ဒန်ဆေးလမ်းစဉ်(၂)
Vol. 9 Ch. 130
နားလည်သဘောပေါက်မှုတို့ ရမလာလျှင်တော့ ဆရာတပည့် ဆက်ဆံရေးအတွက် ကံမပါလာဟု ဆိုလိုသည်ပင်။
“မှတ်ထားပါ။ ငါနင့်ကို သင်ပေးတာက လမ်းစဉ်ပဲ။ သာမန် ကျင့်စဉ်မျိုး မဟုတ်ဘူး။ တာအိုက နားလည်သဘောပေါက်ဖို့ လိုအပ်တဲ့ အရာမျိုးပဲ။ ဒါ့ကြောင့် စစ်မှန်စွာ နားလည်ဖို့..”
လီရွှမ်က သူ၏ တာအိုအား သင်ကြားပေးခြင်းဖြစ်သည်၊ နားလည်သဘောပေါက်အောင် လုပ်ရမည်နှင့် ကျင့်စဉ်ကို ဒီအတိုင်းသာ ကျင့်ကြံခြင်း ပြုမနေရန် ထပ်မံ ရှင်းပြ၏။ ဉာဏ်အလင်းတို့အား ရရှိခြင်း မရှိပါက ပြီးပြည့်စုံမမည် မဟုတ်ပဲ ကျင့်ကြံလို့ ရမည်မဟုတ်ပေ။
“ဆရာ.. ကျွန်မ နားလည်ပါပြီ”
စုလင်းရှုံက သူမ၏ ဦးခေါင်းလေးကို ညှိတ်သည်။
သူမ၏ နှလုံးသားသည် ဒီလောကရှိ သိုင်းပညာ၏ နက်နဲသော ခွန်အားကြောင့် ကြီးစွာ တုန်ခါလာခဲ့၏။ စစ်မှန်စွာ နားလည်သဘောပေါက်လာပါက သူမသည် မည်မျှ စွမ်းအားကြီးလာလိမ့်မည်နည်း။
ဒန်ဆေးလုံးများ၏ မှော်ဆန်ကာ အံ့ဖွယ်ကောင်းလှသည့် အာနိသင်များနှင့် သူမသာ ၎င်းတို့ကို သန့်စင်နိုင်ပါက ကျင့်ကြံမှုတွင် နှေးကွေးမည်ကို စိုးရိမ်စရာ လိုဦးမည်လား။
ဆေးတစ်လုံးက ရှစ်ရက်၊ ဆယ်ရက်လောက်စာ အကျိုးဖြစ်ထွန်းနိုင်၏။ တစ်လ(သို့) တစ်နှစ်လောက် ပြင်းထန်စွာ ကျင့်ကြံရမှုကိုပင် ကျော်လွှားစေနိုင်လောက်သည်။
“အရင်ဆုံး ဒီဆေးညွှန်းကို ငါသိအောင် လုပ်ရမယ်”
စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“အင်း”
လီရွှမ်က ခေါင်းညှိတ်၏။ စုလင်းရှုံ၏ ပါရမီကို သူယုံပါသည်။ သီအိုရီများကို သင်ကြားပေးပြီးနောက် ဆေးဖော်မြူလာကို စဉ်းစားကာ ဒန်ဆေးလုံးများ သန့်စင်ရန်မှာသူမအတွက် မခက်ခဲလောက်ပေ။
သို့ရာတွင် ဒန်ဆေးသိုင်းပညာ၏ နက်ခဲမှုမှာ ဆေးညွှန်းများ၊ ဆေးပင်များ၏ အသုံးပြုပုံနှင့် ဆေးပညာတို့ချည်း ကဲ့သို့ ရိုးရှင်းနေမည် မဟုတ်ပါ။ စုလင်းရှုံအတွက် အခက်ခဲဆုံး အပိုင်းမှာ ဒန်ဆေးသိုင်းပညာ ကျင့်စဉ်အပေါ် နားလည်သဘောပေါက်ခြင်း အရာ၌ ဖြစ်ပေလိမ့်မည်။ သူမ၏ အထူးသီးသန့် အတွင်းအားကို မည်ကဲ့သို့ ကျင့်ကြံရန် ဖြစ်၏။
အဦးဆုံး ခြေလှမ်းမှာ အခက်ခဲဆုံး ဖြစ်သည်။ သူမသာ အောင်မြင်စွာ စတင်နိုင်ပြီး ကျင့်စဉ်ကို နားလည်သဘောပေါက်မှုတိ့ ရလာပါက နောက်ပိုင်းများဖြစ်သည့် မူလအဆင့်(သို့) ပိုမိုမြင့်မားသည့် အဆင့်များကား ပိုမိုလွယ်ကူလာမှာပါ။
အဘယ်ကြောင့်ဆိုသော် အခြေခံတစ်ခုအား တည်ဆောက်ပြီး ဖြစ်သောကြောင့် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အခြေခံ ရှိလာပြီးနောက် သီအိုရီ ဗဟုသုတများ ခိုင်မာလာပြီး ဖြစ်သည်။
လီရွှမ်က သူ၏ ချစ်ရသည့် ပင်ရင်းသိုင်းပညာကို ကျင့်ကြံသူ တပည့်ကြီး ရွှီယန်ကို တွေးမိသည်။ သူ၏ သိုင်းပညာအပေါ် သန့်စင်မှုကြောင့် နားလည်သဘောပေါက်နိုင်စွမ်းမှာ မယုံကြည်နိုင်ရာ ကောင်းလောက်အောင် နက်ရှိုင်းလှသည်။
ထို့အပြင် ရွှီယန်သည် သိုင်းပညာများ၏ ရှေ့ဆောင်သူတစ်ဦး ဖြစ်၏။ သူ၏ မဟာသိုင်းပညာလမ်းစဉ် အားလုံးတို့၏ စတင်မှုနှင့် အခြေခံတို့ကို ရွှီယန်က တည်ဆောက်ထားခြင်း ဖြစ်သည်။
“ဒန်ဆေး သိုင်းပညာ ကျင့်စဉ်က သန့်စင်တဲ့ သိုင်းပညာနဲ့ ခြားနားပေမယ့် တော်တော်လေး နီးကပ်တယ်။ ဒါ့ကြောင့် စုလင်းရှုံရဲ့ ကျင့်စဉ်အပေါ် လေ့လာမှုမှာ ရွှီယန်က ကူညီပေးနိုင်လောက်မလား”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
နားလည်သဘောပေါက်မှုနှင့် စိတ်ကူးစိတ်သန်း ကြွယ်ဝမှု အရာတွင် ရွှီယန်ကို မည်သူမှ ဖြတ်ကျော်နိုင်ခြင်း မရှိပေ။ ထို့ကဲ့သို့ တွေးမိပြီးနောက် သူက ထပ်မံပြော၏။
“ကျင့်စဉ်ကို ဘယ်လိုကျင့်ကြံရမယ်။ အရေအပြား၊ အရိုးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဘယ်လိုသန့်စင်ရမယ်၊ ဒန်ဆေးသိုင်းပညာရဲ့ ချီနဲ့သွေးကို ဘယ်လိုကျင့်ကြံရမယ် ဆိုတာတွေကို.. နင့်ရဲ့ စီနီယာအစ်ကို အကြီးဆုံး ပြန်လာတဲ့အခါ သူ့ဆီမှာ အကြံဉာဏ်တောင်းခံလို့ ရတယ်”
စုလင်းရှုံ၏ မျက်လုံးများက လင်းလက်သွားပြီး မေးသည်။
“စီနီယာအစ်ကိုကြီးက ဘယ်လောက် စွမ်းအားကြီးလဲ”
လီရွှမ်က တည်ငြိမ်စွာဖြင့် ဖြေကြား၏။
“သူက မူလအဆင့်မှာ။ အတွင်းဘက်နယ်မြေက ပုံမှန် သိုင်းသခင်တစ်ယောက်ကို အေးအေးလူလူ သတ်လို့ရတယ်”
စုလင်းရှုံက အလွန် စိတ်လှုပ်ရှားသွား၏။ သူမ၏ ဆရာက လျှို့ဝှက်ဆန်းကြယ်ကာ စွမ်းအားကြီးလှသည်။ ထို့အပြင် စီနီယာအစ်ကိုကြီးမှာလည်း တူညီစွာပင် ထည်ဝါလှ၏။
သူမသာ ကျင့်စဉ်အပေါ်တွင် အောင်မြင်စွာ နားလည်သဘောပေါက် နိုင်ကာ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ပါက ယခုကဲ့သို့သော အားကောင်းသည့် နောက်ခံနှင့် မည်သည်ကို ကြောက်ရွံ့ရန် လိုတော့မည်နည်း။
‘လုံးဝ ကြောက်စရာ မလိုတော့ဘူး’
“ဆရာ.. စီနီယာအစ်ကိုကြီးက ဘယ်တော့လောက် ပြန်လာမှာလဲ မသိဘူး”
စုလင်းရှုံက အလွန် စိတ်အားထက်သန်နေပြီး မနေနိုင်ပဲ မေးသည်။
သူမသည် ကျင့်စဉ်ကို နားလည်မှုရကာ စတင်ခြင်းအဆင့်သို့ အမြန်ဆုံး ဝင်ရောက်လိုနေ၏။ ဆရာ၏ သင်ကြားမှုများမှာ အလွန် နက်နဲလှပြီး အချိန်တိုအတွင်း လေ့လာရန်အတွက် လမ်းကြောင်းတစ်ခုကို မရှာနိုင်ပဲ ရှိနေပါသည်။
ဒန်ဆေးလုံးများ အပေါ်တွင်တော့ သူမတွင် ဉာဏ်အလင်းအချို့ ရှိနေပြီး ဖြစ်၏။ သူမအနေနှင့် အတွေးများကို ပြန်လည်စီရီကာ ဆေးလုံးဖော်မြူလာ အချို့ကို ဖန်တီးနိုင်ပါသည်။ ပြီးနောက် ဆေးအိုးတစ်ခုကို ရှာကာ မည်ကဲ့သို့ သန့်စင်ရမည်ကို စမ်းသပ်ကြည့်မည် ဖြစ်၏။
သို့ပေမယ့် ပထမဆုံး သိုင်းပညာအား ကျင့်ကြံကာ ချီနှင့်သွေးကို ကျင့်ကြံပြီးမှာ စစ်မှန်စွာ ဆေးလုံးသန့်စင်နိုင်မှာ ဖြစ်သည်။ ထို့ကြောင့် ဆေးလုံးများတွင် ဉာဏ်အလင်းတို့ ကာ ဆေးဖော်မြူလာတို့ တွေးထားပြီးဖြစ်လျှင်တောင် သက်ဆိုင်ရာ ကျင့်ကြံမှုမရှိပါက သူမသည် သာမန် ဆေးဆရာတစ်ယောက်သာ ဖြစ်နေဦးမှာ ဖြစ်၏။
စစ်မှန်သည့် ဒန်ဆေးသိုင်းသမားတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။
“နင့်ရဲ့ စီနီယာအစ်ကိုကြီး ရက်အနည်းငယ် အတွင်းမှာ ပြန်လာလိမ့်မယ်။ ဒါ့ကြောင့် နင်သေသေချာချာ လေ့လာထားသင့်တယ်”
စကားဆုံးပြီးနောက် လီရွှမ်က ထွက်ခွာသွား၏။ စုလင်းရှုံက သံဂေါ်ပြားကို ကိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် နောက်မှလိုက်သည်။
“ဆရာ.. ဆေးညွှန်းတွေနဲ့ ပက်သက်ပြီး ကျွန်မမှာ ဉာဏ်အလင်းအချို့ ရှိနေပြီးပြီ။ ပြန်ပြီးတဲ့အခါ နည်းနည်းလောက် စီရီလိုက်တာနဲ့ ဆေးဖော်မြူလာ အချို့ကို ရလာနိုင်လောက်တယ်”
“ဒါပေမယ့် ကျွန်မမှာ ဆေးပေါင်းအိုး မရှိဘူး။ ဆေးလုံးတွေကို ဘယ်လို သန့်စင်ရမှာလဲ”
လီရွှမ်က လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အေးအေးလူလူ လမ်းလျှောက်ရင်းက ပြောသည်။
“ငါက နင့်ကို တံခါးဝအထိပဲ ဦးဆောင်ပေးနိုင်မယ်။ ကျင့်ကြံမှုက နင့်အပေါ်မှာပဲ မူတည်တယ်”
“ဟုတ်ကဲ့ပါ။ အဲ့ဒါဆိုလည်း ကိုယ့်ဘာသာပဲ နည်းလမ်းတစ်ခုကို ရှာလိုက်ပါမယ်”
စုလင်းရှုံက အနည်းငယ် စိတ်ဓါတ်ကျသွားသည်။
မုန့်ချုံ ကျင့်ကြံနေသည့် နေရာအား ဖြတ်သွားချိန်၌ စုလင်းရှုံက သိလိုစွာ မေး၏။
“ဆရာ.. ဒုတိယ စီနီယာအစ်ကိုက ဘာလုပ်နေတာလဲ”
“သူက ဆေဘာကို ပျိုးထောင်ပြီး ကျင့်စဉ်ကို လေ့လာနေတာ”
လီရွှမ်က ထူးမခြားနားစွာ ဖြေကြားသည်။
စုလင်းရှုံက မျက်တောင်ခတ်၏။
“ဆေဘာကို နှလုံးသားနဲ့ ပျိုးထောင်တာ၊ စိတ်ဆန္ဒနဲ့ ပျိုးထောင်တာမျိုးပဲ.. အဲ့ဒါကို နင်နားမလည်ဘူး။ နင့်ရဲ့ ပါရမီကလည်း အဲ့အပိုင်းမှာ မဟုတ်ဘူး”
လီရွှမ်က ကောင်မလေးကို ကြည့်သည်။ သူ၏အကြည့်က သူမ၏လက်ထဲရှိ သံဂေါ်ပြားအပေါ်သို့ ကျရောက်သွား၏။
မိန်းမကောင်းလေး တစ်ယောက်သည် အဘယ်ကြောင့် သံဂေါ်ပြားနှင့် ကစားရခြင်းကို ခံမင်နေသနည်း..
“ဒီဂေါ်ပြားက ဘာလုပ်တာလဲ”
“လူမြှုပ်ဖို့လေ..”
“… နင်လူဘယ်နှစ်ယောက်ကို မြှုပ်ခဲ့ပြီးပြီလဲ”
“တစ်ရာတော့ မပြည့်သေးဘူး။ ဒါပေမယ့် ဆယ်ဂဏန်း အနည်းငယ်လောက်တော့ သေချာပေါက် ရှိပြီ”
စုလင်းရှုံက ခဏတာ စဉ်းစားပြီးနောက် ဖြေ၏။
သူမက ဆက်လက်ပြောသည်။
“ဆရာ.. ကျွန်မမှာ အစက ဆေးပင်တွေတူးတဲ့ တူးရွင်းပြားလေးတစ်လက် ရှိခဲ့တယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ပျောက်သွားခဲ့တယ်။ အခု ကျွန်မမှာ ဒီသံဂေါ်ပြားပဲ ရှိတော့တယ်”
ခြံဝန်းငယ်ဆီသို့ ပြန်ပြီးနောက် လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်သည်။ စုလင်းရှုံက သူမ၏ အခန်းဆီသို့ တည့်မတ်စွာ သွား၏။
“ဒေါ်လေးကျိုး.. ကျွန်မအတွက် စာရွက်အချို့နဲ့ စုတ်တံအချို့ သွားဝယ်ပေး။ များများလေးလိုတယ်”
“ကောင်းပါပြီ သခင်မလေး”
ဒေါ်လေးကျိုးက ခေါင်းညှိတ်သည်။ စုလင်းရှုံး၏ အခန်းမှ ထွက်လာပြီးနောက် ရှီအာကို ရှာကာ သူ့ကို စာရွက်နှင့် စုတ်တံတို့အား ဝယ်ခိုင်းလိုက်သည်။
ရှီအာက စိတ်မပါစွာဖြင့် သဘောတူခဲ့ရ၏။ သူက သခင်ကြီး၏ အစေခံ ဖြစ်ပါသည်။ အဘယ်ကြောင့် သူများစကားကို နားထောင်ရမည်နည်း။
သို့ပေမယ့် ယခုအချိန်၌ စုလင်းရှုံသည် သခင်ကြီး၏ တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်၏။ ဤသည်ကို စဉ်းစားပြီးနောက် ရွေးချယ်စရာ မရှိပဲ သူမ၏ လိုအပ်မှုတို့ကို ဝယ်ပေးရန် သဘောတူခဲ့ရသည်။
“သခင်မလေး.. ဘယ်လိုရှိလဲ”
ကျိုးယင်က အခန်းထဲသို့ ပြန်လာပြီးနောက် အလောတလျှင် မေးသည်။
“ဒေါ်လေးကျိုး.. ဆရာက အရမ်း အံ့ဩဖို့ ကောင်းတယ်။ ဒန်ဆေးသိုင်းပညာက အရမ်းစွမ်းအားကြီးတာပဲ။ အရမ်းလည်း မှော်ဆန်တယ်။ ကျွန်မ ဒန်ဆေးသိုင်းပညာကို ကျင့်ကြံချင်တယ်…”
စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။
ကျိုးယင်၏ မျက်လုံးများက အံ့ဩသွား၏။
‘ဒန်ဆေးသိုင်းပညာ.. အဲ့ဒါက ဘာကြီးပါလိမ့်’
“ဒေါ်လေးကျိုး.. ကျွန်မအတွက် ဆေးပေါင်းအိုးတစ်ခု သွားရှာလာခဲ့။ ဘယ်လိုပုံစံမျိုးလဲ ဆိုတာကို စဉ်းစားလိုက်ဦးမယ်.. အင်း..”
စုလင်းရှုံက စဉ်းစားသည်။
“ဆရာပြောတာက ဒန်ဆေးပေါင်းအိုးက သာမန် သံအိုးတစ်ခု ဖြစ်လို့ မရဘူးတဲဲ့။ ဒါ့ကြောင့် လက်နက်ကိရိယာ ထုလုပ်ခြင်း ရတနာတွေနဲ့ ပြုလုပ်မှရမယ်…”
အတွင်းဘက်နယ်မြေတွင် ရတနာများကို အမှန်တကယ် အသုံးပြုနိုင်သူ အားလုံးနီးပါးမှာ သိုင်းသခင်များ ဖြစ်ကြ၏။ ပထမတန်းစား သိုင်းသမား များများစားစားတွင် ရတနာဓါးများအား ပိုင်ဆိုင်နိုင်ခြင်း မရှိကြပေ။
“ဒါပေမယ့်.. ဒီစွန့်ပစ်ဒေသမှာ ရတနာသတ္တုတစ်ခုကို ဘယ်နေရာကနေ သွားရှာရမလဲ”
စုလင်းရှုံတစ်ယောက် အနည်းငယ် ခေါင်းခဲသွားသည်။
“သခင်မလေး.. ဆေးပေါင်းအိုးက ဘာကြီးလဲ။ ဝူနိုင်ငံ(သို့) ချီနိုင်ငံရဲ့ အင်ပါရီယာ နန်းတော်ကို သွားကြည့်ပြီး တစ်ခုလောက် ရှာပေးရမလား”
ကျိုးယင်က စဉ်းစား၏။
ရှီအာက စာရွက်နှင့် စုတ်တံတို့နှင့် ပြန်လာခဲ့သည်။ ၎င်းတို့ကို ကျိုးယင်အား ပေးပြီးနောက် အတားအဆီးကို မည်ကဲ့သို့ ချိုးဖျက်ကာ ချီနှင့်သွေးအဆင့်သို့ ဝင်ရောက်ရမည်ကို ဆက်လက်စဉ်းစားသည်။
စုလင်းရှုံက စုတ်တံကိုယူကာ စာရွက်ပေါ်တွင် ပုံအား စတင်ဆွဲသည။ ဆေးပေါင်းအိုး၏ ပုံပန်းသဏ္ဍာန်တို့ ရေးတေးတေး ပေါ်လာခဲ့၏။ သူမ၏ စိတ်ဖြင့် ပုံဖော်ကာ စာရွက်ပေါ်တွင် ဆေးပေါင်းအိုးအား ချဆွဲသည်။
အိုးက ကြီးမားခြင်းမရှိပါ။ ၎င်းတွင် မသန့်စင်မှုများကို ဖယ်ရှားရန်အတွက် လေပေါက်များ ပါရှိသည်။ ပိတ်နိုင်သည့် အဖုံးများလည်း ပါရှိ၏။
“ဒေါ်လေးကျိုး.. ဆေးပေါင်းအိုးက ဒီလိုပုံမျိုးပဲ ဖြစ်မယ်။ ဒါပေမယ့် ရတနာသတ္တုတွေနဲ့ လုပ်ဖို့ လိုအပ်တယ်..”
စုလင်းရှုံက ဆေးပေါင်းအိုး၏ ပုံစံစာရွက်ကို ကျိုးယင်အား ပေးကာ ပင်ပန်းသွားခဲ့သည်။
ကျိုးယင်က ယူလိုက်၏။ သူမအနေနှင့် ဆေးပေါင်းအိုးမှာ မည်သည် ဖြစ်သည်ကို နားမလည်ပေမယ့် သခင်မလေးအတွက် အရေးကြီးသည်အား သိပါသည်။
ထို့ကြောင့် လေးနက်စွာ ပြော၏။
“သခင်မလေး စိတ်မပူပါနဲ့။ စွန့်ပစ်ဒေသက လူတွေက မကျင့်ကြံနိုင်ကြပေမယ့် ကုန်ကြမ်းအချို့တော့ ရနိုင်ပါသေးတယ်။ ကျွန်မတို့ ရှာတွေ့မှာပါ”
“မျှော်လင့်ရတာပါပဲ”
စုလင်းရှုံက ခေါင်းညှိတ်သည်။
“ဒေါ်လေးကျိုး.. အကောင်းဆုံး ကြိုးစားပြီးသာရှာ။ ကောင်းကင်မိခင်ဂိုဏ်းကိုလည်း ပြောလိုက်ပြီး ခုံရိုကျစ်ကို ရှာခိုင်းလိုက်”
“ကျွန်မနားလည်ပါပြီ။ ဒါပေမယ့် သခင်မလေး.. ကျွန်မ ထွက်ခွာသွားရင်..”
ကျိုးယင်က တုံ့ဆိုင်းသွားသည်။
“ဘာမှမဖြစ်ပါဘူး ဒေါ်လေးကျိုး.. ဆရာက အရမ်းသန်မာတယ်။ ပြီးတော့ စီနီယာအစ်ကိုတွေလည်း ရှိမှာပဲကို..”
စုလင်းရှုံက စိုးရိမ်ခြင်း မရှိပေ။
“ဒါဆိုရင် အခုပဲ သွားလိုက်မယ်”
“ကောင်းပြီ”
စုလင်းရှုံက ခေါင်းညှိတ်သည်။ ဒေါ်လေးကျိုး ထွက်ခွာသွားပြီးနောက် စုလင်းရှုံက ဓါတုဆေးပညာနှင့် ပက်သက်ပြီး သူမနားလည်ခဲ့သည့် အရာအားလုံးတို့ကို ချရေးသည်။
တစ်ချိန်တည်းတွင် အဖိုးတန် ဆေးပင်များနှင့် စိတ်ဝိညာဉ် ဆေးပင်များကို စာရင်းတစ်ခု လုပ်၏။ ဆေးပင်တစ်ခုချင်းစီတိုင်း၏ လက္ခဏာရပ်များနှင့် အာနိသင်တို့ကို ရေးသည်။
၎င်းတို့ကို စီစဉ်ရသည်မှာ တစ်နေ့လုံးနီးပါး အချိန်ကုန်သွားခဲ့၏။ ပုံမှန်ဆိုပါက ဒေါ်လေးကျိုးက အားလုံးကို ဂရုစိုက်ပေးသည်။ သို့ပေမယ့် သူမ ထွက်ခွာသွားရာ စုလင်ရှုံသည် ရေးရင်းခြစ်ရင်းက ဆာလောင်မှုကို ခံစားလာရ၏။
ပြတင်းပေါက်သို့ ခေါင်းမော့ကြည့်ပြီးနောက် ညနေသို့ ရောက်နေပြီဖြစ်ကြောင်းအား တွေ့လိုက်ရသည်။ အခန်းထဲမှ ထွက်လိုက်ပြီးနောက် ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာဖတ်နေသည့် ဆရာ့ကို တွေ့ရ၏။
ကြည့်ရတာ အေးဆေးစွာဖြင့် အငြိမ်းစားယူထားသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သဖွယ် ရှိနေပါသည်။
“ဆရာ.. ကျွန်မ ဗိုက်ဆာတယ်”
စုလင်ရှုံက လီရွှမ်၏ လက်မောင်းကို ဆွဲကာ မျက်တောင်ခတ်စွာ ကြည့်သည်။
လီရွှမ်က ရှေးဟောင်း သားရေစာအုပ်ကို ချကာ ပြော၏။
“ရှီအာ.. ဒီနေ့ကစပြီး လင်းရှုံအတွက်လည်း ချက်ပြုတ်ဖို့ တာဝန်ယူလိုက်”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ရှီအာက လေးစားစွာ ပြန်ကြား၏။
“ကျေးဇူးတင်ပါတယ် ဆရာ”
စုလင်းရှုံက ပျော်သွားသည်။ ညစာစားအပြီးတွင် သူမသည် အခန်းထဲ၌ အဖိုးတန် ဆေးပင် ပေါင်းစုံတို့ကို ဆက်လက်စီရီ၏။ ဆေးဖော်မြူလာအား ဖန်တီးရန်အတွက် အခြေခံတို့ကို ပြင်ဆင်သည်။
လီရွှမ်က ပြတင်းပေါက် အပြင်ဘက်၌ တိတ်ဆိတ်စွာ ပေါ်လာ၏။ သူမကို ကြည့်ကာ မနေနိုင်ပဲ ခေါင်းညှိတ်သည်။ စုလင်းရှုံ၏ ဆေးပညာ ပါရမီသည် အလွန် ထူးကဲ၏။
သူမသည် ဉာဏ်အလင်းအချို့ကို ရရှိခဲ့ပြီး သူမ၏ အတွေးအမြင်များအား စီရီနေ၏။ မကြာခင်တွင် ဆေးဖော်မြူလာတို့ ရလာမည်ဟု သူယုံကြည်သည်။
“သူမ ကျင့်စဉ်ကို အောင်အောင်မြင်မြင် နားလည်သဘောပေါက်ဖို့ မျှော်လင့်တယ်”
လီရွှမ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
世尊 风: