖွင့်လိုက်တာဖြစ်သည်။
ဗီဒီယိုထဲတွင် အလွန်လှပသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမက အနီရောင် ညဝတ်စုံဝတ်ထားပြီး စင်္ကြံ လမ်းကြောင်း တစ်လျှောက် လျှောက်သွားနေသည်။ ဒီမြင်ကွင်းကို ကြည့်ခြင်းဖြင့် သူမနေတဲ့ အိမ်က အတော်ကြီးကြောင်းကို သိနိုင်သည်။ သာမာန် တိုက်ခန်းတွေမှာ ဒီလောက်ကျယ်တဲ့ လမ်း မရှိနိုင်ပေ။
"ဟူး... ငါအရမ်းပျင်းနေတယ်၊ အချိန်တိုင်း အိမ်မှာတစ်ယောက်တည်းနေရတာ၊ သူ့ကို သွားကြည့်ချင်တယ်။"
အမျိုးသမီးက ဗီဒီယိုထဲတွင် စကားပြောနေရင်း စင်္ကြံလမ်းဆုံးသို့ လျှောက်သွားလိုက်သည်။ အမျိုးသမီးက ဖြေးဖြေးချင်း လျှောက်နေပြီး သူမ၏ ဒေါက်ဖိနပ်အသံကို ဗီဒီယိုထဲတွင် ကြားနေရသည်။
“ဒေါက်…
ဒေါက်…
ဒေါက်….”
“အားချန် မင်းအဲ့ဒီမှာလား?”
အမျိုးသမီးက ကင်မရာကို သူ့ဘက်သို့ လှည့်လိုက်သည်၊ သူမရဲ့ မျက်နှာက လိမ္မာပါးနပ်မှုတွေနဲ့ ပြည့်နေပြီးတော့ ပြောလိုက်တာက “ အားချန်က ငါ့ကို ဘာမှ ပြန်မပြောဘူး ဟီး..ဟီး..၊ သူ့ကို ငါသွားကြည့်လိုက်အုံးမယ်”
“ ဂျောက်” ခနဲ အသံမြည်ပြီး အမျိုးသမီးက အခန်းတံခါးကို ဖွင့်ပြီး အထဲကို ဝင်လိုက်သည်။ အခန်းက မှောင်နေသည်။
လိုက်ကာတွေက ပိတ်ထားတာဖြစ်သည်။ ဒါပေမယ့် ဗီဒီယို ရိုက်နေတုန်းမှာ အစိမ်းရောင် မီးခိုးငွေ့တွေ ထွက်နေတာကို အချိန်နှင့်အမျှ တွေ့နေရသည်။
အမျိုးသမီးက ကလစ် ဆိုတဲ့အသံနဲ့ ပတူ အခန်းရဲ့ မီးတွေကို ဖွင့်လိုက်သည်။
အထဲတွင် အိပ်ယာတစ်ခုရှိနေသည်။ အိပ်ယာကို ကုလားကာတွေနဲ့ ကာထားသည်။ အမျိုးသမီးက အိပ်ယာဆီကို သေချာလေး လျှောက်သွားလိုက်ပြီး ကုလားကာကို မလိုက်သည်။
အိပ်ယာတွင် လဲလျောင်းနေသော လူကို ဗီဒီယို ထဲတွင် တွေ့လိုက်ရသောအခါ ရှောင်မိန်နှင့် အခန်းဖော်နှစ်ဦးတို့ ကြောက်လန့်ပြီး အော်ဟစ်ခဲ့ကြသည်။
“အား……!”