← Chapters

ဒန်ဆေးသိုင်းပညာ စနစ်နှင့် ချန်ချင်းအရိုး(၂)

Vol. 9 Ch. 128

ဒန်ဆေးသိုင်းပညာ စနစ်နှင့် ချန်ချင်းအရိုး(၂)

Vol. 9 Ch. 128

"ဆရာ.. ကျွန်မက အသက်၄နှစ်မှာ ဆေးပညာကို စတင်သင်ကြားခဲ့ပြီး အသက်၆နှစ်မှာ လူတွေကို ရောဂါကုသပြီး အသက်ကယ်တင် ပေးနေပြီ..."

စုလင်းရှုံက တက်ကြွစွာ ပြောသည်။

လီရွှမ် "..."

စုလင်းရှုံကို ကြည့်ကာ သူက အတွေးနက်သွား၏။အသက်၆နှစ် အရွယ်တုန်းက သူကရော မည်သည်တို့ကို လုပ်နေခဲ့သနည်း။ ရွှံ့ထဲတွင် ကစားနေတာ ဖြစ်ပေလိမ့်မည်။

"ချီး.."

ဤသည်မှာ အလွန် ကြီးမားလှသည့် ကွာခြားချက်တစ်ခု ဖြစ်၏။ အသက်၆နှစ်က အရမ်းကြီး မငယ်တော့ပါ။

ထို့ကြောင့် ရေးတေးတေး မှတ်မိသေး၏။

"အသက်၆နှစ်ဆိုတာ မငယ်တော့ဘူး။ ငါမှတ်မိသေးတယ်... ငါအသက်၃နှစ်တုန်းက သားရဲရိုင်းတစ်ကောင်ကို လက်ဗလာနဲ့ သတ်ပစ်ခဲ့တဲ့ အကြောင်းကိုပေါ့.."

လျှို့ဝှက်ဆန်းကြယ်ကာ ထည်ဝါမြင့်မားသည့် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် အနေနှင့် သူသည် ဘယ်လိုလုပ်ပြီး တပည့်ဖြစ်သူကို ရှုံးနိမ့်လို့ ရမည်နည်း။

ထို့ကြောင့် မျက်တောင်ခတ်ခြင်းမရှိ၊ နှလုံးခုန်မြန်ခြင်း မရှိဘဲ ရုပ်တည်နှင့် လိမ်လေသည်။

စုလင်းရှုံ၏ နှုတ်ခမ်းက အနည်းငယ် ပွင့်ဟနေပြီး တိတ်ဆိတ်သွားသည်။ ဆရာဖြစ်သူကို ငိုင်တိုင်စွာ ကြည့်နေမိ၏။

သူမသည် ဆရာဖြစ်သူအား ကြွားဝါနေသည်ဟု  သံသယဝင်မိ၏။ သို့ပေမယ့် သက်သေမရှိပေ။

"ဆရာက အံ့ဩဖို့ ကောင်းလိုက်တာ.."

ဦးနှောက်က လျှင်မြန်စွာ ရွေ့လျားသွားပြီး ချက်ချင်းပင် လေးစားသည့် အပြုံးတစ်ခု ပေါ်လာကာ မြှောက်ပင့်စွာ ပြောသည်။

"ဟမ်း.."

လီရွှမ်က ခေါင်းငြိမ့်၏။

အလွန် ကျေနပ်သွားသည်။

"နင်ဒီမှာ နေလို့ရတယ်။ မနက်ဖြန်ကျရင် ငါနင့်ကို သိုင်းပညာ သင်ကြားပေးမယ်.."

"ဟုတ်ကဲ့ပါ ဆရာ.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။ သူမသည် ဂေါ်ပြားကို မကာ အခန်းကို သန့်ရှင်းရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် သွားရောက်၏။

ရှီအာက ပြန်လာခဲ့သည်။ ကောင်းကင်မိခင်သည် အမှန်တကယ် ဆရာ၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်လား။

သို့ပေမယ့် စုလင်းရှူံ၏ ထူးကဲသည့် ပါရမီတို့ကို တွေးမိပြီးနောက် ဤသည်မှာ သဘာဝကျသည်ဟု ခံစားလာရသည်။

"သခင်မလေး.. ဘာလို့ သူ့ကို ဆရာအဖြစ် တင်မြှောက်ဖို့ ရွေးချယ်ခဲ့တာလဲ။ စွန့်ပစ်ဒေသမှာ ဘယ်လိုလုပ်ပြီး လူတစ်ယောက်က ကျင့်ကြံနိုင်မှာလဲ.."

အခန်းထဲတွင် ကျိုးယင်က သန့်ရှင်းရေးလုပ်ရင်းမှ စိုးရိမ်စွာ ပြော၏။

"ဒေါ်လေးကျိုး.. သူပြောတာ အမှန် ဖြစ်နေရင်ရော။ ဒီစွန့်ပစ်ဒေသမှာပဲ ကျွန်မက တစ်ဘဝလုံး နေ့တိုင်းနေရတော့မှာလား။ ဆရာက စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ကျွန်မသာ ကျင့်ကြံမှုမှာ အောင်မြင်ရင် ဟိုလူတွေကို ကြောက်စရာ မလိုလောက်တော့ဘူး.."

စုလင်းရှုံက တက်ကြွစွာ ပြောသည်။

ကျိုးယင်က  သက်ပြင်းချ၏။

"ဒေါ်လေးကျိုး.. ရှင်က စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ယောက်ပဲ။ ဒီစွန့်ပစ်ဒေသမှာ ကျွန်မကို လိုက်ပြီး ကာကွယ်နေရလို့ ကျင့်ကြံဖို့ အခွင့်အရေး မရှိလို့သာ.. မဟုတ်ရင် အခုလောက်ဆို တတိယအဆင့်ကို ချိုးဖြတ်ပြီး နေလောက်ပြီ.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ဆက်လက်ပြောသည်။

"ကျွန်မသာ အမှန်တကယ် ကျင့်ကြံနိုင်ရင် ဒေါ်လေးကျိုးမှာလည်း အခွင့်အရေး ရှိလာမှာ.. အနှေးနဲ့အမြန် အဲ့ဒီလူတွေအားလုံးကို ကျွန်မ မြေမြှုပ်ပစ်မယ်.."

ထိုစကားနှင့်အတူ သူမက ဂေါ်ပြားကို ဝှေ့ရမ်းပြ၏။

ကျိုးယင်က ခေါင်းကိုသာ ငြိမ့်သည်။

နောက်တစ်နေ့တွင် ယွင်ရှန်းမြို့ငယ်၏ အပြင်ဘက်တွင် တောင်ကုန်းတစ်ခု၏ အပေါ်၌ မုန့်ချုံက ကျင့်ကြံနေ၏။

သူ၏ ဆေဘာကို ပျိုးထောင်ရင်းမှ ကြီးမြတ်သောနေ ရွှေခန္ဓာအား လေ့လာနေပါသည်။ ပုံရိပ်နှစ်ခုတို့ ရုတ်တရက် ပေါ်လာကြ၏။

"ဆရာ.."

မုန့်ချုံက အလျှင်အမြန် မတ်တပ်ရပ်ကာ ဦးညွှတ်သည်။

"အင်း.."

လီရွှမ်က ခေါင်းငြိမ့်၏။

မုန့်ချုံက ဆရာဖြစ်သူ၏ ဘေးရှိလှပသည့် မိန်းကလေးကို သိလိုစွာ ကြည့်သည်။

"ဒါက မင်းရဲ့ ဂျူနီယာညီမလေး စုလင်းရှုံ.."

လီရွှမ်က မိတ်ဆက်ပေး၏။

"ဂျူနီယာ ညီမလေးလား.."

မုန့်ချုံ၏ မျက်လုံးများက လင်းလက်သွား၏။

"အခုတော့ ဟုတ်သေးတယ်.."

လီရွှမ်က ခဏတာ စဉ်းစားပြီးနောက် ထပ်ပေါင်းပြောသည်။

မုန့်ချုံက မှင်သက်သွား၏။ ဆရာဖြစ်သူကို ကြည့်ကာ မည်သည်ကို ဆိုလိုသည့်အား မလည်နိုင်အောင် ဖြစ်နေပါသည်။

"သူမက ထက်မြက်ပြီး ပါရမီကောင်းတယ်လို့ ထင်ရလို့ ငါသူမကို ဒန်ဆေးသိုင်းပညာစနစ်ကို လက်ဆင့်ကမ်းပေးကြည့်မလို့.."

"တစ်နှစ်အတွင်းမှာ စတင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မှုမရှိရင် အဖွဲ့ကနေ မောင်းထုတ်တဲ့အခါ မင်းရဲ့ဂျူနီယာညီမလေး ဖြစ်တော့မှာ မဟုတ်ဘူး.."

"ငါက အသုံးမဝင်တဲ့ လူတစ်ယောက်ကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး.."

လီရွှမ်က နောက်ဆုံးစကားကို ပိုမိုပေါ်လွင်စွာ  ပြောသည်။

ထိုစကားကို ကြားရပြီးနောက် မည်သည်တို့ ဖြစ်နေသည်ကို မုန့်ချုံတစ်ယောက် ရုတ်တရက် နားလည်သွား၏။

စီနီယာအကိုကြီး ဆီမှလည်း သူ့တုန်းက အချိန်တစ်နှစ်သတ်မှတ်ကာ ကျင့်ကြံခိုင်းခဲ့ကြောင်းကို ကြားသိခဲ့ဘူးသည်။

မုန့်ချုံ ကိုယ်တိုင်တုန်းကလည်း အစပိုင်းတွင် ရှင်းလင်းစွာ ပြောကြားခဲ့ခြင်း မရှိပေမယ့် သူ့ကို အချိန်တစ်နှစ် ကန့်သတ်ချက် ပေးခဲ့ပါသည်။

ဆရာကဲ့သို့ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက်တွင်  တပည့်လက်ခံရန်မှာ ဂရုမစိုက်လုပ်လို့ မဖြစ်ပေ။ ရှေးခေတ်က ပါရမီရှင်များထက် နိမ့်ကျသည့်  မည်သူမဆိုသည် ဆရာ၏ တပည့်ဖြစ်လာရန်  ထိုက်တန်ခြင်း မရှိပါ။

"ဒါက နင့်ရဲ့ ဒုတိယ စီနီယာအကို မုန့်ချုံ.."

လီရွှမ်က ဆက်လက် မိတ်ဆက်ပေးသည်။

"စီနီယာ အကိုကို နှုတ်ဆက်ပါတယ်.."

စုလင်းရှုံက ဦးညွှတ်ကာ ပြော၏။

"အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဂျူနီယာ ညီမလေး.."

မုန့်ချုံက ပြန်လည် နှုတ်ဆက်သည်။

စုလင်းရှုံက မုန့်ချုံကို ကြည့်သည်။ အရပ်မြင့်ကာ သန်မာထွားကြိုင်း၏။ ဂတုံးပြောင်နှင့် ကြည့်ရတာ သာမန်ထက် ကျော်လွန်ကာ ထည်ဝါနေပါသည်။

သူ့တွင် အလွန် စွမ်းအားကြီးမားသည့် အငွေ့အသက်တစ်ခု ရှိနေပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ ကြောက်စရာကောင်းသည့် စွမ်းအားတို့ ပါဝင်နေသည့်ပုံ ရှိသည်။

ဒုတိယစီနီယာအကိုက အလွန် သန်မာလှပါသည်။

ဒေါ်လေးကျိုးထက် များစွာ သာလွန်၏။

သူမက ချက်ချင်းပင် အံ့သြသွားသည်။လက်စသတ်တော့ ဆရာက လိမ်နေခြင်း မဟုတ်ပေ။ စွန့်ပစ်ဒေသတွင် သိုင်းပညာများ ကျင့်ကြံရန်အတွက် အမှန်တကယ် ဖြစ်နိုင်၏။

စီနီယာနှင့် ဂျူနီယာ သိုင်းမောင်နှမတို့ကို တွေ့ပေးပြီးနောက် လီရွှမ်က စုလင်းရှုံကို ဘေးဘက်သို့ ခေါ်သွားကာ သူမအား ဒန်ဆေးသိုင်းပညာအား သင်ကြားပေးသည်။

"နင့်ရဲ့ ပါရမီက ဆေးပညာနဲ့ ဒန်ဆေးသန့်စင်ခြင်း ဘက်မှာ မှီခိုနေတယ်။ ဒါ့ကြောင့် ငါနင့်ကို ဒန်ဆေးသိုင်းပညာစနစ်ကို သင်ကြားပေးမယ်..."

"ပင်ရင်းသိုင်းပညာ စနစ်ပဲဖြစ်ဖြစ် ခန္ဓာကိုယ်ကျင့်ကြံမှု သိုင်းပညာ စနစ်ပဲဖြစ်ဖြစ် အခြေခံက အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအပေါ်မှာ မူတည်နေတယ်။ ကျင့်ကြံပုံတွေပဲ အနည်းငယ် ကွဲပြားသွားတာ ရှိတယ်.."

လီရွှမ်က ဖြေးညှင်းစွာ ရှင်းပြသည်။

'အရေပြားသန့်စင်ခြင်း၊ အရိုးသန့်စင်ခြင်းနဲ့ ကိုယ်တွင်းအင်္ဂါသန့်စင်ခြင်း လား..'

စုလင်းရှုံက သိလိုသွားသည်။ ဤသည်မှာ သူမကျင့်ကြံသည့် သိုင်းပညာစနစ်နှင့်  သိသာစွာ ခြားနားနေပါသည်။

"အခုနင်က အဆင့်၇မှာ ရှိနေတယ်။

သိုင်းပညာအခြေခံ ရှိထားတဲ့အတွက်ကြောင့် ကျင့်ကြံမှုက အရမ်းကြီးတော့ ခက်ခဲမှာ မဟုတ်ဘူး.."

"ပြီးရင် ငါနင့်ကို ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးမယ်။ ဒါပေမယ့် မှတ်ထားရမှာက ငါသင်ကြားပေးတဲ့ သိုင်းပညာက နားလည်သဘောပေါက်မှုနဲ့ အဓိပ္ပာယ်အပေါ်ကို မူတည်တယ်.."

"ကျင့်စဉ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို ပြည့်ပြည့်စုံစုံ နားလည်မှပဲ နင်စတင်ခြင်းကို ဝင်ရောက်နိုင်မယ်.."

"အပြင်ပိုင်း အသွင်သဏ္ဍာန် နည်းလမ်းတွေကိုပဲ အာရုံစိုက်ပြီး စွဲလမ်း မနေစေနဲ့..."

ဤသည်မှာ သူ၏တပည့်တစ်ယောက်ကို သင်ကြားပေးသည့် ပထမဆုံးအကြိမ် သို့မဟုတ် ဒုတိယအကြိမ် မဟုတ်တော့ပေ။ လီရွှမ်က ရွှီယန်နှင့် မုန့်ချုံတို့တုန်းက ပြောကြားခဲ့သည့် စကားများကို ချောမွေ့စွာဖြင့် ပြန်ပေါင်းပြောခဲ့၏။

နားလည်သဘောပေါက်မှုနှင့် အဓိပ္ပါယ်ကို အဓိကထားကာ ကျင့်စဉ်၏ စစ်မှန်သည့် အဓိပ္ပါယ်ကို  နားလည်လာမှသာလျှင် အောင်မြင်စွာ ကျင့်ကြံနိုင်မည်ဟု ဖြစ်၏။

"အရိုးသန့်စင်ခြင်းမှာ သံအရိုး၊ ကြေးအရိုးနဲ့ ရွှေအရိုးဆိုပြီးတော့ ခွဲခြားထားတယ်... အရိုးတွေရဲ့ အမြင့်မားဆုံးသော အခြေခံကို ပြောရမယ်ဆိုရင်  ပင်ရင်းသိုင်းပညာမှာဆို ကျောက်စိမ်းအရိုးကို သန့်စင်မှု။ ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းပညာမှာဆို ဗာဂျရာစိန်အရိုးကို သန့်စင်မှုပဲ.. ပြီးတော့ ဒန်ဆေးသိုင်းပညာမှာဆို ချန်ချင်း(ထာဝရစိမ်းလန်းခြင်း) အရိုးကို သန့်စင်ခြင်းပဲ.."

လီရွှမ်က နက်ရှိုင်းသည့် အသံဖြင့် ပြော၏။

"ချန်ချင်းအရိုး.."

ဤသည်မှာ ဒန်ဆေးသိုင်းပညာစနစ်အတွက် သူတီထွင်လိုက်သည့် အခြေခံအဆင့် ဖြစ်၏။

"ထာဝရစိမ်းလန်းခြင်း အရိုးက အဆုံးမသတ်နိုင်တဲ့  အသက်ဓာတ်တွေ ပါဝင်နေပြီး.. ထာဝရတည်မြဲပြီး ဖျက်ဆီးနိုင်ခြင်း မရှိဘူး... မြေကြီးထဲမှာ မြှုပ်ထားရင်တောင် စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူပြီး  တဖြည်းဖြည်းနဲ့ အသက်ဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေတဲ့ စိတ်ဝိဉာဉ်ပစ္စည်းတစ်ခု ဖြစ်လာမှာ။ ထာဝရ တောက်ပနေစေတယ်.."

အရိုးကို ထာဝရစိမ်းလန်းခြင်း အရိုးအဖြစ် သန့်စင်နိုင်တဲ့ လူတွေက အခြား သိုင်းပညာရှင်တွေထက် အသက်ရှည်စွာ နေထိုင်နိုင်ကြတယ်။ ဒါပေမယ့် ကျောက်စိမ်းအရိုးနဲ့ ဗာဂျရာစိန်အရိုးကို ကျင့်ကြံထားတဲ့ လူတွေနဲ့ နှိုင်းယှဉ်ရင် ကြံ့ခိုင်မူတော့ အနည်းငယ် အားနည်းလိမ့်မယ်.."

"ဒန်ဆေးသိုင်းသမားတွေက အသက်ကို ကယ်နိုင် နှုတ်နိုင်တယ်။ သေတော့မယ့်လူကို ပြန်ရှင်လာအောင် လုပ်နိုင်သလို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဘယ်သူမှ မမြင်နိုင်ဘဲလည်း လူကိုသတ်နိုင်တယ်.."

လီရွှမ်က ဒန်ဆေးသိုင်းပညာ စနစ်၏ အခြေခံတို့ကို ရှင်းပြသည်။ စုလင်းရှုံက မှင်သက်သွား၏။ သူမ၏ နှုတ်ခမ်းက အံ့သြမှုဖြင့် ပွင့်ဟနေပါသည်။

လောကကြီးတွင် ယခုကဲ့သို့သော သိုင်းပညာမျိုး ရှိမည်ဟု ယုံကြည်ရန် ခက်ခဲလှ၏။ ဤသည်မှာ အမှန်တကယ် ကျင့်ကြံနိုင်သည်လား။

ထာဝရစိမ်းလန်းခြင်း အရိုး...

အသက်ဓာတ်နဲ့ ကြွယ်ဝနေပြီး သေဆုံးလို့ မြေကြီးထဲမှာ မြှုပ်ထားရင်တောင် စိတ်ဝိဉာဉ်စွမ်းအင်ကို စုပ်ယူပြီး တဖြေးဖြေးနဲ့ စိတ်ဝိဉာဉ် ပစ္စည်းတစ်ခုအဖြစ်  ပြောင်းလဲနိုင်တယ်။

အသက်ဓာတ်တွေ ကြွယ်ကြွယ်ဝဝ ပါဝင်နေတယ်...

'ဒါကြီးက ပုံပြင်ဆန်လွန်းသွားပြီ မလား..'

စုလင်းရှုံ၏ နှလုံးသားက အခုန်မြန်လာပြီး သူမဟာ ကြီးမားသည့် အခွင့်အလမ်းတစ်ခုကို ဆိုက်ဆိုက်မြိုက်မြိုက်ကြုံတွေ့ခဲ့ရသည်ဟု ခံစားလာရသည်။

ယခုကဲ့သို့ စွမ်းအားကြီးမားကာ လျှို့ဝှက်ဆန်းကြယ်သည့် သိုင်းပညာကိုသာ အောင်မြင်စွာ ကျင့်ကြံနိုင်ပါက မည်မျှ ထည်ဝါလိုက်မည်နည်း။

"ဆရာ ကျွန်မကို မြန်မြန်လေး သင်ကြားပေးပါ။ အောင်မြင်သွားရင် သူတို့အားလုံးကို မြေမြှုပ်ပစ်မယ် .."

စုလင်းရှုံက သူမ၏ ဂေါ်ပြားကို ဝှေ့ယမ်းရင်းက စိတ်လှုပ်ရှားစွာ ပြောသည်။

လီရွှမ်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။

ဒီကောင်မလေးသည် လူများကို မြေမြှုပ်သည့် အကျင့်အား စွဲလမ်းနေသည်လား။

သူက လေးနက်သည့် အသွင်ဖြင့် ပြော၏။

"ငါနင့်ကို သင်ကြားပေးမှာက လမ်းစဉ်ပဲ။ အတတ်ပညာတစ်ခု မဟုတ်ဘူး။ အဲ့ဒါကြောင့် လေ့လာတဲ့အခါမှာ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်အောင် လုပ်ရမယ်။ အဲ့ဒါမှပဲ နင့်ရဲ့ကျင့်ကြံမှုကို စတင်နိုင်လိမ့်မယ်.."

"ဆေးပညာဆိုင်ရာ ရတနာတွေကိုတော့ နင်က ငယ်ငယ်လေးထဲက ဆေးပညာကို သင်ကြားခဲ့တာ ဆိုတော့ ငါမိတ်ဆက်ပေး မနေတော့ဘူး။ ကြည့်တာနဲ့ မှတ်မိပြီး သူတို့ရဲ့ အာနိသင်နဲ့ ခြားနားချက်တွေကို  နားလည်နေလောက်မှာ.."

"အခု ငါနင့်ကို သင်ပေးမှာက ဒန်ဆေးပညာရဲ့ လမ်းစဉ်ပဲ.."

လီရွှမ်သည် ရတနာဆေး အမျိုးအစား မည်မျှရှိသည်ကို သိရှိခြင်းမရှိပါ။ ၎င်းတို့၏ အာနိသင်များကိုလည်း မသိပါ။ ထို့ကြောင့် ထိုအပိုင်းကို တစ်ခါတည်း ကျော်လိုက်၏။ ဆေးကျိုချက်ခြင်း အကြောင်းများကိုလည်း နားမလည်ပေ။

ဤသည်များမှာ စုလင်းရှုံအနေနှင့် သူမဘာသာ လေ့လာရမည့် အရာများ ဖြစ်၏။ သူသင်ကြားပေးလိုသည့် အရာမှာ ဒန်ဆေးပညာ၏ လမ်းစဉ်ဖြစ်သည်။

"ဟုတ်ကဲ့ပါဆရာ.."

စုလင်းရှုံက လေးစားစွာ ပြန်ကြားသည်။

"ဆေးလုံးတစ်လုံးဆိုတာ သန့်စင်မှုရဲ့ အဆီအနှစ်ပဲ။ မသန့်စင်မှုတွေကို ဖယ်ရှားပြီး လုံးဝိုင်းတဲ့ အသွင်သဏ္ဍာန်ရလာအောင် ပေါင်းစပ်ရတယ်။ အာနိသင်တွေကလည်း ခြားနားတယ်..."

လီရွှမ်က တည်ငြိမ်စွာဖြင့် ပြောသည်။

သူဖန်တီးထားသည့် ဒန်ဆေးပညာ၏ လမ်းစဉ်အား တစ်ခွန်းပြီးတစ်ခွန်း စုလင်းရှုံကို ပြောပြ၏။

ဒန်ဆေးလုံးများကို မည်ကဲ့သို့ သန့်စင်ရမည်နည်း။ ရိုးရှင်းပါသည်။ ဤသည်မှာ အဆီအနှစ်ကို ထုတ်ယူကာ စိတ်ဝိဉာဉ်ကို တူးဆွပြီး မူလစွမ်းအင်ကို သန့်စင်ထုတ်ယူခြင်း ဖြစ်သည်။

ဒန်ဆေးလုံးတစ်လုံးအား ဖော်စပ်ရာတွင် ဆေးပင်မျိုးစုံနှင့် စိတ်ဝိဉာဉ်ဆေးပင် မျိုးစုံတို့၏ ပေါင်းစပ်မှုကို လိုအပ်၏။

ဆေးသန့်စင်ခြင်း ဖြစ်စဉ်အတွင်းတွင် အဆီအနှစ်တို့ ပေါင်းစပ်ကာ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာပြီး ဆေးလုံးကို မှော်ဆန်သည့် အာနိသင်တို့ ပိုင်ဆိုင်လာစေသည်။

စုလင်းရှုံ၏ မျက်လုံးများက ပြူးကျယ်စွာ လင်းလက်လာခဲ့၏။ သူမ၏ နုနယ်သန့်ရှင်းသည့် မျက်နှာက စိတ်လှုပ်ရှားမှုနှင့် နီရဲလာခဲ့သည်။

ဆရာဖြစ်သူ၏ ရှင်းပြမှုကို ပိုမိုကြားလာရလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။ လက်စသတ်တော့ အဖိုးတန်ဆေးပင်များနှင့် စိတ်ဝိဉာဉ်ဆေးပင်များကို ထိုကဲ့သို့သော နည်းလမ်းနှင့်  အသုံးပြုနိုင်သည်လား။

ဒန်ဆေးလုံးအဖြစ် သန့်စင်နိုင်သည်လား။

ပုံမှန် ဆေးကျိုချက်ခြင်းသာ ဖြစ်ပါက ဆေးလုံးများရရှိလျှင်တောင် အာနိသင်တို့ ရှိပေမယ့် မသန့်စင်သည့် ဆိုးကျိုးတို့ အတိုင်းအတာ တစ်ခုအထိ ပါဝင်ဆဲ ဖြစ်သည်။

လူတစ်ယောက်သည် ထိုဆေးများကို ရေရှည်အသုံးပြုပါက ခန္ဓာကိုယ်မှ အဆိပ်များကို ဖယ်ထုတ်ရန် အချိန်မရှိဘဲ အချိန်ကြာလာသည်နှင့် ထိခိုက်လာစေမှာ ဖြစ်သည်။

သို့ပေမယ့် ဒန်ဆေးလုံးများကတော့ ခြားနားသွားပါပြီ။ ဒန်ဆေးလုံးသန့်စင်ခြင်းမှာ အဆီအနှစ် အားလုံးတို့ကို ထုတ်လွှတ်ပြီး မသန့်စင်မှု အားလုံးတို့ကို ဖယ်ရှားခြင်းဖြစ်သည်။

ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် မည်သည့် မသန့်စင်မှုမှ ကျန်ရစ်မည် မဟုတ်ပေ။ ဤသည်မှာ မည်ကဲ့သို့သော မှော်ဆန်သည့် ဆေးပညာ ဖြစ်သနည်း။

'ငါဒန်ဆေးပညာကို လေ့လာရမယ်..'

စုလင်းရှုံက ခိုင်မာစွာ စဉ်းစားသည်။

'ငါကျင့်ကြံမှုမှာ သေချာပေါက်အောင်မြင်ရမယ်။ သေချာပေါက် ဒန်ဆေးသိုင်းသမားတစ်ယောက် ဖြစ်လာရမယ်..'

သူမသာ ဒန်ဆေးအတတ်ကို နားလည်သဘောပေါက်ပြီး ဒန်ဆေးလုံးများကို သန့်စင်နိုင်ပါက သိုင်းပညာလောက၌ ကြောက်စရာကောင်းသည့် နေရာတစ်ခုအား ရရှိလာမည်ကို ရှင်းလင်းစွာ သိပါသည်။

စွမ်းအားကြီးမားသည့် နောက်ခံတစ်ခုတော့ လိုအပ်၏။ မဟုတ်ပါက အင်အားကြီးသည့် အဖွဲ့များက ဖမ်းဆီးသွားပြီး အလုပ်သမားအဖြစ် ခိုင်းစေနိုင်ပါသည်။

သူမ၏ ဒန်ဆေးပညာကို အတင်း ရေးချခိုင်းခြင်း သင်ကြားခိုင်းခြင်းတို့တောင် ပြုလုပ်နိုင်၏။ သို့ရာတွင် သူမ၏ ဆရာက အလွန်စွမ်းအားကြီးရာ ထိုအခြေအနေတို့ သေချာပေါက် ပေါ်လာမည် မဟုတ်ပါ။

စုလင်းရှုံက စိတ်အားထက်သန်စွာ နားထောင်နေ၏။ ဆရာဖြစ်သူ၏ ရှင်းပြမှုတို့ ပိုမို ကျယ်ပြန့်လာလေလေ သူမ၏ စိတ်ထဲတွင် ဒန်ဆေးဖော်စပ်နည်းတို့ ပိုမိုထွက်လာလေ ဖြစ်သည်။

"ဂျင်ဆင်း၊ အရွက်၉မျိုးဆေးပေနဲ့ ကျားသွေးတွေကို ပေါင်းစပ်တာက...ဒီဆေးဆိုရင် ချီနဲ့သွေးကို ကြီးကြီးမားမား ပြန်လည် အားဖြည့်ပေးတဲ့ အာနိသင်ရှိမှာ။ ဒန်ဆေးတစ်ခုအဖြစ် သန့်စင်လိုက်ရင်  သေချာပေါက် ကျင့်ကြံခြင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလာစေမှာ.."

သူမသည် ဆေးပညာကို ငယ်စဉ်ကတည်းက  လေ့လာခဲ့ပြီး အဖိုးတန်ဆေးပင်နှင့် စိတ်ဝိဉာဉ်ဆေးပင် မျိုးစုံတို့နှင့် ရင်းနှီးမှုရှိပါသည်။

All Chapters