← Chapters

အောမိတောဖော…ငါ သရဲကို မြင်ဖူးသွားပြီ

Vol. 19 Ch. 271

အောမိတောဖော…ငါ သရဲကို မြင်ဖူးသွားပြီ

Vol. 19 Ch. 271

အခန်း (၂၇၁) : အောမိတောဖော…ငါ သရဲကို မြင်ဖူးသွားပြီ

ရှန်ထျန်းက သူ့ရှေ့တွင် ရှိနေသောအရာကို မြင်ပြီး ကြက်သီးဖြန်းဖြန်းထသွားသည်။

သူက ထိုအရာကို ကြာနီ ကောင်းကင်အသျှင်၏ ကံအပြောင်းအလဲ အခွင့်အရေးတွင် တစ်ခါမြင်ခဲ့ဖူးသော်လည်း ခံစားချက်က လုံးဝ ကွဲပြားနေသည်။

ဒါက 3D(သုံးဖက်ကြွ) ဇာတ်ကားနဲ့ 2D (နှစ်ဖက်မြင်) ဇာတ်ကားတို့ ကွဲပြားခြားနားသလိုပဲ ...

အမှောင်ထဲမှာ တစ်စုံတစ်ခုက ကြည့်နေသလို ခံစားနေရသည့်အတွက် ရှန်ထျန်း  ထိတ်လန့်လာမိသည်။

ရုတ်တရက် ချုံခိုတိုက်ခိုက်ခြင်းမျိုးကို ကာကွယ်နိုင်ရန်အတွက် သူ့လက်ထဲတွင် သူတော်စင် အမှတ်အသားပြားကို လျှို့ဝှက်စွာ ကိုင်ထားလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူက ခန္ဓာကိုယ်ထဲရှိ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသက်သွင်းလိုက်သည်။ သူသာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပါက သူ့ ခုခံမှုကို ချက်ချင်းမြှင့်တင်ကာ မြေလျိုးပြီး ထွက်ပြေးမည် ဖြစ်၏။

သူက ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာနီ ကောင်းကင်အသျှင်တို့ကို ဂရုမစိုက်ပေ။

သူတို့ ဤနေရာတွင် တကယ်ပါရမီရှင်များ ဖြစ်ကြသည်။ သူတော်စင်တစ်ပါးပင် သူတို့ကို အလွယ်တကူ အနိုင်မယူနိုင်ပေ။

သူတို့တိုက်ခိုက်လျှင် ရှန်ထျန်းက သူတို့လမ်းကို ပိတ်ထားသလိုမျိုး ဖြစ်နေလိမ့်မည်။

ထို့အပြင် ရန်သူက သူ့ကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် အသုံးချနိုင်သည့် အခွင့်အရေးလည်း ရှိသေးသည်။ ထို့ကြောင့် ထွက်ပြေးပြီး အကူအညီရောက်လာဖို့ စောင့်သည်က အကောင်းဆုံးနည်းလမ်း ဖြစ်သည်။

ရှန်ထျန်းက ငကြောက်မလို့ မဟုတ်ဘူးနော် … လုံးဝ မဟုတ်ဘူး

ဒါက ဖြစ်လာဖို့လည်း ရှားပါးတဲ့ ကိစ္စမျိုးပဲလေ

တခြားသူများ၏ ကံအပြောင်းအလဲ အခွင့်အရေးကို ရအောင် ကူညီပြီးနောက် ရှန်ထျန်း၏ ရောင်ဝါစက်ဝန်းက အနီရောင်တောက်တောက်တွင် အစိမ်းရောင် အစက်အပြောက်များ ရောယှက်နေသည်။

ယခုတွင် သူ့ကိုယ်သူ ကံကြမ္မာသားတော်ဟု သတ်မှတ်လိုက်သည့်အတွက် ထိုကဲ့သို့သော စွန့်စားခန်းများအပေါ် ယုံကြည်မှု ရှိလာသည်။

သူတို့သုံးယောက်က လမ်းကြောင်းအတိုင်း ရှေ့ဆက်သွားသည်။ ထို့နောက် ပုတီးစေ့များ ပြင်းထန်စွာ တုန်ခါလာပြီးနောက် ကျိုးအာက ရှန်ထျန်းကို စိတ်ချင်းဆက်သွယ်ကာ စကားပြောလိုက်သည်

“ သခင် ဒီနားတစ်ဝိုက်မှာ သန့်စင်တဲ့ ယန်အရှိန်အဝါကို အာရုံခံမိတယ်။

ဟမ်…ဒါက ဘယ်နေရာလဲ။ ဒါကစမ်းချောင်းဝါလမ်းလား။ ပြန့်ဟွားပန်းလား။ သခင် သေသွားပြီလားဟင်”

“…”

ဒီသရဲက ဘာတွေလျှောက်ပြောနေတာလဲ

ပုတီးထဲမှာပဲ ငြိမ်ငြိမ်လေး နေလိုက်စမ်းပါ

ရှန်ထျန်းက ပုတီးကို ဆွဲကိုင်ကာ ပြင်းထန်စွာ ကစားနေသည်။

“ ငါ အသက်ရှိပါသေးတယ်။ ဒါက မိစ္ဆာဝိညာဉ်ဂိုဏ်း တည်ဆောက်ထားတဲ့ ထူးခြားတဲ့ ပိုင်နက်တစ်ခုပဲ။ ဒါက သရဲတွေကို ပျိုးထောင်ပေးဖို့ အသုံးပြုတဲ့ပုံပဲ။ အဲဒါကြောင့် သန့်စင်တဲ့ ယန်ဓာတ်က ဒီနားမှာ အားကောင်းနေတာ ဖြစ်မယ်”

မိစ္ဆာဝိညာဉ်ဂိုဏ်းတဲ့လား

ထိုနာမည်ကို ကြားပြီးနောက် ကျိုးအာ၏ မျက်နှာ ချက်ချင်း ပြောင်းလဲသွားသည်။

မိစ္ဆာဝိညာဉ်ဂိုဏ်းက သူမ၏ မိသားစုတစ်စုလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားသည့်အတွက် သူမ လက်စားချေချင်သည်။

သူတို့က မိစ္ဆာဝိညာဉ်ဂိုဏ်း၏ နယ်မြေထဲသို့ ရောက်နေသည်ကို သိလိုက်ရ၍ ဒေါသထွက်ပြီး မျက်နှာများ နီရဲလာသည်။ ထိုသို့ဖြစ်ရခြင်း တစ်စိတ်တစ်ပိုင်းက ရှန်ထျန်း ပုတီးကို ကစားနေသည့်ပုံစံကြောင့် ဖြစ်သည်။

“ စိတ်အေးအေးထားပါ။ အထွတ်အမြတ်မြေတွေက မိစ္ဆာဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ဖို့ ဒီကိုလာတာလေ။ မင်းကို လက်စားချေခိုင်းမှာပါ”

ရှန်ထျန်းက လက်ထဲတွင် ပုတီးကို ကိုင်ထားရင်း လမ်းဆက်လျှောက်နေသည်။

ရှန်ထျန်း၏ ထိတွေ့မှုက ကျိုးအာ၏ အမုန်းတရားကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားအောင် လုပ်နေသည်။

ယဲ့ချန်းခန်က ဖြစ်ပျက်သမျှကို မြင်နေရပြီး ရှန်ထျန်းကို ပြောလိုက်သည်

“ဝိုး လူငယ်လေး…မင်းက သရဲတစ်ကောင် မွေးထားတာလား။ စိတ်ဝင်စားစရာပဲ”

ရှန်ထျန်းက ရှင်းပြဖို့ ကြိုးစားလိုက်သည်

“အဖိုးယဲ့ ဒါက နားလည်မှုလွဲနေတာပါ။ ကျွန်တော်က သူမကို ကယ်ခဲ့…”

ယဲ့ချန်းခန်က သူ့ကို ဖြတ်ပြောလိုက်သည်

“ ရပါတယ်။ မင်း ရှင်းပြဖို့ မလိုပါဘူး။ ငါ နားလည်ပါတယ်။ ငါ ငယ်ငယ်တုန်းကလည်း ဒီလိုပါပဲ။ သာမန်မဟုတ်တဲ့ အမျိုးသမီးလက်တွဲဖော်အချို့ရှိတာက ပုံမှန်ပါပဲ။

မင်းရဲ့ အသက်အရွယ်တုန်းက ငါလည်း ဒီလိုပါပဲ။ ဟီး ဟီး မင်းရဲ့ သရဲမလေးက လှသားပဲနော်။ နောက်မှ သူ့ကို ကောင်းတာ တစ်ခုခုပေးဖို့အတွက် နည်းလမ်းရှာကြည့်ဦးမယ်”

ယဲ့ချန်းခန်၏ စကားလုံးများကြောင့် ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိတော့ပေ။

နတ်ဘုရားလောကက သူတွေက ဒီလောက်ထိ ပွင့်လင်းကြတာလား။ သာမန်မဟုတ်တဲ့ အမျိုးသမီးလက်တွဲဖော်အချို့ရှိတာက ပုံမှန်ပဲတဲ့လား

အရမ်းကောင်းတာပဲ

ရှန်ထျန်းက ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာနီ ကောင်းကင်အသျှင်တို့နောက် လိုက်သွားသည်။

အချိန်တစ်ခုကြာပြီးနောက် သူတို့ ဧရာမ စင်မြင့်တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ စင်မြင့်က အနီရောင်ဖြစ်ပြီး ပေတစ်ရာလောက် မြင့်မားသည်။ လှေကားထစ်ပေါင်း ၉၉ ခုရှိပြီး တစ်ခုချင်းစီပေါ်တွင် ငရဲမီးတောက် လောင်ကျွမ်းနေသည်။

မီးဓာတ်က ဤထူးခြားသော ပိုင်နက်၏ ပစ္စည်းတစ်ခုဖြစ်ပြီး လူသားတစ်ယောက်၏ ဆန္ဒနှင့် ဒေါသကို ဆွဲထုတ်ပေးနိုင်သည်။

သူတို့ လှေကားထစ်နားသို့ နီးကပ်လာသည်နှင့် တစ်ပြိုင်နက် ရှန်ထျန်းကို အားပြင်းသော ဒေါသနှင့် အမုန်းတရားတို့က ဖုံးလွှမ်းသွားသည်။ သူ အရမ်းကို တုန်လှုပ်ကြောက်ရွံ့လာမိသည်။ ကံကောင်းစွာဖြင့် ရှန်ထျန်းတွင် ခိုင်မာပြီး ဖျက်ဆီးမရနိုင်သော တာအိုနှလုံးသား ရှိသည့်အပြင် ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြားကလည်း ကူညီပေးသေးသည်။

သူ မကောင်းသော ခံစားချက်များကို ဖိနှိပ်နိုင်သွားသည်။

“ အားပြင်းပြီး သန့်စင်တဲ့ ငရဲမီးတောက်တွေပါ့လား” ရဲရဲနီကကြိုး ကောင်းကင်အသျှင်က တောက်ပသော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ ဒီထူးခြားတဲ့ ပိုင်နက်ကို တည်ဆောက်ခဲ့တဲ့သူက ဒီနေရာမှာ စွမ်းအားကို အသုံးပြုပြီးတော့ စင်မြင့်ကို ငရဲမီးတောက်နဲ့ ဖန်တီးခဲ့တာလေ။

ဒီစင်မြင့်နဲ့ဆိုရင် သူတို့အတွက် သရဲတွေနဲ့ လမ်းစဉ်မှား ကျင့်ကြံသူတွေကို လေ့ကျင့်ပေးဖို့အတွက် အနည်းဆုံး ၁၀ ဆလောက်ပိုပြီးတော့ အကျိုးရှိတယ်။ တစ်ချိန်ထဲမှာပဲ ကျူးကျော်လာသူတွေအနေနဲ့ ဒီစင်မြင့်ကို ဖြတ်ပြီး ဆက်သွားဖို့ ခက်ခဲတယ်”

ချွင်…

“ ဒါဆိုရင်လည်း ဖျက်ဆီးပစ်လိုက်ရုံပေါ့”

ရဲရဲနီကကြိုး ကောင်းကင်အသျှင် စကားဆုံးဆုံးချင်း ကြာနီ ကောင်းကင်အသျှင်က ဧရာမ ဓားရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။

မီတာ ၄၀ ရှည်လျားသော ဓားဖြင့် ကြာနီ ကောင်းကင်အသျှင်က စင်မြင့်ဆီ လွှဲယမ်းလိုက်သည်။

ဝုန်း…

ဓားကစင်မြင့်ကို ထက်ခြမ်း ခြမ်းသွားပြီး ပေါက်ကွဲမှုကြီး တစ်ခုကို ဖန်တီးလိုက်သည်။

ကြာနီ ကောင်းကင်အသျှင် ဓားကို ပြန်သိမ်းလိုက်သည့်အချိန် စင်မြင့်က တစ်ဖန်ပြန်လည်ပေါင်းစပ်သွားကာ နဂိုမူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ဘာမှမဖြစ်ခဲ့သလိုမျိုး နဂိုအခြေအနေသို့ ရောက်ရှိသွားသည်။

“ ကြာနီ ကောင်းကင်အသျှင်က အရမ်း စိတ်လိုက်မာန်ပါ လုပ်တာပဲ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်

“ ဒီငရဲမီးတောက် စင်မြင့်က ဓမ္မအသုံးအဆောင်ပစ္စည်း မဟုတ်ဘူးလေ။ ဒါက ပိုင်နက်တစ်ခုလုံးကို လုပ်ထားတာလေ။ ဒီပိုင်နက်တစ်ခုလုံးကို မဖျက်စီးနိုင်သ၍ ဒီစင်မြင့်ကို သာမန်နည်းလမ်းတွေနဲ့ ဖျက်စီးနိုင်မှာ မဟုတ်ဘူး”

ကြာနီ ကောင်းကင်အသျှင်က လှောင်ရယ်ကာ ပြောလိုက်သည်

“ ဒါက ငရဲမီးတောက်လေးပဲလေ။ ငါ့မှာ နည်းလမ်း ရှိပါတယ်”

သူမ တစ်ခုခုကို စဉ်းစားကာ လက်ဟန်တစ်ခုကို ပြုလုပ်လိုက်သည်။ ၇ ဆင့်မြောက် ကြာနီပေါ်လာပြီးနောက် စင်မြင့်ပေါ်သို့ ရောက်သွားကာ ဘေးပတ်လည်ရှိ ငရဲမီးတောက်များကို စတင် စုပ်ယူတော့သည်။

ငရဲမီးတောက်အနည်းငယ်ကို စုပ်ယူပြီးနောက် ကြာပန်းက လှပစွာ စတင်တောက်ပလာပြီး စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ ပွင့်ဖတ်များပင် မီးတောက်များကဲ့သို့ ကခုန်နေသည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ကြာပန်းကို အားကျစွာ စိုက်ကြည့်လိုက်သည်။

သူမ ပြုံးကာ ပြောလိုက်သည်

“ ငါ မေ့သွားတော့မလို့။ အစ်ကိုချူးက မင်းတို့ကို အရင်တုန်းက စွန့်စားခရီး ခေါ်သွားဖူးတယ်လေ။ အဲဒီမှာ ထာဝရကျွန်းဆိုတာ ရှိပြီးတော့ အဲဒီမှာ ကြာကန်တစ်ကန်လည်း ရှိတယ်။ ကြာပန်းတွေကလည်း အရောင်အသွေးစုံတယ်။

ကြာနီက ဒီငရဲမီးတောက် ကြာပန်းကို ရွေးခဲ့တာလေ။ အဲဒါက သူ့ရဲ့ကြီးထွားနှုန်းတိုးအောင် ငရဲမီးတောက်ရဲ့ စွမ်းအားကို စုပ်ယူလို့ရလို့ အရမ်း အသုံးဝင်တယ်။

ဒီစင်မြင့်မှာရှိတဲ့ ငရဲမီးတောက်ကို အနည်းဆုံး နှစ်တစ်ထောင်လောက် စုပ်ယူလို့ရတယ်”

ကမ္ဘာပေါ်မှာ အသက်ရှင်ပုံတွေ အများကြီးရှိပေမဲ့ သူတို့ကို နှိမ်နင်းမဲ့သူလည်း ရှိပြီးသားပဲ

ငရဲမီးတောက်က ကမ္ဘာပေါ်က သက်ရှိတွေအများကြီးကို ထိခိုက်အောင် လုပ်နိုင်ပေမဲ့ ငရဲမီးတောက်ကြာပန်းအတွက်တော့ အကောင်းဆုံး အာဟာရ ဖြစ်သည်။ ကြာနီ ကောင်းကင်အသျှင်က အကြိုက်ဆုံး ကိတ်ဖြင့် ဆုချခံလိုက်ရသော ကလေးတစ်ယောက်လို ဖြစ်နေသည့် ကြာပန်း၏ ပျော်ရွှင်မှုကို ခံစားလို့ ရနေသည်။

ထို့နောက် စင်မြင့်၏ လှေကားပေါ်သို့ တစ်စုံတစ်ယောက် တက်လာသည်။

ထိုသူက ရှန်ထျန်း ဖြစ်သည်။

“ ရှန်ထျန်း  ဘာတွေလုပ်နေတာလဲ။ အခု ဆင်းလာခဲ့”

“ အဲဒီကို တက်မသွားနဲ့လေ။ မင်း ချီဖောက်ပြန်ခြင်းကို ခံစားရလိမ့်မယ်”

ကောင်းကင်အသျှင်နှစ်ယောက်က ချက်ချင်း စိုးရိမ်ထိတ်လန့်သွားကြသည်။ သို့သော် ရှန်ထျန်းက သူတို့၏ သတိပေးချက်ကို ဘာမှ မတုံ့ပြန်ဘဲ ဆက်လျှောက်သွားသည်။ ငရဲမီးတောက်က သူ့ခေါင်းပေါ်တွင် အဆုံးမဲ့စမ်းချောင်းကဲ့သို့ စုဝေးလာသည်။

ယဲ့ချန်းခန်၏ စိတ်ထဲမှ ဆက်သွယ်သော အသံကို ကြားလိုက်ရသည်

“ ဟုတ်တယ်။ မီးအားလုံးကို စုပ်ယူပစ်လိုက်”

ရှန်ထျန်း ခေါင်းညိတ်ပြလိုက်သည်။ သူ့ မီးစာကျမ်းက မီးကို လျင်မြန်စွာ အစီအစဉ်လုပ်နေသည့်အတွက် ရှန်ထျန်းကို နက်နဲသော ဆန္ဒတစ်ခုက လွှမ်းမိုးသွားပြီး သတ်ဖြတ်ချင်စိတ်တို့ ပြင်းပြလာရသည်။ သို့သော် ထိုစိတ်တို့ကို ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား ဖြည်းဖြည်းချင်း လည်ပတ်ရင်း တိုက်ထုတ်လိုက်သည်။ မကောင်းသော ခံစားချက်အားလုံးလည်း ပျောက်ကွယ်သွားသည်။

ရှန်ထျန်းက မီးတောက်၏ သန့်စင်သော စွမ်းအင်တို့ကို စုပ်ယူလိုက်ပြီးနောက် ထိုစွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

အံ့ဩစရာကောင်းသည်က ထိုအရာက နန်မင်လီမီးတောက်နှင့် ကောင်းစွာ ရောယှက်သွားသည်။ ထိုအရာက လီမီးတောက်လောက် မသန့်စင်သော်လည်း ထိုအရာက ဆန်းကြယ်သည်။

လီမီးတောက်က အနည်းငယ် ပြောင်းလဲသွားပြီး သူ့နှလုံးခုန်သံလည်း ပိုပြီး သန်မာလာသည်ကို ခံစားလို့ရသည်။ ငရဲမီးတောက်က သူ့အတွက် ဘယ်လောက်ကောင်းမှန်း သိလိုက်ရသည့်အခါ ရှန်ထျန်းက စင်မြင့်ဆီသို့ ဆက်သွားလိုက်သည်။

သူ တက်လှမ်းလာသည့်အခါ ငရဲမီးတောက်က ပိုမိုအားကောင်းလာပြီး ရှန်ထျန်းကလည်း ထိုအရာကို စုပ်ယူပြီး ပိုမို အားကောင်းလာသည်။

သူ့ခန္ဓာကိုယ် ပြောင်းလဲနေသည်ဟု ရှန်ထျန်း ခံစားနေရသည်။ မူလအစက သူ့အနေဖြင့် အဆင့်တက်ရန် အချိန်လိုအပ်သေးသော်လည်း ယခုတော့ အချိန်ကျရောက်လာပြီဟု ခံစားလိုက်ရသည်။

သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်း စတင်ထွက်ပေါ်လာသည်။ ဒုတိယအဆင့် ရွှေကိုယ်ထည် သန့်စင်ခြင်းအဆင့် ပြီးမြောက်သွားပြီး ကောင်းမွန်သော လုပ်ငန်းဆောင်တာကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။

ခြေလှမ်း ၁၀လှမ်း …၂၀ …၃၀…

၇၀…၈၀…၉၀…

မကြာခင်မှာပဲ ရှန်ထျန်း လှေကားထစ် တက်လို့ပြီးသွားသည့်အတွက် စင်မြင့်ပေါ်တွင် ထိုင်လိုက်သည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား လျင်မြန်စွာ လည်ပတ်လာကာ စင်မြင့်ဝန်းကျင်ရှိ ငရဲမီးတောက်များအားလုံးက ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။

မီးဓာတ်က မြေဓာတ်ကို မွေးထုတ်ပေးတယ်ဆိုတော့ ငရဲမီးတောက်က ပြန်လည်ဝင်စားခြင်း မြေအတွက် ပိုတောင် ကောင်းသေးတယ်

စင်မြင့်ပေါ်ရှိ ငရဲမီးတောက်က အရှိန်နှေးဖို့ စိတ်ကူးမရှိဘဲ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ မကြာခင်မှာပဲ စင်မြင့်တွင် အက်ကြောင်းများ ထင်လာကာ အက်ကြောင်းများကလည်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ နောက်ဆုံးမှာတော့ စင်မြင့်လည်း အက်ကြောင်းများဖြင့် ပြည့်နှက်သွားကာ ပျက်စီးသွားသည်။

စင်မြင့်မှ စွမ်းအင်ကလည်း လုံးဝ ပျောက်ကွယ်သွားသည်။

ဒုန်း…

ရှန်ထျန်းက ငရဲမီးတောက် သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သည့် ခံစားချက်ကို အပြည့်အဝ ခံစားနေရင်း စွမ်းအင်ရပ်တန့်သွားသည့်အခါ လေထဲမှ ပြုတ်ကျလာသည်။ မြေပြင်ပေါ်သို့ တင်ပါးဖြင့် ပြုတ်ကျပြီး မြေကြီးပေါ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်သွားစေသည်။

“ ဘာလဲ … ဒါ အကုန်ပဲလား”

ရှန်ထျန်းက စင်မြင့်၏ ပြာပုံကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်လိုက်သည်။

ဘာလို့လဲ… ဘာလို့ အရမ်းနည်းနေရတာလဲ

သူ တတိယအဆင့် ရွှေကိုယ်ထည်သန့်စင်ခြင်း အဆင့်ကို ရောက်ဖို့ အတော်လေး နီးနေပြီလေ။ သူ နောက်ထပ် ငရဲမီးတောက် နည်းနည်းပဲ လိုတော့တယ်

ရှန်ထျန်းက နောက်လှည့်ကြည့်ကာ ငရဲမီးတောက်ကြာပန်းကို ကြည့်ပြုံးလိုက်ပြီး ပြောလိုက်သည်

“ ဟေး…ပန်းလေး…ငရဲမီးတောက်အချို့ ငါ့ကို မျှနိုင်မလား”

ကြာပန်းလေးက ကြာနီကောင်းကင်အသျှင်၏ နောက်တွင် ဝင်ပုန်းကာ မထိန်းချုပ်နိုင်စွာ တုန်လှုပ်နေသည်။

ဒီကောင်လေး ဘာတွေဖြစ်နေတာလဲ … သူက ငရဲမီးတောက်တွေ အကုန်လုံးကို အသုံးပြုလိုက်တာလား။ ငါတောင် အစိတ်အပိုင်းတစ်ခုလောက်ပဲ ယူနိုင်တာလေ

ဒီစင်မြင့်မှာရှိတဲ့ ငရဲမီးတောက်တွေက အရမ်းကို သန့်စင်တယ်။ အဲဒါတွေ အကုန်လုံးကို ဘယ်လိုလုပ်ပြီးတော့ စုပ်ယူနိုင်တာလဲ။ ငါ စုပ်ယူနိုင်တာက အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းလောက်ပဲ စုပ်ယူနိုင်တယ်

အခု အကုန်လုံး စုပ်ယူပြီးသွားတာတောင် မကျေနပ်နိုင်သေးဘူးလား

မင်းကို နည်းနည်းလောက် မျှစေချင်နေတာလား။ ငါက လူတော့ မဟုတ်ပေမဲ့ မင်းက တကယ်ကို လူမဆန်တာပဲ

………….

တစ်ချိန်တည်းမှာပဲ အဆုံးမဲ့ရှေးဟောင်းနယ်မြေ၏ တစ်နေရာတွင်…

“အသက်မဲ့ဘုရင်… ကြာနီ ကောင်းကင်အသျှင်နဲ့ သူမရဲ့ အဖွဲ့က ငရဲမီးတောက် စင်မြင့်ဆီကို ရောက်နေကြပါပြီ”

“ စိတ်ပူမနေစမ်းပါနဲ့။ ကြာနီ ကောင်းကင်အသျှင်ဆီမှာ ငရဲမီးတောက်ကြာပန်းရှိနေပေမဲ့ အများဆုံး ၂၀ရာခိုင်နှုန်းပဲ စုပ်ယူနိုင်တယ်လေ။ ပြီးရင် ကြာပန်းက အနည်းဆုံး နှစ်နာရီတော့ အနားယူရလိမ့်မယ်။ ဒါဆိုရင် ငါ့အကြံအစည်လည်း အောင်မြင်ပြီ”

“ ဒါပေမဲ့ ဘုရင်ကြီး…အဲဒီမှာ ဘာငရဲမီးတောက်မှ မရှိတော့ဘူး။ စင်မြင့်တောင် မရှိတော့ဘူး”

“ ရ…ရပါတယ်…အဆင်ပြေပါတယ်။ ကာကွယ်ရေး အစီအရင်ထဲမှာ ရတနာကို မြှုပ်နှံထားပါတယ်။ ဒါကို ရအောင် လုပ်ဖို့ နည်းလမ်း မရှိနိုင်ဘူး”

.............

ငရဲမီးတောက်ကို စုပ်ယူပြီးနောက် ရှန်ထျန်းအနေဖြင့် ခန္ဓာကိုယ်က ပိုမိုသန်မာပြီး စွမ်းအားကြီးလာသလို ခံစားရသည်။

နန်မင်လီမီးတောက်ကို မီးတောက်၏ ယင်ဓာတ်အဖြစ် သတ်မှတ်ရမည်ဆိုပါက ငရဲမီးတောက်က ယန်ဓာတ် ဖြစ်၏။

သူတို့နှစ်ခု အတူတူရှိပါက သံလိုက်အစွန်း အချင်းချင်း ဆွဲငင်နေသလိုမျိုး ကောင်းကောင်း ရောနှောသွားလိမ့်မည်။

ထိုအရာမှ မွေးဖွားလာသော မီးတောက်အသစ်က ယခင်ကထက် ပိုပြီး အားကောင်းသည်။

ရှန်ထျန်းက တတိယအဆင့် ရွှေကိုယ်ထည်သန့်စင်ခြင်းသို့ ရောက်ရှိခါနီးနေပြီဖြစ်သည့်အတွက် သူ့စွမ်းအားက ကျော်လွန်နေပြီဟု သူယုံကြည်သည်။ သူ့ဆီမှာ အသုံးမပြုရသေးသော စွမ်းအားလည်း ကျန်ရှိသေးသည့်အတွက် ရှေ့လျှောက် ထိုစွမ်းအားများကို ဖြည်းဖြည်းချင်း ထိန်းချုပ်ထားရမည်။

“ တော်တယ်” ယဲ့ချန်းခန်က ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်

“ ငါတို့ဆက်သွားရအောင်။ ကောင်းတဲ့အရာတွေ ဖြစ်လာတော့မှာ”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ကောင်းကင်အသျှင်နှစ်ယောက်၏ နောက်သို့ လိုက်သွားသည်။ သူတို့သုံးယောက်က လမ်းတွင် ထူးခြားသော အမှတ်အသားများကို ချန်ထားခဲ့ပြီး စမ်းချောင်းဝါလမ်းကို ဆက်သွားသည်။ ကီလိုမီတာ အနည်းငယ် ဖြတ်ကျော်ပြီးနောက် လမ်းဆုံးသို့ ရောက်ရှိသွား၏။

ထိုနေရာတွင် ပြန့်ဟွားပန်းများ ပတ်လည် ဝန်းရံနေပြီး အလယ်ခေါင်တွင် အနက်ရောင်နန်းတော်တစ်ခု ရှိနေသည်။

နန်းတော်က သူတို့ကို ကြောက်စရာကောင်းသော ခံစားချက်ကို ပေးစွမ်းသည်။ နန်းတော်၏ ဝင်ပေါက်က အနီရောင်တောက်တောက် ခြယ်သထားသည့်အတွက် သူတို့ကို အချိန်မရွေး မျိုချသွားနိုင်သည့် ဧရာမပါးစပ်ကြီးသဖွယ် ဖြစ်နေသည်။

နန်းတော်၏ ရှေ့တွင် ရှေးဟောင်း ကျောက်ပြားကြီးတစ်ခုရှိပြီး ခမ်းနားသော စကားလုံးများကို ထွင်းထားသည်

“ ငရဲလေးနန်းတော်”

“ ငါသာ မမှားရင် ဒီနန်းတော်က မြေအောက်ကမ္ဘာ စမ်းချောင်းဝါရဲ့ ပင်မနယ်မြေပဲ”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်

“ ဒီနန်းတော်က သေးငယ်တဲ့ပုံစံ ပေါ်ပေမဲ့ အဲဒီအထဲမှာ ထူးခြားတဲ့ နေရာတွေရှိတယ်။ ငါတို့ အထဲဝင်ပြီးသွားရင် ငါတို့ထင်ထားတာထက် ကြီးမားတဲ့ နေရာတစ်ခုကို ရှာတွေ့လိမ့်မယ်။ အဲဒါတင်မကသေးဘူး အရမ်းလည်း အန္တရာယ်များလိမ့်မယ်။

ဒီနေရာကို တည်ဆောက်ခဲ့တဲ့သူက ကာကွယ်ရေး အစီအရင် လုပ်တဲ့နေရာမှာ အရမ်းတော်တယ်။ အဲဒီလူက အနည်းဆုံး ဝိဇ္ဇာအဆင့် ကျင့်ကြံသူပဲ ဖြစ်ရမယ်။ ငါက အဲဒီလူကိုတော့ ယှဉ်နိုင်မှာ မဟုတ်ဘူး”

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ထိုဝိဇ္ဇာကို အရမ်းကြောက်နေသည်။

“ ငါတို့ ဂိုဏ်းချုပ်တွေအတွက် အမှတ်အသားတွေ ချန်ထားခဲ့တယ်ဆိုတော့…သူတို့ ရောက်လာမှာကို အရင်စောင့်ပြီးမှ… ...”

ရှန်ထျန်းက ထပ်ပြီး ရှေ့သို့ တက်သွားသည့်အတွက် စကားမဆုံးခင် ရပ်တန့်လိုက်ရသည်။

သူက ငရဲလေးနန်းတော်ရှေ့တွင် မတ်တပ်ရပ်ကာ လက်ဟန်များကို ပြုလုပ်နေသည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင်က သူ့ကို ဂရုတစိုက်ဖြင့် စောင့်ကြည့်နေသည်။ လက်ဟန်များက ပိုင်နက်ထဲရှိ အစီအရင်များကို ထိန်းချုပ်ရန်အတွက် ဝိညာဉ်သတ္တုရိုင်းတုံး အကဲဖြတ်သူများ သုံးလေ့ရှိသည်။

သူက နန်းတော်ရဲ့ ကာကွယ်ရေး အစီအရင်ကို သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းချင်နေတာလား

ဒါမဖြစ်နိုင်ဘူး။ ဝိဇ္ဇာအဆင့် ကာကွယ်ရေး အစီအရင်သခင်က လုပ်ခဲ့တာလေ

ဒီထက်ပိုပြီး မဖြစ်နိုင်တာက လက်ဟန်တွေ ထုတ်ပြီးတဲ့နောက်မှာ နန်းတော်က ပြင်းထန်စွာ တုန်လှုပ်လာတာပဲ

ပြီးတော့ ပြိုလဲသွားတယ်

ဝိဇ္ဇာအဆင့် ကာကွယ်ရေး အစီအရင်သခင် တည်ဆောက်ခဲ့ပြီး ရဲရဲနီကကြိုး ကောင်းကင်အသျှင်ကို ကြောက်လန့်စေတဲ့ နန်းတော်က ပြိုလဲသွားလေပြီ။

ဘယ်လိုလုပ်နိုင်တာလဲ။ အထွတ်အမြတ်မြေရဲ့ သူတော်စင် ကောင်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး လုပ်နိုင်တာပါလိမ့်။ သူက ဝိဇ္ဇာတစ်ပါးထက်ပိုပြီးတော့ အရည်အချင်းရှိနေတာလား

ဒါက ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

ကာကွယ်ရေးအစီအရင် ဝိဇ္ဇာတစ်ပါးဖြစ်လာဖို့က ကျင့်ကြံတာထက် ပိုပြီးတော့ ခက်ခဲတယ်လေ

ရှန်ထျန်းရဲ့ အသက်အရွယ်နဲ့ဆိုရင် အဲဒီအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး

ရဲရဲနီကကြိုးက သူမကိုယ်သူမ မယုံကြည်နိုင် ဖြစ်နေမိသည်။

“ ကျွန်တော် လုပ်လိုက်နိုင်ပြီ”

ရှန်ထျန်းက သူမ ဘာစဉ်းစားနေလဲဆိုတာကို သတိမထားမိသလို ဂရုလည်းမစိုက်ပေ။

သူ ပြုံးပြီးနောက် ငွေရောင်အပြားတစ်ခု သူ့ဆီမှ ပျံသန်းထွက်လာသည်။ ထိုအရာက အဘက်ဘက်သို့ ငွေရောင်အလင်းတန်းများ ပျံ့နှံ့သွားကာ နန်းတော်၏ ပြာပုံထဲမှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

အနီရောင်အလင်းတန်း ထွက်ပေါ်လာသည့်အခါ ပြန့်ဟွားပန်းအားလုံး ရိုးတံများ ကွေးညွတ်ကာ ပွင့်ဖတ်များလည်း ပိတ်ထားသည်။ ပန်းပွင့်များက အလင်းတန်းကို ကိုးကွယ်သလိုမျိုး ဖြစ်နေသည်။

တစ်ချိန်ထဲ၌ အဆုံးမဲ့ရှေးဟောင်းနယ်မြေ၏ တစ်နေရာတွင်…

ဘုန်းကြီးဝတ်ရုံ တစ်ဝက်၊ ချပ်ဝတ်တစ်ဝက် ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ကျမ်းစာကို ရွတ်ဆိုနေသည်။

ထို့နောက် ဆန်းကြယ်သောအက္ခရာစာများ သူ့ပတ်ပတ်လည်တွင် ပျံဝဲလာကာ  စတင်တောက်ပလာသည်။

ထိုအမျိုးသားက အက္ခရာများကို ကြည့်ပြီးနောက် အက္ခရာများ ပေါက်ကွဲသွားသည့်အခါ သွေးများအန်ထွက်သွားသည်။

“ အောမိတောဖော ငါ သရဲတစ်ကောင်ကို မြင်ဖူးသွားပြီ”

All Chapters