စေ့စပ်ပွဲ(၂)
Vol. 12 Ch. 157
လင်းယွဲ့က အာရုံစိုက်ပြီး နားထောင်နေသည်။
“ဧကရာဇ်မင်းက ပြောပါတယ်...” ဟု ဗိုလ်ချုပ်ဟန်က ပြန်ပြောပြသည်။
“နတ်ဘုရားနှစ်ဆယ့်လေးပါး ပြည့်စုံသွားပြီ။ အိမ်ရှေ့စံမင်းသားက နိုင်ငံတော်ကို နှစ်တွေအကြာကြီး စီမံအုပ်ချုပ်ခဲ့ပြီးပြီဖြစ်လို့ နန်းတက်ချင်လား၊ မတက်ချင်လားဆိုတာက သူ့သဘောပဲ။ သူက အရှေ့နန်းတော်ရဲ့နေရာကို တခြားမင်းသားတစ်ပါးကို လွှဲပေးလိုက်ရင်တောင် အရေးမကြီးဘူး” ဟု ပြောလိုက်သည်။
လင်းယွဲ့သည် အနည်းငယ် ဆွံ့အသွားသည်။
“နတ်ဘုရားနှစ်ဆယ့်လေးပါးဆိုတာ ဧကရာဇ်မင်းရဲ့ သားသမီးတွေကို ဆိုလိုတာပါ” ဟု ဟန်
ဘုရင်က ဆက်လက်ပြောကြားသည်။
“လက်ရှိမှာတော့ ရှားဟုန်မျိုးနွယ်မှာ မင်းသမီးခုနစ်ပါးနဲ့ မင်းသားဆယ့်ခြောက်ပါးရှိပါတယ်။ မင်းသားဖြစ်တဲ့ ဆယ့်ခုနစ်ပါးမြောက်မင်းသားကို ရေတွက်လိုက်ရင် အတိအကျ နှစ်ဆယ့်လေးပါး ပြည့်ပါတယ်” ဟု ပြောလိုက်သည်။
“ဒါဆို ကျွန်တော်က ဧကရာဇ်မင်းရဲ့ နောက်ဆုံးမျိုးဆက်ပဲ” ဟု လင်းယွဲ့က နားလည်လိုက်
သည်။ အတိအကျပြောရမည်ဆိုလျှင် သူသည် ရှားလီပင်။
ဗိုလ်ချုပ်ဟန်က “ဧကရာဇ်မင်းက လူ့လောကကို လှည့်လည်စစ်ဆေးပြီး နှစ်လေးဆယ်ကိုးနှစ်အတွင်းမှာ မင်းသားဆယ့်ခြောက်ပါးနဲ့ မင်းသမီးခုနစ်ပါးကို မွေးဖွားခဲ့ပါတယ်... ဒါပေမယ့် ဒီသားသမီးအားလုံးက ဒီဟုန်မြို့မှာ မွေးဖွားခဲ့ကြပါတယ်” ဟု ပြောလိုက်သည်။
သူသည် လင်းယွဲ့ကို ကြည့်ပြီး “ဒါပေမယ့် မင်းသားက နောက်ဆုံးမင်းသားအဖြစ် လူသူမနီးတဲ့ တောရိုင်းဒေသမှာ မွေးဖွားခဲ့တာက ပုံမှန်မဟုတ်တဲ့ အခြေအနေကို ညွှန်ပြနေပါတယ်” ဟု ပြောလိုက်သည်။
လင်းယွဲ့က တိတ်ဆိတ်နေသည်။ နောက်ဆုံးမင်းသားက လူသူမနီးသော တောရိုင်းဒေသတွင် မွေးဖွားခြင်းက တကယ်ပင် ထူးခြားသည့်အရာတစ်ခု ရှိနိုင်ပါသည်။
ပို၍ထူးခြားသည်မှာ ရှားလီ၏ မွေးသခင်မိခင်သည် ရှားလီကို မွေးဖွားပြီးနောက် အနောက်မြောက်စွမ်းရည်ရှိသူတို့၏ တောင်ကြားလမ်းမှနေ၍ ထာဝရညသို့ ပြန်သွားခဲ့ခြင်းဖြစ်ရာ ထာဝရညနှင့် ဆက်စပ်မှုရှိပုံရသည်။ သို့သော်လည်း ထူးခြားသည်မှာ ရှားလီပင်။
ငါနဲ့မဆိုင်ဘူးလေ အဲ့တာက…။
ဤအချက်က သူ့လို မင်းသားအတုအတွက် စိတ်ထဲတွင် ပိုမိုလေးလံသော ဖိအားများကို ဖြစ်ပေါ်စေသည်။
“အိမ်ရှေ့စံမင်းသားက ဘယ်လိုလဲ” ဟု လင်းယွဲ့က မေးလိုက်သည်။
“ကြီးမြတ်တဲ့ယုံမှာ အိမ်ရှေ့စံမင်းသားရှိနေတာ ရှင်းနေလျက်နဲ့ ဘာလို့ မင်းသားအများအပြားကို အုပ်စုဖွဲ့ပြီး ပဋိပက္ခဖြစ်ဖို့ ခွင့်ပြုထားတာလဲ” ဟု ဆက်မေးသည်။
ဗိုလ်ချုပ်ဟန်က ဖြည်းဖြည်းချင်း “အရှင်မင်းကြီးက ကြေညာခဲ့တဲ့အခါ အိမ်ရှေ့စံမင်းသားကလည်း သူက အရှေ့နန်းတော်ရဲ့ရာထူးကို စွန့်လွှတ်နိုင်တယ်လို့ ရှင်းလင်းစွာ ပြောခဲ့ပါတယ်။ အရှင်မင်းကြီးချမှတ်ထားတဲ့ စမ်းသပ်မှုဆယ့်နှစ်ခုကို ဖြေရှင်းပြီး သူ့ကို ယှဉ်နိုင်တဲ့သူတစ်ယောက် ရှိသရွေ့ သူက ချက်ချင်းပဲ အိမ်ရှေ့စံမင်းသားအသစ်ကို သတ်မှတ်ပေးပါလိမ့်မယ်” ဟု ပြောလိုက်သည်။
“စမ်းသပ်မှု ဆယ့်နှစ်ခု” ဟု လင်းယွဲ့က မျက်ခုံးအနည်းငယ်ပင့်ပြီး မနေနိုင်တော့ဘဲ “စိတ်ဝင်စားစရာပဲ အိမ်ရှေ့စံမင်းသားက အဲ့ဒီဘွဲ့ကို နှစ်ပေါင်းများစွာ ရယူထားပြီး နိုင်ငံတော်ကို အရှင်မင်းကြီးအတွက် အုပ်ချုပ်ပေးနေတာဆိုတော့ သူက ဧကရာဇ်ရဲ့တစ်ဝက်လို ဖြစ်နေတာ မဟုတ်ဘူးလား။ ဒီလိုအချိန်မှာတောင် အရှေ့နန်းတော်ရဲ့ ရာထူးကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေတာလား” ဟု ပြောလိုက်သည်။
ဗိုလ်ချုပ်ဟန်က ခဏမျှ တွေးတောပြီးမှ “သူက အိမ်ရှေ့စံမင်းသားဖြစ်နေပေမယ့် သူ့ရဲ့ အခြေအနေက တော်တော်လေး ထူးခြားနေလို့ ထီးနန်းကို ဂရုမစိုက်တာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောလိုက်သည်။
“စမ်းသပ်မှု ဆယ့်နှစ်ခုကို အောင်မြင်တဲ့လူ ရှိခဲ့လား” ဟု လင်းယွဲ့က မေးလိုက်သည်။
ဗိုလ်ချုပ်ဟန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်ပြီး “အင်အားအကြီးဆုံးမင်းသားက လက်ရှိမှာတော့ ဆယ်ခုမြောက်စမ်းသပ်မှုကို အောင်မြင်ထားပါတယ်။ အိမ်ရှေ့စံမင်းသားကလွဲလို့ ဘယ်သူမှ ဆယ့်တစ်ခုမြောက်စမ်းသပ်မှုကို မလုပ်နိုင်သေးပါဘူး” ဟု ပြောလိုက်သည်။
“အကွာအဝေးကတော့ တော်တော်လေး ကြီးမားတာပဲ” ဟု လင်းယွဲ့က ခေါင်းအနည်းငယ်ညိတ်ပြီး နောက်ထပ် “ဆယ့်နှစ်ပါးမြောက်မင်းသားက ဘယ်လိုလဲ။ စမ်းသပ်မှု ဘယ်နှခု အောင်မြင်ထားလဲ” ဟု မေးလိုက်သည်။
“မင်းသားချန်က စမ်းသပ်မှု ရှစ်ခုကို အောင်မြင်ထားပြီး ရာစုနှစ်တစ်ခုကြာအောင် နဝမမြောက်စမ်းသပ်မှုမှာ တင်နေပါတယ်” ဟု ဗိုလ်ချုပ်ဟန်က ပြောလိုက်သည်။
“ဒုတိယမင်းသားက ဘယ်လိုလဲ” ဟု လင်းယွဲ့က မေးလိုက်သည်။
“ဒုတိယမင်းသားက တစ်ခါမှ လုပ်ဆောင်ခြင်းမရှိဘူးလို့ ကောလာဟလတွေက ဆိုကြတာကြောင့်….”
လင်းယွဲ့က ပိုပြီးစိတ်ဝင်စားလာသည်။
“ဒုတိယမင်းသားက စမ်းသပ်မှု တစ်ခုမှ မအောင်မြင်သေးပါဘူး” ဟု ဗိုလ်ချုပ်ဟန်က ခေါင်းခါရင်း ပြောလိုက်သည်။
“ကျွန်တော် ဒုတိယမင်းသား လုပ်ဆောင်တာကို တစ်ခါမှ မမြင်ဖူးပါဘူး” ဟုလည်း ဆိုလိုက်
သည်။
လင်းယွဲ့လည်း တွေးတောမိသွားသည်။ အချိန်အတော်ကြာပြီးနောက် “ဒါဆိုရင် သခင်ချီက ကျွန်တော်လို နောက်ဆုံးမင်းသားက ထူးခြားတယ်လို့ ယုံကြည်ပြီး ဗိုလ်ချုပ်ဟန်ရဲ့အနာဂတ်ကို ကျွန်တော့်အပေါ်မှာ ရင်းနှီးမြှုပ်နှံတာပေါ့” ဟု ပြောလိုက်သည်။
“မှန်ပါတယ်” ဟု ဗိုလ်ချုပ်ဟန်က အတည်ပြုသည်။
“မင်းသားတစ်ပါးအတွက် ကိုယ်တိုင်က လုံလောက်စွာ အစွမ်းထက်သရွေ့ အင်အားလား၊ နောက်ခံလား၊ ဒါတွေက နောက်ကျမှ ရောက်လာမှာဖြစ်လို့ ယာယီဆင်းရဲနွမ်းပါးမှုကို အခြေခံပြီး ဆုံးဖြတ်တာက အဓိပ္ပာယ်နည်းပါးပါတယ်။ လိုအပ်တဲ့အချိန်မှာ အကူအညီပေးတာက ချမ်းသာကြွယ်ဝတဲ့အချိန်မှာ ပုံဆင်ပေးတာထက် ပိုကောင်းပါတယ်။ ဒါ့အပြင် မင်းသားက ကျွန်တော့်ရဲ့ ဗိုလ်ချုပ်ဟန်အိမ်တော်ရဲ့ မျိုးဆက်ကို ကယ်တင်ခဲ့တာဖြစ်လို့ မင်းသားဘယ်လိုထင်လဲ” ဟု ဗိုလ်ချုပ်ဟန်က မေးမြန်းလိုက်သည်။
လင်းယွဲ့က ချောင်းအနည်းငယ်ဆိုးပြီး “ဒါဆိုရင် ကျွန်တော် ဗိုလ်ချုပ်ဟန်ကို ကြိုတင်
ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
“မင်းသားက နေမကောင်းဖြစ်နေတာလား” ဟု ဗိုလ်ချုပ်ဟန်က စိုးရိမ်စွာ မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး ဆယ့်နှစ်ပါးမြောက်မင်းသားရဲ့ နှလုံးသားမဲ့သောချီ ထိထားရုံပါပဲ” ဟု လင်းယွဲ့က ခေါင်းအနည်းငယ်ခါလိုက်သည်။ ဆယ့်လေးပါးမြောက်မင်းသားက ဤအကြောင်းကို ဗိုလ်ချုပ်ဟန်အား ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်းမရှိပေ။
“နှလုံးသားမဲ့သောချီလား” ဟု ဗိုလ်ချုပ်ဟန်က ပြောလိုက်ပြီး “နာကျင်ပေမယ့် မင်းသားအတွက် အကျိုးကျေးဇူးအချို့တော့ ရှိပါလိမ့်မယ်” ဟု ဆက်ပြောသည်။
ထို့နောက် “မင်းသား ရှေးဟောင်းဘုရားသခင်ရဲ့လမ်းစဉ်မှာ မင်းသားက မူလစွမ်းအားနဲ့ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။ ကိုယ်ခံပညာကိုလည်း ပူးတွဲလေ့ကျင့်နေတယ်လို့ ထင်ရပါတယ်” ဟု ဆက်ပြောသည်။
“ဟုတ်ပါတယ်” ဟု လင်းယွဲ့က ခေါင်းညိတ်လိုက်သည်။
ဗိုလ်ချုပ်ဟန်က အနည်းငယ်တွေးတောပြီး “မင်းသားက တော်ဝင်မိသားစုကို ပြန်ရောက်ရင် ကိုယ်ခံပညာလေ့ကျင့်မှုအတွင်းမှာ ရှားဟုန်မျိုးနွယ်က ကိုယ်ခံပညာဆရာကြီးတစ်ဦးကို သင်ပေးဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ မင်းသားက ကျွန်တော့်ရဲ့ ဗိုလ်ချုပ်ဟန်အိမ်တော်မှာ ယာယီနေထိုင်ဖို့ ရည်ရွယ်ထားတာဖြစ်လို့ ဒီအဘိုးအိုက မင်းသားကို ဒုက္ခမခံစေရပါဘူး” ဟု ပြောလိုက်သည်။ သူက ခေါင်းအနည်းငယ်လှည့်ပြီး နောက်မှ ဓားကိုင်ထားသော အရပ်ရှည်ရှည် ပိန်လှီလှီလူကို ကြည့်လိုက်ကာ "နုအဲ မင်း မင်းသားကို ကိုယ်ခံပညာ သင်ပေးလိုက်" ဟု ခိုင်းစေလိုက်သည်။ ဓားကိုင်ထားသော အရပ်ရှည်ရှည်ဖြင့် ပိန်လှီလှီလူက ချက်ချင်းလက်အုပ်ချီပြီး "ဟုတ်ကဲ့ မွေးစားအဖေ" ဟု ပြောလိုက်သည်။
ဓားကိုင်ထားသောလူက လင်းယွဲ့ကို ပြုံးပြီးကြည့်လိုက်ကာ "မင်းသားက ဘယ်လက်နက်ကို ပိုနှစ်သက်ပါသလဲ" ဟု မေးမြန်းသည်။ "
ဓား" ဟု လင်းယွဲ့က ပြန်ဖြေသည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ဓားကိုပဲ နှစ်သက်ပါတယ်" ဟု ဓားကိုင်ထားသောလူက ပြုံးပြီး ပြောလိုက်သည်။ ဗိုလ်ချုပ်ဟန်က ပြုံးလိုက်ပြီး “မင်းသား ဒါက ကျွန်တော့်ရဲ့ မွေးစားသား ဝူနု ပါ။ သူက ကိုယ်ခံပညာဆရာကြီးအဖြစ် ကျွမ်းကျင်မှုအချို့ရှိပါတယ်။ သူ့ဆီကနေ လွတ်လွတ်လပ်လပ် သင်ယူနိုင်ပါတယ်” ဟု မိတ်ဆက်ပေးလိုက်သည်။
ဝူနုဟူသောနာမည်တွင် “ဝူ” သည် ကိုယ်ခံပညာကို ဖော်ပြပြီး “နု” ကမူ ကျွန်ကို ရည်ညွှန်းသည်။ “ကိုယ်ခံပညာအတွက် ကျွန်ပြုခံရသည်” ဟု အဓိပ္ပာယ်ရပြီး ကိုယ်ခံပညာအပေါ် သူ၏ ခိုင်မာပြင်းပြသော စိတ်ပိုင်းဖြတ်မှုကို ဖော်ပြနေသည်။
“ကောင်းပြီ” ဟု လင်းယွဲ့က ခေါင်းညိတ်ပြီး “ကျွန်တော့်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်မှာလည်း ကိုယ်ခံပညာပါရမီရှိပါတယ်။ သူ့ကိုလည်း သင်ကြားပေးဖို့ ကူညီပေးနိုင်မလား” ဟု ပြောလိုက်သည်။
ဘိုင်လီဖုန်းကျီ အနည်းငယ် ဆွံ့အသွားသည်။ ဗိုလ်ချုပ်ဟန်က ဘိုင်လီဖုန်းကျီကို ကြည့်လိုက်သောအခါ သူ၏ ညစ်နွမ်းနေသော အိုမင်းရင့်ရော်သည့်မျက်လုံးများတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ပေါ်လာပြီး ညင်သာစွာ “ဘိုင်လီဖုန်းကျီလား။ ဘယ်လောက်တောင် အံ့ဩစရာကောင်းတဲ့ မီးစွမ်းအင်လဲ၊ တကယ့်ကို ပါရမီရှင်ပဲ” ဟု ပြောလိုက်သည်။
သူက ချက်ချင်းပင် "မင်းသားမှာ ဒီလို ယုံကြည်ရတဲ့လက်ထောက်ရှိတာမို့ သေချာပေါက် ပျိုးထောင်သင့်ပါတယ်။ ဝူနုကိုလည်း အတူသင်ကြားပေးဖို့ ခိုင်းပါမယ်" ဟု ပြောလိုက်သည်။ “ဒါဆိုရင် သခင်ချီကို ကျေးဇူးတင်ပါတယ်” ဟု လင်းယွဲ့က ခေါင်းညိတ်လိုက်သည်။
ဘိုင်လီဖုန်းကျီကလည်း လက်အုပ်ချီပြီး “သခင်ချီကို ကျေးဇူးတင်ပါတယ်” ဟု ပြောလိုက်သည်။
“နောက်ပြီးတော့ သခင်ချီရဲ့ အကူအညီကို တောင်းချင်တဲ့ ကိစ္စတစ်ခုရှိပါသေးတယ်” ဟု လင်းယွဲ့က ပြောလိုက်ပြီး “သခင်ချီက မင်းသားရဲ့အိမ်တော် သွေးကတိစာချုပ် အကြောင်းကို သိလား” ဟု မေးလိုက်သည်။
“သိပါတယ်” ဟု ဗိုလ်ချုပ်ဟန်က ပြောလိုက်သည်။
"မင်းသား အခုပဲ လိုအပ်တာလား" ဟုလည်း ပြန်မေးသည်။ သူက ဘိုင်လီဖုန်းကျီကို သိမ်မွေ့စွာ ကြည့်လိုက်သည်။
“ကျွန်တော်က မင်းသားအဖြစ် အတည်ပြုမခံရသေးတော့ အိမ်တော်သွေးကတိစာချုပ်က အသုံးဝင်ပါ့မလား” ဟု လင်းယွဲ့က မေးလိုက်သည်။
“ဟုတ်ပါတယ်” ဟု ဗိုလ်ချုပ်ဟန်က ပြောလိုက်သည်။
“အိမ်တော်သွေးကတိစာချုပ်ကို ကောင်းကင်ရဲ့မျက်လုံးက သက်သေပြုပေးမှာဖြစ်လို့ မင်းသားဖြစ်နေသမျှ အသုံးပြုနိုင်ပါတယ်” ဟုလည်း ဆက်ပြောသည်။
"ဒါဆိုရင် သခင်ချီကို ဒုက္ခပေးမိပြီ" ဟု လင်းယွဲ့က ပြောလိုက်သည်။
"ဒါက သေးမွှားတဲ့ကိစ္စပါ" ဟု ဗိုလ်ချုပ်ဟန်က ပြန်ဖြေလိုက်သည်။