မရဏလမ်းမှာ တစ်ယောက်ယောက် ရှိနေလိမ့်တယ်
Vol. 14 Ch. 193
ကိစ္စတွေဟာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့တယ်။
ရှောင်မိန်နဲ့ သူ့အခန်းဖော်နှစ်ဦးဟာ ကျန်းရီ ညွှန်ကြားချက်အရ ချန်းယ နေထိုင်ရာကို သွားခဲ့ကြတယ်။
လုပ်ဖော်ကိုင်ဖက်နှစ်ဦးကို ခေါ်သွားရတဲ့ အကြောင်းရင်းက တစ်ဦးက စက်ဘီးစီးဖူးပြီး အခြားတစ်ဦးက မြင်ဖူးခဲ့လို့ပါ။
ကမ္ဘာကြီးက အကျယ်ကြီး ဆိုပေမယ့် တစ်ခါတလေ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အရာတွေက ပိုဖြစ်တတ်ပါတယ်။
အခန်းတစ်ခန်းမှာ လူသုံးဦး နေပြီးတော့ ဒီသုံးဦးစလုံးဟာ တစ်ဦးတည်းကိုပဲ ဆုံဖူးတာ ဒါမှမဟုတ် ဆက်သွယ်မှု ရှိနေတာဟာ ကျန်းရီကိုတောင် အံ့သြသွားစေခဲ့တယ်။
မိန်းကလေးသုံးဦးဟာ ချန်းယနေအိမ်ကို ရောက်ရှိပြီး အတူတကွ အပေါ်ထပ်ကို တက်သွားကြတယ်။
အဲ့ဒီအချိန်မှာ ရဲတွေ လုံးဝ ထွက်သွားခဲ့ပြီဖြစ်ပြီး အာဖန်း နဲ့ အားယုတို့က ရှောင်မိန်နောက်မှာ ကပ်နေခဲ့ကြတယ်။
ရှောင်မိန်က ကျန်းရီကို ကြည့်နေပြီး သူ့မျက်လုံးထဲမှာ မေ့လို့မရနိုင်တဲ့ အပြစ်ရှိမှုတွေက ထင်ဟပ်နေခဲ့တယ်။
"စတွင်မာ အခု တံခါးခေါက်လိုက်ရမလား?"
"အခု တံခါးဖွင့်ပြီးသာ ဝင်လိုက်ပါ။"
ရှောင်မိန်က တံခါးကို ဖွင့်ပြီး အတွင်းကို ဝင်လိုက်တယ်။
အခန်းထဲမှာက မီးလင်းနေဆဲဖြစ်ပြီး ပစ္စည်း အများစုကို ဖုန်မတက်အောင် အုပ်ထားတယ်။
ချန်းယရဲ့ ဗီဒီယိုထဲမှာ အားချန် က ငယ်ငယ်ကတည်းက မိဘမရှိဘူးလို့ ပြောထားတယ်။ ဒီမြို့မှာ အလုပ်လုပ်ဖို့ တစ်ယောက်တည်း ရောက်လာခဲ့တာပါ။
နှစ်ပေါင်းများစွာ ကြိုးစားပြီးနောက် သူ့မှာ အခုလိုမျိုး ရှိနေတာဖြစ်သည်။
ဒီအိမ်က အားချန်ရဲ့ဟာ ဖြစ်ပေမယ့် အားချန်မှာ ဆွေမျိုးမရှိတဲ့အတွက် နောက်ဆုံး ချန်းယရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားခဲ့တယ်။
ချန်းယလည်း သေဆုံးသွားပြီးနောက် ဒီအိမ်ဟာ ချန်းယရဲ့ မိဘတွေရဲ့ ပိုင်ဆိုင်မှု ဖြစ်သွားတာပေါ့။
ဒါပေမယ့် ဒါက ဝမ်းနည်းစရာ နေရာဖြစ်နေတဲ့အတွက် မိဘတွေက အိမ်ကို သော့ခတ်ပြီး ဘယ်တော့မှ ပြန်လာမနေတော့ဘူး။
ဒါပေမယ့် အိမ်ကို မရောင်းတဲ့အတွက် အိမ်ထဲက အလောင်းက ရှိနေဆဲပါပဲ။
ရှောင်မိန်ဝင်လာပြီးနောက် အလောင်းထားရာ အခန်းအပြင်ဘက်မှာ ရပ်နေလိုက်တယ်။
"ရှောင်မိန် လေးချက်ခေါက်လိုက်ပါ။ တံခါးပွင့်သွားရင် ဝင်လိုက်ပါ" ကျန်းရီက ပြောလိုက်တယ်။
ရှောင်မိန်က ခေါင်းညိတ်ပြီး မသိလိုက်ဘဲ မေးလိုက်တယ် "တံခါးမဖွင့်ရင်ရော?"
"ဒါဆို တံခါးကို ကန်ဖွင့်လိုက်ပါ။"
ကျန်းရီရဲ့ စကားကို ကြားပြီး ရှောင်မိန်က ခဏတော့ ကြောင်သွားပေမယ့် လက်ကို မြှောက်ပြီး တံခါးကို လေးချက် ခေါက်လိုက်တယ်။
" ဒီမှာ လူရှိလား?"
ကျန်းရီက ရှောင်မိန်ကို ဒါမျိုး မပြောခိုင်းပေမယ့် ရှောင်မိန်က မသိလိုက်ဘဲ ပြောလိုက်တာပါ။
ချန်းယက သူ့ခင်ပွန်းရဲ့ တံခါးကို ခေါက်သလိုမျိုးပါပဲ။
"ကျွီ…."
တံခါးက အနည်းငယ် အသံမြည်ပြီး သူ့ဘာသာ ပွင့်သွားတယ်။
ရှောင်မိန်တို့ မိန်းကလေးသုံးဦးက မသိစိတ်ကနေ နှစ်လှမ်းလောက် နောက်ပြန်ဆုတ်သွားပြီး ကျန်းရီက "မကြောက်ပါနဲ့၊ ဝင်လိုက်ပါ၊ ငါလာတာကို သူသိတယ်" လို့ ပြောလိုက်တယ်။
ရှောင်မိန်တို့သုံးဦး အခန်းထဲဝင်သွားပြီး အတွင်းမှာ ထူးဆန်းတဲ့ အနံ့တစ်မျိုး ရှိနေတယ်။
ဒီအနံ့ကို ရှူမိပြီး အားဖန်က "ဒီအနံ့ပဲ၊ နံ့သာဖြူ အနံ့နဲ့တူပေမယ့် နံ့သာဖြူအနံ့ မဟုတ်ဘူး" လို့ ပြောလိုက်တယ်။
တစ်ယောက်ယောက်က သူတို့အတွက် မီးဖွင့်ပေးလိုက်သလို၊ အခန်းက ရုတ်တရက် ပိုလင်းလာခဲ့တယ်။
အိပ်ရာကို ဘယ်သူမှ သန့်ရှင်းမထားဘူး၊ ဘာလို့လဲဆိုတော့ ဘေးမှာ နံ့သာပေါင်းအိုး ရှိနေလို့ပဲ။
နံ့သာပေါင်းအိုးထဲမှာ အစိမ်းရောင် မီးခိုးတွေ မရှိတော့ပေမယ့် ကင်မရာက ဒါကို ချိန်ထားပြီး ကျန်းရီက "ဒါက ကြံ့ဦးချိုနံ့သာပဲ။ ဝမ်းနည်းစရာပဲ။ ကြံ့ဦးချို နံ့သာကို ဘယ်လောက်ပဲ ထွန်းထွန်း သူ့ကို မမြင်ရဘူး" လို့ ပြောလိုက်တယ်။
ရှောင်မိန်တို့က ကြံ့ဦးချိုနံ့သာက ဘာလဲဆိုတာ နားမလည်ပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိတ်သတ်တွေကတော့ သိပါတယ်။
မျက်နှာမဲ့ဖြစ်ရပ်မှာ အစ်ကိုဟူ သေပြီးနောက် သူ့ဇနီးက ကြံ့ဦးချို နံ့သာထွန်းပြီး အစ်ကို ဟူရဲ့ဝိညာဉ်ကို ပြန်ခေါ်စေချင်ခဲ့တယ်။
ကျန်းရီက အဲဒီတုန်းက အစ်ကိုဟူဇနီးကို ကြံ့ဥွးချိုနံ့သာက အသုံးဝင်ကောင်း ဝင်နိုင်မယ်လို့ ပြောခဲ့ပေမယ့် အထူးနည်းလမ်းမရှိရင် ကြံ့ဦးချိုကို နံ့သာဖြစ်အောင်လုပ်ရင်တောင် အလကားဖြစ်မယ်လို့ ပြောခဲ့တယ်။
ချန်းယအတွက်လည်း အလားတူပါပဲ။ သူ့ခင်ပွန်း အားချန်ကို မမြင်လိုက်ရဘူးဆိုတာ သေချာပါတယ်။ မြင်ဖူးရင် ဗီဒီယိုထဲမှာ ပြသထားတဲ့အတိုင်း ပြုမူမှာမဟုတ်ပါဘူး။
အခန်းထဲက မီးတွေ လုံးဝလင်းလာခဲ့တယ်။ ရှောင်မိန်က အိပ်ရာဆီကို အရင်သွားပြီး အိပ်ရာက ကုလားကာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တယ်။
ဒါပေမယ့် ဖွင့်လိုက်တာနဲ့ ရှောင်မိန်တို့သုံးဦးရဲ့ မျက်နှာအမူရာတွေ ပြောင်းသွားခဲ့တယ်။
အိပ်ရာပေါ်မှာ လူငယ်တစ်ယောက်က မိန်းမတစ်ယောက်ရဲ့ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးတွေမှာ ရူးသွပ်မှုနဲ့ ကြမ်းတမ်းမှုတွေ ပြည့်နေတယ်။
"ဒီကို မလာနဲ့။ ဘယ်သူမဆို လာရင် သူမကို အပိုင်းပိုင်းဖြတ်ပစ်မယ်!"
လူငယ်လေးက ဇန်ဒေါင်း ဖြစ်ပြီး သူ ချုပ်ကိုင်ထားတာက ချန်းယပါ။
ကျန်းရီက ဇန်ဒေါင်းကို အေးစက်စွာ ကြည့်လိုက်ပြီး "မင်း ဘာလုပ်နေတာလဲဆိုတာ မင်း သိလား?" လို့ မေးလိုက်တယ်။
"တိတ်စမ်း၊ ငါမင်းကို မကြောက်ဘူး။ ငါက တစ္ဆေပဲ၊ သူမလည်း တစ္ဆေပဲ။ သူမကို အပိုင်းပိုင်းဖြတ်ပစ်လို့ရတယ်!"
"မင်းတကယ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာမှ မသိဘူးပဲ။ ကြောက်စိတ်ကို မင်း ခံစားနေရတဲ့အတွက် ဒါက အချည်းနှီးပဲဆိုတာကို သိသင့်တယ်။"
"ငါဂရုမစိုက်ဘူး၊ ငါဒီထက် ပိုပြီး မထိန်းချုပ်နိုင်ဘူး! သူတို့ကြောင့် ငါဒီလိုဖြစ်ရတာ၊ သူတို့အားလုံး သေရမယ်!"
ဇန်ဒေါင်းက အသည်းအသန်အော်နေစဉ် ကျန်းရီက သူ့ကို လှောင်ပြောင်ပြီး ကြည့်ကာ "ထပ်ပြောစမ်း၊ သူတို့က မင်းကို ထိခိုက်စေတာလား?"
"ငါ...သူတို့ပါ..."
"ဘယ်သူကြောင့်လဲဆိုတာ အမှန်အတိုင်း ပြောစမ်း!"
ကျန်းရီက အေးစက်စွာ အော်လိုက်တဲ့အခါ ဇန်ဒေါင်း ရဲ့ ခန္ဓာကိုယ်က တုန်လှုပ်သွားခဲ့တယ်။
"ငါ၊ ငါ့ကြောင့်ပါ၊ ငါ့ဘာသာ ငါ အမှားလုပ်ခဲ့မိတာပါ! ဒါပေမယ့် ငါမသိဘူး၊ အမှားလုပ်ပြီးနောက် ဒီလောက် ဆိုးဝါးလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။
အဲဒီတုန်းက ငါ့သဘောထားက ဒီလို မဟုတ်ဘူး၊ တကယ်တော့ ငါသူမကို စနောက်ချင်ခဲ့တာပါ။
ငါသူမကို တစ်ယောက်တည်း လမ်းလျှောက်နေတာ မြင်တော့ သူမကို လန့်စေချင်ခဲ့တာပါ။
ငါ့မှာလည်း ငွေမရှားဘူး၊ အခုလို လုယက်တော့ရော ဘယ်လောက် ရနိုင်မှာလဲ?"
"ငါမှားတယ်လို့ ဝန်ခံပြီး အကျဉ်းထောင်ထဲမှာ တကယ်ကို နောင်တရခဲ့တယ်။
ဒါပေမယ့် ဘာလို့၊ ဘာလို့ ငါထွက်လာတဲ့အခါ ငါ့ပတ်ဝန်းကျင်က လူတိုင်းက ငါ့ကို ထူးဆန်းစွာ ကြည့်နေကြတာလဲ?
မိဘတွေတောင် အပြင်ထွက်ရင် ငါဘယ်သွားမှာလဲလို့ မေးနေကြတယ်။
ငါ့ကို မမြင်ရင် ငါသွားလုယက်တော့မယ်လို့ ထင်နေကြတယ်။
ဟား..ဟား… ငါက မကောင်းတဲ့ လူမဟုတ်ဘူး။
ငါက ဘာမှ နားမလည်ရုံလေးပါ
ငါက မိန်းကလေးတစ်ယောက်ကို ဒီလိုမျိုး ခြောက်လိုက်ရင် ဘာမှမဖြစ်ဘူးလို့ ထင်ခဲ့တာ။
"ဒါပေမယ့် ငါထွက်လာတဲ့အခါ အလုပ်မှာပဲဖြစ်ဖြစ် ကျောင်းပြန်တက်တာပဲ ဖြစ်ဖြစ် သူတို့က ငါ့ကို လက်မခံကြဘူး။ လူတိုင်း နောက်ကွယ်မှာ ပြောနေကြတာက ဇန်ဒေါင်း ဆိုတဲ့ ငါက ဓားပြ ဖြစ်တယ် ဆိုတာပဲ။ သူက တစ်ချိန်တုန်းက လူတစ်ဦးကို လုယက်ဖူးတယ်။ ဘာကြောင့်လဲ? ဒီကမ္ဘာကြီးက အရမ်းကို ရက်စက်တယ်၊ ငါ့မှာ အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး!"
ဇန်ဒေါင်း ငိုကြွေးနေခဲ့ပြီး ကျန်းရီက အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်တာက- "သူများတွေက မင်းရဲ့ပျော်စရာနဲ့ မင်းရဲ့ပြက်လုံးတွေအတွက် ဘာကြောင့် ပေးဆပ်ပေးရမှာလဲ? မင်းငယ်ရွယ်ပြီး အသိဉာဏ်မရှိလို့ ဆိုတဲ့အတွက် သူများတွေက မင်းကို အပြစ်မတင်ရုံသာမက မင်းကို ကာကွယ်ပေးရမယ်ဆိုတာ မရှိဘူး။
မင်းမှားတာက မင်းမှားတာပဲ
အရာအားလုံးရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက မင်းကိုယ်တိုင်ကြောင့်ဖြစ်ရတာ။
မင်းလုယက်ခဲ့တာက လုယက်ခဲ့တာပဲ။
မင်းက ဒါဟာ ပျော်စေပျက်စေ ဖို့အတွက်ပါလို့ မပြောခဲ့ဘူး။
မင်းက ပိုက်ဆံ မချို့တဲ့ဘူးလို့ ပြောခဲ့တယ်။
မင်းရဲ့အပြုအမူတွေအတွက် မင်းအဖိုးအခ ပေးဆပ်ရမယ်ဆိုတာ နားလည်ရဲ့လား?"
ဇန်ဒေါင်းက ခေါင်းကိုနှိမ့်ချလိုက်ပြီး ကျန်းရီက ချန်းယကိုကြည့်ကာ- "မင်းရူးနေတာလား? မင်းခင်ပွန်းက တစ်ခြားဘဝကို ရောက်နေပြီ၊ ဒီကမ္ဘာမှာ ဘာလို့ဆက်နေနေတာလဲ?"
"ကျွန်မ အားချန် ကိုရှာချင်လို့ပါ။ သူက မရဏလမ်းမှာ ကျွန်မကိုစောင့်နေမယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကို စိတ်မချလို့ ဒီကလေးမလေးတွေကို ရှာခဲ့တာ၊ အားချန် ရဲ့ ခန္ဓာကိုယ်ကို အိမ်ထဲမှာရှာဖို့ပါ"
ချန်းယက ပြောနေရင်း ခေါင်းကို ငုံ့လိုက်သည်။ ကျန်းရီက သက်ပြင်းချလိုက်ကာ - "ကောင်းပြီ၊ မင်းကို အပြစ်ပြောလည်း ဘာမှမထူးဘူး။ အခုမင်းကိုတွေ့ပြီဆိုတော့ အောက်ကို ဆင်းလိုက်တော့။ ဘာလုပ်ရမယ်ဆိုတာ တစ်စုံတစ်ယောက်က ဆုံးဖြတ်ပေးလိမ့်မယ်"
ချန်းယနဲ့ ဇန်ဒေါင်း နှစ်ယောက်လုံး ခေါင်းငုံ့နေချိန်မှာ ကျန်းရီက တစ်ခုခုကို သတိရသွားတယ်- "နောက်ထပ်အဖွားကြီး တစ်ယောက်က ဘယ်မှာလဲ ?”
"အဖွား... အဖွားကြီးက ကျွန်တော့်ကို ရက်အနည်းငယ်လောက် ကာကွယ်ပေးပြီး ထွက်သွားခဲ့ပြီ"
"ဒါဆို မင်းတို့ အောက်ကိုဆင်းလိုက်တော့"
ကျန်းရီပြောလိုက်တဲ့အခါ ဇန်ဒေါင်းက အံကြိတ်ပြီး ရှောင်မိန်ကို မကျေမနပ်ကြည့်နေခဲ့တယ်။
"မင်း ဒီကနေဘာလို့ မထွက်သွားသေးတာလဲ?"
ကျန်းရီလက်လှုပ်လိုက်တာနဲ့ ဇန်ဒေါင်း ပျောက်ကွယ်သွားတယ်။
ကျန်ခဲ့တဲ့ ချန်းယက မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့မေးလိုက်တယ်- "ကျွန်မ အောက်မှာ အားချန် ကိုတွေ့နိုင်မလား? ကျွန်မမေးခွင့်မရှိဘူးဆိုတာသိပေမယ့်..."
"မင်းအောက်ကိုဆင်းရင် မရဏလမ်းမှာ တစ်ယောက်ယောက်နဲ့တွေ့လိမ့်မယ်။ သူမင်းခင်ပွန်းကို ဘယ်လိုရှာရမယ်ဆိုတာ ပြောပြလိမ့်မယ်။"
ကျန်းရီပြောလိုက်တဲ့အခါ ချန်းယက သူ့ကို ဦးညွတ်ပြီးကျေးဇူးတင်ကာ သူ့ဘာသာ ထွက်ခွာသွားခဲ့တယ်။
ရှောင်မိန်နဲ့ ကျန်တဲ့သူတွေက ငေးကြည့်နေချိန်မှာပဲ ကျန်းရီက ပြုံးပြီးပြောလိုက်တယ်- "ရှောင်မိန်ရေ အရာအားလုံးက ပြီးဆုံးသွားပြီ!"