← Chapters

အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၅)

Vol. 109 Ch. 1517

အထွတ်အမြတ် ကြယ်တာရာ သစ်ပင် (၅)

Vol. 109 Ch. 1517

ကျောက်တန်းလျားနား၌...

ထျန်းရီဝူမှာ မူလက ဗလာဟင်းလင်း ဖြစ်နေခဲ့သော လက်ဖဝါးထက်တွင် အသီး နှစ်လုံးကို ကိုင်ရင်း ရပ်နေခဲ့သည်။ သူ စူးစူးရဲရဲ အကြည့်သုံးခုကို ခံစားလိုက်ရ၏။ နာ့ရှင်းရီ၊ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ သုံးယောက် စလုံးမှာ တစ်ပြိုင်နက်တည်းပင် သူ့ကို ရှာတွေ့ သွားခဲ့ကြပြီ ဖြစ်သည်။ သာမန်လူ တစ်ယောက်ဆိုပါက ထိုအကြည့်ဖြင့်ပင် ဝိညာဉ်လွင့်မတတ် ထိတ်လန့် တုန်လှုပ် သွားကြလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ထျန်းရီဝူမှာ သာမန်လူ မဟုတ်ပါချေ။ သူက ပေါ့ပေါ့ပါးပါးပင် ပြုံးလိုက်ရင်း သစ်သီး သုံးလုံးကို ပေါ်တင်ပင် အိတ်ကပ်ထဲ ထည့်လိုက်၏။

“အရမ်းမိုက်တယ်...”

ဖျောင်း... ဖျောင်း... ဖျောင်း...

ထျန်းကျန်းဟန် ထရပ်လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။ ခြေတစ်လှမ်းမျှ မလှမ်းရသေးခင်မှာပင် ထျန်းရီဝူမှာ အသီးသုံးလုံးကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

သည် ထရပ်ပြီး စိတ်လှုပ်ရှားစွာ လက်ခုပ်တီးလိုက်သည်။ ခြေတစ်လှမ်းမျှ မလှမ်းဘဲ ထျန်းယင်ဝူ က အသီးသုံးလုံးလုံးကို ရရှိခဲ့သည်။

ဝှစ်...

လှပသည့် ပုံရိပ်ကလေး တစ်ခုမှာ ကောင်းကင်ယံကို ထိုးခွဲကာ ပျံသန်း သွားခဲ့၏။ နာ့ရှင်းရီ တစ်ယောက် ထျန်းရီဝူဘက်သို့ ဦးတည်ကာ ရွေ့လျား‌နေခဲ့ပြီ ဖြစ်လေသည်။

တစ်ချိန်တည်း၌ ဝူပိုင်ကျိုးနှင့် ရွှယ်ရီဖေးတို့ နှစ်ဦးစလုံးမှာလည်း ထျန်းရီဝူ ဘင်သို့ လှမ်းကြည့် နေကြသည်။ သူတို့၏ အပြင်ပန်း အမူအရာများမှာ တည်ငြိမ်နေသော်လည်း မျက်ဝန်းများ အတွင်းတွင်တော့ အံ့အားသင့်သည့် အငွေ့အသက်များ ခိုအောင်း နေခဲ့၏။ အထွတ်အမြတ် ကြယ်တာရာ သစ်သီးမှာ သူတို့၏ မျက်စိအောက်တွင်ပင် ခိုးယူခံလိုက်ရခြင်း ဖြစ်သည်။

တကယ်တမ်းအားဖြင့် မိန်းကလေး နှစ်ဦးစလုံးမှာ အထွတ်အမြတ် ကြယ်တာရာ သစ်သီးကို နည်းနည်းလေးမှ ဂရုမစိုက်ပါချေ။ အသီး၏ အစစ်အမှန် တန်ဖိုးမှာ အသီးပေါ်တွင် တည်ရှိနေခြင်း မဟုတ်ပဲ ၎င်းအား ရယူနိုင်သည့် ဂုဏ်သိက္ခာပေါ်တွင်သာ မူတည်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့မှာ အသီးအတွက် တစ်ယောက်ကို တစ်ယောက် မတိုက်ခိုက်ကြခြင်း ဖြစ်သည်။ အသီး၏ တန်ဖိုးမှာ သူတို့၏ သန့်စင်သော စွမ်းအင်များကို အသုံးပြုဖို့ မထိုက်တန်လှချေ။

“ထျန်းရီဝူ...”

ဝူပိုင်ကျိုးက မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သည့် အင်ပါယာ ကောင်းကင် အော်ရာများ ဖြာထွက်လာခဲ့သည်။

“...”

သူတို့ကို ဝန်းရံနေသည့် လူများမှာ ဇဝေဇဝါ ဖြစ်နေကြသည်။ သူတို့၏ အမြင်တွင်တော့ အသီးမှာ သည်အတိုင်း လေထဲတွင်ပင် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ထိုအနားတွင် ရှိနေသည်က မိန်းကလေး နှစ်ယောက်တည်းသာ ဖြစ်သည်။

အကယ်၍ ဝူပိုင်ကျိုး ဖြစ်ခဲ့ပါက... ရွှယ်ရီဖေး၏ သစ္စာခံများမှာ အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်ကို ဝိုင်းဝန်း တိုက်ခိုက်ရန် အဆင်သင့် ပြင်ထားကြသည်။

အကယ်၍ ရွှယ်ရီဖေး ဖြစ်ခဲ့ပါက... လူတိုင်းမှာ ရွှယ်ရီဖေး မဖြစ်ဖို့ ဆုတောင်း နေမိကြသည်။ ဝူပိုင်ကျိုး ဆိုလျှင် ရွှယ်ရီဖေးထံမှ မျက်နှာသာ ရရန် ကြိုးပမ်းနေသူများမှာ သူမကို ကူညီနိုင်ကာ ကြားနေလူများမှာလည်း ဝူပိုင်ကျိုးထံမှ ရတနာကို သိမ်းပိုက်ရန် တရားနည်းလမ်းတကျ ကြိုးပမ်းနိုင်ခဲ့သည်။ ရှုပ်ထွေးသည့် တိုက်ပွဲ တစ်ခု ပေါ်လာနိုင်သော်လည်း အနည်းဆုံးတော့ သူတို့ ကြိုးပမ်းနိုင်သေးသည်။ မည်သို့ပင် ဆိုစေ... မျှော်လင့်ချက်တော့ ရှိလိမ့်ဦးမည် ဖြစ်သည်။

ရွှယ်ရီဖေး၏ မျက်ဝန်းများထဲတွင် အလင်းရောင်များ ထွက်ပေါ်လာကာ တောက်ပစွာ ပြုံးလိုက်၏။ ထို့နောက် သူမက ဝူပိုင်ကျိုးကို လက်ညိုးထိုးပြလိုက်သည်။

“သူ အသီးကို ယူသွားပြီ...”

သူမ၏ စကားလုံးများက ပေါ့ပါးသော်လည်း တိုက်ရိုက်ဆန်လှသည်။ အဆုံးမဲ့ ဧကရာဇ်ဂိုဏ်းချုပ်မှာ အသီးကို ပြန်လည် ရယူဖို့ အတွက် ထွက်ခွာရန် ဟန်ပြင်ပြီးခါမှ ရွှယ်ရီဖေးကို ကြည့်ကာ အံ့ဩသွားခဲ့သည်။

သူမက တစ်စုံတစ်ရာ မမေးမြန်းနိုင်ခင်မှာပင် ရွှယ်ရီဖေးက တောက်ပစွာ ပြုံးရင်း အမိန့်ပေး လိုက်လေ၏။

“သူ့ဆီကနေ ငါ့အတွက် ပြန်ယူပေး...”

ထို့နောက် သူမက သစ်ကိုင်းကို ခြေထောက်ဖြင့် ကန်ကာ ဝေဟင်ပေါ် ခုန်တက်လိုက်သည်။ ထို့နောက်တွင်တော့ အလွန် လျှင်မြန်စွာပင် ပျံသန်း သွားခဲ့တော့၏။

မိန်းကလေးအား မည်သူမှ မတားရဲကြချေ။ သူမမှာ နဂါး နတ်မိမယ် ဖြစ်သည်။ ဝေ့ဝူယင်၏ တစ်ဦးတည်းသော ကိုယ်လုပ်တော် ဖြစ်သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ ဧကရီ ဖြစ်သည်။ သူမ ပိုင်ဆိုင်ထားသည့် ဂုဏ်ပုဒ် တစ်ခုချင်းစီမှာ လူတိုင်းကို ထိတ်လန့် တုန်လှုပ်စေရန် လုံလောက်ခဲ့ပြီး ဖြစ်သည်။ သူမတား တားဆီးဖို့ထက် ဒဏ္ဍာရီလာ နတ်ဘုရားများနှင့် ရင်ဆိုင်ဖို့ကိုသာ သူတို့ ရွေးချယ်ကြလိမ့်မည် ဖြစ်သည်။

“…”

ချက်ချင်း ဆိုသလိုပင် သူမ၏ ခန္ဓာကိုယ်ထက်သို့ ဝိညာဉ်အာရုံများ အစုလိုက် အပြုံလိုက် ကျဆင်းလာသည်ကို ခံစားလိုက်ရရာ ဝူပိုင်ကျိုး၏ အမူအရာက မှောင်မည်း သွားခဲ့သည်။ လက်ရှိ၌ သူမမှာ များလှစွာသော လောကသခင်၊ အချိန်သခင်နှင့် ကြယ်တာရာ သခင်များ၏ ပစ်မှတ်ထားခြင်းကို ခံနေခဲ့ရပြီ ဖြစ်သည်။ ထို့အပြင် သူတို့ အားလုံးမှာ တော်ရုံတန်ရုံ ကျင့်ကြံသူများ မဟုတ်ကြပဲ ရွေးချယ်ခံများ ဖြစ်ကြပေသည်။

ဝူပိုင်ကျိုး အချိန်မဆွဲပါချေ။ ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြရန်လည်း မကြိုးစားပါချေ။ ထို့အစား... အင်ပါယာ ကောင်းကင် အော်ရာကိုသာ တိုက်ရိုက် ထုတ်လွှတ်လိုက်၏။

ဘုန်း...

ချက်ချင်းပင် ကောင်းကင်ကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိသည့် ဖိအားမုန်တိုင်း တစ်ခု ဖြစ်ပေါ်လာကာ ထောင်ပေါင်းများစွာသော ရွေးချယ်ခံများထံသို့ တိုးဝင် သွားခဲ့တော့သည်။

...

ဝှစ်... ဝှစ်...

ရွှယ်ရီဖေးမှာ နောက်နားဆီမှ လောကကိုပင် လှုပ်ခတ်စေနိုင်စွမ်း ရှိသည့် ပေါက်ကွဲမှုလှိုင်းများကို ခံစားနေမိခဲ့သော်လည်း နောက်ကို လှည့်မကြည့်ခဲ့ပါချေ။ သူမ၏ အမူအရာက အနည်းငယ် မျက်မှောင်ကြုတ်ခြင်းမျှပင် မရှိပဲ အေးဆေး တည်ငြိမ် နေခဲ့သည်။ ဝူပိုင်ကျိုးသည်လည်း သူမ၏ ရည်ရွယ်ချက်ကို သိရှိပြီး ဖြစ်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်သည်။

ရွှယ်ရီဖေး အရှေ့ဘက်ကို လှမ်းမျှော်ကြည့်လိုက်၏။ ထိုနေရာတွင် သူမထက် စော၍ ပျံသန်းနေသည့် ပုံရိပ် တစ်ခု ရှိပေသည်။ မှန်ပေ၏။ နာ့ရှင်းရီမှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။ အစွန်းရောက်ယင် နတ်မိမယ်မှာ အလျှင်မြန်ဆုံးသော နှုန်းထားဖြင့် ရွေ့လျားနေခဲ့သည်။ သူမက အလွန်ပင် ဒေါသထွက်နေခဲ့တာ ထင်ရှားပေသည်။

“ရှင်းရီ…”

ဝေ့ဝူယင်၏ သတိပေးချက်တစ်ခုကို ပြန်လည် ကြားယောင်လိုက်မိသော အခိုက်၌ ရွှယ်ရီဖေး စိုးရိမ် သွားခဲ့၏။ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ၏ တတိယ အဆင့်သို့ မရောက်ခင် ရှောင်ရှားရမည့် ပုဂ္ဂိုလ်အချို့ ရှိကာ သူတို့ထဲမှ တစ်ယောက်ကတော့ အင်ပါယာ မျိုးနွယ်၏ သတ္တမ မင်းသား ထျန်းရီဝူပင် ဖြစ်သည်။

ရွှယ်ရီဖေး၏ သွယ်လျသော လက်ချောင်းလေးများက ဖြည်းညင်းစွာ လှုပ်ရှားသွားကာ ခါးတွင် ပတ်ထားသည့် မီးခိုးရောင် ခါးပတ်ကို ထိလိုက်သည်။ ၎င်းမှာ သာမန် ပိုးချည် တစ်ခုမျှသာ ဖြစ်ပုံ ပေါ်သော်လည်း ထိလိုက်သည်နှင့် တစ်ပြိုင်နက် လျှို့ဝှက် ဆန်းကြယ်သည့် သင်္ကေတများနှင့် ပြည့်နှက် လာခဲ့၏။ ၎င်းတို့ တစ်ခုချင်းစီမှာ အချိန်၊ အာကာသ၊ ဆွဲငင်အားနှင့် အလင်း အော်ရာများကို ထုတ်လွှတ်နေခဲ့သည်။ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပြီးနောက် မိန်းကလေး၏ ခန္ဓာကိုယ်က ဝေဝါးလာ၏။ ထို့နောက်တွင်တော့ အာကာသနှင့် ပေါင်းစပ်သွားသလို လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

နာ့ရှင်းရီမှာ ဂရုမစိုက်သည့် အမူအရာကို ဆင်မြန်းထားခဲ့သော်လည်း သူမ၏ မျက်ဝန်းများကတော့ ထိန်းချုပ် မရနိုင်သည့် ဒေါသများနှင့် ပြည့်လျှံ နေခဲ့သည်။ သူမထံတွင် အထွတ်အမြတ် ကြယ်တာရာ သစ်သီး ရှိနေသေးသည် ထင်၍ လုယူလိုနေသူများပင်လျှင် ပြင်းထန်သည့် အော်ရာကို ခံစားမိလေရာ နောက်သို့ ဆုတ်ခွာ သွားကြ၏။

“အစွန်းရောက်ယင် နတ်မိမယ်...”

ထျန်းကျန်းဟန်မှာ နာ့ရှင်းရီကို ကြည့်ကာ အံ့ဩသွားခဲ့၏။ ပုံမှန်အားဖြင့် ပျင်းရိသူ တစ်ယောက် ဖြစ်သော်လည်း မိန်းကလေးကို မြင်ရုံဖြင့်ပင် နှလုံးသား အတွင်း ပြင်းပြသည့် လိုချင်ဆန္ဒများ ဖြစ်ပေါ်လာခဲ့သည်။ သူမ၏ ယင်အော်ရာမှာ လှုံ့ဆော်နိုင်သည် ဆိုသည့် ဝေါဟာရထက်ပင် ကျော်လွန် နေခဲ့သည်။ ကျင့်ကြံသူ တစ်ယောက်၊ အထူးသဖြင့် အမျိုးသား ကျင့်ကြံသူ တစ်ယောက် အနေဖြင့် သူ့ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်တိုင်းမှာ သူမကို မြည်းစမ်းလို နေခဲ့သည်။

“…”

ထျန်းရီဝူကတော့ စူးစမ်းလိုစိတ်ဖြင့်သာ ဘယ်ဘက် မျက်ခုံးကို ပင့်တင်လိုက်၏။ သူ၏ မျက်လုံးများက တွက်ချက်မှု အလင်းများနှင့် လှုပ်ရှားနေခဲ့ကာ မျက်နှာထက်တွင်တော့ သိမ်မွေ့စွာ တွေးတောနေသည့် အမူအရာ တစ်ချို့ ရှိနေခဲ့သည်။

တစ်ချိန်တည်းတွင်ပင် ထျန်းကျန်းဟန်မှာ နာ့ရှင်းရီကို ကြည့်ကာ သူမနှင့် ပတ်သက်သည့် အချက်အလက်များကို ပြန်လည် စဉ်းစားနေခဲ့၏။ အင်ပါယာ မျိုးနွယ် အတွက် နာ့ရှင်းရီမှာ သိပ်တော့ မစိမ်းလှချေ။ တစ်ချိန်တုန်းက အင်ပါယာ ထျန်းမျိုးနွယ်မှာ ဧကရာဇ်၏ အမိန့် ဩဇာကို သုံးကာ ပြိုင်ပွဲတွင် အနိုင် ရရှိသူကို နာ့ရှင်းရီနှင့် စေ့စပ် ကြောင်းလှမ်းပေးဖို့ စီစဉ်ခဲ့သည်။ သို့သော်လည်း... မိန်းကလေးမှာ အင်ပါယာ မျိုးနွယ်၏ ဂုဏ်သိက္ခာကို စိန်ခေါ်ကာ သူမကို အနိုင်ရရှိသူနှင့်သာ လက်ထပ်မည်ဟု ကြေညာခဲ့သည်။

ထိုစဉ်က ထျန်ရီဝူမှာ ပါဝင်ခဲ့ခြင်း မရှိသလို ထျန်းကျန်းဟန်မှာလည်း ပါဝင်ခြင်း မရှိခဲ့ပါချေ။ သူ၏ အပျင်းကြီးသည့် စရိုက် သဘာဝကြောင့်ပင် ထိုအရာကို လူအများမှာ ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။

သို့သော်လည်း... ယခု သူမကို မြင်ပြီး နောက်တွင်တော့ သူ့နှလုံးသား အတွင်း မီးတောက်တစ်ခု နိုးထလာခဲ့သည်။ ထို့အပြင် အင်ပါယာ၏ အမိန့်နှင့် စိန်ခေါ်မှု စည်းမျဉ်းများမှာ ယခု အထိ အသက်ဝင်နေသေးကြောင်း သူ သိပေသည်။

“ငါ သူ့ဆီကို သွားလိုက်မယ်...”

ထျန်းကျန်းဟန် မတ်တပ်ထရပ်ရင်း ထျန်းရီဝူကို ပြောလိုက်၏။ သတ္တမမြောက် မင်းသားမှာ အံ့ဩသွားကာ နောက်ကို လှည့်ကြည့်လိုက်သည်။ သို့သော်လည်း... သူ တစ်စုံတစ်ရာ မပြောနိုင်ခင်မှာပင် ပဉ္စမမြောက် အကိုတော်မှာ စတင်ကာ လှုပ်ရှား နေခဲ့ပြီ ဖြစ်လေတော့သည်။

***

All Chapters