လိုက်နှောက်ယှက်ရတဲ့ အကြောင်းရင်း
Vol. 14 Ch. 192
"စတွင်မာ ဗီဒီယိုက ထပ်မရှိတော့"
ထိုအချိန်တွင် ရှောင်မိန်က ပြောလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်ခန်းသည် အလွန်တိတ်ဆိတ်နေပြီး ကျန်းရီကပါ ဘာ စကားမှ မပြောခဲ့ပေ။
သို့သော် သူမပြောခဲ့တဲ့ ရှေ့မှာ ရှိနေတဲ့သူက လွန်ခဲ့သောအချိန်က စင်္ကြံလမ်း ကသူ ဖြစ်နေမလားဟု ကြည့်ရှုသူများက တွေးမိခဲ့ကြသည်။
"စတွင်မာ ချန်းယက စိတ်မနှံ့တော့ဘူးလား?”
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ တစ်ဦးက မေးလိုက်သည်။ ဒီစကားများက မှန်ကန်မှုရှိမရှိ မသေချာသော်လည်း ချန်းယ၏ စိတ်အခြေအနေသည် ခင်ပွန်းသေဆုံးပြီးနောက် မတည်ငြိမ်ခဲ့ပေ။
တည်ငြိမ်နေပါက ခင်ပွန်း၏အလောင်းကို အိမ်တွင်ဝှက်ထားမည်မဟုတ်ပေ။
သို့သော် ကျန်းရီသည် အဲ့ဒီမြို့ရဲ့ ရဲတွေထံမှ အချက်အလက်ကို စောင့်နေဆဲဖြစ်သည်။ အချက်အလက်တွေကို စောင့်နေစဉ် ကျန်းရီက ရှောင်မိန်ကို ကြည့်ကာ "မင်းတကယ် သူမနဲ့ မတွေ့ဖူးဘူးလား?" ဟု မေးလိုက်သည်။
ရှောင်မိန် အံ့အားသင့်သွားပြီး "ဟင့်အင်း၊ ကျွန်မ တကယ်မသိဘူး" ဟု ဖြေလိုက်သည်။
"သေချာ ပြန်စဉ်းစားကြည့်၊ သူမ ရှာဖွေခဲ့တဲ့ ပထမဆုံးလူက မင်းဖြစ်ပြီး နောက်မှ အားဖန်ပဲ။ အရင်ဖြစ်ရပ်တွေကို ပြန်ကြည့်ရင် ချန်းယအပြင် အခြား လူတွေကလည်း မင်းကို လာရှာဖူးသလား?"
ရှောင်မိန် ခေါင်းခါလိုက်သည် "မသိဘူး။ ကျွန်မမြင်ဖူးတာက တက္ကစီဆရာ၊ အမှိုက်ကား မောင်းသူနဲ့ ချန်းယပဲ။ သူမက ညအချိန်မှာ ကျွန်မစက်ဘီး ခြင်းမှာထိုင်ပြီး နောက်ညမှာ လာတံခါးခေါက်တယ်၊ နောက်ပြီး Wind chimes ရဲ့ အသံလည်း ကြားရတယ်။"
"ဒါဆို ညအချိန် တံခါးခေါက်သူက ချန်းယ ပဲဆိုတာ သေချာလား? အဲဒီလူရော ဖြစ်လို့ မရဘူးလား?"
"ကျွန်မ... ကျွန်မ မသိဘူး... စတွင်မာ ကျွန်မ တကယ်မသိဘူး!"
ရှောင်မိန် တကယ်စဉ်းစားလို့ မရတော့ဘဲ ငိုချလုနီးပါးဖြစ်သွားခဲ့သည်။
"ဒါဆို ချန်းယနဲ့ သူမခင်ပွန်း အားချန်ကို သေချာပြန်ကြည့်။ မင်းနဲ့ ဒီလင်မယားနှစ်ဦးကြားမှာ ဆက်နွှယ်မှုက ကြီးမားနေတယ်လို့ ခံစားနေရတယ်။"
ကျန်းရီက ပြောပြီး ရှောင်မိန်က စိတ်ထဲရှိ ပူပန်မှုနှင့် ကြောက်ရွံ့မှုများကို ချုပ်တည်းကာ ချန်းယနဲ့ အားချန်တို့၏ ဗီဒီယိုကို ထပ်မံကြည့်ရှုလိုက်သည်။ ကြည့်ရှုနေစဉ် ရှောင်မိန်သည် ရင်းနှီးတဲ့ ခံစားချက်တွေ ရလာခဲ့ပြီး ထို အမျိုးသမီး ဖုန်းထဲမှ အားချန်၏ဓာတ်ပုံကို ရှာဖွေလိုက်သည်။
ထိုဓာတ်ပုံကိုမြင်သောအခါ ရှောင်မိန်၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
"ကျွန်မ... ကျွန်မမှတ်မိပြီ၊ အဲဒါ... အဲဒီအစ်ကိုကြီးပဲ၊ ကျွန်မကို ကူညီပေးခဲ့တဲ့အစ်ကိုကြီး!"
ရှောင်မိန် မှတ်မိသွားတော့ ကျန်းရီက "သူ မင်းကို ဘာကူညီပေးခဲ့တာလဲ?" ဟု မေးလိုက်သည်။
"ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ကျွန်မ အလုပ်မဝင်ရသေးဘူး၊ ကျောင်းတက်နေဆဲပါ။ တစ်ညမှာ လမ်းလျှောက်နေစဉ်... လမ်းဆုံမရောက်ခင် လမ်းပိတ်နေတယ်။ သစ်ပင်တွေထူထပ်လို့ လမ်းမီးအလင်းရောက်မှုနည်းပြီး လမ်းပေါ်မှာ အရမ်းမှောင်နေတယ်။"
"အချိန်စောနေသေးတော့ ကျွန်မ ဖြည်းဖြည်းချင်း လျှောက်နေတုန်း ရုတ်တရက် တစ်ယောက်က ကျွန်မနောက်ကို လိုက်လာပြီး အိတ်နဲ့ဖုန်းကို အတင်းလုယက်သွားတယ်။ ကျွန်မအော်ဟစ်လိုက်တော့ ဇိမ်ခံကား မောင်းလာတဲ့ အစ်ကိုကြီးတစ်ယောက်က လိုက်ဖမ်းပေးတယ်။ သူက လုယက်သူကို ရိုက်နှက်ပြီး ရဲကိုခေါ်ပေးခဲ့တယ်။"
"သူ့ကားထဲမှာ လူတွေပါနေတယ်။ သူကားကို သွားပြီး အကျိုးအကြောင်း ပြောပြီးနောက်မှာ ကျွန်မနဲ့ အဲ့ဒီအစ်ကိုကြီး ရဲစခန်းကို သွားခဲ့တယ်။"
"သူပဲ အဲဒီအစ်ကိုကြီးပဲ။ ဘာဖြစ်လို့ အစ်ကိုကြီးက သေသွားရတာလဲ? နာမကျန်းဖြစ်လို့လား? ကျွန်မရဲ့ ကျေးဇူးရှင်ကိုတောင် မေ့နေခဲ့တယ်။ ဘာဖြစ်သွားတာလဲ? တစ်နှစ်တည်းနဲ့ ဘာလို့ အခုလိုဖြစ်သွားရတာလဲ!"
ရှောင်မိန် ငိုကြွေးလိုက်သည်၊ ငိုရင်းနှင့် စကားလုံးတွေက မပီကလာ ပီကလာ ဖြစ်လာသည်။
လူတစ်ဦး၏ သေပြီးသည်နှင့် မသေမီ အသွင်အပြင်သည် အလွန်ကွာခြားသည်၊ အထူးသဖြင့် နာမကျန်းဖြစ်တဲ့သူတွေပဲ။ နာမကျန်းဖြစ်ပြီး သေဆုံးသူအများစုသည် မသေခင် အချိန်အတန်ကြာ ပိန်လာတတ်သည် (ဆီကုန်မီးငြိမ်းသကဲ့သို့)။
အားချန်၏ သေပြီးနောက် ဗီဒီယိုနှင့် သူရှင်သန်စဉ်က အချိန်များသည် အလွန်ကွာခြားနေသဖြင့် ရှောင်မိန်သည် ယခင်က ပုံတွေကို ပြန်မကြည့်မိပါက မမှတ်မိနိုင်ပေ။
သို့သော် ရှောင်မိန် စဉ်းစားမိလိုက်တဲ့အခါ ထိတ်လန့်သွားခဲ့သည်။
"စတွင်မာ ကျွန်မက သူတို့ကို သတ်မိသွားတာလား? အခုဗီဒီယိုထဲမှာ ချန်းယပြောသလိုပဲ၊ တံခါးအပြင်က သရဲကို သူမ မှတ်မိခဲ့တယ်။ အဲဒီသူက ပြီးခဲ့တဲ့နှစ်က အားချန်က ရဲစခန်းကို ပို့ပေးခဲ့တဲ့သူပဲဖြစ်မယ်။ သူက ကျွန်မကို လုယက်ခဲ့တဲ့သူလား? သူနောက်ပိုင်း အဆောက်အဦးကခုန်ချပြီး သေသွားတော့ အစ်ကိုကြီးနဲ့ ဇနီးကိုလက်စားချေဖို့ ပြန်လာတာလား?"
"အစ်ကိုကြီးရဲ့ဇနီးလည်း သေသွားတော့... သူက... ကျွန်မဆီကိုလာတာလား!"
ရှောင်မိန်၏ အသံထဲတွင် ကြောက်ရွံ့မှုနှင့် အပြစ်ရှိသလို ခံစားမှုများ ရောထွေးနေသည်။
ထိုအချိန်တွင် ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းကို ကြည့်ကာ "အခုထိ မရောက်သေးဘူးလား?" ဟု မေးလိုက်သည်။
"စစ်ဆေးနေတုန်းပါ မစ္စတာကျန်း ခဏစောင့်ပေးပါ။"
"ထူးဆန်းတယ်၊ ချန်းယ မတော်တဆ ဖြစ်တုန်းက ကျွန်တော်တို့ဒီကိုလာစစ်တော့ အိပ်ယာပေါ်မှာ ဘယ်သူမှမရှိဘူး၊ ရေခဲသေတ္တာတောင်မတွေ့ခဲ့ဘူး!"
"မစ္စတာကျန်း၊ အကြောင်းအရာကို ရှင်းရှင်းလင်းလင်းစစ်ဆေးပြီးပါပြီ။ အားချန်က တရားမျှတမှု တစ်ခုကို အမှန်တကယ် လုပ်ခဲ့တယ်။ အဲဒီအချိန်က အမှုနဲ့ပတ်သက်သူက ကျောင်းသူ ရှောင်မိန်ဖြစ်ပြီး ပြစ်မှုကျူးလွန်သူက ဇန်ဒေါင်း အသက် ၁၈နှစ်နီးပါးရှိတဲ့ အလုပ်လက်မဲ့ လူငယ်တစ်ဦးဖြစ်တယ်။"
"ဖြစ်စဉ်ဖြစ်ပြီးနောက် သူ့ကို အကျဉ်းထောင်ထဲထည့်ထားခဲ့တယ်။ အကျဉ်းထောင်ထဲမှာ အပြုအမူ ကောင်းမွန်တာကြောင့် တစ်နှစ်ပဲထောင်ကျပြီး ဒီနှစ် ဇန်နဝါရီမှာ ပြန်လွတ်လာတယ်။"
"အဲဒီအချိန်က အပြစ်ဒဏ်ပေးမှု နည်းရတဲ့အကြောင်းက တစ်ခုက အမှုနဲ့ပတ်သက်တဲ့သူတွေရဲ့အသက်အရွယ်၊ နောက်တစ်ခုက မိသားစုဝင်တွေက နည်းနည်းလေးလျော်ကြေးယူပြီး သဘောတူခဲ့လို့ပါ။ ရှောင်မိန်နဲ့ အားချန်တို့ နားလည်မှုရှိခဲ့တာကြောင့် တစ်နှစ်ပဲကျခဲ့တယ်။"
"အဆောက်အဦးက ခုန်ချပြီး သေဆုံးရတဲ့ အကြောင်းက သူ့မိသားစုနဲ့ သူ့ကိုယ်ပိုင် အကြောင်းတွေကြောင့်ဖြစ်မယ်။ သူ့မှာရာဇဝတ်မှု မှတ်တမ်းရှိတာကြောင့် ခွဲခြားဆက်ဆံမှုတွေကို မခံနိုင်တော့လို့ အမြင့်ကခုန်ချပြီး သေဆုံးသွားခဲ့တယ်!"
အခြားတစ်ဖက်မှ အကြောင်းအရာကို ပြောပြီးသောအခါ ကျန်းရီက "အားချန်ရဲ့သေဆုံးမှုက သူနဲ့ ဆက်စပ်မှုရှိလား?" ဟု မေးလိုက်သည်။
"နာမကျန်းဖြစ်တာဆိုရင် အဲဒီဖြစ်ရပ် မဖြစ်ခင်ကတည်းက ဖြစ်နေပြီ။ အင်း...ဒါနဲ့ ချန်းယ မတော်တဆဖြစ်ပြီးနောက် သူမအိမ်မှာ ဆေးမှတ်တမ်းတချို့ကို တွေ့ခဲ့တယ်၊ အင်း... မှတ်မိပြီ၊ အဲဒီအချိန်က အားချန်က ကင်ဆာရောဂါရှိနေပြီး ဆေးသောက်နေရတယ်လို့ သူ ပြောခဲ့တယ်"
"အဲဒီအချိန်တုန်းက ဒီ သူ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို ထုတ်ဖော်ကြေညာဖို့ ပြောခဲ့ပေမယ့် အားချန်က ငြင်းဆန်ခဲ့တယ်။ ဒီဖြစ်ရပ်တွေအားလုံးက ဆက်စပ်နေမှန်း မျှော်လင့်မထားမိဘူး။"
"ချန်းယရဲ့မိဘတွေနဲ့ဆက်သွယ်တဲ့အခါမှာလည်း အားချန်ကိုရှာဖို့ပြောခဲ့တယ်၊ သူပျောက်နေတယ်၊ နိုင်ငံခြား သွားတာလားမသိဘူးလို့ပြောခဲ့တယ်။"
"ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်တို့သိပ်ဂရုမစိုက်မိခဲ့ဘူး။ သူမရဲ့ မိဘတွေ ပြောတာက သူတို့သမီးက အားချန် နိုင်ငံခြားသွားပြီး နှစ်အတော်ကြာမှ ပြန်လာမယ်လို့ ပြောခဲ့တယ်တဲ့၊ ကျွန်တော်တို့လည်း အားချန်နဲ့ ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒါကြောင့် ကျွန်တော်တို့ တဖြည်းဖြည်းမေ့သွားတယ်။ ဒါပေမယ့် မမျှော်လင့်ထားတာက ချန်းယက သူ့အလောင်းကို အိမ်ထဲမှာ ဝှက်ထားတာပဲ"
အရာအားလုံးက ရှင်းလင်းသွားသောအခါ ကျန်းရီက လေးနက်စွာ ပြောလိုက်သည်။
"အခုချက်ချင်း ချန်းယအိမ်ကနေ အားလုံးထွက်ခွာသွားပေးပါ။ အလောင်းကို ဘယ်လိုမှ မထိမိပါစေနဲ့။ သူအခု အိပ်ယာပေါ်မှာလား၊ ရေခဲသေတ္တာထဲမှာလား?"
"ရေခဲသေတ္တာထဲမှာပါ။"
"သွား မရွှေ့နဲ့အုံး ရှောင်မိန်၊ မင်းနဲ့မင်းအခန်းဖော်တို့ ပစ္စည်းတွေ အားလုံးယူပြီး ချန်းယအိမ်ကိုသွား... တံခါးကို ခေါက်လိုက်!"