ကောင်းကင်မိခင် စုလင်းရှုံ(၂)
Vol. 9 Ch. 126
“သခင်ကျန်းရဲ့ အိမ်တော်ထိန်း.. ရှင်က မရေမတွက်နိုင်တဲ့ မကောင်းမှုတွေကို ပြုခဲ့တဲ့လူပဲ။ ကျွန်မသာ အခု ရှင့်ကို မြေမြှုပ်မပေးရင် နောက်တစ်ကြိမ် မကောင်းမှု လုပ်တဲ့အခါ ဘယ်သူက လာတားမှာလဲ”
စုလင်းရှုံက ညင်သာစွာ ပြုံးသည်။ သူသည် လျှင်မြန်စွာနှင့် ကျွမ်းကျင်စွာ အိမ်တော်ထိန်းကို မြေမြှုပ်ပြီး မြေသားတို့ ခိုင်ခံ့စေရန် အပေါ်မှ ဖနှောင့်ပေါက်ကာ ခုန်၏။
“သခင်မလေး.. ပြီးရင် ကျွန်မတို့တွေ ဘယ်ကို သွားကြမလဲ”
ဒေါလေးကျိုးက အကူအညီမဲ့နေသည့် မျက်နှာပေးနှင့် ရှိနေ၏။
“ကျွန်မတို့တွေ ယွမ်ရှန်းမြို့ကို သွားကြမယ်။ သူတို့ပြောတာ အဲ့မှာ ပညာရှိပုဂ္ဂိုလ်တစ်ယောက် ရှိတယ်တဲ့။ ကျွန်မတို့နဲ့ယှဉ်ရင် သူဘယ်လို ပညာရှိမလဲ ဆိုတာကို သွားကြည့်ချင်သေးတယ်”
စုလင်းရှုံက စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် ပြော၏။
“သခင်မလေး.. ဘာဖြစ်လို့ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ကောင်းကင်မိခင် ဖြစ်လာဖို့ ရွေးချယ်ခဲ့တာလဲ”
ဒေါ်လေးကျိုးအနေနှင့် လုံးဝ နားလည်နိုင်ခြင်း မရှိပေ။
စုလင်းရှုံက ရယ်ကာ ရှင်းပြ၏။
“ကောင်းကင်မိခင်ဂိုဏ်း၏ အဖွဲ့သားတွေမှာ ကောင်းမွန်တဲ့ သတင်းအချက်အလက် ကွန်ယက်ရှိပြီး ဆေးပင်တွေ အများကြီးကို စုဆောင်းနိုင်တယ်။ ပြီးတော့ သူတို့ရဲ့ စွမ်းအားကိုလည်း စုစည်းလို့ရတယ်။ ဘာဖြစ်လို့လဲ”
“ခုံရော့ကျစ်က စကေးအချို့ ရှိတယ်။ ကောင်းကင်မိခင်ဂိုဏ်းကို ကောင်းကောင်း ဦးဆောင်နိုင်တာ တကယ်မဆိုးဘူး”
“ချီနိုင်ငံရဲ့ ဒီခရီးစဉ်မှာ သူဘာဆိုးရွာားတဲ့ ပြစ်မှုတွေကို လုပ်ခဲ့လဲလို့ ကြည့်ရမယ်။ သူ့မှာ အပြစ်တွေရှိရင် ကောင်းကင်မိခင်တစ်ယောက် အနေနဲ့ သူ့ကို မြေမြှုပ်ပေးရမယ်”
ဒေါ်လေးကျိုးက အကြံပေး၏။
“သခင်မလေး.. နင်မကောင်းမှု ပြုလုပ်သူ အများကြီးကို အပြစ်ပေးခဲ့တယ်။ ဒါပေမယ့် မကောင်းမှုဆိုတာ နေရာတိုင်းမှာ ရှိနေပြီး ဘယ်တော့မှ လုံးဝ အကုန်မရှင်းနိုင်ဘူး။ အရမ်းကြီး စိတ်ကောင်းမထားပါနဲ့။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေလိမ့်မယ်”
“စိတ်မပူပါနဲ့ ဒေါ်လေးကျိုး.. ကျွန်မ ဘာလုပ်နေလဲ ဆိုတာကို သိပါတယ်။ ဒီနေရာက ကျင့်ကြံဖို့အတွက် မသင့်တော်ပဲ ပျင်းဖို့ကောင်းလွန်းတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် အပျင်းပြေအောင် တစ်ခုခုလုပ်ဖို့ လိုအပ်တယ်”
စုလင်းရှုံက ဂေါ်တစ်ခုကို ကိုင်ကာ တောင်အောက််မှ စတင် ဆင်းသွား၏။
ဒေါ်လေးကျိုးက နှလုံးသားထဲမှ သက်ပြင်းချသည်။ တိတ်ဆိတ်စွာဖြင့်သာ သူမနောက်မှ လိုက်ခဲ့၏။ သခင်မလေးအနေနှင့် ပြဿနာလုပ်ရန် သဘောကျလျှင်လည်း ထားလိုက်တော့လေမည်။ အနားတွင် သူမရှိရာ မည်သည့် အန္တရာယ်မှ မပေါ်လာစေရန် စိတ်ချထားနိုင်၏။
ကောင်းကင်မိခင်၏ နန်ဟယ်မြို့ရှိ သခင်ကျန်းအား မကောင်းမှုတို့ကို စွန့်လွှတ်ရန် တိုက်တွန်းနိုင်ခဲ့သည့် သတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။
“မင်းကြားလား.. ကောင်းကင်မိခင်က သခင်ကျန်းကို မနေ့ကပဲ မကောင်းမှုတွေ မလုပ်တော့အောင် တိုက်တွန်းခဲ့တယ်။ ဒီနေ့မှာ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေးကမ်းစွန့်ကြဲပြီး အပြစ်တွေကို ဆေးကြောဖို့ တောတောင်ထဲမှာ တစ်ယောက်တည်းပဲ သွားနေတော့တယ်တဲ့”
“ကောင်းကင်မိခင်က ဂရုဏာတရား ကြီးမားလွန်းတယ်”
“ဟုတ်တယ်။ သူမက တကယ့်ကိုပဲ….”
ကောင်းကင်မိခင်ဂိုဏ်း၏ နောက်လိုက်များက တက်ကြွစွာ၊ စိတ်အားထက်သန်စွာဖြင့် ကောင်းကင်မိခင်၏ မြင့်မြတ်သည့် လုပ်ဆောင်ချက်များနှင့် ကြင်နာသနားမှု ရှိပုံတို့ကို သတင်းဖြန့်ကြသည်။
ဤသည်မှာ သူတို့အတွက် နောက်လိုက်များ တိုးပွားစေရန် ထူးကဲသည့် အခွင့်အလမ်းတစ်ခု ဖြစ်၏။
ကောင်းကင်မိခင်၏ သခင်ကျန်းကို မကောင်းမှုတို့အား စွန့်လွှတ်စေရန် မည်ကဲ့သို့ တိုက်တွန်းနိုင်ခဲ့သည် ဆိုသည်ကိုတော့…
သူတို့ သိရှိခြင်း မရှိပါ။
သူတို့သိသည့် အရာအားလုံးမှာ ကောင်းကင်မိခင်ဂိုဏ်း၏ တိုက်တွန်းမှုကို ခံရသည့် လူတိုင်းတို့ မကောင်းမှုတို့အား စွန့်လွှတ်သွားခြင်းသာ ဖြစ်သည်။
ယွင်ရှန်းမြို့ငယ်တွင်..
လီရွှမ်လည်း နန်ဟယ်မြို့ရှိ အဖြစ်အပျက်များကို ရှီအာဆီမှ ကြားသိရ၏။
“ကောင်းကင်မိခင်က တကယ့်ကို ကြင်နာတတ်တာပဲ။ နန်ဟယ်မြို့က သခင်ကျန်းကို မကောင်းမှုတွေကို စွန့်လွှတ်ဖို့ တိုက်တွန်းနိုင်ခဲ့တယ်။ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု အားလုံးကို စွန့်ပစ်ပြီး အပြစ်တွေကို ဆေးကြောဖို့ တောတောင်ထဲမှာ သွားရောက်နေထိုင်တယ်တဲ့”
“ဒါက တကယ်ကြီးများလား”
လီရွှမ်အနေနှင့် ထိုကိစ္စကို စိတ်ဝင်စားစရာ ကောင်းလှသည်ဟု ခံစားရ၏။ ဒီကောင်မလေးတွင် မည်ကဲ့သို့သော အထူးစွမ်းရည်တို့ ပိုင်ဆိုင်ထားသနည်း။ ဆိုးယုတ်သူတို့ပင်လျှင် သူတို့၏ မကောင်းမှုလမ်းစဉ်ကို စွန့်လွှတ်ကာ သူမ၏ ညွှန်ကြးချက်ကို ခံယူခဲ့ကြ၏။
ထို့အပြင် သခင်ကျန်းဆိုလျှင် သူ၏ မကောင်းမှုများကို စွန့်လွှတ်ခဲ့ရုံမက ပိုင်ဆိုင်မှုအားလုံးကို ပေးကမ်းပစ်ကာ မြို့အတွင်းရှိ ပြည့်သူများကို ကူညီမှုပင် ပြုခဲ့သည်။ ဤသည်မှာ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလှ၏။
“သူမ ဘယ်လိုများ တိုက်တွန်းခဲ့တာပါလိမ့်”
ရှီအာက ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
“ပြောကြတာက ကောင်းကင်မိခင်ဂိုဏ်းက သူမရဲ့ ဂရုဏာတော်နဲ့ မြင့်မြတ်တဲ့ အလှနဲ့ လောကကြီးရဲ့ နာကျင်မှုဝဋ်ဒုက္ခတွေကို ပြောပြတာတဲ့။ အဲ့လိုနဲ့ လူတွေကို လှူဒါန်းမှုတွေလုပ်ပြီး မကောင်းမှုကို စွန့်လွှတ်ဖို့ နှိုးဆော်တာလို့ ပြောတယ်”
ထိုစကားကို ကြားရပြီးနောက် လီရွှမ်၏ ပုံက ပိုမိုကာပင် ထူးဆန်းလာခဲ့သည်။ ပုံပြင်တို့သည် သူလျှောက်ထွင်လိုက်သည့် ကျင့်စဉ်များထက်ပင် ပိုမို လျှို့ဝှက်ဆန်းကြယ်နေ၏။
“အဲ့လိုမျိုး ဖြစ်ခဲ့တာ မင်းသေချာရဲ့လား”
ရှီအာက ခေါင်းကိုကုပ်သည်။
“ဂိုဏ်းထဲမှာတော့ အဲ့လိုပဲ ပြောကြတာပါပဲ။ ဒါပေမယ့် အမှန်ဖြစ်လောက်တယ်။ ဘာပဲဖြစ်ဖြစ် ကောင်းကင်မိခင်ရဲ့ တိုက်တွန်းမှုက လူဆိုးလူယုတ် တစ်ယောက်၊ နှစ်ယောက်တည်းကို ပြောင်းလဲသွားစေခဲ့တာမှ မဟုတ်တာ”
ထပ်မံ တွေးတောမှုပြုပြီးနောက် လီရွှမ်လည်း ဤသည်ကို ဖြစ်နိုင်ချေရှိသည်ဟု ခံစားရ၏။ ဖြစ်နိုင်သည်မှာ ဒီမိန်းကလေးတွင် လူများ၏ နှလုံးသားကို စိုးမိုးနိုင်သည့် စွမ်းရည်အချို့ ရှိနေသည်လား။
“အဲ့ကောင်မလေး ဘယ်မှာလဲ”
လီရွှမ်က စိတ်ဝင်စားစွာဖြင့် သူမကို တွေ့လိုသွား၏။
“ကြည့်ရတာ ချီနိုင်ငံကို လာတဲ့ လမ်းမှာထင်တယ်”
ရှီအာက မရေရာစွာ ပြောသည်။ ကောင်းကင်မိခင်ဂိုဏ်း၏ အထက်ပိုင်း ပုဂ္ဂိုလ်များပင်လျှင် ရံဖန်ရံခါ ကောင်းကင်မိခင်၏ တည်နေရာကို လိုက်နိုင်ခြင်း မရှိစွာ ဖြစ်တတ်၏။
လီရွှမ်က ခေါင်းညှိတ်သည်။ ဒီကောင်မလေးသည် ယွင်ရှန်းမြို့ဆီသို့ ဦးတည်လာသည့် ပုံပါ။
…..
စုလင်ရှုံတစ်ယောက် ယွင်ရှန်းမြို့ဆီသို့ ရောက်ရှိပြီးနောက် အုပ်ချုပ်သူ ခန်းမဆီသို့ တည့်မတ်စွာ သွားရောက်သည်။ အုပ်ချုပ်သူနှင့် မီးခိုးရောင် ဝတ်စုံဝတ် အဖိုးကြီးက အမြန် ဦးညွှတ်ကာ နှုတ်ဆက်သည်။
“ကောင်းကင်မိခင်ကို တွေ့ဆုံပါတယ်”
စုလင်ရှုံက လေးနက်သည့် အသွင်ဖြင့် ထိုင်ကာ သူမ၏ ဂေါ်ပြားကို အသုံးပြုပြီး ယွင်ရှန်းမြို့ အုပ်ချုပ်သူ၏ ဦးခေါင်းကို ထိကာ မေးသည်။
“နင်အကျင့်ပျက်ချစားတာမျိုး လုပ်သေးလား။ လူတွေကို ဖိနှိပ်သေးလား။ ငွေညှစ်တာတွေရော လုပ်သေးလား”
“ကောင်းကင်မိခင်ခင်ဗျာ.. ကျွန်တော် မလုပ်ပါဘူး”
“ကျွန်တော့ရဲ့ အုပ်ချုပ်မှုအောက်မှာ လူတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိကြပါတယ်”
ယွင်ရှန်းမြို့ အုပ်ချုပ်သူသည် ချွေးများ ထွက်လာခဲ့၏။ ကောင်းကင်မိခင်မှာ ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက် ဖြစ်လင့်ကစား သူမကို အဖော်ပြုနေသည့် လူကတော့ အလွန် စွမ်းအားကြီးလှသည်။
“ငါ့ကို လိမ်ရဲရင် နင့်ကို မြေမြှုပ်ပစ်မယ်”
စုလင်းရှုံ၏ မျက်နှာက တင်းမာသွား၏။
“သေချာပေါက် မလိမ်ပါဘူး။ သေချာပေါက် မလိမ်ပါဘူး”
ယွင်ရှန်းမြို့ အုပ်ချုပ်သူက လေပူများကို မှုတ်ထုတ်သည်။
“ငါကြားတာတော့ ဒီမှာ ဆရာကြီးတစ်ယောက် ရှိပြီး ငါ.. ကောင်းကင်မိခင်ကို တွေ့ချင်လို့ဆို”
စုလင်းရှုံက မေးသည်။
“ဟုတ်ပါတယ်။ သူအခု ယွင်ရှန်းမှာပဲ နေနေပါတယ်။ သူက တကယ့်ကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးပါ”
ယွင်ရှန်းမြို့ အုပ်ချုပ်သူက အမြန်ဖြေ၏။
“ဟန့်.. ငါ.. ကောင်းကင်မိခင် သွားပြီး ကိုယ်တိုင် ကြည့်ရတာပေါ့။ သူသာ လူလိမ်တစ်ယောက်ဆို မြေမြှုပ်ပစ်မယ်”
စုလင်းရှုံသည် ဂေါ်ပြားကို ကိုင်ဆွဲပြီး ဒေါ်လေးကျိုး၏ အဖော်ပြုမှုနှင့်အတူ လီရွှမ်၏ အိမ်သို့ ဦးတည်ခဲ့၏။
ယွင်ရှန်းမြို့ အုပ်ချုပ်သူနှင့် အခြားလူများက တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။ ကြည့်ရတာ ကောင်းကင်မိခင်နှင့် ဆရာကြီးနှင့် ပြဿနာဖြစ်တော့မည်လား။
သူတို့အနေနှင့် ထိုပွဲကို သွားကြည့်ရဲခြင်း မရှိပေ။ စွမ်းအားကြီး ဆရာကြီးကို ထိပါးကာ ပြဿနာအတွင်းသို့ ဆွဲသွင်းခံရမည်အား ကြောက်ရ၏။
ရွှီယန်မှာ ချီနိုင်ငံ၏ တော်ဝင်မြို့တော်တွင်သာ ရှိနေသေးပြီး ပြန်လာခြင်း မရှိသေးပေ။ သို့ရာတွင် လီရွှမ်သည် ကောင်းကင်မိခင်ဂိုဏ်း၏ မကောင်းသူများကို မကောင်းမှုလုပ်ခြင်းမှ ရပ်တန့်ရန် တိုက်တွန်းနိုင်သည့် ကောင်းကင်မိခင် ကလေးမလေးနှင့် တွေ့ရပေတော့မည်။
…
ဝတ်စုံဖြူအား ဝတ်ဆင်ကာ ဂေါ်ပြားတစ်ချောင်းကို ကိုင်ဆောင်ထားသည့် လှပသည့် မိန်းလေးနှင့် သူမ၏ ဘေးရှိ ပုခုံးကျယ်ကျယ်နှင့် သန်မာသည့် အမျိုးသမီးတို့ကို ကြည့်ကာ လီရွှမ်တစ်ယောက် မနေနိုင်ပဲ တိတ်ဆိတ်သွားသည်။
ကောင်မလေး၏ အသွင်အပြင်နှင့် ပုံပန်းသဏ္ဍာန်မှာ သူထင်ထားသည်နှင့် အလွန် ခြားနားနေပါသည်။ သူမ၏ အသွင်အပြင်သည် မြင့်မြတ်လေးနက်ကာ ကောင်းကင်မိခင်တစ်ယောက်၏ ဂရုဏာတရား ကြီးမားမှုနှင့် တော်ဝင်ဆန်မှုတို့ကို ထင်ဟပ်နေသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် ဂေါ်ပြားတစ်ချောင်းကို ကိုင်ဆောင်ထားရသနည်း။
ထို့အပြင် သူမ၏ နံဘေးရှိ ထွားကြိုင်းသည့် အမျိုးသမီးမှာ ရိုးရှင်းခြင်း လုံးဝမရှိပေ။ သူမသည် သိုင်းပညာရှင်တစ်ယောက် ဖြစ်၏။
စွန့်ပြစ်ဒေသတွင် မည်သည့် သိုင်းသမားမှ မရှိပေ။ တစ်ခုတည်းသော ရှင်းပြချက်မှာ သူမတို့နှစ်ယောက်သည် အတွင်းဘက်နယ်မြေမှ လာခြင်း ဖြစ်ပေလိမ့်မည်။
‘ဒါက စတုတ္ထအဆင့် သိုင်းသမားတစ်ယောက်လား။ စွန့်ပစ်ဒေသမှာ သူမက ပြိုင်ဘက်မရှိမှာ အသေအချာပဲ။ ပြီးတော့ ဒီမိန်းကလေးကလည်း သိုင်းသမားတစ်ယောက်ပဲလား’
‘သူမကို ကြည့်ရတာ အဆင့်ခုနစ်လောက်ပဲ ရှိပုံပေါ်ပေမယ့် အဲ့ဒါကလည်း စွန့်ပြစ်ဒေသရဲ့ အမြင့်ဆုံး အဆင့်ကို ကျော်လွန်နေပြီးပြီ’
လီရွှမ်က သူမတို့နှစ်ဦးကို သုံးသပ်ရင်းက အတွေးနက်သွားသည်။
အနီးအနားရှိ ရှီအာက အခြေအနေကို ဂရုတစိုက် စူးစမ်းနေ၏။ ကောင်းကင်မိခင်၏ ပုံက မကောင်းသည့် ရည်ရွယ်ချက်တို့ ရှိနေသည့်ပုံပါ။
စုလင်းချုံက လီရွှမ်ကို ကြည့်ကာ အံ့ဩသွားသည်။ တစ်ဖက်လူသည် မြင့်မြတ်သည့် ပုဂ္ဂိုလ်ကြီးဆိုသည်လား။
ရှေ့ရှိ လူငယ်သည် သူမကို အနှိုင်းမဲ့သည့် ခံစားချက်တစ်ခုအား ပေးစွမ်းနေ၏။ မြင့်မားထည်ဝါကာ သူမကို ခဏတာ တုံ့ဆိုင်းသွားစေသည်။ မည်သည့် အလောကြီးသည့် လှုပ်ဆောင်ချက်ကိုမှ မလုပ်မိအောင် ဖြစ်သွားစေ၏။
ထိုအချိန်၌ သူမ၏ နံဘေးရှိ ဒေါ်လေးကျိုးက ပိုမိုကာပင် မွန်းကြပ်လာခဲ့သည်။ ကြွက်သားများက တင်းကြပ်ကာ နဖူးမှ ချွေးစေးများ စီးကျလာ၏။
ဤသည်မှာ စစ်ဘုရင်တစ်ယောက်လေလား။ မဟုတ်ပေ။ သေချာပေါက် မဟုတ်ပေ။ စစ်ဘုရင်တစ်ယောက်ပင်လျှင် ယခုမျှအထိ လျှို့ဝှက်နက်နဲနေမည် မဟုတ်ပါ။
သူမသည် လုံးဝ ထိတ်လန့်နေမိ၏။
ယွင်ရှန်းမြို့ရှိ နာမည်ကျော် ဆရာကြီးဟူသည်မှာ သိုင်းသမားတစ်ယောက်လေလား။ ထို့အပြင် သူမတွင် မကောင်းသည့် သုံးသပ်ချက်တစ်ခု ရှိနေပါသည်။
‘ဖြစ်နိုင်တာက ဟိုလူတွေ ငါတို့နောက်ကိုလိုက်ဖို့ စွန့်ပစ်ဒေသအထိ ရောက်လာတာလား’
မဟုတ်ပေ။ မဖြစ်နိုင်ပေ။ သူတို့က ဘယ်လိုလုပ်ပြီး စွန့်ပစ်ဒေသကို လာကြမည်လဲ။
လီရွှမ်က လက်ထဲတွင် ကျောက်စိမ်းအဆောင်ကို ကိုင်ကာ အပြုံးတစ်ခုနှင့် ပြော၏။
“ကလေးမလေး.. နင်က လက်ရှိ ကောင်းကင်မိခင်ဂိုဏ်းရဲ့ ကောင်းကင်မိခင်လား”
စုလင်းရှုံက ခေါင်းညှိတ်သည်။
“ဟုတ်ပါတယ်။ ရှင်က..”
လီရွှမ်းက စိတ်ဝင်စားစွာဖြင့် မေးသည်။
“ငါကြားတာတော့ နင်တိုက်တွန်းလိုက်တဲ့ လူဆိုးလူယုတ်တိုင်းက မကောင်းမှုကို ထပ်မလုပ်ကြတော့ဘူးဆို၊ အမှန်ပဲလား။ နင်သူတို့ကို ဘယ်လို တိုက်တွန်းလိုက်တာလဲ”
ဤသည်မှာ ဒီကောင်မလေးအား သူ့အနေနှင့် အလေးအနက် ထားလာစေသည့် အကြောင်းပြချက် ဖြစ်၏။ ယခုအချိန်၌ လူချင်း တွေ့ရပြီဖြစ်ရာ မနေနိင်ပဲ မေးလေသည်။
စုလင်းရှုံက စိတ်အားထက်သန်စွာဖြင့် ပြုံးကာ သူမ၏ လက်ထဲရှိ ဂေါ်ပြားကို မြှောက်ပြသည်။
“အဲ့ဒါက လွယ်ပါတယ်။ သူတို့ကို မြေမြှုပ်လိုက်တာလေ။ အဲ့တော့ မကောင်းမှုကို ထပ်မလုပ်နိုင်ကြတော့ဘူး”
လီရွှမ်က အံ့ဩသွားသည်။ ထိုမျှ ရိုးရှင်းသည်လား။
ဟုတ်ပါသည်။ သေဆုံးပြီးသည့် လူများမှာ မကောင်းမှုတို့ကို ဆက်လက်ပြုနိုင်မည် မဟုတ်တော့ပေ။
အနီးအနားတွင် ရပ်နေသည့် ရှီအာလည်း မှင်သက်သွား၏။ ထိုသို့ဆိုပါက ဤမျှ ရိုးရှင်းလှသည်လား။
လီရွှမ်က ရှီအာကို ကြည့်သည်။ တစ်ဖက်လူလည်း အမှန်တရားကို ပြီးပြည့်စုံစွာ နားလည်နိုင်ခြင်း မရှိသေးကြောင်းအား သိလိုက်၏။
“အဲ့လောက်ရိုးရှင်းတာလး”
စုလင်းရှုံက သူ့ကို ထူးဆန်းစွာ ကြည့်သည်။
“ရိုးရှင်းတယ်လေ။ တွင်းတစ်ခုတူးပြီး သူတို့ကို မြေမြှုပ်ပစ်လိုက်ရုံပဲ။ ပြီးရင် မကောင်းမှုတွေ ဆက်မလုပ်နိုင်တော့ဘူး။ သေလူက ဘယ်လိုလုပ်ပြီး မကောင်းမှု လုပ်နိုင်မှာလဲ”
လီရွှမ်မှာ ပြောစရာစကား မဲ့သွားခဲ့သည်။
‘ချီးး..’
ဤသည်မှာ တိုက်တွန်းသည်ဟု ခေါ်သည်လား။ တကယ့်ကို လွန်ကျူးလှပါသည်။ ယခုကဲ့သို့ အလွန် ရိုးရှင်းသည့် အရတာစ်ခုကို အလွန်အကျူး ချဲ့ကားထား၏။
သူပင်လျှင် စိတ်ဝင်စားသွားမိခဲ့သည်။
ပြောစကားများအရ ဒီကောင်မလေး၏ ဆေးပညာသည် အလွန်ထူးကဲသည်ဟု ဆို၏။ ဤသည်မှာလည်း ကောလဟာလသာ ဖြစ်သည်လား။
“နင့်ရဲ့ ဆေးပညာကရော.. လျှောက်ပြောတာပဲလား”
ဒီမိန်းကလေးကို ကြည့်ရသည်မှာ မြူးမြူးကြွကြွ ရှိကာ ငယ်ရွယ်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။ အေးအေးတည်ငြိမ်စွာ ခြေချုပ်ကျကာ ဆေးပညာကို ထူးထူးချွန်ချွန် လေ့လာမည့် လူမျိုး မဟုတ်လောက်ပါ။
ကြည့်ရတာ သူ၏ တတိယတပည့် နေရာအတွက် နောက်ထပ် သင့်တော်သူကို ရှာဖွေရမည့်ပုံ ရှိသည်။
“ကျွန်မရဲ့ ဆေးပညာတော့ တကယ်ပါ။ အသက်လေးနှစ်မှာ ဆေးပညာကို စတင်သင်ကြားခဲ့ပြီး ဒီနှစ်မှာ အသက်၁၇ကို ရောက်ခဲ့ပြီ။ ပြီးတော့ ဆေးပညာကလည်း အထွတ်အထိပ်ကို ရောက်သွားခဲ့ပြီ။ ချီနိုင်ငံပဲဖြစ်ဖြစ်၊ ဝူနိုင်ငံပဲဖြစ်ဖြစ် ကျွန်မနဲ့ နှိုင်းယှဉ်နိုင်တာ ဘယ်သူမှ မရှိတာ သေချာတယ်”
မထင်မှတ်စွာပင် ဆေးပညာမှာ ကောလဟာလသာ မဟုတ်ပေဘူးလား။
လီရွှမ်က ချက်ချင်းပင် အားတက်သွားသည်။
“ကောင်မလေး.. နင့်နာမည် ဘယ်လိုခေါ်လဲ”
“စုလင်းရှုံပါ”
စုလင်းရှုံက ရိုးသားစွာ ဖြေ၏။
ဒေါ်လေးကျိုး၏ ပုံစံက မူမမှန်ပေ။ သူမသည် အရင်က ထိုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးခဲ့ပါ။ ရှေ့ရှိ ဒီလူသည် သေချာပေါက် ထူးကဲသည့် စွမ်းအားကြီးပုဂ္ဂိုလ် ဖြစ်ပေလိမ့်မည်။