← Chapters

စစ်ဘုရင်၏ တိုက်ခိုက်မှု(၂)

Vol. 9 Ch. 134

စစ်ဘုရင်၏ တိုက်ခိုက်မှု(၂)

Vol. 9 Ch. 134

ရှီအာက အကူအညီမဲ့စွာ ပြောသည်။

"ကောင်းကင်မိခင်... ဒီဟာကို ထုတ်ယူဖို့က  စောင့်ရှောက်သူနဲ့ ဗျူဟာမှူးတို့ ၂ဦးစလုံးကို လိုအပ်ပါတယ်။ ကျွန်တော့မှာ အခွင့်အာဏာ မရှိပါဘူး။ နောက်ပြီးတော့ ဘိုးဘေးပူဇော်ခြင်းရဲ့ တည်နေရာကို သိတဲ့လူကလည်း လူနည်းစုပဲ ရှိတယ်.."

"ဒါဆိုရင် ခုံရော့ကျစ်ကို အကြောင်းကြားပြီး ဆန်းကြယ်မီးကျောက်တုံးကို တောင်းလိုက်။  မရရင် ငါသူ့ကို မြေမြှုပ်ပစ်မယ်.."

စုလင်းရှုံက ဒေါသတကြီး ပြောသည်။

"ကျွန်တော် အကြောင်းကြားစာကို ဗျူဟာမှူးဆီကို ပို့ပေးပါမယ်။ ဒါပေမယ့် သူ..."

ရှီအာက ခေါင်းငြိမ့်သည်။ သူ၏စကားမဆုံးခင်တွင်  စုလင်းရှုံက အေးစက်စွာ ရယ်ပြီး ကြားဖြတ်ပြော၏။

"ခုံရော့ကျစ်နဲ့ သူ့လူတွေ ငါကောင်းကင်မိခင်ရဲ့ မြေမြှုပ်တာကို မခံချင်ရင် ဆန်းကြယ်မီးကျောက်တုံးကို ပို့ပေးတာ သူတို့အတွက် ပိုကောင်းလိမ့်မယ်.."

"ဟာသပဲ... ကောင်းကင်မိခင်ဖြစ်ဖို့ ငါသဘောတူခဲ့တုန်းက အရာအားလုံးကို ငါ့အပိုင်ဖြစ်ရမယ်လို့ သူတို့ ပြောခဲ့တယ်။ အဲ့စကားကို ပြန်ပြီးတော့ ရုတ်သိမ်းရဲကြည့်ပါလား.."

ရှီအာလည်း ခုံရော့ကျစ်တို့ အနေနှင့် အမှန်တကယ် သေဆုံးလိုခြင်း မရှိပါက ဒီဗိုင်းမီးကျောက်တုံးအတွက် ကောင်းကင်မိခင်ကို ထိပါးမှာ မဟုတ်လောက်ဟု တွေးမိသည်။

ကောင်းကင်မိခင်၏ ငယ်ရွယ်သည့် အသက်အရွယ်ကြောင့် အထင်သေးလို့ မရပေ။ သူမသည် လူများကို မြေမြှုပ်သည့်အရာတွင် အလွန် ရက်စက်၏။

...

ဒီဗိုင်းမီးကျောက်တုံးက ရက်အနည်းငယ် အတွင်းတွင် ရောက်ရှိလာခဲ့သည်။ လီရွှမ်လည်း ထိုဒီဗိုင်းမီးကျောက်တုံး အကြောင်းကို သိလိုသွား၏။ နာမည်က နားထောင်ရတာ တော်တော်လေး ထည်ဝါပါသည်။

သူက ကျောက်တုံးတစ်တုံးကို ယူကာ စစ်ဆေးကြည့်၏။

ဤသည်မှာ အနက်ရောင်ရှိကာ ကျောက်မီးသွေးနှင့်  တူ၏။ သို့ရာတွင် ခြားလည်း ခြားနားသည်။ ကြည့်ရတာ သတ္တုအနယ်အနှစ် တစ်မျိုးမျိုးနှင့် တူညီ၏။

လီရွှမ်က ဆန်းကြယ်မီးကျောက်တုံးကို မီးညှိကြည့်လိုက်သည်။ မည်သည့်မီးခိုး သို့မဟုတ် အနံ့မှမရှိဘဲ အနီရောင်မီးတောက်တစ်ခု ထွက်ပေါ်လာပြီး အချိန်အတော်ကြာအောင် လောင်ကျွမ်းနေ၏။

"ဆရာ ဒီဟာနဲ့ ဒန်ဆေးသန့်စင်ဖို့အတွက် သင့်တော်တယ်လို့ ထင်လား.."

စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုကြည့်သည်။

"မဆိုးပါဘူး.."

လီရွှမ်က ခေါင်းငြိမ့်သည်။

ဒီဆန်းကြယ်မီးကျောက်တုံးမှာ ဒန်ဆေးသန့်စင်ရန်အတွက် အမှန်တကယ်ကို ကောင်းမွန်သည့် လောင်စာတစ်ခု ဖြစ်သည်။

ယခုအချိန်၌ သူတို့အနေနှင့် လိုအပ်နေသည်မှာ ဆေးပေါင်းဖိုသာ ရှိတော့၏။

"ရှီအာ... ခုံရော့ကျစ်ကို ဆန်းကြယ်မီးကျောက်တုံးတွေ ပိုပြီးတော့ တူးဖို့ပြောလိုက်။ ငါကောင်းကင်မိခင်အတွက် အသုံးကြီးကြီးမားမား လိုနေတယ်လို့။ သူသာ ကောင်းကောင်းလုပ်ရင် ဆုကြေးရမယ်.."

စုလင်းရှုံက အမိန့်ပေးသည်။

"ကျွန်တော် ဗျူဟာမှူးကို သတင်းပို့ပြီးပါပြီ။ သူပိုပြီးတော့ တူးဖော်လို့ရအောင် ကြိုးစားမယ်လို့ ပြောပါတယ်.."

ရှီအာက ပြန်ကြားသည်။

ကောင်းကင်မီးကျောက်တုံးကို ကောင်းကင်မိခင်ဂိုဏ်းက ထိန်းချုပ်ပြီး သက်ဆိုင်ရာ နေရာတစ်ခုတွင်သာ တူးဖော်လို့ရပါသည်။

ချီနိုင်ငံတွင်ရော ဝူနိုင်ငံတွင်ရော မရှိပေ။

"ဒေါ်လေးကျိုးက ဘာလို့အခုထိ ပြန်မလာရသေးတာလဲ.."

စုလင်းရှုံမှာ ဒန်ဆေးသန့်စင်မှုအား ပြုလုပ်ရန်အတွက် မစောင့်နိုင်အောင် ရှိနေပါသည်။ သို့ရာတွင် ဆေးပေါင်းအိုးမရှိပါက သူမအနေနှင့် ဘာမှလုပ်လို့ မရပေ။

'တစ်ခုခုတော့ ထူးဆန်းနေပြီ... ဒီကောင်မလေးရဲ့ ကျင့်ကြံမှု အမြန်နှုန်းက ဘာလို့ ဒီလောက်တောင် မြန်ရတာလဲ။ သူမရဲ့ သံအရိုး သန့်စင်တာတောင် ပြီးနေပြီ။ အခု ကြေးအရိုးကို စတင် သန့်စင်နေပြီလား..'

စုလင်းရှုံ၏ ကျင့်ကြံမှုကို ကြည့်ကာ လီရွှမ်တစ်ယောက်  တိတ်တဆိတ် ပဟေဠိ ဖြစ်သွားသည်။ သူမ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ အနည်းငယ် မြန်ဆန်လွန်းနေ၏။

ဒီမိန်းကလေးတွင် မကောင်းဆိုးဝါးဆန်သည့် ပါရမီမျိုး ပိုင်ဆိုင်ထားသည်လား။

'အိုး.. ဒါနဲ့... သူမ အသက်၁၁နှစ်၁၂နှစ်လောက်မှာ  နယ်စပ်ဒေသကို ထွက်ပြေးလွတ်မြောက် လာခဲ့တာမလား..'

'အဲ့ဒီ့အချိန်ကတည်းက အဆင့်၇ သိုင်းသမားတစ်ယောက် ဖြစ်နေပြီ။ သူမရဲ့ ပါရမီက တကယ့်ကို ထူးကဲတယ်..'

'အဲ့ဒါကြောင့်မလို့ ဒန်ဆေးသိုင်းပညာ စနစ်က သူမနဲ့ ပိုပြီးတော့ လိုက်ဖက်ညီတဲ့အခါ ကျင့်ကြံမှု အမြန်နှုန်းက အရမ်းမြန်နေတာလည်း ဆီလျော်မှု ရှိပါတယ်..'

ဤသည်မှာ လီရွှမ်၏ တွေးတောမှု ရလဒ် ဖြစ်သည်။

'ဒီကျင့်ကြံမှု အမြန်နှုန်းနဲ့ဆိုရင် နှစ်ဝက်တောင် မကြာဘဲ သိုင်းပညာရဲ့ စတင်ခြင်းအဆင့်ကို ဝင်ရောက်နိုင်မှာ။ ပြီးတော့ ထာဝရစိမ်းလန်းခြင်း အရိုးကိုလည်း အောင်အောင်မြင်မြင် သန့်စင်နိုင်မှာ..'

'ကျောက်စိမ်းအရိုး၊ ဗာဂျရာစိန်အရိုးနဲ့ ထာဝရစိမ်းလန်းခြင်းအရိုး သုံးခုကို ပေါင်းလိုက်ရင် ဘယ်လိုစိတ်ဝိဉာဉ်အရိုးများ ရလာနိုင်မလဲ မသိဘူး..'

လက်ရှိအချိန်၌ သူသည် မူလစိတ်ဝိဉာဉ်အရိုး အဆင့်တွင် ရှိနေပါသည်။ တောင်နှင့်မြစ် နဂါးမြင့်တက်ခြင်း စိတ်ဝိဉာဉ်ခန္ဓာနှင့် ပေါင်းလိုက်ပါက ထာဝရစိမ်းလန်းခြင်းအရိုးကို ရရှိပြီးလျှင် မည်ကဲ့သို့သော  စိတ်ဝိဉာဉ်အရိုးအား ရရှိလာမည်လဲ မသိပေ။ လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။

ကျိုးယင်က နောက်ဆုံးတွင် ပြန်လာခဲ့သည်။ သူမသည် စုလင်းရှုံအတွက် ဆေးပေါင်အိုးတစ်ခုကို  ယူဆောင်ခဲ့၏။

ဤသည်မှာ ရတနာလက်နက်များကို ထုတ်လုပ်ရာ၌  အသုံးပြုသည့် သတ္တုများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

စုလင်းရှုံက ဝမ်းသာသွား၏။

"ဒေါ်လေးကျိုး.. ဒီဆေးပေါင်းအိုးကို ထုလုပ်ဖို့အတွက် ဘယ်နေရာကနေ လူရှာခဲ့တာလဲ.."

ကျိုးယင်က စုလင်းရှုံကို ယုယစွာ ကြည့်ရင်းက ပြောသည်။

"သခင်မလေး.. ကျွန်မ ဒါကို အတွင်းဘက်နယ်မြေကို ပြန်ပြီး နတ်ဆိုးဂိုဏ်းက လူတစ်ယောက်ကို ရှာပြီးတော့ ပြုလုပ်ခိုင်းခဲ့တာပါ.."

"ထုလုပ်ပြီးတဲ့ နောက်မှာလည်း နောက်ဆက်တွဲ ကိစ္စတွေကို သေသေချာချာ ရှင်းလင်းခဲ့ပါတယ်.."

စုလင်းရှုံက မှင်သက်သွား၏။ ဒေါ်လေးကျိုးကို ကြည့်ကာ သူမ၏ မျက်လုံးများက နီရဲလာခဲ့သည်။

"ဒေါ်လေးကျိုး အဲ့လောက်ကြီး စွန့်စားစရာ မလိုပါဘူး။ တစ်ယောက်ယောက်သာ ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ..."

ကျိုးယင်က ခေါင်းကိုရမ်းသည်။

"သခင်မလေး.. ဒီဆေးပေါင်းအိုးက နင့်အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာကို ငါသိတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ရုပ်ဖျက်ပြီး အတွင်းဘက်နယ်မြေကို သွားခဲ့တာ.."

"နတ်ဆိုးဂိုဏ်းက လူတစ်ယောက်ကို အထူးရှာဖမ်းပြီး သူ့ရဲ့ ထုလုပ်စဉ် တစ်လျှောက်လုံးလည်း စောင့်ကြည့်ခဲ့တယ်။ နောက်ဆက်တွဲ ကိစ္စတွေကိုလည်း သေသေချာချာ ရှင်းလင်းခဲ့တယ်။ ရှာတွေ့မှာ မဟုတ်ပါဘူး.."

ပုံမှန်ဆိုပါက သူမသည် ဆေးပေါင်းအိုးကို ထုလုပ်ပြီးပါက ထုလုပ်သူကို နှုတ်ပိတ်ရန်အတွက် ရက်စက်သည်အထိ နှလုံးသားမဲ့ မနေပါ။

သို့ပေမယ့် သူမ၏ တည်နေရာကို ပေါ်သွားလို့ မဖြစ်ရာ ရွေးချယ်စရာ မရှိပေ။ ထို့ကြောင့် နတ်ဆိုးဂိုဏ်းမှ လူတစ်ယောက်ကိုသာ ရွေးချယ်ရှာယူရ၏။

နတ်ဆိုးဂိုဏ်းမှ သိုင်းသမားတစ်ယောက်သာ ဖြစ်ပါက အသတ်ခံရလျှင်တောင် သူတို့၏ အပြစ်များနှင့် ထိုက်တန်ပါသည်။ ထိုအခါ မည်သည့် သဲလွန်စမှ မကျန်အောင်လည်း  ရှင်းလင်းနိုင်မည် ဖြစ်၏။

ထိုစကားကို ကြားရပြီးနောက် စုလင်းရှုံက စိတ်သက်သာရာ ရသွားသည်။ စိတ်လှုပ်ရှားစွာဖြင့် ကျိုးယင်ကို ပြော၏။

"ဒေါ်လေးကျိုး.. ကျွန်မ ဒန်ဆေးလုံးသန့်စင်ပြီးရင်  ရှင်လည်း စတင်ကျင့်ကြံလို့ ရပြီ။ ပြီးရင် အတွင်းဘက်နယ်မြေကို အတူတူပြန်ပြီး အဲ့ဒီ့လူတွေ အားလုံးကို မြေမြှုပ်ပစ်မယ်.."

"ကောင်းပါပြီ။ ဒါဆိုရင် ငါလည်း ကျွင်းတွေကို ပိုပြီးတော့ ပြင်ဆင်ထားရတာပေါ့.."

ဒေါ်လေးကျိုးက စုလင်းရှုံ၏ ဆံပင်များကို ပွတ်သပ်၏။

ထိုအချိန်၌ လီရွှမ်က သက်ပြင်းချသည်။ ပြဿနာ၏ ရောက်ရှိလာမှုကို သူခံစားရ၏။

ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် စံအိမ်၏ အထက်သို့ ပုံရိပ်တစ်ခု လျှပ်တပြက် ရောက်ရှိလာမှုကို တွေ့လိုက်ရသည်။ စုလင်းရှုံနှင့် ကျိုးယင်ကို အေးစက်သည့် မျက်လုံးများဖြင့် ငုံ့ကြည့်၏။ ထိုလူသစ်သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာ၌လည်း မျက်လုံးတစ်စုံသာ ပေါ်ပါသည်။

"စစ်ဘုရင်.."

လီရွှမ်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ သူ၏ တတိယတပည့် နောက်တွင် ရှိသည့် ပြဿနာက ရိုးရှင်းခြင်း လုံးဝမရှိပါ။ စစ်ဘုရင်အဆင့်တစ်ယောက် သူမအတွက် ကိုယ်တိုင်ရောက်လာခဲ့၏။

ကျိုးယင်က သူမ၏ အသွင်အပြင်ကို ပြောင်းလဲခဲ့ပေမယ့် ကြံ့ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်က မျက်လုံးလျှင်သည့် လူများအား မှတ်မိနိုင်ဆဲ ဖြစ်သည်။

သို့ရာတွင် ယခုအချိန်၌ စုလင်းရှုံမှာ သူ၏တပည့် ဖြစ်နေပြီး ဖြစ်ကာ ဒန်ဆေးသိုင်းပညာကို နားလည်သဘောပေါက်ခဲ့၏။ သူ့အနေနှင့် ဒန်ဆေး လျှို့ဝှက်ကျမ်း တစ်ခုကိုပင် ရရှိခဲ့လေသည်။ သူ၏ တတိယတပည့်ကို ထိခိုက်ရဲသည့် မည်သူမဆို သူ၏ သိုင်းပညာလမ်းစဉ်အား ဖျက်ဆီးနှောင့်ယှက်သူ ဖြစ်သည်။

သူ၏ သိုင်းပညာလမ်းစဉ်ကို ဖျက်ဆီးနှောင့်ယှက်သူတိုင်းက သူ၏ရန်သူ ဖြစ်၏။ သတ်ဖြတ်ရန် လိုအပ်ပါသည်။ စစ်ဘုရင်တစ်ယောက် ဖြစ်တော့ရော ဘာအရေးနည်း။

စုလင်းရှုံက ဆေးပေါင်းအိုးကို ရရှိပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆေးသန့်စင်ရန် စတင်ပြင်ဆင်၏။

ရုတ်တရက် ရွှီယန်နေသည့် အခန်း၏ အမိုးက  ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

"ဘယ်ကကောင်လဲ.."

ရွှီယန်က လေထဲတွင် ပျံသန်းရင်းက ဝတ်စုံနက်နှင့် လူကို စူးစိုက်စွာ ကြည့်သည်။ သူ၏မျက်နှာက အလွန်တင်းမာနေပြီး တစ်ဖက်လူဆီမှ လာသည့် သန်မာသည့် အန္တရာယ်ကို ခံစားလိုက်ရ၏။

မုန့်ချုံလည်းပဲ အမိုးပေါ်သို့ တက်လာခဲ့၏။ စုလင်းရှုံက ခေါင်းမော့ ကြည့်လိုက်ပြီးနောက် သူမ၏ လှပသည့် မျက်နှာက ချက်ချင်းပင် ဖြူရော်သွားခဲ့သည်။

"ဘယ်လိုဖြစ်နိုင်မှာလဲ.."

ကျိုးယင်လည်း အံ့သြစွာဖြင့် ဖြူရော်လာခဲ့၏။

"စစ်ဘုရင်တယောက်လား.."

ဝတ်စုံနက်နှင့်လူက ရွှီယန်ကို ကြည့်သည်။ သူ၏အသံက အက်ကွဲကာ ကြောင်တောင်မှုအချို့တို့ ပါဝင်နေ၏။

"မင်းက ဒီမိန်းကလေးကို ကာကွယ်မလို့လား။ မဟုတ်ရင် ဘေးကိုဖယ်နေ။ ငါဒီကိုလာတာ သူမအတွက်ပဲ.."

"ဘုန်း.."

စစ်ဘုရင်၏ အရှိန်အဝါက ချက်ချင်း ထွက်ပေါ်လာခဲ့၏။ စွမ်းအားကြီးမားသည့် ဖိအားက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြီးမြတ်မှု ကဲ့သို့ပင် စံအိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ရှီအာကို ဒူးထောက်ကျစေလုမတတ် ဖြစ်သွားခဲ့၏။ ဤသည်က ကြောက်ဖို့ကောင်းလွန်းလှပါသည်။

ကျိုးယင်က စုလင်းရှုံ၏ ရှေ့တွင် မတ်တပ်ရပ်ကာ  သူမ၏ ခန္ဓာကိုယ်က လဲကျလုမတတ် တုန်ခါနေ၏။

အံကိုကြိတ်ကာ နောင်တရစွာ ပြော၏။

"သခင်မလေး.. ကျွန်မ အရမ်းကို ပေါ့လျော့မိသွားတယ်။ အတွင်းဘက်နယ်မြေကို မသွားခဲ့သင့်ဘူး.."

"ဒေါ်လေးကျိုး.. ဒါက ရှင့်ရဲ့အမှား မဟုတ်ပါဘူး.."

စုလင်းရှုံက အံကိုကြိတ်ကာ ကုလားထိုင်ပေါ်တွင် အေးဆေးစွာ ထိုင်နေသည့် ဆရာဖြစ်သူကို ကြည့်သည်။

နှလုံးသားထဲတွင် အနည်းငယ် လုံခြုံစွာ ခံစားလိုက်ရ၏။

'ဆရာ လျစ်လျူရှုထားမှာတော့ မဟုတ်လောက်ဘူးမလား..'

သူမအနေနှင့် သေချာခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက သူမကို တရားဝင် တပည့်အဖြစ် လက်မခံရသေးသောကြောင့် ဖြစ်သည်။

"စစ်ဘုရင် တစ်ယောက်လား.."

ရွှီယန်၏ မျက်လုံးများ၌ တိုက်ခိုက်လိုစိတ်တို့ ပြည့်နှက်လာခဲ့သည်။ သူသည် ကြောက်ရွံ့ခြင်း လုံးဝမရှိပါ။

အေးစက်သော အပြုံးတစ်ခုဖြင့် ပြော၏။

"ခင်ဗျား ဘယ်သူလဲဆိုတာကို ကျုပ်ဂရုမစိုက်ဘူး။ ဒီနေ့မှာ ဘယ်သူ့ကိုမှ ခေါ်သွားဖို့ မစဉ်းစားနဲ့.."

"ဘုန်း.."

ရွှေရောင်နဂါးကြီးက သူ့ကို လှည့်ပတ်လာပြီး  နဂါး၏ အရှိန်အဝါက ပျံ့နှံ့လာခဲ့သည်။

"ထင်.."

အသံတစ်ခုနှင့်အတူ ဓားကိုလည်း ဆွဲထုတ်လိုက်၏။

တောင်နှင့်မြစ် ဓားဆန္ဒက ညင်သာသည့် လေညှင်းတစ်ခုသဖွယ် စံအိမ်အထက်ရှိ ကောင်းကင်ကို ပျံ့နှံ့လာခဲ့သည်။

ဝတ်စုံနက်နှင့် လူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အေးစက်စွာ ပြော၏။

"ဒါက ဘယ်လို သိုင်းပညာမျိုးလဲ။ ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ.."

သူသည် တစ်ခါမှ ကြားဖူးမြင်ဖူးခြင်း မရှိသည့် အလွန်စွမ်းအားကြီးကာ ထူးဆန်းသည့် အထူးစွမ်းအား တစ်ခုကို ခံစားလိုက်ရသည်။

ထို့အပြင် သူ၏ရှေ့ရှိ ဒီလူငယ်မှာ သိုင်းသခင်တစ်ယောက် ဖြစ်နေပြီး ဖြစ်၏။ တကယ့်ကို မကောင်းဆိုးဝါးဆန်သည့် ပါရမီပင်။

'ဒီလူငယ်သာ စစ်ဘုရင်အဆင့်ကို ရောက်ရင် ငါသူ့ရဲ့ ပြိုင်ဘက်ဖြစ်မှာ မဟုတ်လောက်တော့ဘူး..'

ဤသည်မှာ ဝတ်စုံနက်နှင့်လူ၏ အတွေးဖြစ်သည်။

'ဒီကောင်လေးကို အသက်ရှင်ရက် ချန်ထားလို့မရဘူး..'

သူ့ကိုသတ်ဖြတ်ရပေမည်။ မဟုတ်ပါက စုလင်းရှုံကို  ဖမ်းဆီးပြီးလျှင်တောင် ဒီလူငယ်၏ မကောင်းဆိုးဝါးဆန်သည့် ပါရမီနှင့် နောင်တွင် စစ်ဘုရင်တစ်ယောက်အဖြစ် ကြီးထွားလာမှာ ဖြစ်သည်။ ထိုအခါ မည်ကဲ့သို့ ရင်ဆိုင်ရတော့မည်နည်း။

"ဘုန်း.."

ထိုအချိန်၌ စစ်ဘုရင်တစ်ယောက်၏ အရှိန်အဝါက ထွက်ပေါ်လာခဲ့သည်။

"ဒီနေရာက စွန့်ပစ်ဒေသပဲ။ သဘာဝရဲ့ စိတ်ဝိဉာဉ်စွမ်းအင်ကို အာရုံခံလို့ မရဘူး။ ငါ့ရဲ့ခွန်အားကို ပြည့်ပြည့်စုံစုံ ထုတ်ဖော်နိုင်ဖို့အတွက် မနည်း ထိန်းနေရတယ်။ ဒါပေမယ့် သိုင်းသခင်လေး တစ်ယောက်ကို ရင်ဆိုင်ဖို့အတွက်တော့ လွယ်ကူပါသေးတယ်.."

ဝတ်စုံနက်နှင့်လူက လက်ကိုမြှောက်ကာ  သူ၏လက်ဝါးမှ လေကဲ့သို့ စွမ်းအားတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး... မင်းရဲ့ ပါရမီအရ မကောင်းဆိုးဝါး ဆန်နေရင်တောင် မင်းက သိုင်းသခင်လေး တစ်ယောက်ပဲဖြစ်တယ်.."

"စစ်ဘုရင်အဆင့် အစောပိုင်းက ကျင့်ကြံသူတစ်ယောက်က သိုင်းသခင် တစ်ယောက်ထက် ဆယ်ဆပိုပြီး သန်မာတယ်။ မင်းက ကိုယ့်ကိုယ်ကို သေသွင်းတူးနေတာပဲ။ မင်းရဲ့ဆန္ဒကို ငါဖြည့်ပေးမယ်.."

"ဘုန်း.."

လက်ဝါးချက်တစ်ချက်နှင့် အတူ ကြောက်စရာကောင်းသည့် လက်ဝါးပုံရိပ်ကြီးက ကောင်းကင်မှ ကျဆင်းလာခဲ့သည်။ ရွှီယန်ကို လွှမ်းခြုံသွား၏။

လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားသည်။ စစ်ဘုရင်တစ်ယောက်၏ ခွန်အားက သိုင်းသခင်တစ်ယောက်ထက် ဆယ်ဆ ပိုမိုသန်မာသည်လား။

ထိုနည်းအတိုင်းသာ ကြည့်ပါက သိုင်းသခင်တစ်ယောက်အတွက် စစ်ဘုရင် တစ်ယောက်ကို ရင်ဆိုင်ရန် အခွင့်အရေး မရှိလုနီးပါး ဖြစ်နေပါသည်။

သို့ရာတွင် သူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းတွင်သာ ရှိပေမယ့် အဆင့်တူများထက် အဆ၁၀၀ပိုမို သန်မာ၏။ စစ်ဘုရင်တစ်ယောက်ကို အနိုင်ယူရန်မှာ လုံးဝ ပြဿနာ မရှိပါ။

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်သည် ကုလားထိုင်ပေါ်တွင် ဂရုမစိုက်စွာသာ ဆက်လက် ထိုင်နေလိုက်၏။

ရွှီယန်၏ ခွန်အားမှာ သာမန်သိုင်းသခင်များ နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ ဒီဝတ်စုံနက်နှင့် လူ၏ လက်ဝါးချက်က သာမန် သိုင်းသခင်တစ်ယောက်ကို နင်းချေနိုင်လျှင်တောင် ရွှီယန်ကို သတ်ဖြတ်ရန်မှာ စိတ်ကူးယဉ်ခြင်းထက် ပိုမည်မဟုတ်ပါ။

ယခုအချိန်၌ သူက လှုပ်ရှားမှု မပြုသေးပါ။ ဤသည်မှာ ရွှီယန်အတွက် အတွင်းဘက်နယ်မြေ၏ သိုင်းပညာများမှာ သုံးစားမရဘဲ ဖြစ်နေသည် မဟုတ်ကြောင်းကို သိရှိရန်အတွက် ကောင်းမွန်သည့် အတွေ့အကြုံ ဖြစ်၏။

သူ၏ခွန်အားက အလွန် အားနည်းလွန်း နေပါသေးသည်။ မောက်မာစွာဖြင့် စိတ်ကြီးဝင်လာနိုင်မှု များကို ဖယ်ရှားရမည် ဖြစ်၏။

ထိုအခါမှသာ အတွင်းဘက်နယ်မြေသို့ ရောက်ရှိပါက ပေါ့ဆစွာနှင့် ကြီးမားသည့် ထိခိုက်မှုများအား မကြုံရစေအောင် ရှောင်ရှားနိုင်မည် ဖြစ်သည်။

All Chapters