ကြည့်စမ်း! အဲ့တာဘယ်သူလဲ
Vol. 14 Ch. 191
ဒီဗီဒီယိုကို ရိုက်ကူးထားတဲ့ အမျိုးသမီးရဲ့ အပြုအမူဟာ ရှောင်မိန်နဲ့ အခြားသူနှစ်ယောက်ကို အလွန်ထိတ်လန့်စေပြီး အော်ဟစ်ကြောက်ရွံ့စေခဲ့တယ်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေလည်း အလားတူပါပဲ။ အမျိုးသမီးက အိပ်ရာ ကုလားကာကို မလိုက်တဲ့အချိန်မှာ လူတိုင်းရဲ့ နှလုံးသားက "ကလစ်"ဆိုပြီး တုန်ခါသွားခဲ့တယ်။
အိပ်ရာပေါ်မှာ လူတစ်ယောက်လှဲနေတယ်၊ ဒါပေမယ့် သူ့မျက်နှာက အမာရွတ်တွေနဲ့ ဖုံးနေပြီး ပါးပြင်တွေ ချိုင့်နေကာ မျက်လုံးတွေကလည်း ချိုင့်ဝင်နေခဲ့တယ်။
သူ့ရုပ်ပုံစံကို ကြည့်ရုံနဲ့ပဲ သူဟာ အသက်ရှင်နေတဲ့လူ မဟုတ်ဘူးဆိုတာ သိသာနေပါတယ်။
သူဟာ လူသေဖြစ်ပြီး သေပြီးတာကလည်း ကြာခဲ့ပြီ ဖြစ်နိုင်တယ်!
အမျိုးသမီးက အခန်းထဲဝင်လာပြီး လူသေနံ့ကို မရှူမိသလို ဖြစ်နေတယ်။ သူမရဲ့မျက်နှာကို လူသေရဲ့မျက်နှာနဲ့ ကပ်ပြီး ထိလိုက်တယ်၊ သူတို့နှစ်ယောက်က တစ်သားတည်း ဖြစ်နေသလိုပါပဲ။
"အားချန်၊ စိတ်မပူနဲ့၊ ငါမင်းကို ထားမသွားဘူး။ ငါအမြဲတမ်း မင်းကို ကာကွယ်ပေးမယ်၊ မင်းနဲ့ အမြဲအတူရှိနေပေးမယ်၊ သိလား?"
အမျိုးသမီးက ဖြည်းညင်းစွာပြောလိုက်ပြီး အိပ်ရာပေါ်က လူသေက မလှုပ်ရှားနေဘူး။ ဒါပေမယ့် ဒီအချိန်မှာ အမျိုးသမီးက လူသေကို ဖုံးထားတဲ့စောင်ကို မပြီး အဝတ်အစားလဲဖို့ ပြင်လိုက်တယ်။
အခန်းထဲအပူချိန်က အရမ်း နိမ့်နေမယ်ထင်တယ်။ ထိုအမျိုးသမီး တုန်နေတာကို သိသိသာသာမြင်နေရတယ်။
အလောင်းက အရမ်းသန့်နေပြီး ချောင်ချောင်ချိချိ ညဝတ်အကျီကို ဝတ်ထားတယ်။
အမျိုးသမီးက အမျိုးသားအလောင်းကို ကျောပိုးပြီး ထောင့်တစ်ခုကို သွားနေတာကို တွေ့လိုက်ရတယ်။
ထောင့်မှာ ရေခဲသေတ္တာ အကြီးတစ်လုံး ရှိနေတယ်။
သူမက အမျိုးသားကို ရေခဲသေတ္တာထဲ ထည့်ပြီး ဂရုတစိုက်ပိတ်လိုက်တယ်။
ဒါကိုမြင်တဲ့အခါ ဗီဒီယိုရဲ့တစ်ဖက်မှာ မူလက သိပ်မတည့်ကြတဲ့ အမျိုးသမီး သုံးယောက်ဟာ ကြောက်လန့်တကြား ဖက်နေခဲ့ကြတယ်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?ဒီအမျိုးသမီးက အရမ်း ကြောက်စရာကောင်းတယ်!"
"သူမက ရူးနေပြီ၊ သူမက ရူးနေတာပဲ ဖြစ်ရမယ်!"
ရှောင်မိန်တို့ သုံးဦးလုံး ဖြူရော်နေတဲ့ မျက်နှာနဲ့ ပြောခဲ့ကြတယ်။ ကျန်းရီက "တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ အဲ့ဒီမြို့က ရဲ မိတ်ဆွေတွေရှိလား? ဒီအမျိုးသမီးရဲ့ အကြောင်းကို သိပြီးသား ဖြစ်မယ် ထင်တယ်"
"ရှာတွေ့ပြီ၊ အမည် - ချန်းယ၊ အသက် - ၂၇၊ အလုပ် - မသိရသေး၊ သူမက ယခင် ကားမတော်တဆမှုမှာ သေဆုံးခဲ့တယ်။ ကားမတော်တဆမှာ အမှိုက်ကားမောင်းသူ၊ တက္ကစီမောင်းသူနဲ့ စက်ဘီးစီးသူ ချန်းယတို့ တစ်ချိန်တည်းမှာပဲ သေဆုံးခဲ့တယ်။ အခု ချန်ယရဲ့ နေအိမ်ကို အလောင်းရှာဖွေဖို့ လူစီစဉ်နေပါပြီ"
ဒီစာကို တစ်စုံတစ်ယောက်က ပို့လိုက်တာကို မြင်တော့ ကျန်းရီက ခေါင်းညိတ်ပြီး "ရှောင်မိန်၊ ဖုန်းထဲမှာ ဒီလိုဗီဒီယိုတွေရှိသေးလား" လို့မေးလိုက်တယ်။
"ရှိတယ်၊ အခုပဲ လှန်လှောကြည့်နေတာ။ ဒီအမျိုးသမီးနဲ့ အမျိုးသားအကြောင်း ဓာတ်ပုံတွေချည်းပဲ။ အိုး... ဒီဗီဒီယိုကတော့ ကွဲပြားနေသလိုပဲ"
ရှောင်မိန်က အသစ်တစ်ခုကို ရှာဖွေတွေ့ရှိသလိုဖြစ်နေပြီး ဗီဒီယိုမှာ ပြထားတဲ့အချိန်ကိုကြည့်ကာ "ဒါက ဒီနှစ်မတ်လက ရိုက်ထားတာပဲ" လို့ပြောလိုက်တယ်။
"ဖွင့်ကြည့်လိုက်ပါ၊ သူမဘာပြောလဲ သိရအောင်"
ဗီဒီယိုကို ဖွင့်လိုက်တဲ့အခါ လူက တစ်ယောက်တည်းပဲ။
ဒါပေမယ့် ချန်ယက ဖုန်းကင်မရာရှေ့မှာ ထိတ်လန့်နေတဲ့ပုံစံနဲ့ ထိုင်နေတယ်။
ဖုန်းကင်မရာက သူမနဲ့ အတော်လှမ်းနေပြီး သူမက ကြောက်လန့်တကြား လှည့်ပတ်ကြည့်ရင်း "အားချန်၊ ဘာလုပ်နေတာလဲ? အားချန်၊ မင်း အဲ့ဒီဘက်မှာရှိနေတယ်မလား?"
"ကြည့်စမ်း၊ စားပွဲပေါ်မှာ မင်းကြိုက်တဲ့ ဟင်းတွေရှိတယ်၊ ဝိုင်တစ်ပုလင်းလည်း ဖွင့်ထားတယ်။ ငါ့ကို အိပ်မက်တွေ မပို့နဲ့တော့နော်! ဟုတ်ပြီလား၊ မင်းက ငါ့ကို အမြဲတမ်း ကာကွယ်ပေးမယ်လို့ ပြောခဲ့တာလေ!"
"ငါအရမ်းကြောက်တယ်။ မင်းမရှိတဲ့ အချိန်ကစပြီး နေ့ညမပြတ် ကြောက်နေရတယ်။ အပြင်မှာ တစ်ယောက်ယောက်က ငါတို့အိမ်ကို ကြည့်နေတယ်၊ တကယ်ပါ... ငါလိမ်နေတာ မဟုတ်ဘူး!"
"ည ၁၂ နာရီတိုင်း တံခါးခေါက်သံ ကြားရတယ်။ တကယ်ပါ၊ နားထောင်ကြည့် ကြားလား ခေါက်နေပြီ၊ ဒေါက်..ဒေါက်... ရှင်းရှင်းကြီး ကြားနေရတယ်။ ငါသွားကြည့်သင့်လား?"
"သွားကြည့်စေချင်တာလား? ကောင်းပြီ၊ အခုသွားကြည့်လိုက်မယ်၊ သူဘာလုပ်ချင်လဲဆိုတာ!"
အမျိုးသမီးက ရုတ်တရက်ထလိုက်ပေမယ့် ဖုန်းကို မကိုင်ထားဘူး။ ခြေသံတွေ ကြားပြီးနောက် အမျိုးသမီးရဲ့ အသံကို ပြန်ကြားလာရတယ်။
ဒါပေမယ့် အသံက အတော်လေးကို တိုးနေတယ်၊ သေချာနားထောင်ဖို့လိုတယ်။
"အားချန်၊ ငါတို့အိမ်ရဲ့ အပြင်မှာ တစ်ယောက်ရှိနေတယ်။ ငါ တံခါးရဲ့ ကြောင်မျက်လုံးကနေ ကြည့်လိုက်တာ၊ သူ့မျက်လုံးတွေကလည်း ငါတို့ တံခါးရဲ့ ကြောင်မျက်လုံး အပေါက်မှာ ကပ်နေတယ်။ ကြည့်လိုက်... သူ့မျက်လုံးတွေက လှုပ်နေတုန်းပဲ။ ငါအရမ်းကြောက်နေတယ်၊ သူမထွက်သွားဘူး... သူ ငါတို့တံခါးမှာ အမြဲရှိနေတယ်"
"ဒေါက်ဒေါက်... သူထပ်ခေါက်နေပြီ၊ ဘာလုပ်ရမလဲ? တံခါးဖွင့်လိုက်ရမလား? ရဲကိုခေါ်လိုက်ရမလား? မဖြစ်ဘူး၊ တံခါးမဖွင့်ရဘူး၊ ရဲကိုလည်း ခေါ်လို့မရဘူး။ သူက လူမဟုတ်ဘူး၊ အရိပ်လည်း မရှိဘူး! သူကသရဲပဲ။ အိုး... အားချန်... ငါတို့အိမ်မှာ သရဲရှိနေပြီ!"
ဗီဒီယိုက ရုတ်တရက်ပြီးသွားခဲ့တယ်။ ပုံရိပ်တစ်ချို့က ရှောင်မိန်တို့တင်မကပဲ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကြည့်ရှု့သူ ၆ သိန်းကျော်တို့ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့တယ်။
နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတစ်ယောက်၊ စားပွဲပေါ်မှာ ဟင်းတွေချက်ပြီး သူမရဲ့ မျက်နှာချင်းဆိုင်က သူနဲ့ စကားပြောနေတယ်။
ဒါပေမယ့် သူမရဲ့ မျက်နှာချင်းဆိုင်က သူက သေနေတာပဲ၊ ဒါပေမယ့် ခုနက ငါတို့ မြင်ရတဲ့အတိုင်း အတူတူပဲလား?
အမျိုးသမီးက ကြောက်နေတယ်လို့ အဆက်မပြတ် ပြောနေပေမယ့် သူမက အရမ်းရဲရင့်နေသလိုပဲ။ တံခါးခေါက်သံ ကြားတဲ့အခါ သူမသွားကြည့်တယ်။
သူမရဲ့မျက်လုံးတွေက တံခါးရဲ့ ကြောင်မျက်လုံးပေါက်ကနေ ကပ်ကြည့်နေတဲ့အချိန် အပြင်က မျက်လုံးကလည်း အပေါက်ရဲ့ အပြင်ဘက်ကနေ ကပ်ကြည့်နေတယ်။ မျက်လုံးနှစ်လုံးက တစ်ခုနဲ့တစ်ခု မျက်နှာချင်းဆိုင်နေပြီး အပြင်ဘက် မျက်လုံးရဲ့ မျက်ဆန်က လှုပ်နေခဲ့တယ်။
ဒါပေမယ့် အပြင်ကလူက အရိပ်မရှိဘူး။ သူက သရဲ၊ ဒီကိုလာတဲ့ ဝိဉာဉ်ဖြစ်တယ်။
ဒါက အားချန်ရဲ့ သေဆုံးသွားတဲ့ ဝိဉာဉ်လား?
"ရှောင်မိန်၊ နောက်ထပ် ဗီဒီယိုရှိသေးလား"
"ရှိတယ်၊ မတ်လက ဗီဒီယို အချို့ ရှိသေးတယ်"
"ဖွင့်လိုက်ပါ"
"အားချန်၊ ဒီနေ့က မင်းရဲ့ပထမဆုံးနေ့ပဲ။
မင်းရဲ့မိဘတွေအတွက် မင်း အရမ်းကြိုးစားခဲ့တယ်။
မင်းကိုယ်တိုင် ဒီမြို့မှာ ရုန်းကန်ခဲ့ပြီး နောက်ဆုံးမှာ ဘဝက ပိုကောင်းမွန်လာခဲ့တယ်။
မင်းလိုခင်ပွန်းမျိုး ရတဲ့အတွက် ငါအရမ်း ကံကောင်းတယ်၊ ငါတို့ရဲ့ပျော်ရွှင်တဲ့ဘဝက အစပြုလာနေပြီ။
မင်းမရှိတဲ့ ဒီရက်တွေအတွင်းမှာ ငါ့ဆီမှာ ဘာတွေဖြစ်နေလဲသိလား? အဲ့အဖွားကြီး ရောက်လာတယ်၊ အဲ့နေ့တုန်းက ဓာတ်လှေကားထဲမှာ သူမ ငါ့ဘေးမှာ ရပ်နေတယ်"
"သူမခေါင်းငုံ့နေတယ်၊ ငါကမေးတယ် အဖွား ဒီလောက် နောက်ကျနေမှ ဘာလုပ်မလို့လဲ? အဖွားကြီးက ခေါင်းမော့လိုက်ပြီး စကားမပြောဘူး၊ ငါ့မျက်လုံးကိုပဲ ထိုးပြနေတယ်။
ငါ ဘာကိုဆိုလိုတာလဲ မသိဘူး။
အိုး... အဲ့အဖွားကြီးက မင်း နေမကောင်းတုန်းက ပန်းခြံမှာ တွေ့ခဲ့တဲ့သူပဲ။
အဲ့အချိန်က သူမျက်နှာက အရမ်း ကြောက်စရာ ကောင်းနေခဲ့တယ်။
သူမက ငါ့မျက်လုံးကိုပဲ ထိုးပြနေတယ်၊ ဘာဆိုလိုချင်တာလဲ?"
"အားချန်၊ ဒီညမှာလည်း တံခါးထပ်ခေါက်တယ်။
ငါသူ့ကိုမှတ်မိတယ်။
သူက မင်းကြောင့် ရဲစခန်း ရောက်သွားတဲ့သူပဲ။
သူသေသွားပြီ။
သူကိုယ့်ကိုယ်ကို သတ်သေသွားတယ်! သူသေပြီးတဲ့နောက် ငါ့ကို အကြိမ်ကြိမ် လာခြောက်တယ်။
မင်းသိလား? ဒီည ရေသောက်ဖို့ ထတော့ မီးမဖွင့်ခဲ့ဘူး။
မီးဖိုချောင်ထဲမှာ တစ်ယောက်ယောက် ရပ်နေတာကို မြင်လိုက်တယ်"
"ငါသူ့ကိုမြင်တယ်၊ သူကလည်း ငါ့ကို မြင်တယ်။ ဒါပေမယ့် ငါဘာမှ မသိသလို ဟန်ဆောင်လိုက်တယ်၊ ရေသောက်ပြီး အခန်းထဲပြန်ဝင်လိုက်တယ်၊ ဒါပေမယ့် တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။ ငါမျက်လုံးမှိတ်ထားတုန်း သူ ငါ့ကုတင်အစွန်းမှာရပ်ပြီး အကြာကြီး ငါ့ကို ကြည့်နေတယ်လို့ ခံစားရတယ်"
"ငါသည်းခံလိုက်တယ်၊ နောက်ဆုံးမှာ သူထွက်သွားတယ်။ ဒါပေမယ့် သူထွက်သွားပြီးနောက် ဘာကြောင့်မှန်းမသိဘူး သူပြန်လာပြီး မင်းအခန်းတံခါးနားမှာ ရပ်ပြီး တံခါးခေါက်တယ်၊ အထဲမှာ လူရှိလားလို့မေးတယ်"
"အားချန်၊ ငါအဲ့ဒီအချိန်မှာ ဘယ်လောက်ကြောက်နေမှန်းမင်းမသိဘူး။ မင်းမရှိတဲ့အချိန်မှာ ငါမငိုဘူးလို့ ကတိပေးခဲ့တယ်။ အဲ့နေ့က မင်းနဲ့ ပြတင်းပေါက်နားမှာရပ်ပြီး မင်းက ငါ့လက်ကိုကိုင်ပြီး မင်းမရှိတဲ့အခါ ငါမငိုရဘူးလို့ပြောခဲ့တယ်။ ငါကတိပေးခဲ့တယ်။ ဒါပေမယ့် ငါမထိန်းနိုင်တော့ဘူး၊ ငါတကယ် မထိန်းနိုင်တော့ဘူး၊ ငါရူးတော့မယ်!"
"အားချန်၊ ငါစက်ဘီး ထွက်စီးခဲ့တယ်။ မင်းနဲ့စတွေ့တဲ့ အချိန်လိုပဲ၊ မင်းက စက်ဘီးနဲ့ ဆန့်ကျင်ဘက်ကနေ လာတယ်၊ ငါက ဟိုဘက်ကိုသွားတယ်။ မင်းသိလား? ငါ့ခန္ဓာကိုယ်ကို လေတိုက်လိုက်တဲ့အချိန်မှာ မင်းငါ့ကိုထိလိုက်တာလို့ ထင်မိခဲ့တယ်"
"အားချန်၊ အဲ့စက်ဘီး ခြင်းကိုမြင်လား? အဖွားကြီးက ငါ့ခြင်းထဲမှာထိုင်နေတယ်၊ သူ့မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်။ သူမက ငါ့ကို အနိုင်ကျင့်နေတယ်လို့ မင်းထင်လား? မဟုတ်ဘူး၊ ငါ့စက်ဘီးရှေ့ကို ထပ်ကြည့်လိုက်၊ အဲ့ဒီမှာ ဘယ်သူလဲ!"