လူကိုသာ မြေမြှုပ်လိုက်ရင် သူဘယ်တော့မှ မကောင်းတာထပ်လုပ်မှာ မဟုတ်တော့ဘူး(၂)
Vol. 9 Ch. 123
သူသည် သူ၏ ကိုယ်ပိုင် တီထွင်ဖန်တီးမှု စွ်းရည်ထက် ရွှီယန်အပေါ်၌ ပိုမို ယုံကြည်ချက် ရှိပါသည်။
“ကျင့်စဉ်ကို ရွှီယန် နားလည်သဘောပေါက် နိုင်လောက်မှာပါ။ မူလအဆင့်ရဲ့ အထက်က ကျင့်စဉ်ကို တတ်မြောက်ဖို့ ပြဿနာ မရှိလောက်ဘူး။ ငါ့ရဲ့ ကြီးမြတ်တဲ့ သိုင်းပညာ ရည်မှန်းချက်တွေက သူ့အပေါ်မှာ လုံးဝ မှီခိုနေတယ်”
လီရွှမ်က သက်ပြင်းချသည်။
ပထမတွင် သူသည် ကျပန်း လျှောက်ထွင်လိုက်ခြင်းသာ ရှိ၏။ သို့ပေမယ့် ရွှီယန်က နိုင်လည်မှုရနိုင်ကာ အောင်မြင်စွာ ကျင့်ကြံခဲ့သည်။
လက်ရှိ ကျင့်စဉ်များမှာ အရင်ကထက် ပိုမို ပြည့်ပြည့်စုံစုံ ရှိလာပြီ ဖြစ်၏။ သီအိုရီတို့က ပိုမိုသိပ်သည်းကာ သတ်မှတ်ချက်များလည်း ပိုမိုရှင်းလင်းလာခဲ့သည်။ ပိုမို သဘာဝကျလာခဲ့၏။
ရွှီယန်၏ ပါရမီနှင့် လေ့ကျင့်ရန်အတွက် ပြဿနာရှိမည် မဟုတ်လောက်ပါ။ အဆင့်ပိုမို မြင့်မားလေလေ ကျင့်ကြံရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်ဟု ဆိုကြပေမယ့် ဘာပဲဖြစ်ဖြစ် ကျင့်စဉ်များကို ပိုမိုပြည့်စုံစွာ ဖန်တီးလာနိုင်ခဲ့၏။
“ဒီခရီးကနေ ရွှီယန် ပြန်လာပြီးရင် ငါသူ့ကို သင်ပေးလိုက်မယ်”
ရွှီယန်သည် ချီနိုင်ငံ၏ မြို့တော်သို့ သွားရောက်ကာ သူ၏ အဖိုးနှင့် ဆွေမျိုးများကို ကျင့်ကြံမှုအား သင်ကြားပေးနေ၏။
“ရက်အနည်းငယ်လောက် ထပ်ကြာပြီးရင် သူ မူလအဆင့်ရဲ့ အသေးစား ကျွမ်းကျင်မှုအဆင့်ကို ရောက်နိုင်လောက်ပြီမလား”
ရက်အနည်းငယ် အတွင်းတွင် ရွှီယန်တစ်ယောက် မူလအဆင့်၏ အသေးစား ကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်နိုင်လောက်မည်ဟု လီရွှမ် ခန့်မှန်းရ၏။ သူက ကြိုးစားစွာ ကျင့်ကြံနေသည့် ရှီအာကို တစ်ချက်ကြည့်သည်။ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုသည် ပြီးမြောက်တော့မည် ဖြစ်၏။
“ပါရမီကွာခြားချက်က တကယ့်ကို ကြီးမားလွန်းတယ်”
လီရွှမ်က သက်ပြင်းချ၏။
ရှီအာအနေနှင့် သူ၏ ကိုယ်တွင်းအင်္ဂါ သန့်စင်မှုကို ပြီးပြည့်စုံခြင်းသို့ ချိုးဖျက်ပြီးလျှင်တောင် ကြွက်သားများနှင့် အရိုးများ မိုးကြိုးကဲ့သို့ မြည်တမ်းကာ ချီနှင့်သွေးတို့အား ပြင်ပသို့ ထုတ်ဖော်နိုင်သည်အထိ အဆင့်သို့ ရောက်ရှိကာ သိုင်းပညာ၏ စတင်ခြင်းဖြစ်သည့် ချီနှင့်သွေးအဆင့်သို့ ချိုးဖျက်နိုင်ရန်အတွက် အချိန်တစ်ခု လိုအပ်ဦးမှာ ဖြစ်သည်။
သူသည် ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း၏ ပြီးပြည့်စုံမှု၌ ရပ်တန့်နေဦးမှာ ဖြစ်၏။ အတားအဆီးတစ်ခု ကြုံတွေ့ရသည်ဟု ယူဆနိုင်ပါသည်။
“အဲ့ဒါက.. အတွင်းဘက်နယ်မြေက သိုင်းသမားတွေရဲ့ စတုတ္ထအဆင့်ကနေ တတိယအဆင့်ကို ချိုးဖျက်တာနဲ့ တူလောက်မှာပေါ့”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
လုပ်စရာ မရှိရာ ရှေးဟောင်းသရေ စာအုပ်ကို ထုတ်ကာ ပထမဆုံး စာမျက်နှာကို ဖွင့်လိုက်သည်။ ပုံမှန်အတိုင်း ဂရုတစိုက်ဖြင့် လေ့လာ၏။
“ဒီဟာရဲ့ လျှို့ဝှက်ချက်တွေကိုသာ နားလည်မှုအချို့ရလာခဲ့ရင် သေချာပေါက် အကျိုးရှိမှာလို့ ငါ့မှာ ခံစားချက်တစ်ခု ရနေတယ်”
“ဒီထိုက်ချန်းက ကျင့်စဉ် တစ်မျိုးမျိုးများလား”
“ဒါပေမယ့် ကြည့်ရတာ ကျင့်စဉ်နဲ့ မတူပါဘူး။ တစ်ခါတစ်ရံကျ မြေပုံလိုလို၊ တစ်ခါတစ်ရံကျ တောင်တွေလိုလို.. ပြီးတော့ တစ်ခါတစ်ရံကျ သင်္ကေတစ်ခုခုလိုလိုနဲ့…”
ဒီရှေးဟောင်းစာအုပ်သည် ရှင်းလင်းစွာပင် ရိုးရှင်းခြင်း မရှိပါသည်။ သို့ပေမယ့် ၎င်း၏ လျှို့ဝှက်နက်နဲမှုကို နားမလည်နိုင်ပဲ ဖြစ်နေ၏။
လီရွှမ်က အလျှင်မလိုပါ။ ဘာပဲဖြစ်ဖြစ် သူက အားနေ၏။ နေ့စဉ်နေ့တိုင်း လေ့လာပါက တစ်နေ့နေ့တွင် သေချာပေါက် နားလည်သဘောပေါက်မှုတို့ ရရှိလာမှာ ဖြစ်သည်။
ဝူနိုင်ငံရှိ နန်ဟဲမြို့တွင်..
နန်ဟဲမြို့သည် နယ်စပ်မြို့တစ်မြို့ ဖြစ်၏။ ချီနိုင်ငံနှင့် နီးကပ်ကာ အင်ပါရီယာ မြို့တော်နှင့် အလွန် ဝေးကွာလှသည့် နေရာတစ်ခု ဖြစ်သည်။
သခင်ကျန်းမှာ နန်ဟဲမြို့၏ ဗိုလ်ကျစိုးမိုးသူတစ်ဦး ဖြစ်၏။ သူသည် သူ၏ မကောင်းမှုများစွာကို ပြုလုပ်ခြင်းအတွက် နာမည်ကျော်ကြားသည်။ ဥပမာအားဖြင့် မိန်းကလေးများကို အတင်းရယူခြင်းနှင့် စိုက်ပျိုးမြေများကို သိမ်းယူခြင်း.. အစရှိသဖြင့် ဖြစ်၏။
လွန်ခဲ့သည့် လဝက်က သူသည် ညသန်းခေါင်၌ မုဆိုးမတစ်ယောက်၏ အိမ်ကို သွားရောက်ခါပင် သူမ၏ အလှကို မက်မောပြီး အတင်းအဓမ္မပြုခဲ့၏။ ခုခံမှုကို ကြုံခဲ့ရပြီး မုဆိုးမ၏ သားဖြစ်သူကိုပင် သတ်ဖြတ်ခဲ့သည်။
ထိုအဖြစ်အပျက်က ပြည်သူများအကြား အုံကြွမှုတစ်ခုကို ဖြစ်စေခဲ့သည်။ သို့ပေမယ့် နန်ဟယ်၏ အုပ်ချုပ်သူပင်လျှင် ကျန်းယွမ်ဝိုင်၏ စိတ်အခြေအနေနှင့် လုပ်ဆောင်ချက်တို့ကို သတိထားနေရ၏။
ဒေါသထွက်နေသည့် လူအုပ်သည် မည်သည့် တရားမျှတမှုကိုမှ မရသည့်အပြင် အစေခံများနှင့် လူမိုက်များ၏ ရိုက်နှက်မှုကိုတောင် ခံခဲ့ရ၏။
သို့ပေမယ့် ထိုနေ့တွင် သခင်ကျန်း၏ အိမ်၌ ပြဿနာတစ်ခု ကြုံလာခဲ့၏။
နှင်းကဲ့သို့ ဖြူဆွတ်သည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမငယ်လေး တစ်ယောက်သည် အထူး လှပကာ တင့်တယ်စွာ ရှိလေ၏။ သူမ၏ မျက်နှာက မှင်သက်ဖွယ် ကောင်းလှပြီး နတ်သမီးလေး တစ်ပါးကဲ့သို့ တင့်တယ်သည်။
ထိုမိန်းကလေးက သခင်ကျန်းဆီသို့ လာကာ သူ့ကို မကောင်းမှုများမှ နောင်တရရန်နှင့် လူထုအား တောင်းးပန်မှုပြုရန် တိုက်တွန်းမှု ပြုသည်ဆို၏။ လူထု၏ ခွင့်လွှတ်မှုကို တောင်းခံခိုင်းသည်။
သခင်ကျန်းက ဤသည်ကို နားထောင်မည်လား….
သို့ရာတွင် ထိုမိန်းကလေးမှာ လက်ရှိ ကောင်းကင်မိခင်ဂိုဏ်း၏ ကောင်းကင်မိခင် ဖြစ်သည်ဟု ကြားရပြီးနောက် သခင်ကျန်းတစ်ယောက် အနည်းငယ် မရေရာစွာ ခံစား
လာရသည်။
ကောင်းကင်မိခင်ဂိုဏ်းတွင် များပြားလှသည့် ထိပ်တန်းသိုင်းပညာရှင်များ ရှိနေ၏။ ထိုသူတို့သာ သူ့ကို သတ်ဖြတ်လိုပါက မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။
ထို့ကြောင့် အပြင်ပန်းတွင် လက်ခံချင်ယောင် ဆောင်ခဲ့သည်။ သူ၏ အိမ်တော်ထိန်းကိုပင် နေရာမှာတင် ပိုက်ဆံတို့ကို လျော်ကြေးပေးခိုင်းကာ သူ့ကြောင့် ထိခိုက်ခဲ့သည့် လူများအား တောင်းပန်ခိုင်းလိုက်သည်။ ကောင်းကင်မိခင်ကို ဧည့်ခံရန်အတွက် ကြီးမားသည့် စားပွဲကြီးတစ်ခုကို ပြင်ဆင်ရန်လည်း ညွှန်ကြားခဲ့သည််။
ကောင်းကင်မိခင်၏ သင်ကြားမှုကို နားထောင်မည်ဟု အပြင်ပန်းတွင် ဆိုနေပေမယ့် တကယ်တော့ သူ့တွင် မကောင်းသည့် ရည်ရွယ်ချက်တို့ ကိုင်ဆောင်ထားပါသည်။ ကောင်းကင်မိခင်၏ အထူးလှပသည့် မျက်နှာမှာ သူ၏ ဘဝတွင် ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် အရာမျိုး ဖြစ်သည်။
ထို့အပြင် သူ၏အမြင်တွင် သူမသည် မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်၏။ သူ၏ လက်တွင်းသို့သာ ကျရောက်လာပါက သူမကို နာခံလာစေမည့် နည်းလမ်းများစွာအား သိထားပါသည်။
သူမသာ နာခံလာပါက အန္တရာယ်ကို ဖြေရှင်းပြီး ဖြစ်ရုံမက ကောင်းကင်မိခင်ဂိုဏ်း၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုပါ ထိန်းချုပ်လာနိုင်မည် ဖြစ်သည်။
သူသည် စဉ်းစားလေလေ ပိုမို စိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။ သို့ပေမယ့် သူ၏ မျက်နှာကတော့ စိတ်ရင်းဖြင့် ရှိနေပါသည််။ ဘဝတစ်သက်တာ၏ အပြစ်တို့ကို ဆေးကြောရန်အတွက် ချမ်းသာကြွယ်ဝမှု အားလုံးတို့ကို ပေးလိုပြီး စိတ်ရင်းဖြင့် နောင်တတရားကို ခံယူမည်ဟု ဆို၏။
“ကောင်းကင်မိခင်က ဂရုဏာတရား ကြီးမားတယ်။ ကျေးဇူးပြုပြီး ကျွန်တော့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်တော့ရဲ့ စိတ်ရင်းပါ။ ကျေးဇူးပြုပြီး ကောင်းကင်မိခင်က ခွင့်လွှတ်ပေးတဲ့ အနေနဲ့ ဒီလက်ဖက်ရည်ခွက်ကို သောက်ပေးပါခင်ဗျာ”
စိတ်ရင်းနှင့် ကိုင်းရှိုင်းမှုနှင့် သူက မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူမကို မွှေးပျံ့သည့် လက်ဖက်ရည်ခွက်အား လက်နှစ်ဖက်နှင့် ကမ်းပေးသည်။
ဝတ်စုံဖြူနှင့် မိန်းကလေးတွင် ကြည်လင်သည့် မျက်လုံးများ ရှိကာ မျက််နှာက ဂရုဏာတရား ပြည့်ဝသည့် အရောင်အဝါတို့ ရှိနေသည်ပုံ ပေါ်၏။ သူမက လက်ဖက်ရည်ခွက်ကို ကိုင်ကာ သာယာနာပျော်ဖွယ်ကောင်းကာ ကြင်နာသည့် အသံဖြင့် ပြော၏။
“ရှင်သာ စိတ်ရင်းနဲ့ နောင်တရမယ်ဆို ကျွန်မကလည်း ခွင့်လွှတ်ပေးမှာ အသေအချာပါပဲ။ နောင်မှာ ကောင်းမှုတွေကို ပိုလုပ်ပြီး အပြစ်တွေကို ဆေးကြောပေါ့”
“ဟုတ်ကဲ့ပါ ကောင်းကင်မိခင်”
သခင်ကျန်းက သူ့ကိုယ်သူ မြေပြင်ပေါ်တွင် ဝပ်တွားထားသည်။ ဝတ်စုံဖြူနှင့် မိန်းကလေးက လက်ကိုမြှောက်ကာ လက်ထဲရှိ လက်ဖက်ရည်ခွက်ကို မော့လိုက်၏။ ကျန်းယွမ်ဝိုင်က ဝမ်းသာစွာ ထခုန်သည်။ ဘေးရှိ အစေခံကို အမိန့်ပေးလိုက်၏။
“မြန်မြန်လေး.. ကောင်းကင်မိခင်ကို တွဲကူပြီး ငါ့အိပ်ခန်းထဲမှာ အနားသွားယူခိုင်းလိုက်”
ဒီကောင်းကင်မိခင်က တုံးအလှပါသည်။
“ရှင်”
ဝတ်စုံဖြူနှင့် မိန်းကလေးက ဒေါသထွက်သွားသည်။ လက်ချောင်းကိုမြှောက်ကာ လက်ညိုးထိုး၏။ သို့ပေမယ့် မူးဝေစွာ ခံစားရပြီး စားပွဲပေါ်သို့ လဲကျသွားသည်။
အစေခံနှစ်ယောက်တို့က ရှေ့သို့တက်ကာ သူမကို တွဲခေါ်သွား၏။
ကျန်းယွမ်ဝေသည် အလွန် စိတ်လှုပ်ရှားနေ၏။ ခန်းမအတွင်းမှ လျှောက်ထွက်သွားကာ အိမ်တော်ထိန်းကို ပြောသည်။
“ဆရာဝမ်ကို အရာအားလုံး တင်းတင်းကြပ်ကြပ် စောင့်ကြည့်ထားဖို့ ပြောလိုက်။ ကောင်းကင်မိခင်ဂိုဏ်းက သိုင်းဆရာတွေ သိသွားလို့ မဖြစ်ဘူး”
“ဒီအလှလေးကို ငါကောင်းကောင်း သွားပြီး ဧည့်ခံလိုက်ဦးမယ်။ ငါ့ဆေးတွေနဲ့ ပစ္စည်းတွေ သွားယူခဲ့”
အိမ်တော်ထိန်းက ခေါင်းညှိတ်ကာ ပြောသည်။
“သခင်ကြီး.. ကောင်းကောင်းသာပျော်ပါ။ ဆေးတွေအားလုံး ယူလာပြီးပါပြီ။ ပစ္စည်းတွေကတော့ လျှို့ဝှက်ခန်းထဲကို ထည့်ထားပြီးပါပြီ”
ကျန်းဝေက အလွန် စိတ်လှုပ်ရှားစွာဖြင့် ဆေးတစ်လုံးကို ထုတ်ယူကာ သောက်လိုက်သည်။ ထိုဆေးကို ကျားဂွေးစေ့၊ ကျားသေ့ဂွေးစေ့၊ သမင်ဂွေးစေ့နှင် အခြား အဖိုးတန် ဆေးများဖြင့် ပြုတ်ထားခြင်း ဖြစ်သည်။
“ငါ့ရဲ့ အလှလေး.. မင်းကို ငါ့အစွမ်းတွေ ပြမယ်။ ငါ့ရဲ့ နတ်သမီးလေး.. ဒီသခင်ကြီးရဲ့ ထည်ဝါမှုကို ခံစားကြည့်ဦး”
“ဟားဟားဟား.. စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ။ ငါပဲ ဒီလိုအလှလေးနဲ့ ထိုက်တန်တယ်”