စစ်ဘုရင်၏ တိုက်ခိုက်မှု
Vol. 9 Ch. 133
စုလင်းရှုံက ဒန်ဆေးလျှို့ဝှက်ကျမ်းအား အကြမ်းဖျင်း ဖမ်းဆုပ်နိုင်ခဲ့ပြီး သူမ၏ ကျင့်စဉ်ကို ကောင်းမွန်စွာ နားလည်နိုင်ခဲ့သည်။ ယခုအချိန်၌ လိုအပ်နေသည်မှာ စတင်ခြင်းအဆင့်သို့ ဝင်ရောက်ရန်သာ ရှိ၏။
လီရွှမ်က နှလုံးသားထဲတွင် ဝမ်းသာသွားသည်။ ယခုအချိန်၌ သူ၏ ဒန်ဆေးသိုင်းပညာ လမ်းစဉ်အား တည်ငြိမ်ပြီဟု ခံစားရ၏။
“တကယ်ပဲ.. ငါသူမအပေါ် သုံးသပ်တာ မလွဲခဲ့ဘူး။ ဒီကောင်မလေးမှာ ထူးကဲတဲ့ ပါရမီရှိတယ်”
နှလုံးသားထဲတွင် ပျော်ရွှင်စွာဖြင့် ရှီအာအား ညွှန်ကြားချက်အချို့ ပေးရန် ပြင်ဆင်သည်။ သို့ပေမယ့် ရှီအာမှာ ခြံဝန်းထဲ၌ မရှိကြောင်းကို တွေ့လိုက်ရ၏။
သူက ခြံဝန်းငယ်အား ကြည့်လိုက်သည်။ ဤသည်မှာ ယွင်ကန်းမို့ရှိ ရွီမိသားစုပိုင်ဆိုင်သည့် ခြံဝန်းတစ်ခုသာ ဖြစ်ပြီး အရမ်းကြီး ကြီးမားခြင်း မရှိပေ။
“ငါ့တပည့်တွေ အားလုံးက မြို့ပြင်မှာ သွားပြီး ကျင့်ကြံကြတယ်။ ဆူဆူညံညံ ဖြစ်တိုင်း အိမ်နီးနားချင်းတွေကို အနှောင့်အယှက် ဖြစ်စေတာကိုး.. ဒီကောင်မလေးလည်း ဒန်ဆေးသန့်စင်တာကို စလုပ်ရင် ဆေးပေါင်းအိုး ပေါက်ကွဲထွက်တဲ့ အန္တရာယ်မျိုးတွေ ပေါ်လာနိုင်လား မသိဘူး”
“ဒါဆို ကြီးကြီးမားမား ရုတ်ရုတ်သဲသဲ ဖြစ်သွားစေမလား”
“ဒါ့ကြောင့်.. ငါတို့တွေ မြို့ပြင်ကို ရွေ့ပြောင်းနေထိုင်သင့်တယ် ထင်တယ်”
လီရွှမ်က နှလုံးသားထဲတွင် စဉ်းစားသည်။
မြို့ထဲတွင် နေထိုင်ခြင်းက ပစ္စည်းများအား ရောင်းရဝယ်ရ လွယ်ကူ၏။ သို့ရာတွင် သူ၏ အသုံးအဆောင် လိုအပ်ချက်တို့မှာ များပြားခြင်း မရှိပေ။ တစ်ခါတစ်ရံ ဝယ်ယူပါက အဆင်ပြေ၏။ သူ၏ လိုအပ်မှုတို့ကား မများပေ။
ရွှီယန်နှင့် မုန့်ချုံတို့လည်း မြို့ပြင်တွင် အများဆုံး ကျင့်ကြံကြသည်။ တစ်ခုခု လိုအပ်ပါက ရှီအာကို တာဝန်ပေးလိုက်လို့ ရ၏။ အနည်းငယ် ပိုမိုပင်ပန်းတာသာ ရှိမှာပါ။
“ရှီအာက သိုင်းပညာရဲ့ စတင်ခြင်းကို ရောက်လုနီးနေပြီ။ သွားသွားလာလာ လုပ်ဖို့က မကြာလောက်ပါဘူး။ ဒါ့ကြောင့် နေရာရွှေ့ပြောင်းပြီးပဲ မြို့ပြင်မှာ သွားနေတာပေါ့”
လီရွှမ်က ဆုံးဖြတ်ချက်ချလိုက်သည်။ ရှီအာ ပြန်လာပြီးနောက် ရွှီယန်ကို သွားရောက်ရှာဖွေရန် ညွှန်ကြားလိုက်၏။
“ဆရာ.. ကျွန်တော့ကို ဘာကိစ္စရှိလို့ ရှာတာလဲ မသိဘူး”
ရွှီယန်က လေးစားစွာ ပြောသည်။
“ဒီခြံက အရမ်းသေးလွန်းတယ်။ မင်းတို့အားလုံးက သိုင်းပညာ ကျင့်ကြံနေတာ ဆိုတော့ မြို့ထဲမှာနေရင် မသင့်တော်ဘူး။ နောင်မှာ မင်းရဲ့ ဂျူနီယာညီမလေးကလည်း ဆေးသန့်စင်တာတွေ လုပ်ဦးမှာ။ အဲ့ဒါက ဆူဆူညံညံတွေ ဖြစ်စေမယ့်ပုံပဲ။ ဒါ့ကြောင့် မြို့ပြင်မှာ နေရာတစ်ခုရှာပြီး စံအိမ်တစ်ခုလောက် သွားဆောက်လိုက်”
လီရွှမ်က ပါးစပ်ကိုဖွင့်ကာ ပြောသည်။
“ဟုတ်ကဲ့ပါဆရာ”
ရွှီယန်က စဉ်းစားပြီးနောက် ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ခံစားရ၏။ ဒုတိယ ဂျူနီယာညီဖြစ်သူ မုန့်ချုံမှာ ကျင့်ကြံရန်နှင့် သူ၏ဓါးကို ပျိုးထောင်ရန်အတွက် ပြန်မလာခဲ့တာ ရက်အနည်းငယ် ကြာခဲ့ပါပြီ။
“ရှီအာ.. စံအိမ်ဆောက်လုပ်ရာမှာ ကူခိုင်းဖို့ လူအချို့ ရှာခဲ့လိုက်”
ရွှီယန်က ခေါင်းကိုလှည့်ကာ ရှီအာကို ခေါ်သည်။
“ဟုတ်ကဲ့ပါ သခင်လေးရွှီ”
ရှီအာက ခေါင်းညှိတ်၏။
“စံအိမ်က ရိုးရိုးရှင်းရှင်းဆို ရတယ်”
လီရွှမ်က ထပ်မံ ပြောလိုက်၏။
“ဟုတ်ကဲ့ပါ ဆရာ”
ရွှီယန်က ပြန်ကြား၏။
အိမ်အသစ်၏ ရွေးချယ်မှုနှင့် ဆောက်လုပ်မှုတို့မှာ အချိန်ယူရမှာ ဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းစွာ ဆောက်လုပ်ပြီး အချိန်တိုတောင်းစေခြင်းက ကောင်း၏။
နောက်နေ့များတွင် စုလင်းရှုံက ဒန်ဆေးလျှို့ဝှက်ကျမ်းကို ဆက်လက် ဖြည့်တင်းရင်းမှ ကျင့်ကြံမှုကို စတင်သည်။ ပထမဆုံး ခြေလှမ်းမှာ အရေအပြား သန့်စင်ခြင်း ဖြစ်၏။
သူမသည် အဆင့်ခုနစ် သိုင်းသမားတစ်ယောက် ဖြစ်နေပြီး ဖြစ်၏။ အရေအပြား သန့်စင်ခြင်း ဖြစ်စဉ်က အလွန်ချောမွေ့ပါသည်။ အလွန်လည်း မြန်ဆန်၏။
လီရွှမ်က တတိယတပည့်၏ ပြောင်းလဲမှုများကို စူးစမ်းနေ၏။ ဒီကောင်မလေး အရေအပြားတို့သည် သန့်စင်ခြင်း ဖြစ်စဉ်အတွင်း၌ ပိုမိုကာ နူးညံ့လာခဲ့၏။
ကျောက်စိမ်းကဲ့သို့ သန့်စင်ကာ ဖျက်ဆီး၍ မရနိုင်သည့် ခံစားချက်တစ်ခုကို ပေးစွမ်းသည်။
“ဘယ်လောက် ထူးဆန်းလိုက်လဲ။ ဒီကောင်မလေးက ဘာလို့ အရေအပြား သန့်စင်တာ ဒီလောက်တောင် မြန်ရတာလဲ”
လီရွှမ်က နှလုံးသားထဲတွင် ပဟေဋိ ဖြစ်သွားသည်။
“ဖြစ်နိုင်တာက သူမက အဆင့်ခုနစ် သိုင်းသမားတစ်ယောက် မို့လို့လား”
အတွင်းဘက်နယ်မြေ၏ သိုင်းပညာသည် သူ၏ သိုင်းပညာများနှင့် နှိုင်းယှဉ်ပါက ခြားနားချက်များ ရှိ၏။ စုလင်းရှုံကဲ့သို့ အဆင့်နိမ့်သူတစ်ဦး အတွက် သိုင်းကျင့်စဉ်အား ပြောင်းလဲခြင်းမှာ လွယ်ကူပါသည်။ သူမအနေနှင့် ချီနှင့်သွေးကို အာရုံခံနိုင်ဖို့သာ လိုအပ်၏။
ကျိုးယင်ကဲ့သို့ စတုတ္ထအဆင့်သို့ ရောက်ရှိပြီး လူတစ်ယောက်အတွက်မူ သိုင်းပညာအခြေခံမှာ အခြေခံအားဖြင့် သတ်မှတ်ပြီး ဖြစ်သည်။ ပြောင်းလဲရန် ကြိုးစားပါက အလွန် ခက်ခဲမည် ဖြစ်၏။ ချီနှင့်သွေးကို အာရုံခံရန်မှာပင် ပြဿနာတစ်ခု ဖြစ်သည်။
စုလင်းရှုံ၏ အရေအပြား သန့်စင်မှု အမြန်နှုန်းက တော်တော်လေး မြန်၏။ လီရွှမ် မျှော်လင့်ထားသည်ထက် ကျော်လွန်ပါသည်။
သို့ပေမယ့် တပည့်ဖြစ်သူ၏ ကျင့်ကြံမှု ပိုမိုမြန်ဆန်လေလေ သူက ပိုမိုပျော်ရွှင်လေ ဖြစ်သည်။ သုံးရက်ကြာပြီးနောက် မြို့ပြင်ပတွင် စံအိမ်ကို ဆောက်လုပ်ပြီးစီးသည်။
လီရွှမ်က တစ်ခါတည်း ပြောင်းရွှေ့မှုပြု၏။ စာအုပ်နှင့် အခြား ပစ္စည်းများကိုတော့ ရှီအာက ရွှေ့ပြောင်းသည်။
စုလင်းရှုံလည်း စံအိမ်သစ်ဆီသို့ ရောက်ရှိပြီးနောက် ပျော်သွား၏။ ရိုးရှင်းကာ ရှင်းလင်းနေသည့် ခြံဝန်းကို ကြည့်ရှုရင်းမှ ပန်းပင်များကို စတင်စိုက်ပျိုးသည်။ ရက်အနည်းငယ် ကြာပြီးနောက် ခြံဝန်းထဲတွင် ပန်းပွင့်များ ပိုမို ပေါ်လာခဲ့သည်။
စုလင်းရှုံသည် ခြံဝန်းထဲတွင် ကျင့်ကြံနေ၏။ သူမသည် အရေအပြား သန့်စင်မှုအား ပြီးမြောက်ရန် ဝေးကွာခြင်း မရှိတော့ပါ။
မုန့်ချုံလည်း ပြန်လာခဲ့၏။ သူသည် ခေါင်မိုးပေါ်၌ ထိုင်ကာ သူ၏ဆေဘာကို ဆက်လက် ပျိုးထောင်နေပါသည်။
“ဒီကောင်မလေးက ဘာဖြစ်တာလဲ။ သူမရဲ့ ကျင့်ကြံမှုက အရမ်းမြန်လွန်းတယ်။ အရိုးသန့်စင်မှုတောင် စတင်နေပြီ”
လီရွှမ်က အလွန် အံ့ဩသွားသည်။ စုလင်းရှုံက အရိုးသန့်စင်ခြင်းကို စတင်နေပြီး ဖြစ်၏။ ထို့အပြင် သန့်စင်မှု အမြန်နှုန်းက အလွန်မြန်ဆန်နေဆဲ ရှိသည်။
“ဖြစ်နိုင်တာက ဒန်ဆေးသိုင်းပညာစနစ်က သူမရဲ့ ပါရမီနဲ့ ပြီးပြည့်စုံစွာ လိုက်ဖက်ညီနေလို့လား။ ဒါ့ကြောင့် ကျင့်ကြံတာ အရမ်းမြန်တာလား”
လီရွှမ်က စဉ်းစား၏။
“ရှီအာ.. ခုံရိုကျစ်ကို ပြောလိုက်.. ကောင်းကင်မိခင်ဂိုဏ်းကို အမိန့်ပေးပြီး ဒီဆေးပင်တွေကို ရှာခိုင်းလိုက်”
တစ်နေ့တွင် စုလင်းရှုံက ရှီအာကို ဆေးပင်စာရင်းတစ်ခုအား ပေးသည်။
“ကောင်းပါပြီ”
ရှီအာက စာရင်းကိုယူကာ ကြည့်လိုက်၏။ ဤသည်မှာ အဖိုးတန်ဆေးပင်များနှင့် အာဟာရဖြစ်စေသည့် ကျားအရိုးနှင့် သမင်ဦးချိုကဲ့သို့ ဖြစ်သည်။
ကောာင်းကင်မိခင်ဂိုဏ်း၏ အခြေခံက အလွန် တောင့်တင်းဆဲ ဖြစ်သည်။ သူတို့၏ ချီနှင့် ဝူနိုင်ငံတို့ကို ဖြတ်ကျော်နိုင်သည့် အင်အားနှင့် စုလင်းရှုံ လိုအပ်သည့် ရတနာဆေးများ၏ ပထမတစ်သုတ်ကို အလွန်လျှင်မြန်စွာ ရရှိနိုင်ဆဲ ဖြစ်သည်။
သို့ရာတွင် ဆေးပင်တို့ ရောက်ရှိလာပြီးနောက် စုလင်းရှုံတစ်ယောက် စိတ်အနှောင်အယှက်ဖြစ်စွာ ခံစားလိုက်ရသည်။ သူမသည် ချီနှင့်သွေးကို အသုံးပြုပြီး ဒန်ဆေးသန့်စင်မှုအား ပြုနိုင်ခြင်း မရှိသေးပါ။ ဆေးပေါင်းဖိုမှာလည်း ရောက်မလာသေးပေ။
“ဒေါ်လေးကျိုး ဘယ်ကို သွားနေတာလဲ။ ဒီလောက်တောင် ကြာနေပြီကို.. ဆေးပေါင်းအိုးကို ရှာမတွေ့ရင်တောင် ပြန်လာသင့်နေပြီ”
စုလင်းရှုံ၏ မျက်ခုံးများ ကြုံ့သွားသည်။ သူမသည် ကျိုးယင်၏ လုံခြုံရေးအတွက် အရမ်းကြီး စိတ်ပူခြင်း မရှိပါ။ ဘာပဲဖြ်စဖြစ် စတုတ္ထအဆင့် သိုင်းခွန်အားက ရှိနေ၏။ သူမ၏ ဆရာ၊ စီနီယာအစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့မှ လွဲ၍ ဒီစွန့်ပစ်ဒေသတွင် ကျိုးယင်၏ ပြိုင်ဘက် မည်သူမှ မရှိပေ။
“ချီနဲ့သွေးကို ဆေးမီးအဖြစ် အသုံးမပြုနိုင်ရင် ပြင်ပ ပစ္စည်းတွေအပေါ် မှီခိုဖို့ လိုအပ်တယ်”
စုလင်းရှုံက စဉ်းစားသည်။ မီးသွေးကဲ့သို့ အရာမျိုးကား အလုပ်ဖြစ်မည် မဟုတ်ပေ။
“ငါမှတ်မိတာတော့ ကောင်းကင်မိခင်ဂိုဏ်းမှာ ဒီဗိုင်းမီးကျောက်တုံးလို့ ခေါ်တဲ့ ပစ္စည်းတစ်မျိုး ရှိတယ်။ မီးညှိလိုက်ရင် မီးတောက်က ပြင်းပြီး မီးခိုးမရှိသလောက်ပဲ။ မီးရဲ့ အပူချိန်ကို ထိန်းချုပ်ရတာလည်း ပိုပြီး လွယ်ကူတယ်”
“အဲ့ဒါက ဆေးသန့်စင်ဖို့ သင့်တော်လောက်တယ်”
ထို့ကြောင့် စုလင်းရှံဒက ရှီအာကို ဒီဗိုင်းမီးကျောက်တုံး တစ်အိတ်အား ယူဆောင်လာရန် ညွှန်ကြားလိုက်သည်။ ရှီအာက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ပြော၏။
“ကောင်းကင်မိခင်.. ဒီဗိုင်းမီးကျောက်တုံးတွေက အများကြီး မရှိတော့ပါဘူး။ တူးဖိုကလည်း မလွယ်ကူဘူး။ ရှိတဲ့ အားလုံးကိုလည်း ကောင်းကင်မိခင်ဂိုဏ်းရဲ့ ဘိုးဘေးပူဇော်ခြင်းစင်မှာ သိုလှောင်ထားတယ်။ ထုတ်ယူဖို့ ခက်ခဲလွန်းပါတယ်”
စုလင်းရှုံ၏ မျက်ခုံးများက မြင့်တက်သွားပြီး ဘေးရှိ သံဂေါ်ပြားကို ကောက်ယူသည်။ ဒေါသတကြီး ပြော၏။
“ငါက ကောင်းကင်မိခင်ပဲ။ ဒီဗိုင်းမီးကျောက်တုံးက ကောင်းကင်မိခင်ကို ပူဇော်ဖို့ အသုံးပြုတာ။ ငါအသုံးလိုရင် ပေးသင့်တာပေါ့”
“ငြင်းဆန်ရဲတဲ့ ဘယ်သူမဆို ငါမြေမြှုပ်ပစ်မယ်”
世尊 风: