← Chapters

ပြင်းထန်သော သဘောထားကွဲလွဲမှု

Vol. 6 Ch. 74

ပြင်းထန်သော သဘောထားကွဲလွဲမှု

Vol. 6 Ch. 74

အခန်း (၇၄) : ပြင်းထန်သော သဘောထားကွဲလွဲမှု

ဝမ်ဝေ့ အဆင့်တက်အောင် လုပ်ဆောင်ပြီးနောက် ဝမ်မိသားစုဆီသို့ ပြန်သွားသည်။ သူ့အဖေ၊ အမေနှင့် အကြီးအကဲချုပ်များအားလုံးက သူ့ကို တိရစ္ဆာန်ရုံထဲရှိ ရှားပါးမျိုးစိတ်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

သူတို့ အရမ်းစိတ်လှုပ်ရှားနေသလို ဝမ်ဝေ့နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းနေလားဆိုတာကို စစ်ဆေးနေကြသည်။

အကြီးအကဲချုပ်များထဲမှ တစ်ယောက်က ရုတ်တရက် ပြောလိုက်သည်

“ ကျွန်တော် သခင်လေးရဲ့ ကျင့်ကြံဆင့်ကို မမြင်နိုင်တော့ဘူး”

သူတို့၏ စွမ်းအားကြီး နတ်ဘုရားအသိစိတ်ကို အသုံးပြုလျှင်ပင် ဝမ်ဝေ့၏ ကျင့်ကြံဆင့်ကို အမှန်တကယ် ခံစားလို့ မရနိုင်တော့ကြောင်း သူတို့ အားလုံး သတိထားမိသွားသည်။

“ သူ့ရဲ့ ကျင့်ကြံဆင့်တင် မဟုတ်ဘူး တည်ရှိမှုကိုတောင် ခံစားလို့ မရနိုင်တော့ဘူး။ သူ့ကို စိုက်ကြည့်နေပေမဲ့ သူက ဒီနေရာမှာ ရှိမနေသလိုမျိုး ခံစားရတယ်”

ယခု အထွတ်အထိပ် နယ်ပယ်အဆင့် အင်အားစုများပင် သူ့ အချက်အလက်ကို စုံစမ်းထောက်လှမ်းလို့ မရသည့် အံ့ဖွယ်အခြေအနေသို့ ဝမ်ဝေ့ ရောက်ရှိနေခြင်း ဖြစ်သည်။

နောက်ထပ် အကြီးအကဲချုပ် တစ်ယောက်က လက်ချောင်းများကို ချိုးကာ ရေတွက်ရင်း ပြောလိုက်သည်

“ အဲဒါတင် မဟုတ်သေးဘူး။ ငါ သခင်လေးရဲ့ ဘယ်လိုအချက်အလက်ကိုမှ တွက်ချက်လို့ မရနိုင်တော့ဘူး။ သူ့ရဲ့ ချီကံကောင်းမှုကိုတောင် စစ်ဆေးကြည့်လို့ မရတော့ဘူး”

ထိုအကြောင်းကို ကြားပြီးနောက် ဝမ်ဝေ့ပင် ထိတ်လန့်သွားမိသည်။ သူက မျက်လုံးများ၏ အစစ်အမှန် မြင်ကွင်းကို အသက်သွင်းလိုက်သည့်အခါ သူ၏ ကံကောင်းမှု နဂါးက အနက်ရောင်သို့ ပြောင်းလဲသွားပြီး ပုံရိပ်ယောင် ဖြစ်သွားသည်။ ထို့အပြင် သူနှင့် ဆက်နွယ်နေသည့် ကြိုးများစွာကို သူ မြင်နိုင်သော်လည်း အကြီးအကဲချုပ်များကတော့ မမြင်နိုင်ပေ။

အတိအကျ ပြောရလျှင် သူ ကြိုးများကို မြင်နေရခြင်း မဟုတ်ဘဲ ကြိုးများ တည်ရှိနေကြာင်း ဝမ်ဝေ့၏ အသိစိတ်မှ သိနေခြင်း ဖြစ်သည်။ သို့သော် သူက မြင်နိုင်ဖို့ အရမ်းအားနည်းနေသလို မှန်ကန်သည့် နည်းလမ်းလည်း မရှိပေ။

“ ဝေ့အာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးချီကို အသုံးပြုလိုက်” ဝမ်ဝေ့၏ အဖိုးဖြစ်သူ ဝမ်ချန်က ပြောလိုက်သည့်အခါ ဝမ်ဝေ့လည်း ပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ အဆင့်တက်သွားသည့်အတွက် သွေးချီက ၁၀၀,၀၀၀ ကျင်းအထိ တိုးမြင့်သွားသည်ကို ဝမ်ဝေ့ ခံစားကြည့်လို့ရသည်။

ဝမ်ဝေ့ သွေးချီကို အသုံးပြုလိုက်သည့်အခါမှသာ တခြားလူများက သူ့ တည်ရှိမှု အရိပ်အယောင်ကို ရှာတွေ့သွားနိုင်သည်။ သူ ကျင့်ကြံဆင့်ကို အသုံးမပြုလျှင် သေမျိုးကဲ့သို့ ဖြစ်နေမည့်ပုံပေါ်သည်။

သူ အဆင့်တက်သွားခြင်းက များပြားသော အကျိုးအမြတ်များ ယူဆောင်လာနိုင်သည်ကို ပြောနိုင်သည်။ သို့သော် အကျိုးအမြတ်ကို သူ့အတွက်သူ ရှာဖွေရမည့်ပုံပေါ်သည်။

ဝမ်ဝေ့က လွန်ခဲ့သော ရက်သတ္တပတ်တွင် ဖြစ်ပျက်ခဲ့သည့် အတွေ့အကြုံကို အကြီးအကဲများအား ပြန်လည် ပြောပြနေစဉ် မဟာအကြီးအကဲ လုံပေါ်က သူ့တပည့် ဟန်လီကို သွားတွေ့နေသည်။

ဆရာဖြစ်သူ လာတွေ့သည်ဆိုသော သတင်းကို ရလိုက်သည့် ဟန်လီက သူကိုယ်တိုင် ထွက်ကြိုခဲ့သည်။ လုံပေါ်က သူ့အပြုအမူနှင့် ပတ်သက်ပြီး ကျေနပ်နေမိသည်။

ဟန်လီ၏ ကျင့်ကြံရေး အဆောင်ထဲသို့ ဝင်သွားပြီးနောက် မဟာအကြီးအကဲ လုံပေါ်က အပြင်ဘက်မှ ထောက်လှမ်းမှုများအားလုံးကို ပိတ်ဆို့ရန် အစီအရင်တစ်ခုကို အသက်သွင်းလိုက်သည်။ ထို့နောက် အထဲတွင် လင်းလက်နေသည့် အနက်ရောင်မိုးကြိုးပါဝင်သော သလင်းကျောက်လုံးလေး တစ်ခုကို ထုတ်ပြလိုက်သည်။

“ ဆရာရဲ့ လက်ထဲမှာ ရှိနေတာက ဘာလဲဟင်” ဟန်လီက မေးလိုက်သည်။

“ ဒါက ဧကရာဇ်အစီအရင်နဲ့ အားပျော့အောင် လုပ်ပြီး စည်းပိတ်ထားတဲ့ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးပဲ”

ထိုအကြောင်းကို ကြားသိလိုက်ရသည့်အခါ ဟန်လီ အံ့အားသင့်သွားမိသည်။ လွန်ခဲ့သော ခုနစ်ရက်တုန်းက နတ်ဘုရားအပြစ်ဒဏ်မိုးကြိုး၏ ဖျက်ဆီးနိုင်စွမ်းကို သူကိုယ်တိုင် မျက်မြင်ကြုံတွေ့ခဲ့ရသည်။ ကောင်းကင်မိုးကြိုးခန္ဓာကို ပိုင်ဆိုင်ထားသည့် သူကိုယ်တိုင်ပင် ထိုစွမ်းအားကို ကြောက်လန့်နေမိသည်။

“ ဆရာ … ဆရာရဲ့ လက်ထဲမှာ ဘာလို့ ဒီပစ္စည်းက ရှိနေရတာလဲ”

“ မင်း ဒီ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးကို သန့်စင်စေချင်တယ်။ အဲလိုဆိုရင် မင်းရဲ့ ခွန်အားတိုးတက်လာရုံတင် မကဘူး။ မင်းရဲ့ ခန္ဓာလည်း ထိပ်သီး ကောင်းကင်ခန္ဓာငါးခုထဲ ရောက်ရှိသွားနိုင်တယ်”

ထိုအကြောင်းကို ကြားပြီးနောက် ဟန်လီက ချက်ချင်း ခေါင်းယမ်းကာ ပြောလိုက်သည်

“ မဟုတ်ဘူး… မဟုတ်သေးဘူး ဆရာ ကျွန်တော်ကို ဒီလိုမျိုး မလုပ်ခိုင်းပါနဲ့နော်။ ဒါက မဟာဧကရာဇ်တွေကို သတ်နိုင်လောက်တဲ့အထိ စွမ်းအားကြီးတဲ့ မိုးကြိုးပါ”

“ လီအာ ဒါကို စိုးရိမ်ဖို့ မလိုပါဘူး။ ဒီမိုးကြိုးက ဂိုဏ်းရဲ့ အစီအရင်နဲ့ အားပျော့အောင် လုပ်ထားတာ။ ပြီးတော့ မင်းရဲ့ ကောင်းကင်မိုးကြိုးခန္ဓာအပြင် ငါ့ရဲ့ ကူညီမှုနဲ့ဆိုရင် မင်း သေချာပေါက် အောင်မြင်နိုင်ပါတယ်”

“ မဟုတ်သေးဘူး…မဟုတ်သေးဘူး။ ကျွန်တော်ကို ကျေးဇူးပြုပြီးတော့ အဲလိုမျိုး မလုပ်ခိုင်းပါနဲ့။ တစ်ခုခုမှားသွားရင် ကျွန်တော် ချက်ချင်း သေသွားနိုင်တယ်လေ”

လုံပေါ်က စိတ်ပျက်သော အကြည့်ဖြင့် သူ့ တပည့်ကို ကြည့်လိုက်သည်။ နတ်ဘုရားအပြစ်ဒဏ်ကို ရင်ဆိုင်ကာ အနိုင်ရခဲ့သော ဂိုဏ်းချုပ်ငယ်လေးနှင့် နှိုင်းယှဉ်လိုက်လျှင် သူ့တပည့်က ခြေဖျားကိုပင် မမှီနိုင်ပေ။

သို့သော် သူက သူ့တပည့် တစ်ယောက် ဖြစ်သည့်အတွက် သေချာလေ့ကျင့်ပေးရန် သူ့မှာ တာဝန်ရှိသည်။ ရုတ်တရက် လုံပေါ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက မင်းရဲ့အုတ်မြစ် အားလျော့သွားတဲ့အပြင် မင်းရဲ့ ခွန်အားပါ နည်းပါးသွားတဲ့ အကြောင်းအရင်းက ဘာလို့လည်းဆိုတာကို မင်း မသိချင်ဘူးလား”

ဟန်လီ ထိုအကြောင်းကိုတော့ စိတ်ဝင်စားသွားမိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းက ထိုအရာအားလုံး သူ့ဆီမှာ ဖြစ်ပျက်ခဲ့သည်။ သူ့ဆရာကို မေးကြည့်သည့်အခါ ကျင့်ကြံခြင်းနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းသွားကြောင်း ပြောပြသည်။ ယခု သူ ယခင်က တွေးထားသည်ထက် ပိုမိုများပြားသော အရာများ ဖြစ်ပျက်ခဲ့ပုံပေါ်သည်။

“ ဆရာ ကျေးဇူးပြုပြီးတော့ ကျွန်တော်ကို ပြောပြပေးပါ။ ကျွန်တော်ရဲ့ လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး တစ်ခုခုများ မှားလို့လား”

ထို့နောက် ဝမ်ဝေ့နှင့် ဂိုဏ်းမှ သူ့အပေါ် ဘာလုပ်ခဲ့လဲဆိုတာကို မဟာအကြီးအကဲလုံပေါ်မှ ဟန်လီအား ရှင်းပြလိုက်သည်။ သူ စကားဆုံးသွားသည့်အခါ အခန်းတစ်ခုလုံးကို များပြားသော မိုးကြိုးများဖြင့် စတင်ဖျက်ဆီးလိုက်သည်။

နံရံများ အက်ကွဲကာ လောင်ကျွမ်းထားသော အရာများ ဖြစ်ပေါ်နေသည်။ အခန်းထဲရှိ တစ်ခုတည်းသော ထိုင်ခုံသာလျှင် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားသည်။ စွမ်းအားကို တားမြစ်ပေးထားသည့် လုံပေါ်၏ အစီအရင်ကြောင့်သာ မဟုတ်ပါက အရာအားလုံး လောင်ကျွမ်းပြာကျသွားနိုင်သည်။

“ ဆရာ ကျွန်တော် သေချာပေါက် ဒီမိုးကြိုးကို သန့်စင်လိုက်ပါ့မယ်” ဟန်လီက အံကြိတ်ရင်း ပြောလိုက်သည်။ သူက နတ်ဘုရားမိုးကြိုးကိုသာမက မိုးကြိုးအားလုံးကို သန့်စင်နိုင်သည့် နည်းလမ်းကို ဖန်တီးရင်း အချိန်ကုန်ဆုံးမည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။ မဟာအကြီးအကဲလုံပေါ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြကာ သူ့တပည့် လိုအပ်သော အရင်းအမြစ်များ အားလုံးကို ထောက်ပံ့ပေးဖို့ ဆုံးဖြတ်လိုက်သည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ယခင်ရက်သတ္တပတ်မှ စိတ်ဒဏ်ရာများကို ပြန်လည်ကုစားနေစဉ် တခြားဂိုဏ်းများအားလုံးက ဝမ်ဝေ့နှင့်အတူ နောက်ထပ်လုပ်မည့်အရာကို ဆွေးနွေးနေကြသည်။

ဉာဏ်အလင်းပွင့် ဧကရာဇ်ကျောင်းတော်ထဲတွင် ကျောင်းအုပ် ပိုင်ဟန်က ကျောင်းတော်၏ ဆရာ၊ဆရာမများအားလုံးနှင့် အစည်းအဝေးတစ်ခု ကျင်းပနေသည်။

သူ မေးလိုက်သည်

“ ကျုပ်တို့ အခု ဘာလုပ်သင့်တယ်လို့ ထင်ပါသလဲ”

အခန်းက ရုတ်တရက် ငြိမ်သက်သွားသည်။ သူတို့မျက်နှာပေါ်တွင် စိုးရိမ်သော မျက်နှာထားများ ဖြစ်ပေါ်လာသည်။ တာအိုအခွင့်အလမ်းဂိုဏ်းမှ သခင်လေး၏ ကျွမ်းကျင်ထက်မြက်မှုက သူတို့၏ နားလည်မှုကို စိတ်လှုပ်ရှားသွားစေပြီး လက်ခံဖို့အတွက် စိတ်အားထက်သန်သွားစေသည်။

“ငါတို့ သူ့ကို သတ်ဖို့အတွက် မရဏအမိန့်နန်းတော်ဆီ အလုပ်အပ်လိုက်ရင် ဘယ်လိုလဲ” ဆရာတစ်ယောက်က ပြောလိုက်သည်။

သို့သော် တစ်ယောက်က ခေါင်းယမ်းကာ ဝင်ပြောလိုက်သည်

“ မဖြစ်သေးဘူး။ ကျွန်တော်တို့ လုပ်ကြံသတ်ဖြတ်သူကို ငှားရမ်းလိုက်မယ်ဆိုရင် ဒါက စည်းကမ်းကို ချိုးဖောက်လိုက်တာပဲ”

“ ပြီးတော့ တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ ပတ်သက်လာရင် အောင်မြင်နိုင်ပါမယ်ဆိုတဲ့ အာမခံချက်မရှိဘူး။ သူတို့ သိသွားတာနဲ့ အဆင့်နိမ့် နယ်ပယ်မှာရှိတဲ့ လင်းဖန်ကိုလည်း ဆန့်ကျင်တိုက်ခိုက်ကြလိမ့်မယ်” နောက်ထပ်လူတစ်ယောက်က ဝင်ပြောလိုက်သည်။

“ ဒါဆိုရင် ငါတို့က ဘာမှမလုပ်ကြတော့ဘူးလား”

ရုတ်တရက် ကျောင်းအုပ် ပိုင်ဟန်က ချောင်းဟန့်လိုက်သည့်အခါ တစ်ခန်းလုံး ငြိမ်ကျသွားပြီး သူ့ကို အာရုံစိုက်လာကြသည်။

သူက ပြောလိုက်သည်

“ ဒါဆိုရင် ဟွင်သွမ်းချီကို သန့်စင်ဖို့အတွက် လင်းဖန်ဆီ ပို့ခွင့်ပေးပါ။ အဲဒါနဲ့ဆိုရင် ဟွင်သွမ်းရုပ်ခန္ဓာ နောက်ထပ်တစ်ဆင့် တက်သွားမှာပဲ”

ထို့နောက် လူတစ်ယောက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်

“ ကျောင်းအုပ်ကြီး အဲလိုလုပ်လို့ မရပါဘူး။ ဒါက ကျောင်းတော်မှာ ရှိတဲ့ တစ်ခုတည်းသော ဟွင်သွမ်းချီ ဖြစ်တဲ့အပြင် ကျွန်တော်တို့ရဲ့ လျှို့ဝှက်အုတ်မြစ်အဖြစ် အသုံးပြုတဲ့အရာလေ”

တခြားဆရာ၊ ဆရာမများ ဘာမှမပြောသော်လည်း သူတို့၏ တိတ်ဆိတ်မှုကပင် သူ ပြောတာကို သဘောတူကြောင်း ပြသနေသည်။

ကျောင်းအုပ်ပိုင်ဟန်က သူတို့၏ တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသည့်အခါ သက်ပြင်းချလိုက်မိသည်။ သူ သူတို့ကို အပြစ်တင်လို့ မရနိုင်ပေ။ ဟွင်သွမ်းချီက အမှန်တကယ်လည်း အဖိုးတန်လှသည်။ ထိုအရာက သေမျိုးတစ်ယောက်ကိုပင် ဘာဘေးထွက်ဆိုးကျိုးမှမရှိဘဲ သူတော်စင် နယ်ပယ်အဆင့်သို့ ရောက်ရှိစေနိုင်သည်။

အဆင့်နိမ့်ကမ္ဘာကို အလယ်အလတ်ကမ္ဘာအဖြစ် ပြောင်းလဲပေးနိုင်ပြီး အလယ်အလတ်ကမ္ဘာကို မဟာကမ္ဘာအဖြစ် အဆင့်မြှင့်နိုင်သည်။ ဧရာမကမ္ဘာကို ကောင်းကင်အလိုဆန္ဒကမ္ဘာအဖြစ် ပြောင်းလဲနိုင်သည်ဆိုသော ကောလဟာလများလည်း ရှိသည်။

ဒီထက်ပိုပြီးအရေးကြီးသည်က ဟွင်သွမ်းချီဖြင့် ဧကရာဇ်အဆင့် အသုံးအဆောင်များနှင့် ဆေးလုံးများကို ဖန်တီးဖို့ အသုံးပြုနိုင်သည်။ ဤချီ၏ တန်ဖိုးကို သိသော်လည်း ပိုင်ဟန်က လင်းဖန်ဆီ ပေးဖို့ တိုက်တွန်းနေဆဲ ဖြစ်သည်။ သို့သော် သူ တခြားဆရာ၊ ဆရာမများကို စည်းရုံးဖို့အတွက် လိုသေးသည်။

သူက ပြောလိုက်သည်

“ မင်းတို့အများစုက အလိုမရှိဘူးဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ တာအိုအခွင့်အလမ်းဂိုဏ်း၏ သခင်လေး တိုးတက်နေတဲ့ နှုန်းအရဆိုရင် သူ့အဖေလိုမျိုး ဖြစ်လာပြီးတော့ သူ့မျိုးဆက်ရဲ့ ကောင်းကင်ရွေးချယ်ခံတွေ အားလုံးကို ဖိနှိပ်နိုင်မဲ့ အခွင့်အလမ်းများတယ်။

ဟွင်သွမ်းချီက တန်ဖိုးရှိတယ်ဆိုပေမဲ့ အသုံးချမှ တန်ဖိုးရှိတာလေ။ လင်းဖန်ရဲ့ ဟွင်သွမ်းရုပ်ခန္ဓာနဲ့ဆိုရင် သူသာ တာအိုကို သက်သေပြပြီးသွားရင် ကျောင်းတော်ကို ရှုပ်ထွေးပွေလီ ဆယ်ဆလောက် ပြန်ပြီးတော့တောင် ပြန်ပေးနိုင်တယ်။ အဲဒါမရှိဘူးဆိုရင် သူက သခင်လေးဝမ်ဝေ့ကို တိုက်ခိုက်နိုင်ပါ့မလားဆိုတာ သံသယဖြစ်မိတယ်”

ဆရာ၊ ဆရာမများက တွေဝေနေဆဲဖြစ်သော်လည်း သူတို့၏ ကောင်းကင်ရွေးချယ်ခံအား ဟွင်သွမ်းချီ ထောက်ပံ့ပေးရန် သဘောတူလိုက်သည်။ ထိုအရာတင် မကသေးပေ။ သူတို့က လင်းဖန်အား ချောက်နက်တိုက်ပွဲနယ်မြေသို့ ပို့ဖို့ပါ သဘောတူလိုက်ကြသည်။ ထိုနေရာကို ကျောင်းတော်မှ ထိန်းချုပ်ထားပြီး အဆုံးမဲ့ သတ်ဖြတ်မှုများကို ရင်ဆိုင်ကာ တိုက်ခိုက်စွမ်းရည်တိုးတက်စေရန် နေ့ရောညပါ တိုက်ခိုက်ရမည့်နေရာ ဖြစ်သည်။

ပြောင်းလဲမှုမြန်သော လှုပ်ရှားမှုကို လုပ်ခြင်းက ဉာဏ်အလင်းပွင့် ဧကရာဇ်ကျောင်းတော် တစ်ခုတည်း မဟုတ်ပေ။ ကောင်းကင်ရွေးချယ်ခံရှိသည့် စွမ်းအားကြီးဂိုဏ်းတိုင်း ကျောင်းအုပ်ပိုင်ဟန်ကဲ့သို့ ဆုံးဖြတ်ချက်မျိုး လုပ်ပါက ပုလ္လင်ပေါ်မှာ ထိုင်နိုင်မည့် အခွင့်အရေးရရှိမည်ဟု ယုံကြည်ကြသည်။

ရှည်လျားကောင်းမွန်သော အိပ်စက်ခြင်းမှ နိုးထလာသည့်အခါ ဝမ်ဝေ့ ခါတိုင်းထက်ပိုပြီး လန်းဆန်းနေသည်။ သူ့ကို တစ်နေရာရာသို့ ခေါ်သွားရန် အစေခံတစ်ယောက်ကို ခေါ်လိုက်သည်။

အစီအရင်အချို့ကို ဖြတ်သန်းပြီးနောက် ဝမ်ဝေ့ မိုးကြိုးများဖြင့် တောက်ပနေသည့် ရေကန်ရှိရာ အမှောင်ခန်းတစ်ခုထဲသို့ ရောက်သွားသည်။ ထိုမိုးကြိုးများက အနက်ရောင် ဖြစ်သည်။

ထိုအရာက ဤအခန်းထဲတွင် သိုလှောင်ထားသော နတ်ဘုရားအပြစ်ဒဏ် ဖြစ်ပြီး အရည်ဖျော်ထားခြင်း ဖြစ်သည်။ အခန်းထဲရှိ ရေကန်တစ်ခုလုံးက မိုးကြိုးအရည်များ ဖြစ်သည်။

ဝမ်ဝေ့က ခေါင်းလှည့်ကာ အစေခံကို မေးလိုက်သည်

“ မင်းအဲဒါကို ကိုယ်တိုင် မြင်ခဲ့တာလား”

“ ဟုတ်ပါတယ် သခင်လေး။ မဟာအကြီးအကဲလုံပေါ် အစီအရင်ကနေ တစ်ခုခု ယူသွားတာကို တွေ့လိုက်ပါတယ်”

ဝမ်ဝေ့က သူမ၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်

“ ကောင်းတယ်။ ဝမ်ကျူ ပြန်လာရင် မင်းကို တာဝန်ပိုပေးဖို့ ပြောပေးမယ်”

အစေခံမလေးက ချက်ချင်း အရိုအသေပေးကာ ပြောလိုက်သည်

“ ကျွန်မက ကိုယ့်အလုပ်ကို လုပ်ရုံပါ သခင်လေး”

ဝမ်ဝေ့ပြုံးကာ ဦးတည်ရာဘက် တစ်ခုဆီ လှမ်းကြည့်ကာ ရေရွတ်လိုက်သည်

“ နောက်ထပ် သားကောင်တော့ ဖမ်းမိပြီ။ သူ ငါ့ကို စိတ်ပျက်အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်”

All Chapters