← Chapters

နတ်ဘုရားအပြစ်ဒဏ်

Vol. 6 Ch. 73

နတ်ဘုရားအပြစ်ဒဏ်

Vol. 6 Ch. 73

အခန်း (၇၃) : နတ်ဘုရားအပြစ်ဒဏ်

ဂိုဏ်းချုပ်ဝမ်ထျန်း၏ အမိန့်အောက်တွင် ဂိုဏ်းတစ်ခုလုံးက စတင်စုရုံးကာ အသင့်ပြင်ထားလိုက်သည်။ တပည့်အားလုံးက သူတို့၏ ကျင့်ကြံရေးတောင်များဆီသို့ ပြန်သွားကာ အကြီးအကဲချုပ်များ၊ မဟာအကြီးအကဲများနှင့် အကြီးအကဲများက ဧကရာဇ် အစီအရင်ကို အသက်သွင်းဖို့ နေရာအသီးသီးတွင် နေရာယူထားကြသည်။

ဂိုဏ်းထဲရှိ တောင်များအားလုံးဆီမှ စွမ်းအင်အလင်းတန်များ ကောင်းကင်သို့ ဦးတည်သွားပြီးနောက် အချင်းချင်း ဆက်သွားကြသည်။

မရေတွက်နိုင်သော ချိတ်ဆက်ထားသည့် အက္ခရာစာတန်းများက စွမ်းအင်ဖြတ်မှတ်များ၌ အမိုးခုံးပုံသဏ္ဌာန် ဖန်တီးကာ ဂိုဏ်း၏ လွှင့်မျှောတောင်နှင့် လွင့်မျှောခြင်းမရှိသော တောင်ကိုပါ ဖုံးအုပ်သွားပြီး တာအိုအခွင့်အလမ်းဂိုဏ်းတစ်ခုလုံးကို အစီအရင်က လွှမ်းခြုံထားသည်။

အရာအားလုံး အဆင်သင့်ဖြစ်သွားပြီးနောက် ဝမ်ထျန်းက သားဖြစ်သူကို စတင်လို့ရပြီဖြစ်ကြောင်း အချက်ပြလိုက်သည့်အတွက် ဝမ်ဝေ့ စတင်ခဲ့သည်။ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ မိနစ်အနည်းငယ်ကြာ သူ့အခြေအနေကို ဆန်းစစ်ပြီးနောက် ၁၃လွှာမြောက် အလွှာကို စတင်တိုက်ခိုက်တော့သည်။

ပထမဆုံးတိုက်ခိုက်မှုဖြင့် ဘာအကျိုးသက်ရောက်မှုမှ မရှိခဲ့သော်လည်း ဝမ်ဝေ့ မရပ်တန့်ခဲ့ပေ။ သူက တိုက်ခိုက်ရန်အတွက် သွေးချီများအားလုံးကို စုစည်းခဲ့သည်။ ၅၁မြောက် ကြိုးစားမှုတွင် ထိုအလွှာပေါ်၌ အက်ကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

အက်ကြောင်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျယ်ပြန့်သော နိမိတ်မကောင်းသည့် တိမ်တိုက်များ ဂိုဏ်းပေါ်တွင် စုဝေးလာသည်။ ထိုမှောင်မဲနေသည့် တိမ်တိုက်များက အန္တရာယ်ရှိသည့် တစ်စုံတစ်ရာကို ခေါ်ယူနေခြင်းဖြစ်ကြောင်း ပြောနိုင်သည်။

ဂိုဏ်း၏ ကျင့်ကြံသူများက မျက်နှာထားများ ပြောင်းလဲသွားကြသည်။ ဂိုဏ်းချုပ်က နတ်ဘုရားအပြစ်ဒဏ် ဆင်းသက်လာတော့မည်ဖြစ်ကြောင်း သူတို့ကို သတိပေးထားသော်လည်း သူတို့အားလုံးက ဂိုဏ်းချုပ် သားဖြစ်သူကို အလွန်အကျွံ ကာကွယ်နေသည်ဟုသာ တွေးထင်ခဲ့ကြသည်။

နတ်ဘုရား အပြစ်ဒဏ်ဆိုတာ ဘာလဲ

ထိုအရာက မဟာဧကရာဇ်များအား အပြစ်ပေးရန် အသုံးပြုသည့် မိုးကြိုး ဖြစ်သည်။ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုး တည်ရှိနေရခြင်း ရည်ရွယ်ချက်က မဟာဧကရာဇ်များအား သတ်ဖြတ်ခြင်းနှင့် အပြစ်ပေးခြင်းအတွက် ဖြစ်သည်။

အသင်္ချေအင်ပါယာကမ္ဘာ၏ သမိုင်းတစ်လျှောက်တွင် ဇာတိမြေနှင့် မရင်းနှီးသော ဧကရာဇ်များ မရေမတွက်နိုင်အောင် ရှိသလို ကမ္ဘာမှ အတော်လေး ထိခိုက်နိုင်သည်ဟု သတ်မှတ်ထားသည့် အလုပ်များကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့သည့် ဧကရာဇ်များလည်း ရှိသည်။ သူတို့၏ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားဖြင့်ဆိုလျှင် အချိန်သာ အလုံအလောက်ပေးပါက ကမ္ဘာကိုပင် ဖျက်စီးနိုင်လောက်သည်။

ထို့ကြောင့် ကောင်းကင်တာအိုက ဧကရာဇ်များကို သတ်နိုင်၊ သတိပေးနိုင်၊ အပြစ်ပေးနိုင်သည့် နည်းလမ်းတစ်ခု ပြုလုပ်ခဲ့သည်။ နတ်ဘုရားအပြစ်ဒဏ်က အောင်မြင်နိုင်သော်လည်း တစ်ခါတစ်ရံ ကံမကောင်းစွာဖြင့် ကျရှုံးတတ်သည်။ ဧကရာဇ်တစ်ပါး ဘယ်လောက်ထိ သန်မာလဲဆိုသည့်အပေါ် မူတည်နေသည်။

သို့သော် ဧကရာဇ်တစ်ပါး ဘယ်လောက်ထိ အားနည်းနေပါစေ သူက အလွှာတစ်ခုလုံးတွင် စွမ်းအားအကြီးဆုံးသူတစ်ယောက် ဖြစ်နေဆဲဖြစ်သည်။ ထို့ကြောင့် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးကို စိတ်ကူးကြည့်လို့ ရနိုင်သည်။

မည်းမှောင်နေသော တိမ်တိုက်များက တာအိုအခွင့်အလမ်းဂိုဏ်းပိုင်ဆိုင်သော ပိုင်နက်တစ်ခုလုံးအပေါ်တွင် ပျံ့နှံ့နေသည့်အတွက် ဂိုဏ်းချုပ်ဝမ်ထျန်း၏ မျက်နှာထား ပိုမိုလေးနက်လာသည်။

“ နောက်ထပ် ဧကရာဇ်အစီအရင်နှစ်ခု ထပ်ပြီးတော့ ဖွင့်လိုက်ဦး” သူက အစီအရင်ခန်းမ မဟာအကြီးအကဲ ယန်းကျီကို အော်ပြောလိုက်သည်။ ဝမ်ထျန်းက ဘယ်အရာကိုမှ ကံကြမ္မာအပေါ် ပုံအပ်ထားခြင်းမျိုး မလုပ်ချင်ပေ။

သူ အမိန့်ပေးပြီးနောက် တောင်များပေါ်မှ နောက်ထပ် စွမ်းအင်အလင်းတန်းများ ထွက်ပေါ်လာကာ မူလအမိုးခုံးပုံစံ အကာအကွယ်ဆီသို့ နောက်ထပ် အစီအရင်နှစ်လွှာ ထပ်မံပေါင်းစပ်သွားသည်။ အစစ်အမှန်အုပ်ချုပ်သူများအားလုံးနှင့် သူတော်စင်များက အစီအရင်၏ အကျိုးသက်ရောက်မှုကို မြှင့်တင်ရန်အတွက် မူလအဆီအနှစ်များကို လောင်းထည့်နေသည်။

ဝမ်ဝေ့က ၁၃လွှာမြောက်သို့ ရောက်ရှိရန် ၁၂၃ ကြိမ်မြောက်ထိ ကြိုးစားပြီးနေပြီ ဖြစ်သည်။ ထိုအလွှာပေါ်တွင် အက်ကြောင်းများစွာ ရှိနေပြီဖြစ်သော်လည်း ဖျက်စီးခံရဖို့ဆိုတာ မဖြစ်နိုင်သေးပေ။

ရုတ်တရက် ဝမ်ဝေ့ သူ့ခေါင်းပေါ်တွင် သေစေနိုင်သည့် အန္တရာယ်တစ်ခုကို ခံစားလိုက်ရသည်။ သူ မျက်လုံးဖွင့်ပြီး ကောင်းကင်ကို ကြည့်လိုက်သည့်အခါ မီတာပေါင်း တစ်သောင်းရှည်လျားသော မိုးကြိုးက ကောင်းကင်မှ ပြုတ်ကျလာသည်။

ထိုမိုကြိုးမှ အရာဝတ္ထု၊ စွမ်းအင်၊ အချိန်နှင့် နေရာအားလုံးကို ဖျက်စီးသုတ်သင်မည့် စွမ်းအားကို ခံစားမိသည်။ ထိုမိုးကြိုးလာရာလမ်းတွင် ရပ်နေသည့် ဘယ်အရာမဆို သုတ်သင်ရှင်းလင်းခြင်းဆိုသည့် တစ်ခုတည်းသော ကံကြမ္မာက စောင့်ဆိုင်းနေသည်။

ကြောက်လန့်စိတ်က ဝမ်ဝေ့၏ စိတ်ထဲသို့ တိုးဝင်လာကာ သူက ကောင်းကင်ဘုံအပြစ်ဒဏ်ရှေ့တွင် ဘာမှအရေးမပါသူဖြစ်ကြောင်း တီးတိုးပြောကြားနေသည်။ သူ ကြိုးစားအားထုတ်မှုကို ရပ်လိုက်သင့်ပြီဖြစ်သည်။ မဟုတ်ပါက အရာအားလုံးအဆုံးသတ်သွားမည်ဖြစ်သည်။

ခံစားချက်က ထိုနေရာမှာတင် ရပ်တန့်မသွားပေ။ သူ၏ စိတ်နှင့် ဝိညာဉ်ကို ဝါးမျိုကာ သူ့လမ်းကြောင်း၏ အမှားကို အသိအမှတ်ပြုပြီး ဒူးထောက်သွားစေရန် ဆက်လက်တိုးဝင်လာသည်။

ဝမ်ဝေ့က ထိုခံစားချက်ကို ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားစေသည်။ သူ လက်လျှော့လိုက်သည်နှင့်တစ်ပြိုင်နက် မနာကျင်ရဘဲ အရာအားလုံး အဆုံးသတ်သွားမည်ဆိုတာကို သူသိသည်။

ရုတ်တရက် ဝမ်ဝေ့ စိတ်ကူးယဉ်ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားကာ သူက ဒူးတစ်ဖက်ထောက်ထားပြီး ဧရာမမျက်လုံးကြီးက သူ့ကို အပေါ်မှ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုမျက်လုံးမှ အရာအားလုံးနှင့် သက်ရှိများ သူ့ရှေ့တွင် ပုရွက်ဆိတ်သာသာသာ ရှိသည်ဆိုသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

ငါ လက်လျှော့လိုက်သင့်တာများလား

ဝမ်ဝေ့က ထိုမျက်လုံး၏ မဟာအစွမ်းကို မြင်လိုက်ပြီးနောက် စဉ်းစားလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ကြိုးစားနိုင်သလောက် ကြိုးစားပြီးပြီလေ။ အခုလက်လျှော့ထားလိုက်ပြီး ဒီထက်ပိုပြီး စွမ်းအားကြီးလာတဲ့အခါကျမှ ထပ်ကြိုးစားလို့ရတာပဲ

ထိုအကြောင်းကို စဉ်းစားပြီးနောက် ဝမ်ဝေ့ ဒူးထောက်အရှုံးပေးဖို့ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ဒူးထောက်တော့မည့်အချိန်တွင် မှတ်ဉာဏ်တစ်ခု စိတ်ထဲသို့ ရောက်ရှိလာသည်။ ထိုအရာက ကိုးခုမြောက် မျှော်နန်းဆောင်စစ်ဆေးမှု ပုံရိပ်များဖြစ်သည်။ ထိုဧရာမမျက်လုံးကြီးက သူ ရင်ဆိုင်ခဲ့ရသည့် ဧရာမလက်ကြီးကို သတိရသွားစေသည်။ သူတို့ဆီမှာ အရာအားလုံးက သူတို့ထက် နိမ့်ကျပြီး သေခြင်း၊ ရှင်ခြင်းကို သူတို့က ဆုံးဖြတ်ပေးနိုင်သည်ဟူသော တူညီသည့် ဂုဏ်မောက်မှု ရှိကြသည်။

ထိုအရာကို စဉ်းစားပြီးနောက် ဝမ်ဝေ့ ရုတ်တရက် ဒေါသထွက်လာမိသည်။

သူက ဧရာမလက်ကြီးကိုတောင် အညံ့ခံတာမျိုး မရှိခဲ့တာ ဒီဧရာမမျက်လုံးကိုလည်း ဘာလို့ အညံ့ခံရမှာလဲ

ရုတ်တရက် ဧကရာဇ်ငယ်၏ ပုံရိပ်က ဝမ်ဝေ့၏ အနောက်တွင် ထွက်ပေါ်လာသည်။ ယခုတစ်ခေါက် အတော်လေး ကွဲပြားနေသည်။ သူက ဝမ်ဝေ့ကဲ့သို့ ခဲဖြူရောင်ဆံပင်နှင့် မျက်လုံးကို ပိုင်ဆိုင်ထားပြီး များပြားသော ခဲဖြူရောင်ကြိုးများက သူ့လက်ကို ချည်နှောင်ထားကာ အရောင်အသွေးစုံလင်လှသော ပုလ္လင်ပေါ်တွင် ထိုင်နေသည်။

ကြိုးတစ်ချောင်းချင်းစီက လူတစ်ယောက်၏ ကံကြမ္မာကို ကိုယ်စားပြုပြီး ထိုပုံရိပ်က ထိုကြိုးများကို ထိန်းချုပ်နိုင်သည်။ ရုတ်တရက် ငယ်ရွယ်သော ဧကရာဇ်က ပုလ္လင်မှ ထကာ ဧရာမမျက်လုံးကြီးကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်

“ ကိုယ့်လမ်းကိုယ်သွားနေတဲ့ ကျုပ်ကို ဘယ်သူက တားရဲတာလဲ”

အော်ဟစ်သံက စိတ်ကူးယဉ်ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။ ထို့နောက် အက်ကြောင်းများစွာ ထွက်ပေါ်လာပြီး ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုနှင့်အတူ ဖျက်ဆီးခံလိုက်ရသည်။ ကောင်းကင်ရှိ ဧရာမမျက်လုံးပင် မကျေနပ်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာကပင် ကောင်းကင်ကို တုန်လှုပ်စေပြီး နတ်ဆိုးများကို ခြောက်လှန့်ကာ နတ်ဘုရားများအား ဒူးထောက်ကျသွားအောင် လုပ်နိုင်သည့် ဟိန်းဟောက်သံ၏ စွမ်းအားကို တောင့်မခံနိုင်ပေ။

ထို့နောက် ဝမ်ဝေ့က ကြောက်ရွံ့သော မျက်နှာထားနှင့်အတူ စိတ်ကူးယဉ်ကမ္ဘာထဲမှ နိုးထလာသည်။ ထိုအရာက ပုံရိပ်ယောင်သက်သက် မဟုတ်ဘဲ တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက သူ့ဆန္ဒအပေါ် အကျိုးသက်ရောက်မှု ဖြစ်အောင် ကြိုးစားနေခြင်း ဖြစ်သည်။

သူသာ ထိုနေရာတွင် ဒူးထောက်လိုက်ပါက သူ့ဘဝတွင် ထိုအလွှာကို ဘယ်တော့မှ ဖျက်ဆီးနိုင်မည် မဟုတ်တော့ပေ။ သူ ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး စိတ်ကျဉ်းကျပ်စွာဖြင့် နေသွားရမည်။ ဝမ်ဝေ့က မျှော်နန်းဆောင် စစ်ဆေးမှုကို ဖန်တီးခဲ့သည့် အကြီးအကဲများနှင့် သူ့ကိုယ်သူ တိတ်တိတ်လေး ချီးကျူးလိုက်မိသည်။

“ ဝေ့အာ အခုက စိတ်ခြောက်ခြားနေရမဲ့အချိန် မဟုတ်ဘူး”

တစ်စုံတစ်ယောက်က ဝမ်ဝေ့အား စကားပြောလိုက်ပြီး ပြောလိုက်သည့်စကားကို နားလည်ဖို့အတွက် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ပြီးမှသာ စကားပြောနေသူက သူ့အဖေ ဖြစ်နေမှန်း သိသည်။

ထို့နောက် သူ ခေါင်းညိတ်ပြကာ ဟန့်တားနေသည့်အလွှာအား ယခင်နှင့်မတူသော စိတ်ဓာတ်ဖြင့် တိုက်ခိုက်တော့သည်။ ဘယ်သူမှ သူ၏ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းစိတ်ကို ဟန့်တား၍ မရနိုင်ပေ။

တာအိုအခွင့်အလမ်းဂိုဏ်းက နတ်ဘုရားအပြစ်ဒဏ်ကို တိုက်ခိုက်နေချိန်တွင် ကမ္ဘာပေါ်ရှိ စွမ်းအားကြီးဂိုဏ်းများအားလုံးက ထိတ်လန့်သွားကြသည်။

သူတို့အားလုံး ဂိုဏ်းရှိရာဘက်သို့ ကြည့်လိုက်ကြသည်။ ကမ္ဘာတစ်ဝန်းလုံးမှ မရေတွက်နိုင်သော အကြည့်များက ကျယ်ပြန့်သော အာကာပြင်ကို ထိုးဖောက်ကာ အဝေးမှ တာအိုအခွင့်အလမ်းဂိုဏ်းအား စောင့်ကြည့်လေ့လာနေကြသည်။ နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက ကောင်းကင်မှ ဘယ်လိုကျလာကြောင်းနှင့် ဂိုဏ်းမှ ဧကရာဇ်အစီအရင် သုံးခုကို ဘယ်လိုသုံးနေကြောင်း မြင်တွေ့ခဲ့ရသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ထိုကဲ့သို့သော အပြစ်ဒဏ်ခံစားရမည့်အချိန်တွင် ကောင်းကင်ဘုံအား ခုခံရန် ဘာလုပ်ခဲ့လဲဆိုတာကို ကြည့်ပြီး သူတို့ အံ့ဩနေကြသည်။ ဂိုဏ်း၏ ရန်သူများက သူတို့ပျက်စီးသွားဖို့ သို့မဟုတ် အနည်းဆုံး သူတို့၏ အုတ်မြစ်များ ပြင်းထန်စွာ ထိခိုက်သွားဖို့ ဆုတောင်းနေကြသည်။

ထို့ကြောင့် ကမ္ဘာတစ်ဝန်းလုံးမှ စွမ်းအားအကြီးဆုံးဂိုဏ်းကို အာရုံစိုက်နေကြသည်။

မကြာခင်မှာပင် ရက်ပေါင်း ၆ရက် ကုန်ဆုံးသွားသည်။ လွန်ခဲ့သောရက်အနည်းငယ်အတွင်း နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး ကျဆင်းခြင်း ရပ်တန့်သွားခြင်းမျိုး မရှိပေ။ ပိုမိုရှင်းလင်းအောင် ပြောရလျှင် မိုးကြိုးက ပိုလို့ပင် ပြင်းထန်လာသည်။ မိုးကြိုးများအစား စွမ်းအားကြီးသည့် နတ်ဆိုးသားရဲများဖြစ်သော နဂါးများ၊ ဇာမဏီများနှင့် အနက်ရောင် မိုးကြိုးဖြင့် ပြုလုပ်ထားသော ချီလင်များသာ ဂိုဏ်းပေါ်သို့ ကျလာသည်။

ဂိုဏ်းချုပ်ဝမ်ထျန်းက ဝမ်ဝေ့ကို ကာကွယ်နိုင်ရန်အတွက် ဧကရာဇ်အစီအရင် နောက်ထပ်နှစ်ခု ထပ်ထည့်ဖို့ လိုအပ်နေသည်။ မူလရင်းမြစ်ကို သုံးစွဲပြီး အစီအရင်ငါးခုလုံးအား ၆ ရက်ကြာအောင် ထိန်းထားဖို့ လိုအပ်သည်။

သို့သော် ထိုအရာက သူတော်စင် ၃၆ ယောက်လုံး သို့မဟုတ် အထွတ်အထိပ်ရှင် ၉ယောက်လုံးလားဆိုတာ ပြဿနာ မရှိပေ။ အချိန်ကုန်သွားလေလေ သူတို့ ပိုမိုစိတ်လှုပ်ရှားလာပြီး ဝမ်ဝေ့အောင်မြင်နိုင်ချေက ပိုမိုတိုးတက်လာလေလေ ဖြစ်သည်။

ထိုအချိန်တွင် အထွတ်အထိပ်ရှင် ကိုးယောက်လုံးက နတ်ဘုရားအသိစိတ်မှတဆင့် စကားပြောနေကြသည်။

“ ငါတို့အတွက် မျှော်လင့်ချက်ရှိနေပါသေးတယ်” ဝမ်ချန်က ပြောလိုက်သည်။

“ ဟုတ်တယ်။ ၉ ဆိုတာက လွန်ကဲတဲ့ နံပါတ်တစ်ခုဖြစ်ပြီးတော့ ကန့်သတ်ချက်တစ်ခုလည်း ဖြစ်တယ်။ ကောင်းကင်တာအိုကျိန်စာအရ တာအိုအခွင့်အလမ်းဂိုဏ်းက ဘယ်လိုပဲလုပ်လုပ် နောက်ထပ် ဧကရာဇ်တစ်ပါးကို မွေးထုတ်ပေးနိုင်မှာ မဟုတ်ပေမဲ့ ဒီမျိုးဆက်အတွက်တော့ ကျိန်စာက ပျက်စီးသွားတဲ့ပုံပဲ” အစစ်အမှန် အုပ်ချုပ်သူ ယန်းချန်က ပြောလိုက်သည်။

“ ကျုပ်တို့ရဲ့ ဘိုးဘေးတွေက ကျိန်စာကို မယုံခဲ့ဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်တို့ခေတ်မှာ ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မရှိတာကို ကြည့်လိုက်ရုံနဲ့တင် သိသာပါတယ်”

“ရှင်းတုံ မဟုတ်တာတွေ လျှောက်ပြောမနေနဲ့။ ဝမ်ထျန်းကြောင့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲ မရှိခဲ့တာဆိုပြီးတော့ သက်သေမှ မရှိတာ။ အရင်တုန်းက ဓလေ့ထုံးတမ်းတွေ အများကြီးရှိတယ်”

ရှင်းတုံက နှာခေါင်းရှုံ့ကာ လီဖန်း၏ စကားလုံးများကို လျစ်လျူရှုလိုက်သည်။

ဝမ်ဝေ့ မသိသေးသော နောက်ထပ် အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်က ဝင်ပြောလိုက်သည်

“ သခင်လေးသာ ၁၃လွှာမြောက်ကို ရောက်ရှိသွားရင် ကောင်းကင်ဘုံရဲ့ အချုပ်အနှောင်ကနေ ကင်းလွတ်သွားပြီလေ။ အဲဒါဆိုရဲ့ ကျိန်စာရဲ့ အကျိုးသက်ရောက်မှုကို မခံစားရတော့ဘူး”

လူအားလုံးက သူပြောတာကို သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ သို့သော် ဝမ်ချန်က သူတို့ကို သတိပေးလိုက်သည်

“ ငါတို့ စိတ်အေးအေးနေပြီး ပေါ့ဆလိုက်လို့ မရသေးဘူး။ ဒီကျိန်စာက ဒီလောက်ထိ မရိုးရှင်းဘူးဆိုတာကို ငါတို့အားလုံး သိပါတယ်။ ဝေ့အာ လုပ်ရမှာတွေ အများကြီး ရှိသေးတယ်။ ငါတို့ လုပ်နိုင်တာက သူ့ကို တတ်နိုင်သလောက် ပံ့ပိုးဖို့ပဲ”

မြေပြင်၏ တစ်နေရာတွင် ဝမ်ဝေ့က ၁၃လွှာမြောက် အလွှာကို တိုက်ခိုက်နေဆဲဖြစ်ပြီး ရောက်ရှိရန် အရမ်းနီးကပ်နေပြီဖြစ်သည်။ တစ်ရက်မကုန်ဆုံးခင် သူ အောင်မြင်လိမ့်မည်ဟူသော ခံစားချက်မျိုးလည်း ရရှိနေသည်။

ရုတ်တရက် ထူးခြားသော မျက်လုံးက အသင်္ချေအင်ပါယာကမ္ဘာ၏ ကောင်းကင်တွင် ထွက်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်ထားသည်။ ထိုမျက်လုံးက အေးစက်ပြီး အဆုံးမဲ့သက်ရှိများအားလုံး၏ အထက်တွင် ရှိနေသည်။

“ ကောင်းကင်တာအိုမျက်လုံး” အနိမ့်ဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ်အဆင့်မှ အထွတ်အထိပ် နယ်ပယ်အဆင့်အထိ ကျင့်ကြံသူအားလုံး ရေရွတ်လိုက်ကြသည်။

ကောင်းကင်တာအိုမျက်လုံးပင် ထွက်ပေါ်လာသည့်အတွက် အခြေအနေတွေ ဘယ်လိုမျိုး လေးနက်ကုန်မလဲဆိုတာကို သူတို့ စိတ်ဝင်စားနေကြသည်။ ကောင်းကင်တာအိုက ကျင့်ကြံရေးလောကအတွက် အစစ်အမှန်ဖြစ်သလို ပုံရိပ်ယောင်တစ်ခုလည်း ဖြစ်သည်။ သို့သော် ဧရာမမျက်လုံးက ကောင်းကင်တာအို၏ ရုပ်ပိုင်းဆိုင်ရာ ပြသမှုတစ်ခုဖြစ်ကြောင်း ရှင်းလင်းထင်ရှားသည်။

မကြာခင်တွင် ထိုအရာ ထွက်ပေါ်လာရခြင်းအကြောင်းအရင်းကို ကျင့်ကြံသူများ သိသွားကြသည်။ ထိုသတင်းစကားက ကျင့်ကြံသူအားလုံးဆီသို့ ရောက်ရှိသွားသည်။

“ တာအိုအခွင့်အလမ်းဂိုဏ်းရဲ့ သခင်လေးက ကောင်းကင်ကို ဆန့်ကျင်ပြီးတော့ အပြစ်လုပ်နေတာပဲ။ သူ့ကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့သူကို အကန့်အသတ်မဲ့ ကုသိုလ်တွေနဲ့ ဆုချခံရလိမ့်မယ်”

ကျင့်ကြံသူအားလုံးက ကုသိုလ်ရရှိရေးအတွက် အင်မတန် စိတ်လှုပ်ရှားနေကြသည်။ ထိုအရာများဖြင့်ဆိုလျှင် သူတို့ များပြားသည့်အရာများကို လုပ်ဆောင်နိုင်သည်။ သူတို့၏ ကျင့်ကြံဆင့်ကို ဘေးထွက်ဆိုးကျိုးမရှိ တိုးတက်အောင် လုပ်နိုင်ပြီး စွမ်းအားကြီး မှော်လက်နက်များကို သန့်စင်နိုင်မည်ဖြစ်သည်။ သူတို့၏ အရည်အချင်းများကို တိုးမြှင့်နိုင်ပြီး သူတို့၏ သက်တမ်းကို ပိုမိုဆွဲဆန့်နိုင်လိမ့်မည်။

ဧကရာဇ်မျိုးဆက်များစွာက ဆွဲဆောင်သိမ်းသွင်းခံလိုက်ရပြီး သူတို့ ဧကရာဇ်အသုံးအဆောင် ပစ္စည်းများကို အသက်သွင်းကာ တာအိုအခွင့်အလမ်းဂိုဏ်းကို တိုက်ခိုက်ရမလားဆိုတာ စဉ်းစားနေကြသည်။ သာမန်အခြေအနေအတိုင်းသာဆိုပါက ကိုယ့်သေတွင်းကိုယ် တူးလိုက်ခြင်းဖြစ်သော်လည်း ယခု ကောင်းကင်ဘုံ၏ အကူအညီကြောင့် အောင်မြင်နိုင်ချေ ရှိသည်။

ဂိုဏ်းချုပ် ဝမ်ထျန်းလည်း ကောင်းကင်တာအို၏ အသိပေးစကားကို ရရှိလိုက်သည်။ သူ့မျက်နှာထား ပြောင်းလဲသွားကာ သတ်ဖြတ်ချင်စိတ်များလည်း ပိုမိုများပြားလာသည်။

တွေဝေခြင်းမရှိတော့ဘဲ ဂိုဏ်း၏ ကျန်ရှိနေသော ဧကရာဇ်အစီအရင်လေးခုကို ဖွင့်လိုက်သည်။ ယခုတစ်ယောက် အစီအရင်က ဂိုဏ်းတစ်ခုတည်းကိုသာ ကာကွယ်ထားခြင်းမျိုး မဟုတ်ဘဲ ပိုင်နက်တစ်ခုလုံးကို ကာကွယ်ပေးထားသည်။

အစီအရင် ၉ ခုကို အသက်သွင်းပြီးနောက် တစ်ခုလုံးထဲသို့ ဝင်ဆံ့သွားပုံပေါ်ပြီး အထွတ်အထိပ်ဆန္ဒကလည်း အသင်္ချေအင်ပါယာ ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

အစစ်အမှန် အုပ်ချုပ်သူမှ တစ်ကမ္ဘာလုံးကို ချုံငုံကြည့်ရှုခြင်းဆိုသော ခံစားချက်မျိုးကို ပေးပြီး အလွှာတစ်ခုလုံးကို ဖိနှိပ်ထားသည်။ သတ်ဖြတ်လိုသည့် အရှိန်အဝါကလည်း ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားကာ ကျင့်ကြံသူများအားလုံးအပေါ်တွင် ကြောက်စရာကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။

ထိုအချိန်တွင် စိတ်လှုပ်ရှားလွန်နေသော ကျင့်ကြံသူများ စိတ်ကူးယဉ်နေရာမှ နိုးထလာသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ဤကမ္ဘာ၏ အရှင်သခင် ဖြစ်နေဆဲ ဖြစ်သည်။ ကောင်းကင်တာအို၏၏ ရှေ့မှောက်မှာပင် သူတို့ခေါင်းငုံ့ခံနေဖို့ မလိုပေ။

ရုတ်တရက် လေးနက်ပြီး ဩဇာညောင်းသည့်အသံက ကမ္ဘာတစ်ခွင်သို့ ပျံ့နှံ့သွားသည်။ ထိုအရာကို သေမျိုးများအပါအဝင် လူအားလုံး ကြားနိုင်သည်။

“ ငါ့ဂိုဏ်းကို ဘယ်သူတိုက်ခိုက်ရဲလဲဆိုတာ မြင်ချင်မိသား။ ငါ့ဆီမှာ အချိန်အတော်ကြာ သွေးအရသာကို မခံစားရတဲ့ ဧကရာဇ်အသုံးအဆောင်ပစ္စည်း ၉ခု ရှိသေးတယ်”

ထိုအသံကို ကြားလိုက်ရပြီးနောက် သေမျိုးများအားလုံးက မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူတို့လုပ်ခဲ့သည့်အမှားများကို ခွင့်လွှတ်ပေးဖို့အတွက် ထာဝရရှင်သန်သူများကို တောင်းပန်နေကြသည်။

ထိုအချိန်တွင် ကျင့်ကြံသူအားလုံး ထပ်မံ အံ့အားသင့်သွားကြပြန်သည်။ ထိုအသံက မျိုးဆက်တစ်ခုလုံးအား သူ့ကို အညံ့ခံရန် ဖိအားပေးလိုက်သည့် အရာဖြစ်ကြောင်း သတိပြုမိကြသည်။ သူတို့အတွက် ကံကောင်းသွားသော်လည်း သူ့အတွက် ကံမကောင်းခဲ့ပေ။

ထို့နောက် တာအိုအခွင့်အလမ်းဂိုဏ်းတွင် အသုံးမပြုရသေးသော ဧကရာဇ်အသုံးအဆောင် ပစ္စည်း ၉ခုရှိနေကြောင်း ပြန်လည် သတိရသွားသည်။

သူတို့အများစုက စိတ်ထဲတွင်ရှိနေသော ရူးကြောင်ကြောင် အကြံဉာဏ်များကို ဖယ်ရှားလိုက်ကာ အရာအားလုံး ဘယ်လိုဖြစ်သွားမလဲဆိုတာကိုသာ ထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုကဲ့သို့ အခွင့်အရေးကို လက်လွတ်မခံချင်သူ အနည်းစုလည်း ရှိနေသည်။ သူတို့ ဂိုဏ်း၏ ပိုင်နက်အနားကပ်သွားသည်နှင့် သူတို့၏ ကံကြမ္မာက ပျက်စီးခြင်းသာ  ဖြစ်၏။

၇ ရက်မြောက်နေ့တွင် ဝမ်ဝေ့ အောင်မြင်သွားပြီး ၁၃လွှာမြောက် ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိသွားသည်။

အောင်မြင်မှုကြောင့် ဝမ်ဝေ့ ပုခုံးပေါ်တွင် ပိနေသော ဝန်ထုပ်ကြီးအား ဖယ်ရှားနိုင်လိုက်သလို ခံစားလိုက်ရသည်။ သူ မွန်းကြပ်နေခြင်းမှ လွတ်လပ်သွားကာ ပိုမိုလွယ်ကူစွာဖြင့် အသက်ရှူလာနိုင်သည်။

ရုတ်တရက် သူ မျက်လုံးဖွင့်လိုက်သည့်အခါ လေဟာနယ်ကဲ့သို့ နေရာတွင် မြောနေသည်ကို တွေ့လိုက်ရသည်။ သူနှင့် ဆက်နွယ်နေသည့် အရွယ်အစား စုံလင်နေသည့် ကြိုးများစွာ ရှိသည်။ ထို့နောက် ထိုထဲမှ တစ်ခုက ရုတ်တရက် ဖြတ်တောက်ခံလိုက်ရသည်။

ထိုတစ်ခု ပြတ်တောက်သွားသည့်အခါ တခြားကြိုးများကို ထိန်းချုပ်နိုင်ကြောင်း သိသွားသည်။ သို့သော် သူ ထိန်းချုပ်တော့မည့်အချိန်တွင် လေဟာနယ်ထဲမှ နိုးထလာသည်။

သူ ထိုနေရာသို့ နောက်ထပ် တစ်ခါဝင်ဖို့ ကြိုးစားသော်လည်း သူ မအောင်မြင်ခဲ့ပေ။ ယခုက သင့်တော်သောအချိန်မဟုတ်၍သော် လည်းကောင်း သူ အရမ်းအားနည်းနေသည့်အတွက် ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

ဝမ်ဝေ့ အဆင့်တက်သွားသည့်အခါ နတ်ဘုရားအပြစ်ဒဏ်လည်း ပျောက်ကွယ်သွားသည်။ ကောင်းကင်တာအိုမျက်လုံး ထွက်သွားသည့်အခါ မကျေနပ်မှုကို ကျင့်ကြံသူအားလုံး ခံစားလိုက်ရသည်။

ထိုအချိန်တွင် မဟာအကြီးအကဲ လုံပေါ် နောက်ဆုံးမိုးကြိုးရိုက်ချက်မှ တစ်စုံတစ်ခု ယူသွားကြောင်းကို ဂိုဏ်းထဲရှိ ဘယ်သူမှ သတိမထားမိပေ။

All Chapters