← Chapters

သွားသေလိုက်တော့

Vol. 81-85 Ch. 1258

သွားသေလိုက်တော့

Vol. 81-85 Ch. 1258

ပိုင်ရွှယ်သည် အလွန် ဉာဏ်ကောင်းသူ ဖြစ်သောကြောင့် ချက်ချင်း ရိပ်မိသွားသည်။

“နောက်ယောင်ခံလိုက်လာတဲ့လူတွေ ရှိတာလား”

ယဲ့ဖန် ပြုံး၍ ပြန်ပြောလိုက်သည်။

“မင်းအဖေက ငါတို့ကို မြို့တော်ထဲကနေ အေးအေးဆေးဆေး ထွက်သွားခွင့် ပေးလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား”

“ငါတို့အပေါ် ထားတဲ့ သူ့အမုန်းတရားကို မင်း လျှော့တွက်လွန်းသလို သူ့အတိုင်းအတာကိုလည်း အထင်ကြီး လွန်းတယ်”

ထိုသို့ပြောနေချိန်တွင် စစ်သည်တစ်သောင်းက နျူကလီးယား စွမ်းအင်သုံး စစ်ကားများကို မောင်းနှင်ကာ လက်နက် အပြည့်အစုံနှင့် အရှိန်တင်ကာ လာနေကြသည်။ သူတို့ လုံးဝ သက်ညှာပေးချင်စိတ် မရှိမှန်း သိသာ လှသည်။

ထိုစစ်သည်များကို ဦးဆောင်လာသည့် ခေါင်းဆောင်မှာ မင်းဆရာပင် ဖြစ်လေတော့သည်။ စစ်သည်တော် တစ်သောင်းအပြင် သူ့အနောက်မှ ဘုရင်အဆင့်သို့ ရောက်နေသော သွေးဆူးချွန်အဖွဲ့သား ဆယ်ယောက်ကျော်ပါ လိုက်ပါလာ၏။

ဤသည်ကိုမြင်သော် ယဲ့ဖန်က ထွက်မပြေးဘဲ ရပ်မြဲရပ်၍ သူတို့ကို စောင့်နေလေသည်။ မင်းဆရာသည် ပထမ၌ အံ့ဩသွားပြီးမှ ရက်စက်သော အမူအရာမျိုး ဖြစ်ပေါ်လာသည်။

“မျိုးမစစ်လေး အေးအေးဆေးဆေး နားနေရအောင် သတ္တိတွေ ကောင်းလှချည်လား၊ မင်း အသက်ကို တော်တော် ရှည်နေပြီလို့ ထင်နေတာလား”

ယဲ့ဖန်က သူ့အား တည်ငြိမ်စွာ ကြည့်နေပြီး သရော်ပြုံး ပြုံးနေသည်။

“လူများတာနဲ့ နိုင်ပြီ ထင်နေတာလား”

“ဟ”

မင်းဆရာနှင့် အခြားသူများသည် ယဲ့ဖန်၏ မောက်မာမှုကြောင့် ရယ်ချင်သွားကြသည်။

*ဒီကောင်က သူ့ကိုယ်သူ သူတော်စင်သခင်အဆင့်လို့ ထင်နေတာလား*

သူတို့၏ စစ်သည်တစ်သောင်းသာ ပြိုင်တူတိုက်ခိုက်လာလျင် မည်သည့် ဘုရင်အဆင့် သိုင်းပညာရှင်ကိုမဆို အနိုင်ယူ နိုင်၏။

*ယဲ့ဖန်က သူတို့ကို အထင်သေးရဲသည်တဲ့လား*

“ဘာလဲ မင်းကို သတ်ဖို့အတွက်နဲ့ အင်ပါယာက သန်းချီတဲ့ စစ်သည်တော်တွေကို စုဆောင်းရမယ်လို့ ထင်နေ တာလား”

မင်းဆရာက သရော်လေသည်။

“အဲ့လို ဖြစ်သင့်တာပေါ့၊ အဲ့လိုမှမဟုတ်ရင် ခင်ဗျား ကျုပ်ကို မသတ်နိုင်မှာ စိုးရတယ်”

ယဲ့ဖန်ကလည်း လှောင်ပြုံး ပြုံးနေသည်။

“မင်း စိတ်မပျက်စေဘူး”

မင်းဆရာက လက်ဝှေ့ယမ်း၍ ခက်ထန်စွာ အမိန့်ပေးလိုက်သည်။

“သူ့ကိုရိုက်ချိုးပြီး ဟိုခွေးမကို ပြာဖြစ်အောင် လုပ်ပစ်လိုက်”

“အဲ့လို ဖြစ်မှာမဟုတ်ဘူး၊ ခင်ဗျားပဲ စိတ်ပျက်သွားရမှာ”

ယဲ့ဖန် အားပါးတရ ရယ်မော၍ လက်ကို လှုပ်ခါလိုက်သည်။ ထိုအခါ ဟေးဖုန်းရွာမှ သူ သိမ်းလာသည့် မျိုးစုံသော လက်နက်များ ထွက်ပေါ်လာပြီး စစ်သည်တစ်သောင်းအား ချိန်ရွယ်လာလေသည်။

“မကောင်းတော့ဘူး”

ဤလက်နက်များကို မြင်ပြီး မင်းဆရာ မျက်လုံးပြူးကာ ကြောက်လန့်သွားလေသည်။ သူ့အရှေ့မှ သေနတ်များ၏ လူသေနိုင်စွမ်းက ရှင်းပြစရာပင် မလိုပေ။ ဟေးဖုန်းရွာကို တိုက်ခိုက်စဉ်က ထောင်ချီသော စစ်သည်တော် များကိုပင် ဤလက်နက်များက တားဆီးနိုင်သဖြင့် ယခု စစ်သည်တစ်သောင်းအား ပြောနေစရာပင် မလို တော့ချေ။

*ဒီသူတောင်းစားကတော့ကွာ … ဒီလက်နက်တွေကို တကယ်ကြီး သူ့လက်ထဲမှာ သိမ်းထားတာပဲ*

*သွားပြီ*

*ငါတို့တော့ မှားပြီ*

“အားလုံး … ငရဲကိုသွားလိုက်တော့”

ယဲ့ဖန်က ဟက်ဟက်ပက်ပက် ရယ်မော၍ စက်သေနတ်များအား စတင်ပစ်ခတ်ရန် ထိန်းချုပ်လိုက်သည်။

“ဝုန်း”

ပြင်းထန်သော ပစ်ခတ်ပေါက်ကွဲသံများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားပြီး အင်ပါယာ၏ မြို့တော်ကြီးအား တုန်ခါသွားစေသည်။ ဤပေါက်ကွဲမှုသည် ဘုရင်အဆင့်ကိုပင် အသာလေး ခုခံနိုင်သည့် ပြင်းထန်သော ပေါက်ကွဲမှုပင်။

သူတော်စင်သခင်အဆင့်တောင်မှ ဤလောကရှိ ကြောက်စရာအကောင်းဆုံးသော လက်နက်ကို အသည်းအသန် ခုခံရမည် ဖြစ်သည်။

ထိုပေါက်ကွဲမှုသည် မီးတောင်ပေါက်သကဲ့သို့ ရုတ်တရက် ဖြစ်ပေါ်လာသောကြောင့် ကြောက်လန့်ကာ တွေဝေနေသော စစ်သည်တော်များ ခုခံရန်ပင် မေ့လျော့သွားကြသည်။

တစ်ခဏအတွင်းမှာပင် မြေဆီလွှာ ပျက်စီးပြိုပျက်ကာ ရှေ့တန်းမှ စစ်သည်တော်များ လွင့်ထွက်သွားပြီး ပြာဖြစ်သွားလေသည်။ တစ်ခဏအတွင်း စစ်သည်တော် ငါးထောင် ကျဆုံးသွားလေသည်။

နျူကလီးယားစွမ်းအင်ဖြင့် ပြုလုပ်ထားသည့် သံချပ်ကာ စစ်ရထားလုံးပင် မခံနိုင်ဘဲ ချက်ချင်း ပျက်စီးသွားသည်။ ဤပစ်ခတ်မှုသည် အားလုံးကို ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။

ကျန်စစ်သည်တော်များ ချက်ချင်း ကြောက်လန့်တကြား ဖြစ်သွားကြသည်။

*သူတို့ ဘာမှမလုပ်နိုင်ခင်မှာတင် ယဲ့ဖန်ဆီမှာ အသတ်ခံလိုက်ရပြီလား*

*ဒါကို ဘယ်လိုတိုက်မလဲ*

*ငါတို့ သတ်ဖို့လာတာ မဟုတ်ဘူးလား၊ အခု ငါတို့က အသေခံဖို့ ရောက်လာသလို ဖြစ်နေပြီ*

“မျိုးမစစ်ကောင် မင်းအသက်နဲ့ ပြန်ပေးဆပ်ခိုင်းမယ်ကွ”

မင်းဆရာ အလွန် ဒေါသထွက်နေ၏။ စစ်သည်တစ်သောင်းနှင့်အတူ နှိမ်နင်းရန် ရောက်လာသော်လည်း ပြိုင်ဘက် ထံ၌ မိမိလူများ ချက်ချင်း အသတ်ခံလိုက်ရသည်။ အင်ပါယာ၏ ဦးနှောက်ဟု တင်စားခံရသော သူ့အတွက် ရှက်စရာပင်။

လက်ရှိအချိန်၌ သူသည် ဒေါသူပုန်ထကာ မျက်လုံးထဲ၌ မုန်းတီးသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး သူ့အနောက်မှ ရောင်ခြည်များ ထွက်ပေါ်လာသောကြောင့် သူ့အား နတ်ဘုရားတစ်ပါးဟုပင် ထင်မှတ်မှား လာရသည်။ သူသည် သူတော်စင်သခင် တစ်ပိုင်းအဆင့်သို့ ရောက်နေသောသူ ဖြစ်နေ၏။

လေတိုးသံ ထွက်ပေါ်လာပြီးနောက် ထိန်းချုပ်မရသည့် ဒေါသအရိပ်အယောင်များ ပျံ့လွင့်လာသည်။ မင်းဆရာ၏ လက်ထဲ၌ ဧရာမ မှော်ဓားတစ်လက် ရှိနေပြီး ယင်းဓား၌ ယန်စွမ်းအင်များက မြစ်တစ်စင်းသဖွယ် စီးဆင်းနေသည်။

ဧကရာဇ်ဓား၊ ၎င်းဓားသည် အတိတ်အခါက အင်ပါယာကို ပထမဆုံး တည်ထောင်ခဲ့သည့် ဧကရာဇ်၏ ကောင်းကင်အဆင့် မှော်လက်နက် ဖြစ်လေသည်။

“မင်းဆရာက ဧကရာဇ်ရဲ့ ဓားကို သုံးပြီဆိုတော့ ဒီကောင် သေရမှာကိုတောင် ဂုဏ်ယူသင့်တယ်”

သွေးဆူးချွန် အဖွဲ့သားများက ကျိတ်ရယ်နေ၏။

“လူတွေက အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကိုပဲ စစ်နတ်ဘုရားလို့ သိထားကြတာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ငါးရာက အင်ပါယာမှာ ခရမ်းရောင်ဝတ်ရုံ ဓားဧကရာဇ် ရှိခဲ့တာကို သူတို့ မသိကြဘူး၊ သူ့ရဲ့ ဓားရေးက အင်ပါယာထဲမှာ အမြင့်ဆုံးပဲ”

“မင်းဆရာသာ အခုထိ စစ်မြေပြင်မှာ နေနေဦးမယ်ဆိုရင် အဲ့အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား ဘယ်ချောင် ရောက် နေမှန်းတောင် သိမှာ မဟုတ်ဘူး”

အားလုံး၏ မျက်နှာတွင် လေးစားရိပ်များ ထင်ဟပ်နေသည်။ မင်းဆရာ၏ နောက်ခံသည် အလွန် ထူးခြား ဆန်းကြယ်လှသည်။ သို့သော် အတိတ်တုန်းက မင်းဆရာ မည်မျှ ကြောက်စရာ ကောင်းခဲ့သည်ကို သွေးဆူးချွန် အဖွဲ့သားများ သိကြလေသည်။

မင်းဆရာတစ်ယောက် ယခုကဲ့သို့ တိုင်းပြည်၏ မင်းဆရာ မဖြစ်သေးသလို လေ့ယန်နိုင်ငံကလည်း သူတို့နှင့် မဟာမိတ် ဆက်ဆံရေး မထူထောင်ရသေးခင် အချိန်၌ လေ့ယန်နိုင်ငံက အင်ပါယာထဲသို့ ကျူးကျော် ဝင်ရောက် ခဲ့သည်။

ထိုအခါက မင်းဆရာသည် ဓားတစ်လက်ဖြင့် ရန်သူ သုံးထောင်ကို တစ်ချက်တည်း သတ်ခဲ့သဖြင့် တစ်နိုင်ငံလုံး ဆူညံ ပွက်လောရိုက်ခဲ့သည်။

နောက်ပိုင်းတွင် သူသည် စစ်မှုရေးရာဘက်မှ နောက်ဆုတ်လိုက်သဖြင့် အင်ပါယာ၌ မင်းဆရာသာ ရှိလာပြီး ခရမ်းရောင်ဝတ်ရုံ ဓားဧကရာဇ် ပျောက်ကွယ်သွားလေသည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် မင်းဆရာ၏ ဓားရေးကို သူတို့ ပြန်မြင်နိုင်မည့် နေ့ရက်မျိုး ရောက်လာလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

“ခရမ်းရောင်ဝတ်ရုံ ဓားဧကရာဇ် ရန်သူတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်တာ၊ ဧကရာဇ်ရဲ့ ဓားချက်အောက်မှာ ဘယ်သူမှ အသက်မရှင်ဘူး၊ မင်းဆရာရဲ့ လက်ထဲကနေ သူ ဘယ်နှစ်ကွက်လောက် အသက်ရှင်နိုင်မယ် ထင်လဲ”

“မင်းမေးခွန်းက မှားနေပြီ၊ ဒီကောင် ဘယ်နည်းနဲ့ သေမလဲလို့ မေးရမှာ”

သွေးဆူးချွန် အဖွဲ့သားများအားလုံး အပြုံးကြီးပြုံးကာ ယဲ့ဖန်အား သေလူသဖွယ် ကြည့်နေကြသည်။

“ပထမဓားချက်က မင်းကို ထိတ်လန့်စေလိမ့်မယ်”

မင်းဆရာက ဓားကိုဝင့်၍ ယဲ့ဖန်ထံသို့ ခုတ်ပိုင်းချလိုက်သဖြင့် သူ့အရှေ့မှ ခံတပ်သဖွယ် ထားထားသော စက်သေနတ်များ ပျက်စီးသွားလေသည်။

“ဟားဟားဟား … သူ့ခံစစ် မရှိတော့ဘူးဆိုတော့ သူ ဘယ်လိုလုပ်မလဲ ကြည့်ရသေးတာပေါ့”

သွေးဆူးချွန်အဖွဲ့သားများ ခွက်ထိုးခွက်လန် ရယ်မောကြသည်။ စစ်သည်တော်များသည်လည်း အမုန်းကြီး မုန်းနေကြ၏။ ယခုလေးတင် သူတို့၏ ရဲဘော်များ အသတ်ခံခဲ့ရသည်။ ယခု တစ်ဖက်လူ၏ ခံစစ် ပျက်စီး သွားသဖြင့် ယဲ့ဖန် သေချာပေါက် သေရပေလိမ့်မည်။

“ဒုတိယဓားချက်က မင်းကို တုန်လှုပ်စေလိမ့်မယ်ကွ”

ဒုတိယဓားချက်တွင် ဓားစွမ်းအင်က တစ်ဟုန်ထိုး မြင့်မားကျယ်ပြန့်လာ၏။ ထို့နောက် ယင်းဓားချက်က သစ်ပင်များအား ဖြတ်တောက်သွားပြီးနောက် ယဲ့ဖန်ထံ ကျရောက်လာလေသည်။

ယဲ့ဖန်က အထင်သေးသော မျက်နှာထားနှင့် ဘေးသို့ တစ်ချက်ယိမ်းလိုက်သည်။ ထိုအခါ ဓားစွမ်းအင်က သူ့ဘေးမှ ဖြတ်ကျော်သွားသည်။ သို့သော် ခပ်လှမ်းလှမ်းမှ မင်းဆရာက ကောက်ကျစ်သော အပြုံးမျိုး ပြုံးလာ၏။

ထိုအပြုံးကို မြင်ပြီး ယဲ့ဖန် စိတ်လေးသွားသည်။ ထိုအခါတွင်မှ ဓားစွမ်းအင်၏ ပစ်မှတ်က သူ မဟုတ်ဘဲ သူ့အနောက်မှ ပိုင်ရွှယ် ဖြစ်နေသည်ကို သတိထားမိသွားလေသည်။

မင်းဆရာသည် သာမန်လူ မဟုတ်ပေ။ ပိုင်ရွှယ်၏ စိတ်နှင့် နည်းလမ်းများကို သူ ရိပ်မိပြီး အင်ပါယာ၏ စည်းမျဉ်းများကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်နိုင်စွမ်း ရှိမှန်း သိလေသည်။ ယခု သူ့ဘက်၌ ယဲ့ဖန်ပါ ရှိနေသဖြင့် ပိုအင်အားကြီးလာသည်ဟု ဆိုရပေမည်။ ထို့ကြောင့် ဤသို့သော ခြိမ်းခြောက်မှုမျိုးအား မြန်နိုင်သမျှ မြန်မြန် ရှင်းပစ်မှ ဖြစ်မည်။

ယဲ့ဖန်၏ မျက်လုံးများက ဒေါသကြောင့် စူးရဲလာပြီး ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ ပိုင်ရွှယ်မှာမူ မျက်နှာ ဖြူရော် သွားပြီး နေရာ၌ ကြက်သေ သေကာ ရှောင်တိမ်းရန် မေ့လျော့နေ၏။

ဓားစွမ်းအင်၏ အရှိန်အဟုန်က ကြီးမားပြင်းထန်လှသဖြင့် သူမ ရှောင်ချင်လျင်တောင်မှ မရှောင်နိုင်ပါ။ ပိုင်ရွှယ်က လှပစွာ ပြုံးလိုက်ပြီးနောက် စိတ်ထဲ၌ ဤသို့ တွေးလိုက်မိသည်။

*ဒီလို သေရတော့လည်း မဆိုးဘူး ထင်ရတာပဲ*

*အနည်းဆုံးတော့ ငါ့အနားမှာ ဘယ်သူမှ ရှိမနေတာမျိုး မဟုတ်ဘူးလေ*

*လူယုတ်မာတွေ ဒီမင်းသမီးကို ငယ်ငယ်လေးနဲ့ သေသွားအောင် သတ်လိုက်တာ နင်တို့ပဲ၊ အရွယ်မရောက်သေးဘဲ သေသွားရတော့မှာ၊ ယဲ့ဖန် ရှင် ကျွန်မအတွက် လက်စားချေကို ချေပေးရမယ်နော်*

သူမကံကြမ္မာကို လက်ခံလိုက်ပြီး မျက်လုံး မှိတ်လိုက်သည်။

“ရွှစ် ရွှစ်”

ဓားစွမ်းအင်များက ခန္ဓာကိုယ်ကို ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လာ၏။ အရာအားလုံး သုသာန် တစပြင် အလား တိတ်ဆိတ်သွားသည်။ လူတိုင်း စကားမပြောနိုင်ဘဲ မျက်လုံးအပြူးသားနှင့် မျက်စိရှေ့မှ မြင်ကွင်းကို မယုံနိုင်စွာ ကြည့်နေကြသည်။

ပိုင်ရွှယ် အချိန်အတော်ကြာအောင် စောင့်မျှော်နေသော်လည်း ဘာဒဏ်ရာမှ မရသဖြင့် ဇဝေဇဝါဖြင့် မျက်လုံး ပြန်ဖွင့်ကြည့် လိုက်သည်။ ထိုအခါ သူမရှေ့၌ ဖြူရော်၍ သုန်မှုန်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရလေသည်။

ယဲ့ဖန်သည် ပိုင်ရွှယ်ကို တင်းနေအောင် ဖက်၍ ကျောပြင်ဖြင့် ဓားစွမ်းအင်များကို ခုခံခဲ့သဖြင့် သွေးအလိမ်း လိမ်းနှင့် ဒဏ်ရာ ဗလပွ ဖြစ်နေ၏။

“နင် … နင် ရူးနေပြီ”

ပိုင်ရွှယ် ချက်ချင်း မျက်ရည်လည်ရွဲ ဖြစ်သွားသည်။

*ဒီလူ ဘာတွေတွေးနေတာလဲ၊ သိတာ တစ်ပတ်တောင် မရှိသေးတဲ့ ကလေးမလေးအတွက်နဲ့တောင် သူ့အသက်ကို စတေးနေတာလား*

ယဲ့ဖန်၏ ဖြူရော်နေသော မျက်နှာကိုကြည့်ပြီး ပိုင်ရွှယ်တစ်ယောက် နှလုံးသားကို ဓားနှင့် မွှေ့ယမ်းခံလိုက်ရသလို ခံစားလိုက်မိသည်။

“မင်း တော်တော် ရူးတာပဲ”

မင်းဆရာသည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်ကာ အော်ဟစ် ငေါက်ငမ်း လိုက်သည်။ ယဲ့ဖန် ထိုသို့လုပ်လိမ့်မည်ဟု သူ ထင်မထားမိပါ။

*သူနဲ့ ပိုင်ရွှယ်ကြားက ပတ်သက်မှုက ဘာလဲ၊ သူ့အသက်နဲရင်းပြီး ကာကွယ်ဖို့ ထိုက်တန်လို့လား*

*အရူး*

*ရူးနေတာပဲ*

သို့သော် ယဲ့ဖန်က ခေါင်းမော့၍ ပိုင်ရွှယ်အား တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းကံတရားကို လက်ခံလိုက်တာလား”

ပိုင်ရွှယ် မှင်တက်သွားပြီး ဘာမှမပြောနိုင်ချေ။

“မင်းကံတရားကို လက်ခံဖို့ ငါ ခွင့်ပြုလိုက်လို့လား၊ ငါ မင်းကို သေဖို့ ခွင့်ပြုခဲ့လို့လား”

ထို့နောက် ယဲ့ဖန်က သုန်မှုန်နေသော မျက်နှာထားဖြင့် ဆက်လက်၍ မာန်မဲလေသည်။

“နားထောင် ငါ့ကို ကောင်းကောင်းနေစေချင်ရင် မင်း ပုလ္လင်ပေါ် ထိုင်မှရမယ်၊ ငါ မင်းကို အသက်ရှင်ခွင့်ပဲ ပေးမယ်၊ မင်းကို သေဖို့ ငါ ခွင့်မပြုထားဘူး”

ပိုင်ရွှယ် တစ်ခဏမျှ ကြက်သေ သေနေပြီးနောက် ငိုကြွေးလေတော့သည်။

“ရှင် ဘယ်လိုလုပ် ဒီလောက် အထက်စီးဆန်ရတာလဲ၊ ရှင် မသေနဲ့လို့ ပြောတာနဲ့ပဲ ကျွန်မ မသေရဘူးလား”

ယဲ့ဖန်က သူမကို ခပ်ပြင်းပြင်း ကိုင်လှုပ်လိုက်သည်။ သူမ နာကျင်သောကြောင့် မျက်ရည် ပိုကျလာပြီး ပြန်အော်လိုက်သည်။

“အရူး နင်ကများ ဒီမင်းသမီးကို ရိုက်ရဲတယ်လား၊ ဒီမင်းသမီးက နင့်အပြစ်အတွက် ဒဏ်ခတ်မှာ၊ နင့်ခေါင်းကို ဖြတ်ပစ်မှာ”

သူမ ပြောပြီး ယဲ့ဖန်၏ ခြေသလုံးကို ကန်လေသည်။ သံချောင်းကို ကန်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူမ နာကျင်ကာ ဆွေ့ဆွေ့ခုန်သွားသည်။ ထိုစဉ် ယဲ့ဖန်က မင်းဆရာကို လှည့်ကြည့်လေ၏။

“ကောင်းတယ်၊ ခင်ဗျား သိပ်တော်နေတာ၌ဲ”

သူ့စကား၌ လူသတ်ချင်စိတ်များ ရောပြွမ်းနေကြောင်း ပြောနေစရာပင် မလိုတော့ချေ။ မင်းဆရာက သရော်ပြုံး ပြုံးကာ ပြန်ပြောလိုက်သည်။

“မင်း ဒေါသထွက်နေတာလား၊ ငါ မင်း ပိုဒေါသထွက်အောင် ပြောရဦးမယ်၊ ဟေးဖုန်းရွာက သူ ရှိတဲ့နေရာကို ရှာနိုင်တာက ငါ ပြောလိုက်လို့ပဲ၊ ရီဆု သူ့ကို ပြဿနာ ရှာရတဲ့ အကြောင်းရင်းကလည်း ငါ့စနက်ပဲ”

နှစ်ကြိမ်ဆက်တိုက် ပိုင်ရွှယ် မသေခဲ့သဖြင့် စိတ်ချရအောင် သူကိုယ်တိုင် ရှေ့ထွက်၍ ဖြေရှင်းရခြင်း ဖြစ်သည်။ သတ်ဖြတ်ချင်စိတ်များက မုန်တိုင်းသဖွယ် ပြင်းထန်လာ၏။

ယဲ့ဖန်၏ မျက်လုံးများက သွေးသဖွယ် ရဲရဲနီလာပြီး နတ်ဆိုးတစ်ကောင် နိုးထလာသလိုပင်။ သူ၏ အရှိန်အဝါ ကလည်း ပြင်းထန်လာလေသည်။

“ဒါဆိုရင် မင်း ငရဲကို သွားလိုက်တော့”

ယဲ့ဖန် ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။ သူ့လက်မှ သွေးကြောများ ထောင်နေပြီး အလွန် ဒေါသထွက်နေကြောင်း သိသာ လှသည်။

“စက်သေနတ် အကူအညီ မရှိဘဲနဲ့ မင်း ငါတို့ကို ဘာလို့ တိုက်နေတာလဲ”

“သူ့ကို သတ်ကွာ”

သွေးဆူးချွန် အဖွဲ့သားများသည် ချက်ချင်း ဒေါသူပုန်ထကာ အနောက်မှ စစ်သည်တော်များကို ဦးဆောင်၍ ရှေ့သို့ ပြေးတက် လာ၏။

ပြင်းထန်သော တိုက်ခိုက်မှုများက ယဲ့ဖန်ပေါ် ပြုံကျလာသည်။ သံချပ်ကာကား ခုနစ်စီး ရှစ်စီးက ယဲ့ဖန်ထံ မောင်းနှင်လာသည်။ သူတို့ ယဲ့ဖန်ကို တက်ကြိတ်၍ သတ်ချင်နေသည်။ ထိုအခါ ယဲ့ဖန်က နောက်မဆုတ်ရုံ တင်မကဘဲ အရှိန်တင်၍ သံချပ်ကာကားထံ ထိပ်တိုက် တိုးဝင်လာလေသည်။

သံချပ်ကာကားများ တစ်စစီ ပျက်စီးလွင့်ပြယ်ကာ ယဲ့ဖန် ပြေးလာသည့် လမ်းကြောင်းမှ လွင့်ထွက်သွားကြသည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ”

စစ်သည်တော်များအားလုံး တစ်ကိုယ်လုံး အေးစိမ့်သွားပြီး တားဆီးမရနိုင်သော ဧရာမ သားရဲကြီးတစ်ကောင်ကို မြင်တွေ့လိုက်ရသည်ဟု ထင်မှတ်မှားသွားကြသည်။

All Chapters