← Chapters

မျက်နှာချင်းဆိုင်

Vol. 14 Ch. 195

မျက်နှာချင်းဆိုင်

Vol. 14 Ch. 195

ကျန်းရီ တစ်နေ့လုံး အိပ်ရေး မဝခဲ့ဘူး။

မြို့ကိုရောက်ပြီးနောက် ရွေးချယ်ထားက အဆင့်မြင့်ဟိုတယ်ဖြစ်ပေမယ့်

အင်္ကျီအတွင်းက မိန်းကလေးက အငြိမ်မနေဘဲ ဆော့ကစားနေခဲ့တာကြောင့် ဖြစ်သည်။

ညနေပိုင်းမှာ ဟိုတယ်ဝန်ထမ်းတစ်ယောက် တံခါးလာခေါက်ပြီး "ဆရာ၊ မှာထားတဲ့ ညစာကို အခုပို့ပေးဖို့ လိုပါသလား" လို့ မေးလာတယ်။

ကျန်းရီ က "အင်း ယူလာခဲ့ပါ" လို့ ပြန်ဖြေလိုက်တယ်။

တံခါးဖွင့်လိုက်တဲ့အခါ မိန်းကလေး ရှောင်ယိုက အိပ်ရာပေါ် လှဲနေတာကို ဝန်ထမ်းက လှမ်းမကြည့်ခဲ့ဘူး။

သူတို့အားလုံးက လေ့ကျင့်သင်ကြားမှုတွေ အပြည့်ရထားတဲ့အတွက် သူမက သူ့အလုပ်ကိုသာ အာရုံစိုက်နေခဲ့တယ်။

အရာအားလုံးကို စနစ်တကျ ထားပြီးတဲ့နောက် ဝန်ထမ်းက တိတ်တဆိတ် ထွက်သွားခဲ့တယ်။

ကျန်းရီက တံခါးပိတ်ပြီး မိန်းကလေးကို "ရှောင်ယို၊ လာစားလို့ရပြီ" လို့ အော်ခေါ်လိုက်တယ်။

"အိုခေ"

ရှောင်ယိုက စိတ်လှုပ်ရှားစွာနဲ့ ပြေးလာခဲ့တယ်။ ကျန်းရီက သူမကိုကြည့်ရင်း စဉ်းစားမိတာနဲ့ "ဒီည ပြန်သွားမလား" လို့ မေးလိုက်တယ်။

"ဘာကြောင့်လဲ? ငါ မင်းကို ဒုက္ခပေးမိလို့လား"

"ဒီဟိုတယ်က..."

"မင်းက သရဲတွေကို ဖြေရှင်းရတာကြိုက်တယ်မလား? ဒါကြောင့် ​ရှောင်ယိုက ဒီဟိုတယ်ကို ရွေးချယ်ခဲ့တာ၊ ပြဿနာမရှိဘူးမလား!"

မိန်းကလေးက ခေါင်းရှုပ်သွားသလို ပြောတာကို ကျန်းရီက ပြုံးကာ ခေါင်းခါပြီး "ကောင်းပြီလေ စားပြီးရင် ငါနဲ့အတူ အောက်ဆင်းဖို့ လိုက်ခဲ့" လို့ ပြောလိုက်တယ်။

နှစ်ယောက်လုံး ညစာစားပြီးတဲ့နောက် အတူတူ အောက်ထပ်ကို ဆင်းသွားကြတယ်။

ဒီအချိန်မှာတော့ အပြင်က လုံးဝ မှောင်သွားပြီး ကျန်းရီက သူ့ဖုန်းနဲ့ ငရဲတိုက်ရိုက်ထုတ်လွှင့်မှု ဝက်ဘ်ဆိုက်ကို ဝင်လိုက်တယ်။

မူလက တိုက်ရိုက်ထုတ်လွှင့်ဖို့ကို စီစဉ်မထားပေမယ့် မနေ့က တိုက်ရိုက်ထုတ်လွှင့်စဉ်က ပြောခဲ့တဲ့ စကားတွေကို ပြန်စဉ်းစားမိတော့ ဒီညလည်း တိုက်ရိုက်ထုတ်လွှင့်လိုက်ရင် ဘာမှမမှားဘူးလို့ ခံစားမိလိုက်တယ်။

"အစ်ကို၊ တိုက်ရိုက်ထုတ်လွှင့်နေတာလား"

ကျန်းရီ ခေါင်းညိတ်လိုက်တာနဲ့ မိန်းကလေးက "ဒါဆို သူတို့အားလုံး ငါ့အကြောင်းသိသွားမှာလား" လို့ ပြောလိုက်တယ်။

"စိတ်မပူနဲ့၊ မင်းကို မရိုက်မိစေဘူး"

"အိုခေ၊ တစ်ယောက်ယောက်က ငါ့ကို မြင်သွားခဲ့ရင် အိမ်ပြန်တဲ့အခါ အဖေက ငါ့ကိုရိုက်သတ်လိမ့်မယ်"

ကျန်းရီက ပြုံးပြီး ဟိုတယ်ဧည့်ခန်းကို လှမ်းကြည့်လိုက်တယ်။ အပြင်ဘက်မှာ မိုးကြိုးသံကြီးတစ်ခု ထစ်ချုန်းလိုက်တယ်။

နွေရာသီမိုးကြိုးသံဟာ စိတ်အားငယ်သူတွေအတွက် သိပ်အဆင်မပြေဘူး။

"မိုးရွာတော့မယ်"

ကျန်းရီစကားပြောနေစဉ် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ကင်မရာကို ဖွင့်လိုက်တယ်။

ပရိသတ်တွေက ကျန်းရီရဲ့ ပတ်ဝန်းကျင် အခြေအနေကို မြင်တော့ "ဟေ့ နောက်ဆုံးတော့ စတွင်မာက ကိုယ့်ကိုယ်ကို ဆုချတက်သွားပြီဟ၊ ဒါ အဆင့်မြင့် ဟိုတယ်ဧည့်ခန်းနဲ့တူတယ်ကွ"

"စတွင်မာ ဒီညလည်း ဖုန်းခေါ်တာကို စောင့်ရမှာလား"

ပရိသတ်တွေမေးတာကို ကျန်းရီက သူ့လက်ထဲက ဖုန်းကင်မရာကို လှည့်ပြီး တံခါးဘက်ကို ညွှန်ပြကာ "ငါက ညတိုင်း ဖုန်းခေါ်တာကိုပဲ စောင့်ဖြေခဲ့တယ်။ ဒီညတော့... ဒါကို မြင်လား? အပြင်မှာ မိုးသည်းထန်စွာ ရွာတော့မယ်" လို့ ပြောလိုက်တယ်။

ကြည့်ရှု့သူ A- "အမယ်လေး၊ ရာသီဥတုက ကြောက်စရာကြီး ၊ အခုလို မိုးချိန်းလိုက်တဲ့ အချိန်မှာ တိမ်တွေထဲမှာ လူတွေအများကြီး ရပ်နေသလို ခံစားရတယ်"

ကြည့်ရှု့သူB-"ဟုတ်တယ်၊ မိုးက သည်းထန်စွာ ရွာနေပုံက ဟိုတယ်တံခါးဝကို ငွေချည်မျှင်တွေ ရွာချနေသလိုပဲ"

ကြည့်ရှု့သူ C-“စတွင်မာက ဖုန်းခေါ်တာကို မစာင့်ရင် သူကိုယ်တိုင် သရဲနဲ့ ထိပ်တိုက်တွေ့မလို့လား?”

ပရိသတ်တွေက ကျန်းရီရဲ့ဒီည ရည်ရွယ်ချက်ကို ခန့်မှန်းနေခဲ့ကြတယ်၊ ဒါပေမယ့် ကျန်းရီက သူတို့ကို အံ့အားသင့်စွာကြည့်ရင်း "မင်းတို့တွေ တကယ်ပဲ တိုက်ရိုက်ထုတ်လွှင့်တာတွေကို ကြည့်တာ ကြာလာတာနဲ့အမျှ အတွေ့အကြုံတွေ များလာကြပြီနဲ့တူတယ်"

"စတွင်မာက ဒီည မမှောင်ခင် အချိန်လေးမှာပဲ နည်းနည်း တွက်ချက်လိုက်တယ်။ ဒီမြို့မှာ တစ်ခုခု ကြီးကြီးမားမား ဖြစ်တော့မယ်လို့ ခံစားနေရတယ်။ ဒါကြောင့် ဒီမှာထိုင်ပြီး စောင့်နေတာ"

ကြည့်ရှု့သူများ-"စတွင်မာ အခုဘယ်မှာလဲ"

“ငါ ဒီမြို့က လူတချို့ကို သတိပေးစာတွေ ပို့ထားလိုက်ပြီ။ သူတို့က ဒါကို ဂရုမစိုက်ဘဲ နေမလား၊ ဒါမှမဟုတ် ထိခိုက်မှုကို ထိန်းနိုင်မလားဆိုတာက ကံကြမ္မာအလိိုတိုင်းပဲပေါ့"

ကျန်းရီက ဒါကိုပြောတဲ့အခါ သူ့မျက်နှာမှာ ပိုပြီး လေးနက်နေခဲ့တယ်။

သူက သူ့တည်နေရာကို ပရိသတ်တွေကို ဖွင့်မပြောပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက အချို့အကောင့်တွေကို သတင်းပို့ထားပြီးဖြစ်တယ်။

သူစာပို့ပြီး မကြာခင်မှာပဲ တစ်မြို့လုံးရဲ့ လုံခြုံရေးနဲ့ ကယ်ဆယ်ရေးစနစ်တွေက အဆင့်မြင့်လာခဲ့ပြီး နေရာတိုင်းမှာ အရေးပေါ်အတွက် အဆင်သင့် ဖြစ်နေခဲ့ကြတယ်။

လူတွေက ကျန်းရီရဲ့ လေးနက်နေတဲ့ ပုံစံကိုမြင်တော့ "စတွင်မာ သဘာဝဘေးတစ်ခုခု ဒါမှမဟုတ် လူကြောင့်ဖြစ်တဲ့ ဘေးတစ်ခုခု ဖြစ်တော့မှာလား" လို့ စိုးရိမ်စွာမေးခဲ့ကြတယ်။

"မသိဘူး၊ ငါလည်း မရေမရာတဲ့ ခံစားချက်ပဲရသေးတာ။ ဘာတွေဖြစ်မယ်၊ ဘယ်မှာဖြစ်မယ်ဆိုတာ အတိအကျ မပြောနိုင်ဘူး။ ငါကလည်း သာမန်လူတစ်ယောက်ပါပဲ"

ကျန်းရီပြောနေတာက သူ့ကိုယ်သူ ဟန်ဆောင်ပြဖို့ မဟုတ်ဘဲ တကယ့်အချက်ပါ။

သူက ရေးရေးလေးပဲ ခံစားမိတာဖြစ်တယ် ဘာဖြစ်မယ်၊ ဘယ်မှာဖြစ်မယ်ဆိုတာ အတိအကျမသိနိုင်ပါဘူး။

သရဲတွေနဲ့ မပတ်သတ်ခဲ့ပါက သူက ဒီကိစ္စကို ဘေးကနေ ကြည့်ရုံပဲကြည့်နိုင်တယ်၊ အသက်တွေ သေခြင်း ရှင်ခြင်းကို အေးစက်စွာ ကြည့်ရုံပဲကြည့်နိုင်ပါလိမ့်တမယ်။

အဲ့ဒီအချိန်မှာ ဟိုတယ်တံခါးဝကနေ လူတစ်ယောက် ဝင်လာတယ်၊ အိတ်ကြီးတစ်လုံးသယ်ပြီး မိုးစိုနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။

အမျိုးသမီးက ဟိုတယ်ထဲ ဝင်လာပြီးတဲ့နောက် သက်သောင့်သက်သာ ဖြစ်သွားသလိုခံစားရပြီး ဧည့်ခန်းဘက်ကို လျှောက်လာခဲ့တယ်။

ထိုင်ပြီးတဲ့နောက် ကျန်းရီနဲ့ ရှောင်ယိုကို မြင်တော့ ယဉ်ကျေးစွာပြုံးပြပြီး ခေါင်းညိတ်လိုက်တယ်။

ကျန်းရီက "အစ်မ ဘယ်ကနေလာတာလဲ? သိပ်အရေးတကြီးဖြစ်နေတယ်လို့ ထင်ရတယ်" လို့ မေးလိုက်တယ်။

"ဘာမှမဟုတ်ပါဘူး။ အိမ်ကနေပဲ လာခဲ့တာ"

ကျန်းရီက ခေါင်းညိတ်လိုက်ပြီး "နဖူးမှာဘာဖြစ်တာလဲ" လို့ ထပ်မေးတယ်။

"အဲ့ဒါလား? နဖူးကို မတော်တဆ တိုက်မိလို့ပါ။ ဘာမှမဖြစ်ပါဘူး။ ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ကျန်းရီက ခေါင်းညှိတ်လိုက်ပြီး ဘာမှမဖြစ်ပါဘူးလို့ ပြောလိုက်တယ်၊ ဒါပေမယ့် အမျိုးသမီးက ဆက်မလှုပ်ရှားဘဲ သူ့ဖုန်းကို ကြည့်လိုက်တယ်။

ဖုန်းထဲမှာ တစ်ခုခုရှာပြီးတဲ့နောက် သူမ မျက်နှာပြောင်းသွားပြီး ကျန်းရီကို အံ့အားသင့်စွာကြည့်ရင်း "မင်း... မင်းဘယ်သူလဲ" လို့ မေးလိုက်တယ်။

"မင်္ဂလာပါ၊ ကျွန်တော်က ကျန်းရီပါ၊ သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးနေတဲ့ စတွင်မာပါ၊ တွေ့ရတာဝမ်းသာပါတယ်"

ကျန်းရီက ပြုံးပြီး လက်ဆန့်လိုက်တယ်။ အမျိုးသမီးရဲ့ မျက်နှာမှာ ပြောမပြတတ်တဲ့ အမူအရာတွေဖြစ်နေတယ်။

သူမက ဖုန်းထဲမှာ တစ်ခုခုရှာလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုကိုဝင်လိုက်တာ ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ အလွန်ငယ်ရွယ်ပြီး ချောမောတဲ့ မျက်နှာတစ်ခုကိုတွေ့ရတယ်၊ ဒါပေမယ့် ဒီမျက်နှာက ကျန်းရီနဲ့တူနေတယ်။

အပေါ်မော့ကြည့်လိုက်တော့ ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကလူနဲ့တူနေတာကို တွေ့လိုက်ရတယ်။

အမျိုးသမီးက စိတ်အေးလက်အေး ပြန်ဖြစ်သွားပြီး "မင်း... မင်းငါ့ကို စောင့်နေတာလား" လို့ မေးလိုက်တယ်။

“ငါ စောင့်နေတာ မှန်သလို မစောင့်ဘူးဆိုလည်း မှန်တယ်။ ဒါပေါ့ မင်းငါ့ရှေ့မှာ အရင် ပေါ်လာတာက အကြောင်းရှိလို့ပဲ​​ေလ။ အစ်မကို ဘယ်လိုခေါ်ရမလဲ"

"ကျွန်မနာမည်က ထန်ပါ"

"မင်္ဂလာပါ အစ်မထန် ။ အစ်မထန် တစ်ခုခု ထူးဆန်းတာများ တွေ့ခဲ့လို့လား"

ကျန်းရီက ထန်းဆိုတဲ့အမျိုးသမီးနဲ့ အေးဆေးစွာ စကားပြောနေပေမယ့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေကတော့ မျက်လုံးတွေ အပြူးသား ဖြစ်နေခဲ့ကြတယ်။

ခဏေလာက် တိတ်ဆိတ်ပြီးနောက် " သေစမ်း… ဒီထန်း အမျိုးသမီးက ကံအကောင်းဆုံးပရိသတ်ပဲ"

"ဟုတ်တယ်၊ အရမ်းကံကောင်းတယ်။ အစကတည်းက စတွင်မာနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး သူမကိုယ်တိုင်လည်း ငါတို့ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ရောက်လာခဲ့တယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေအားလုံး ကျန်းရီရဲ့ ဒီနည်းလမ်းသစ်ကို အံ့အားသင့်နေခဲ့ကြတယ်။ အရင်က ဖုန်းနဲ့ပဲ ဆက်သွယ်ခဲ့ရတာ​ဖြစ်သည် အခုတော့ တိုက်ရိုက်တွေ့တယ်ဆိုတဲ့နည်းလမ်းသစ်က အားလုံးကို အံ့အားသင့်စေခဲ့တယ်။

ကျန်းရီက ဟိုတယ်ဝန်ထမ်းတွေကိုခေါ်ပြီး အချိုရည်နဲ့ မုန့်တွေယူလာခိုင်းကာ "အစ်မထန်၊ သရဲနဲ့ တွေ့ခဲ့လို့လား" လို့ မေးလိုက်တယ်။

ထန်းအမျိုးသမီးရဲ့မျက်နှာက အနည်းငယ် ပြောင်းသွားပြီး ဟိုတယ်တံခါးဝကို လှမ်းကြည့်ကာ "သရဲလား ဘာလားတော့ မသိဘူး... ဒါပေမယ့် အိမ်မှာဆက်နေဖို့ မရဲတော့ဘူး..." လို့ ပြောလိုက်တယ်။

All Chapters