ငရဲမှ အလည်လာသူ
Vol. 14 Ch. 194
ရှောင်မိန်သည် သတိပြန်ဝင်လာပြီး အခန်းထဲရှိ အရာရာကို ကြည့်နေခဲ့တယ်။
အခုမြင်ရတဲ့အရာက ခုနက မြင်ခဲ့ရတာတွေနဲ့ မတူဘူးလို့ ထင်ရတယ်။
ခုနက အခန်းထဲမှာ နံသာဖြူ အနံ့လေးတွေ ရှိနေခဲ့ပေမယ့် အခုတော့ အနံ့တွေ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
ကျန်းရီက ချန်းယ နဲ့ ဇန်ဒေါင်း တို့ကို ထွေထွေထူးထူး သိပ်မမေးခဲ့ပေ၊ ဘာလို့ဆို အရာရာက ရှင်းနေပြီးသား ဖြစ်လို့ပါ။
ချန်းယက သူမရဲ့ခင်ပွန်းရဲ့အလောင်းကို သူမအိမ်မှာ ရှိနေကြောင်းကို လူသိစေချင်တာပါလို့ ပြောခဲ့သည်။ အားချန် သေဆုံးရခြင်းဟာ ရှောင်မိန်အပေါ် ဖြစ်ပွားခဲ့တဲ့ လုယက်မှုကြောင့် မဟုတ်ပေ၊ ဒီအရာတွေအားလုံးရဲ့ အရင်းခံက ဇန်ဒေါင်း ရဲ့ လုယက်မှုကြောင့်ပါပဲ။
အကြောင်းတရားနှင့် အကျိုးဆက်သည် ဒီကနေ စတင်ခဲ့တာ ဖြစ်သည်။
အားချန် သေဆုံးပြီးနောက် ချန်းယက ခင်ပွန်းကို လွမ်းတသဖြင့် စိတ်မူမမှန် ဖြစ်နေသည်မှာ သိသာသည်။ ခင်ပွန်းသည် သေဆုံးပြီးနောက်လည်း လပေါင်းများစွာ သူ့ကို ရေခဲသေတ္တာထဲ ထည့်ထားခဲ့သည်။
သူမက ရူးသွပ်နေသည်။ ကျန်းရီ က ကြောက်စရာကောင်းသည်ကို သိသော်လည်း သူမက ကျန်းရီကို မေးနေဆဲဖြစ်သည်၊ အောက်မှာ ကျွန်မခင်ပွန်းကို တွေ့နိုင်မလား?
ကျန်းရီသည် ၎င်းတို့၏ဆက်ဆံရေးကို မည်သို့ဖော်ပြရမည်ကို မသိသောကြောင့် ထပ်မံမေးမြန်းရန် မလိုအပ်တော့ပေ။ ချန်းယ ကိုသာ မရဏ လမ်းမှာ တစ်ဦး ရှိနေပြီး၊ ထိုသူက အားချန် ကိုရှာဖွေရန် လမ်းကြောင်းကို ပြောပြမည်ဟုသာ ပြောပြလိုက်သည်။
ရှောင်မိန်၏မျက်လုံးများသည် ကျန်းရီအပေါ်သို့ ကျရောက်ကာ "စတွင်မာ ကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ဒီလူက ကျွန်မကို ဆက်ပြီးဒုက္ခပေးနေမယ်ဆိုရင် ကျွန်မ သေလုနီးပါး ကြောက်နေရလိမ့်မယ်" ဟု ကျေးဇူးတင်စကား ပြောလိုက်သည်။
ကျန်းရီက ပြုံးပြီး ခေါင်းခါကာ "မင်းလုံခြုံပြီဆိုတာ သိရင် အိမ်ပြန်ပြီး အနားယူလိုက်ပါ။ မနက်ဖြန် အလုပ်သွားရမယ်မလား" ဟု ပြောလိုက်သည်။
"ဟုတ်ကဲ့"
သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်သော ရှောင်မိန်သည် မျက်လုံးများကို အုပ်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်ပြီး ငိုနေခဲ့သည်။
ဤသို့ငိုခြင်းက ဝမ်းသာလို့ ငိုခြင်းဖြစ်သည်။
ကျန်းရီက အားဖန် နဲ့ အားယု တို့ကို ကြည့်ပြီး ပြုံးကာ "မင်းတို့နှစ်ယောက် ဒီအရာတွေကို အတူတူ ကြုံဖူးခဲ့ပြီးပြီ
လုပ်ငန်းနယ်ပယ်တိုင်းမှာ ပြောမထားတဲ့ စည်းမျဉ်းတွေ ရှိတာကို သိပေမယ့် အသစ်ရောက်သူတွေကို အနိုင်ကျင့်တာက အချို့သော လုပ်သက်ရင့်တဲ့ သူတွေရဲ့ အလေ့အထဖြစ်တယ်လို့ ထင်ရတယ်။
ဒါပေမယ့် မှတ်ထားပါ၊ မင်းတို့ဟာ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုဘူးလို့ မထင်လိုက်နဲ့
တစ်စုံတစ်ဦးကို အစွန်းရောက်အောင် တွန်းပို့လိုက်တာနဲ့ တပြိုင်နက်၊ ကောင်းမှုနဲ့ မကောင်းမှုတို့က အဆုံးမှာ အကျိုးဆက် ရှိကြောင်းကို မင်းတို့ သိထားရမယ်”
အားဖန် နဲ့ အားယု တို့က ရှက်ရွံ့စွာနဲ့ ခေါင်းညိတ်ကာ "ငါတို့...ရှောင်မိန် ငါတို့ တောင်းပန်ပါတယ်" ဟု ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ အစ်မ အားဖန် နဲ့ ညီမ အားယု၊ အရာအားလုံး ပြီးဆုံးသွားပါပြီ" ဟု ရှောင်မိန်က ပြုံးပြီး တောင်းပန်မှုကို လက်ခံခဲ့သည်။
"အခု မင်းတို့ရဲ့အချင်းချင်း ကွဲလွဲမှုတွေ ဖြေရှင်းပြီးသွားပြီဆိုတော့၊ နောက်ပိုင်းမှာ တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီပြီး အတူတကွ ကြိုးစားလုပ်ကိုင်ဖို့ မျှော်လင့်ပါတယ်။ နောက်မှတွေ့မယ်၊ ရှောင်မိန်"
ကျန်းရီက ပြုံးပြီး လက်ဝှေ့ကာ၊ ရှောင်မိန်လည်း ငိုနေရင်း လက်ဝှေ့ကာ၊ သူမ၏ ငိုသံတွေက ပိုကျယ်လာသည်။
"ရှောင်မိန်၊ ဘာဖြစ်လို့လဲ" အားဖန် နဲ့ အားယု တို့က မေးသည်။
ရှောင်မိန်က "ဝူး...ငါကြီးပြင်းလာတဲ့အထိ ဘယ်သူမှ ငါ့ကို ဒီလိုမကာကွယ်ပေးဖူးဘူး။ စတွင်မာ က အရမ်းကောင်းတာပဲ" ဟု ဖြေခဲ့သည်။
ကျန်းရီက ဗီဒီယိုကို ပိတ်လိုက်ပြီး အဝေးက မိုးလင်းလုနီးပါး ဖြစ်နေတဲ့ ကောင်းကင်ကို ကြည့်ကာ "ပရိသတ်တို့ ဒီနေ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက ဒီမှာပဲ ပြီးသွားပါပြီ" ဟု ပြုံးပြီး ပြောလိုက်သည်။
ကြည့်ရှု့သူ W-" နောက်ထပ်ညတစ်ည ကုန်ဆုံးသွားပြီ၊ မြို့ကို ရောက်ပြီလား"
"အင်း၊ မြို့ကို ရောက်တော့မယ်"
ကြည့်ရှု့သူ W-"သွားပြီး အနားယူလိုက်ပါ။ စတွင်မာက နတ်ဘုရားနဲ့ တူတဲ့သူတစ်ယောက်ဆိုတာ ငါတို့ သိပေမယ့်၊ ဒီကမ္ဘာပေါ်က သဘာဝလွန် ဖြစ်ရပ်တွေကို အမြန်ဆုံး ဖြေရှင်းချင်တယ်ဆိုရင်တောင်၊ ငါတို့ဟာ အရင်ဆုံး မင်းကိုပဲ အမြဲဂရုစိုက်နေမှာပါ"
အမျိုးသမီးပရိသတ်တစ်ဦးက ချစ်စရာကောင်းပြီး၊ သူမကိုယ်သူမ ဆန့်ကျင်ဘက်စကားများ ပြောနေသည်။ စတွင်မာကို နတ်ဘုရားနှင့်တူသည်ဟု ပြောနေရင်း တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ကို ဂရုစိုက်ရန် တောင်းဆိုနေသည်။
"အိုကေ၊ ဒါဆို ဒီနေ့ ကောင်းကောင်းအိပ်လိုက်မယ်၊ ညနေမှာ မင်းတို့ကို တိုက်ရိုက်ထုတ်လွှင့်ပေးမယ်"
ကျန်းရီက ပြောပြီး မဝေးလှတဲ့ နေရာကို ကြည့်လိုက်သည်။
အဲဒီမှာ တံတားတစ်စင်းရှိနေပြီး၊ တံတားပေါ်မှာ လူတစ်ယောက်ရပ်နေသည်။
ထိုသူသည် ခေါင်းတွင် ကျစ်ဆံမြှီး နှစ်ခွ ကျစ်ထားသော မိန်းကလေးတစ်ဦးဖြစ်ပြီး၊ တံတား၏ အခြားဘက်စွန်းတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။
ကျန်းရီသည် သူမကိုမြင်သောအခါ အနည်းငယ် အံ့သြသွားပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းကိုပိတ်ကာ သူမထံသို့ လျှောက်လာခဲ့သည်။
"ဘယ်လို ရောက်လာတာလဲ?"
"အဆင်ပြေရဲ့လား?"
"အောက်မှာ အလုပ်များနေသေးလား?"
"မဟုတ်ပါဘူး။ မြို့စောင့်နတ် အသစ်နဲ့တွေ့ပြီး သူ့ကို ရိုက်နှတ်ပေးလိုက်မှ မင်း ဒီမှာရှိတယ်လို့ သူပြောခဲ့တာ "
ဤသို့ ပြောနေရင်း မိန်းကလေးသည် အနည်းငယ် မကျေမနပ်ဖြစ်နေခဲ့သည်။ ကျန်းရီက ပြုံးကာ သူမ၏ခေါင်းကို ပုတ်လိုက်ပြီး "သွားကြရအောင်၊ မနက်စာ ဝယ်ကျွေးမယ်" ဟုဆိုလိုက်သည်။
"ငါဝယ်ကျွေးမယ်လေ"
"ပိုက်ဆံရှိလို့လား? ငွေစက္ကူတွေက ဒီမှာ သုံးမရဘူးနော်"
ကျန်းရီက ရယ်မောကာ ခနဲ့လိုက်ပြီး မိန်းကလေးက ရှက်ရှက်ဖြင့် သူ့နောက်မှ လိုက်လာခဲ့သည်။
သူတို့နှစ်ဦးသည် တစ်ယောက်နောက်မှ တစ်ယောက် လျှောက်နေခဲ့ပြီး မြို့ငယ်လေးတစ်ခုသို့ ရောက်တဲ့အခါ နေမင်းသည် အရှေ့ဘက်တွင် ထွက်နေပြီဖြစ်သည်။
ထိုမိန်းကလေးသည် ဝေးကွာသော ကောင်းကင်ရှိ တက်နေသည့် နေကို ကြည့်ပြီး မနှစ်မသက်ဖြစ်ကာ မျက်ခုံးကျုံ့လိုက်သည်။
ကျန်းရီက သူမကိုကြည့်ပြီး ခေါင်းကို ဖွဖွလေးပုတ်ကာ " ဒီကို လာတဲ့အခါ သဘာဝကျကျ ဖြစ်အောင် နေထိုင်ရမယ်။ ခေါက်ဆွဲဲဲဆိုင် ရောက်ရင် မင်းပန်းကန်ကိုပါ ကူစားပေးမယ်" ဟု ပြောလိုက်သည်။
အရောင်အသွေးစုံလင်ပြီး အနံ့အရသာ ပြည့်ဝနေသည့် ခေါက်ဆွဲများကိုကြည့်ကာ ထိုမိန်းကလေးသည် နှာခေါင်းကိုရှုံ့လိုက်ပြီး "အနံ့ဆိုးလိုက်တာ" ဟု ဆိုခဲ့သည်။
"မင်းသေခဲ့တာ အချိန်ကြာလွန်းနေပြီ... မင်း အသက်ရှင်နေတုန်းက ဒီလို ခေါက်ဆွဲတစ်ပွဲသာ စားရရင် သုံးရက်တိတိ ကခုန်နေလိမ့်မယ်"
"ခိ..ခိ..၊ မင်းက အရမ်းဆိုးတာပဲ၊ အမြဲတမ်း ငါ့ကို စနောက်နေတယ်။"
ထိုမိန်းကလေးက ပြောရင်း ခေါက်ဆွဲကို ပလုပ်ပလောင်း မျိုချလိုက်သည်။
စားပြီးတဲ့အခါ သူမက ကျန်းရီကိုကြည့်ကာ "ဒီလောကမှာ ဘယ်လောက်ကြာကြာ နေမှာလဲ။ အောက်က နေရာက အခုထိ လွတ်လပ်နေပေမယ့် မင်းတကယ် ပြန်မသွားတော့ဘူးလား?"
"ဘာလို့အရမ်း စိတ်တွေလောနေတာလဲ။ ငါလူ့လောကမှာ နေတာ ဘယ်လောက်တောင် ကြာသေးလို့လဲ။ မင်းငါ့ကို အောက်မှာ ကောင်းကောင်း ကာကွယ်ပေးထားတာပဲ"
ထိုမိန်းကလေးက ပါးစပ်ကို စူပုပ်လိုက်ကာ "အိုကေ၊ အိုကေ မင်းပြောသလိုပါပဲ
ဒါပေမယ့် မင်းက ဒီလောကက မိန်းကလေးတွေနဲ့ ကံစပ်တယ်လို့ ပြောခဲ့တယ်ဆိုတာ အမှန်လား။ ငါ ရှောင်ယု လို့ ခေါ်တဲ့ ကလေးတစ်ယောက်နဲ့ တွေ့ဖူးတယ်၊ သူမက ဦးလေးကျန်းရီ အကြောင်းကို အမြဲတမ်းပြောနေပြီး ဦးလေးကျန်းရီက အရမ်းချောတယ် လို့လည်း လူတွေကိုပြောနေတတ်တယ်။"
"ဟမ့် ဒီလို နတ်ဆိုးလေးက ဘယ်လိုမျိုး ဖြစ်လာတာလဲ။ အောက်ကိုရောက်တာနဲ့ ရိုးရိုးသားသား မနေဘူး။ သူမက မင်းနာမည်ကို ပြောတဲ့အခါ အောက်ကမိစ္ဆာတွေက သူမကို အရမ်းချစ်ကြတယ်"
"နောက်ပြီး အရုပ်ပုံစံ လွတ်အိတ်ကို သယ်ထားတဲ့ ညီအစ်မ ၂ယောက်လည်း ရှိသေးတယ်။ သူတို့ပုံစံက အရမ်းကြောက်တတ်တဲ့ ပုံစံ ဖြစ်နေပေမယ့် ကျန်းရီအကြောင်းကြားတာနဲ့ အရမ်းကို ရဲရင့်သွားတယ်။ သူတို့ကို ဘယ်လိုမျိုး မှော်အတတ်တွေသုံးထားတာလဲ?"
ကျန်းရီက ဘာမှ ပြန်မပြောဘဲ ခေါက်ဆွဲကို ဖြည်းဖြည်းစားကာ ဝါးပြီးမျိုချလိုက်သည်။
သူက ထိုမိန်းကလေးကိုကြည့်ပြီး ကောင်းကင်တွင် တက်နေသည့် နေမင်းကြီးက တဖြည်းဖြည်း တောက်ပလာသည်ကိုမြင်သောအခါ "မင်းအောက်ကိုပြန်သွားသင့်တယ်၊ မဟုတ်ရင် မွန်းလွဲပိုင်းမှာ မင်းရဲ့ ခန္ဓာကိုယ် ကို ထိခိုက်လိမ့်မယ်" ဟုပြောလိုက်သည်။
"အရမ်း စိတ်တိုစရာကောင်းတာပဲ။ အချိန်တိုင်း မင်းရဲ့ နောက်ကို အမြဲလိုက်ချင်တာကို"
"လိုက်မယ်ဆိုရင် မင်းအဖေက မင်းရဲ့ ခြေထောက်တွေကိုချိုးမှာမကြောက်ဘူးလား။"
"ဟီး..ဟီး.. မင်းကိုယ်တိုင်ကလည်း ငါ့အဖေရဲ့ ခြေထောက်ကို မချိုးဖူးဘူးလား? ဒါပေမယ့် အဖေက တစ်ရက်နဲ့ တစ်ညလောက် မင်းနောက်ကို လိုက်ခွင့်ပြုတယ်လို့ပြောတယ်။ ဒါကြောင့် ဒီည တိုက်ရိုက်မထုတ်လွှင့်တော့နဲ့ ဟုတ်ပြီလား"
ရှောင်မိန်က တပ်မက်စွာ မေးလိုက်သည်။ ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "အိုကေ ငါ့အင်္ကျီလက်ထဲမှာဝှက်နေလိုက်ပါ။ ဒီည တိုက်ရိုက်မထုတ်လွှင့်တော့ဘူး၊ မင်းကို ဒီကမ္ဘာကြီးကို လိုက်ပြမယ်။
အိုး...မဟုတ်ဘူး၊ မင်းရှိနေရင် ဒီည အလားတူ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်"
ကျန်းရီက ပြုံးကာ ပြောပြီးနောက် ထိုမိန်းကလေး၏ ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားကာ သူ၏ အင်္ကျီလက်အတွင်းမှ ငွေခေါင်းလောင်းသံကဲ့သို့သော ရယ်သံများထွက်ပေါ်လာသည်...
"အိုကေ၊ ကောင်းကောင်းနေ၊ ညမှောင်သွားရင် ငါ့ကိုမခေါ်နဲ့။ မဟုတ်ရင် လူတွေက မင်းကို တစ္ဆေလို့ထင်သွားလိမ့်မယ်။"
"ဟုတ် ရှောင်ယို နားလည်ပါတယ်!"