ငရဲကမ္ဘာ မြစ်ဝါ၊ နိုင်ဟယ် တံတား
Vol. 18 Ch. 269
အခန်း (၂၆၉) : ငရဲကမ္ဘာ မြစ်ဝါ၊ နိုင်ဟယ် တံတား
“ တုံးအလိုက်တဲ့ ကျင့်ကြံသူတွေ … မင်းတို့က ရက်စက်လွန်းတယ် ”
အဆိပ်ရှိအပင် မြေပြင်ပေါ် ကျရောက်လာပြီးနောက် ဒေါသတကြီး အော်သံ ထွက်လာသည်။ ဤသည်မှာ အဆိပ်နဂါးမြက် ဖြစ်ပြီး စွမ်းအားက အစောပိုင်း ဝိညာဉ်အသွင်ပြောင်း အဆင့်နှင့် ယှဉ်၍ ရပေသည်။ အာနိသင်က ပြင်းထန်းလွန်းလှ၏။
သူတော်စင်အဆင့် ရောက်ရှိသွားပါက နဂါးမျိုးနွယ်ပင် သူတို့အဆိပ်ကို ခံနိုင်ရည် မရှိတော့ကြောင်း ပြောကြဖူး၏။
ဤသို့သော နတ်ဆိုးအပင် အမျိုးအစားက အဆိပ်ပညာရပ် လေ့လာသော ကျင့်ကြံသူများအတွက် အဖိုးတန် ရတနာတစ်ခု ဖြစ်ပေသည်။
သူ အဆုံးသတ်နဲ့ တွေ့သွားသည်မှာ သနားစရာပင် …
ကြာဖြူကောင်းကင်အသျှင်၏ ထူးခြားဖွယ် အဆိပ်ဖြေ အရည်အချင်း နှင့် ကြာနီကောင်းကင်အသျှင်၏ ဇာမဏီနတ်မိုးကြိုးတို့ကြောင့် နှစ်ယောက်လုံးက အဆိပ်နဂါးမြက်ကို ခံနိုင်ရည်တစ်ခု ရှိနေကြပြီးသား ဖြစ်သည်။
ထို့အပြင် ကောင်းကင်အသျှင် သုံးယောက်လုံး၏ ကျင့်ကြံဆင့်က ထိုအဆိပ်ပင်ထက် မြင့်မားနေလေရာ အဖွဲ့တစ်ခုအနေနှင့် သူတို့ကို သတ်ဖို့ ပါးမွှားပင် ဖြစ်၏။
အဆုံးသတ်၌ အားကောင်းကောင်း စွမ်းအားအောက်တွင် အဆိပ်နဂါးမြက်ပင်က ကြာနီကောင်းကင်အသျှင်၏ မီးတောက်နီ နဂါးလခြမ်းကွေး ဓားချက်ကြောင့် အမြစ်မှ ပိုင်းဖြတ်ခံလိုက်ရသည်။
အမြစ်မှ ပြတ်ထွက်သွားသောကြောင့် နေရာအနှံ့ အရည်များ လွှင့်စင်လာသည်။
ထိုအရာက တခြားသော အဆိပ်ရှိ အပင်များကို နှစ်ပေါင်းထောင်ချီ ဝါးမျိုပြီး ယခုလိုအခြေအနေ ဖြစ်လာခြင်း ဖြစ်၏။ သို့သော်လည်း ဤသို့ပိုင်းဖြတ်ခံရခြင်းနှင့် အဆုံးသတ်သွားလေသည်။
ကြာနီကောင်းကင်အသျှင်က ဓားကို သိမ်းကာ ထေ့ငေါ့ပြောလိုက်သည် “ ဒီမိစ္ဆာဟာတွေကိုလည်း မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေ စိုက်ပျိုးထားတာပဲ ဖြစ်ရမယ်။ တော်သေးတာက အခုအထိ အရွယ်မရောက်သေးလို့။ မဟုတ်ရင်တော့ အဆင့်တက်ပြီးတာနဲ့ လူသားအသွင်ပြောင်းနိုင်လောက်ပြီ။ အဲဒီအခါကျ မိစ္ဆာဝိညာဉ်ဂိုဏ်းနောက်လိုက်တွေနဲ့ ရင်ဆိုင်ဖို့က စိန်ခေါ်မှုတစ်ရပ် ဖြစ်လာလိမ့်မယ် ”
ယေဘုယျအားဖြင့် အပင်များအနေဖြင့် နတ်ဆိုးများနှင့် ယှဉ်လိုက်လျှင် အသွင်ပြောင်းဖို့ ပိုခက်ခဲကြသည်။
ထို့အပြင် အဆင့်ပိုမြင့်သော နတ်ဆိုးများနှင့် အပင်များက အသွင်ပြောင်းဖို့ ပိုခက်ကြသည်။
နမူနာအားဖြင့် ရှန်ထျန်း သွေးနတ်ဆိုးနှင့် တွေ့စဉ်အခါက ရွှေအမြုတေအဆင့်မျှ ရှိသေးသော်လည်း လူသားအသွင် ပြောင်းနိုင်နေလေပြီ။
မြူခိုးလွင်ပြင်ထဲ သူ မာတာနွယ်ပင် လုကျဲနှင့် တွေ့စဉ်က သူမအနေနှင့် ဝိညာဉ်အသွင်ပြောင်း အဆင့်သို့ ရောက်ရှိပြီးနောက် သူတော်စင်အရှင် ဖြစ်ဖို့ စမ်းသပ်ချက် ဖြတ်ကျော်နေစဉ်အခါမှ အသွင်ပြောင်းနိုင်ခဲ့သည်။
ဤအဆိပ်နဂါးမြက်က အလွန်အားကောင်းပေသည်။ သူက ဝိညာဉ်အပင်စာရင်းဝင် မဟုတ်သော်လည်း အထွတ်အထိပ်အဆင့် အဖိုးတန် ဝိညာဉ်ဆေးပင်အဖြစ် မှတ်ယူနိုင်သေး၏။ အလယ်အလတ် ဝိညာဉ်အသွင်ပြောင်း အဆင့်ကို ဖြတ်ကျော်ပြီးမှသာ ပြီးပြည့်စုံသော လူသားအသွင် ပြောင်းနိုင်လောက်သည်။ ထိုအခါ မြေကြီးမှ လွတ်မြောက်သွားပြီ ဖြစ်၍ ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်။
နှမြောစရာကောင်းသည်ကား ထိုနေ့ရက် ရောက်မလာခင် အမြစ်မှ ရှင်းထုတ်ခံလိုက်ရလေပြီ။
မတရားကြောင်း ခံစားမိခြင်းကို အပြစ်တင်၍ မရပေ။
………....
“ နောက်ဆုံးတော့ ပိုင်းဖြတ်နိုင်ခဲ့ပြီ ”
ကြာဖြူကောင်းကင်အသျှင်က အဆိပ်နဂါးမြက်များစွာကို မပျက်စီးရလေအောင် အမြစ်မှ သေချာတူးယူနေသည်။ ဤအဆိပ်နဂါးမြက်ကို သတ်ပြီးပြီ ဖြစ်သော်လည်း အမြစ်က အသက်အဆီအနှစ်များ ပါဝင်နေသေး၏။ အကယ်၍ သူမသာ သေချာပြုစုပျိုးထောင်ပေးပါက နတ်ဆိုးအသစ်ကို ပျိုးထောင်နိုင်လောက်၏။
ဤသို့ ထူးခြားသော အပင်အမျိုးအစားက ကြာဖြူကောင်းကင်အသျှင်အတွက် အလွန်အဖိုးတန်လှသည်။ ရွက်တံ၊ အရွက်နှင့် အရည်အားလုံးက သူမ ဆေးဝါးစမ်းသပ်ရေး၌ အဖိုးတန် အစိတ်အပိုင်းများ ဖြစ်ပေသည်။ ရလဒ်အနေနှင့် သူမက သိုလှောင်လက်စွပ်ထဲ တန်းမသိမ်းသေးဘဲ ကြာရှည်ခံဖို့အတွက် ဆေးအိတ်ထဲ သေချာထည့်ပြီးမှ သိမ်းလိုက်သည်။
မိစ္ဆာဝိညာဉ်ဂိုဏ်းကို အဆိပ်နဂါးမြက်ကို မပျိုးထောင်ခိုင်းဘဲ ကြာဖြူကောင်းကင်အသျှင်ကိုကျ ခွင့်ပြုသည့် အကြောင်းအရင်းကိုတော့ မမေးသင့်ပေ။
ဤသည်က သမာသမတ်လမ်းစဉ် မဟုတ်ပါလော။
အဆိပ်နဂါးမြက်ကို သိမ်းဆည်းလိုက်ပြီးနောက် ကြာဖြူကောင်းကင်အသျှင်က ပြုံးကာ “ အစ်မရဲရဲနီကကြိုးနဲ့ အစ်မကြာနီတို့ ဒီဝိညာဉ်ဆေးပင်က ညီမအတွက် အရမ်းအသုံးဝင်တယ်။ နောက်ကျမှ ဒီမြက်ပင်ရဲ့ တန်ဖိုးကို တွက်ချက်ပြီးတော့ ဝေစုခွဲပေးပြီး အစ်မတို့တောင်ထိပ်ဆီ ပို့ပေးမယ်နော်။ ဘယ်လိုထင်လဲ …
ထျန်းအာကိုတော့ ဆေးလုံးအဖြစ် သန့်စင်ပြီးမှ ဝေစုခွဲပေးတော့မယ် ”
ကြာနီကောင်းကင်အသျှင်က ခေါင်းညိတ်ကာ “ ဒီလိုအပင်မျိုးက ငါ့အတွက် အသုံးမဝင်ဘူး။ ညီမ လိုတယ်ဆိုတော့ ကိုယ့်ဘာသာပဲ သိမ်းထားလိုက်ပါ ”
ရဲရဲနီ ကကြိုးကောင်းကင်အသျှင်လည်း ပြုံးကာ “ တို့လည်း အတူတူပဲ … ဒါပေမဲ့ သူတော်စင်က တကယ်ကို ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတာပဲ။ ငါတို့တွေ ဒီခရီးစဉ်မှာ အဆိပ်အပင်တွေနဲ့ ဝိညာဉ်ဆေးပင်တွေ အများကြီး ရလိုက်တယ်။ တကယ်ကို အကျိုးမြတ်ကြီးတာပဲ ”
ရှန်ထျန်းက ခေါင်းညိတ်လိုက်ပြီး “ဆရာဒေါ်လေးက ချီးကျူးလွန်းနေပါပြီ။ အဲဒီမိစ္ဆာဝိညာဉ် ဂိုဏ်းသားတွေက ကျွန်တော်တို့အကြောင်းကို သိထားပြီးတဲ့ပုံပဲ။ သူတို့က ထွက်ပြေးသွားလောက်ပြီ။ ဆေးလုံးအခန်းနဲ့ လက်နက်အခန်းကို ကြည့်တာနဲ့ သူတို့ရတနာတွေကို သယ်ထုတ်သွားပြီး ဒီဝိညာဉ်ဆေးပင်နဲ့ အဆိပ်အပင်တွေပဲ ချန်ထားခဲ့တာ … ”
တကယ်တော့ ရှန်ထျန်းက သူတို့ ရတနာ တွေ့သည် ဖြစ်စေ၊ မတွေ့သည် ဖြစ်စေ ဂရုမစိုက်ပေ။
သူက ဆရာဒေါ်လေးများ။ စီနီယာအစ်မ၊ ဂျူနီယာညီမများ၏ ကံကြမ္မာကို အလကားမျှဝေယူပြီးသွားလေပြီ။ သူက အောင်မြင်မှု အဆုံးသတ်နှင့် နီးကပ်နေလေ၏။
ကြာဖြူကောင်းကင်အသျှင်က ပြုံးလိုက်ပြီး “ တကယ်တော့ အဆိပ်နဲ့ ဆေးကြားမှာ သိသာတဲ့ ကွဲပြားမှုမျိုး မရှိဘူး။ တချို့ဆေးတွေက အားပြင်းလွန်းတော့ အားနည်းတဲ့ ခန္ဓာကိုယ်မှာ သုံးမိရင် အဆိပ်ဖြစ်သွားတတ်တယ်လေ။ အဲလိုမျိုး အဆိပ်နဂါးမြက်လိုမျိုး တချို့အဆိပ်တွေကျတော့ အဆိပ်ဖြေဆေးအနေနဲ့ သုံးလို့ရတယ်။ ဒီအဖိုးတန်ဆေးပင်တွေ ရလာတာတော့ အတော်လေး လုံလောက်သွားပြီ ”
ရှန်ထျန်းက ကြာဖြူကောင်းကင်အသျှင်၏ စိတ်အားထက်သန်သည့် အမူအယာကို မြင်ကာ မပြုံးမိဘဲ မနေနိုင်တော့ပေ။
ဆရာဒေါ်လေးကြာဖြူက ပုံမှန်ဆိုလျှင် အေးဆေးတည်ငြိမ်သူ ဖြစ်ကာ စိတ်ဆန္ဒများ၊ လိုချင်တပ်မက်ခြင်းမျိုး မရှိချေ။ သူမက အဆိပ်အပင်များကို ဤမျှလောက် နှစ်ခြိုက်လိမ့်မည်ဟု မထင်ထားမိပေ။
အဆိပ်တွေကို သဘောကျတဲ့ ဆရာဒေါ်လေးကို စိတ်အနှောင့်အယှက် မပေးမိစေနဲ့ …
................
“ ထျန်းအာ ငါတို့ ဘယ်ဆက်သွားကြမလဲ ”
ကြာနီကောင်းကင်အသျှင်၏ စိတ်လောနေသည့် မေးခွန်းကို ကြားပြီး ရှန်ထျန်းက သူမခေါင်းပေါ် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အဆုံးမဲ့ရှေးဟောင်းနယ်မြေ၏ အနောက်စူးစူးကို လက်ညိုးထိုးပြလိုက်သည်။
"“ အဲဒီဘက်မှာ ကံအပြောင်းအလဲ အခွင့်အရေးကြီး ရှိနေလိမ့်မယ်လို့ ခံစားမိနေတယ် ”
အဲဒီဘက်မှာ အခွင့်အရေးကြီး ရှိနေတယ်တဲ့လား …
ကောင်းကင်အသျှင် သုံးယောက်၏ မျက်ဝန်းများ လင်းလက်လာသည်။
သူတို့အနေနှင့် အစောပိုင်းလေးက ရှန်ထျန်းသည် ကံကြမ္မာသားတော် ဖြစ်ကြောင်း သံသယဝင်ခဲ့မှုအားလုံး ယခုအခါ ပျောက်ကွယ်သွားလေပြီ။ ရှန်ထျန်းက အနောက်ဘက်တွင် ကံအပြောင်းအလဲ အခွင့်အရေးကြီး ရှိနေကြောင်း ခံစားမိသောကြောင့် သေချာပေါက် ရှိနေမည်သာ ဖြစ်၏။
သို့သော် ကံအပြောင်းအလဲ အခွင့်အရေးရှိသည့်နေရာများ၌ အန္တရာယ်များ ရှိတတ်ပေသည်။
နမူနာအားဖြင့် အကယ်၍ ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူသာ အဆိပ်နဂါးမြက်နှင့် တွေ့ခဲ့လျှင် သူတို့က အပင်ကို ယူနိုင်မည့်အစား အပင်အတွက် မြေဩဇာ ဖြစ်လာပေမည်။
“ အားလုံး သတိကြီးကြီးထားကြ … မင်းတို့ မကိုင်တွယ်နိုင်တဲ့ အန္တရာယ်တွေ့တာနဲ့ ကျန်တဲ့လူတွေကို အချက်ပေးဖို့ အချက်ပြသေနတ်ကို အသက်သွင်းလိုက်ကြ ”
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် အခြားကောင်းကင်အသျှင်က အားအကောင်းဆုံး ဖြစ်ကာ ကျောက်စိမ်းကြေးမုံဖြင့် ရှေ့ဆုံးမှ ဦးဆောင်သွားလိုက်သည်။
ကျောက်စိမ်းကြေးမုံ တိုက်ခိုက်မှုအဖြစ် အလင်းတန်း ထုတ်လွှင့်နိုင်ရုံသာမက ကာကွယ်ရေး ရတနာကောင်းတစ်ခုလည်း ဖြစ်ပေသည်။ တချို့ရန်သူများက ကျောက်စိမ်းကြေးမုံ လင်းလက်လာသည့်နေရာမျိုး၌ ပုန်းအောင်းနေနိုင်သေး၏။
ဆရာဒေါ်လေးတို့၏ ကာကွယ်ပေးမှုကြောင့် ဘေးကင်းလုံခြုံသလို ခံစားလိုက်ကြရသည်။
…………...
အဖွဲ့က မြစ်ရှေ့ မရောက်သည့်အထိ မိုင်ပေါင်းထောင်ချီ မြန်မြန် ဖြတ်သန်းသွားလိုက်ကြသည်။ မြစ်ရေက သဲများနှင့် ရောထားသကဲ့သို့ အဝါရောင် ဖြစ်နေသည်။ မြစ်ရေစီးဆင်းနေသည်က ရွံ့ဝေ့နေသလိုမျိုး ဖြစ်နေသည်။
မြင်လိုက်သည့်သူတိုင်း မသက်မသာ ခံစားရစေသည်။
“ ကောင်းကင်အသျှင် … ဒီနေရာမှာ တံတားအသေးလေး တစ်ခုရှိတယ်။ ပြီး … ပြီးတော့ ရှေးဟောင်းကျောက်ပြားတစ်ခုလည်း ရှိနေတယ် ”
တစ်ယောက်က တံတားငယ်လေးတစ်ခုကို ရှာတွေ့သွားသောကြောင့် အားလုံး မြန်မြန် သွားကြည့်လိုက်ကြသည်။
သို့သော်လည်း ကျောက်တံတားက အငြိုးတရား အငွေ့အသက်များ ထုတ်လွှင့်နေသည့် ကျောက်တုံးနက်များဖြင့် ပြုလုပ်ထားသည်။ မြင်ကွင်းကား ကျောချမ်းစရာ ဖြစ်၏။
ရှန်ထျန်းက ကျောက်ပြားကို ကြည့်လိုက်သည့်အခါ စာလုံးနှစ်လုံး ရေးထွင်းထားသည်ကို မြင်လိုက်ရသည်။
“ ငရဲလေး ကမ္ဘာ”
ထိုစကားနှစ်လုံးကား လူတစ်ယောက်၏ ဝိညာဉ်ကို အဆုံးမဲ့ချောက်နက်ထဲ ဆွဲခေါ်သွားသည့် ဝဲကတော့လိုမျိုး စွမ်းအားပြင်းပြင်း ပါဝင်ပုံရ၏။
ဟမ် …
ရှန်ထျန်း၏ ပြန်လည်ဝင်စားခြင်း သန့်စင်မြေက ဆန်းကြယ်စွမ်းအားဖြင့် ထိုထူးထူးဆန်းဆန်း ခံစားချက်ကို ပယ်ဖျက်ပေးလိုက်သည်။
သူက မြစ်ဘက်ကို အတင်းခေါင်းလှည့်ကြည့်လိုက်သည့်အခါ ယုတ္တိမရှိဖွယ် အရာတစ်ခုကို မြင်လိုက်ရသည်။ နဂိုအဝါရောင် မြစ်ရေက ယခု သွေးနီရောင် မြစ်ဝါ ဖြစ်သွားလေပြီ။ ယခု ထိုရွံ့ရေထဲ သွေးအမြောက်အများ ရောနှောနေသလိုမျိုး ဖြစ်သွားသည်။
အရိုးခိုက်လုမတတ် ကျောချမ်းစရာအဖြစ်အပျက်မှာ မြစ်ထဲတွင် အလောင်းများ မျှောပါလာခြင်း ဖြစ်၏။
တားမြစ်စကားလုံး ဖြစ်သည့် “စမ်းချောင်းဝါ” ဟုပင် မခေါ်ဆိုဘဲ မနေနိုင်တော့ပေ။
“ငရဲလေး ကမ္ဘာ” ဆိုသည့် စာလုံးကို ငေးကြည့်လိုက်သည့်အခါ တစ်ဖက်တစ်ချက်စီတွင် သတိထားဖို့ ခက်ခဲသည့် စာလုံးအသေးလေးတချို့ တွေ့လိုက်ရသည်။
ဘယ်ဘက်တွင် “ မေ့ပျောက်ခြင်း မြစ်ငယ်”
ညာဘက်ကား “ နိုင်ဟယ် တံတားငယ်”