← Chapters

နှစ်ယောက်လုံးကိုလိုချင်တာ (၃)

Vol. 12 Ch. 163

နှစ်ယောက်လုံးကိုလိုချင်တာ (၃)

Vol. 12 Ch. 163

ထိုစကားများကိုကြားသောအခါ ဘိုင်လီဖုန်းကျီ၏ အမူအရာက ပို၍ ရှုပ်ထွေးလာဟန်ပင်။

လင်းယွဲ့က ပြုံးလိုက်ပြီး "မင်း နားလည်မှုလွဲနေပြီ" ဟု ပြောလိုက်သည်။

“ကျွန်တော် ချီမျိုးနွယ်ရဲ့ သမီးအကြီးဆုံးလေးကို လက်ထပ်မယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် သမီးအငယ်ဆုံးလေးကို လက်လွှတ်လိုက်မယ်လို့တော့ တစ်ခါမှ မပြောခဲ့ဘူး” ဟု လင်းယွဲ့က ရှင်းပြသည်။

“ဟာ”

ဘိုင်လီဖုန်းကျီက အံ့ဩသွားပြီး ပိုလို့တောင် ရှုပ်ထွေးသွားသည်။

“ငါက သခင်ချီကို သူ့သမီးအငယ်ဆုံးလေးကိုပါ ငါ့ကို ပေးဖို့ ပြောလိုက်မယ်”

လင်းယွဲ့က ဆက်ပြောလိုက်သည်။

“သမီးအကြီးဆုံးလေးကို လက်ထပ်ပြီးတဲ့နောက် သမီးအငယ်ဆုံးလေးကို သီးသန့်ယူလိုက်လို့ ရတယ်လေ မဟုတ်ဘူးလား”

ဘိုင်လီဖုန်းကျီသည် အခုမှသာ အဓိပ္ပာယ်ကို နားလည်သွားသည်။ ဒါဆိုလျှင် အရှင့်သားသည် တစ်မျိုးတစ်မည်ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ကိစ္စတစ်ခုကို လုပ်ဆောင်ချင်နေခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း သူမသည် အနည်းငယ် ရှုပ်ထွေးနေဆဲဖြစ်သည်။

“အရှင့်သား ဘာလုပ်မှာလဲ”

“အခုထိတော့ မသေချာသေးဘူး။ အကြမ်းဖျင်းတော့ စိတ်ကူးရှိပါတယ်”

လင်းယွဲ့က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“ချီမျိုးနွယ်ရဲ့ သမီးအငယ်ဆုံးလေးက ယောကျ်ားလေးအဖြစ် ဟန်ဆောင်ချင်ပြီး ရည်မှန်းချက်တွေရှိနေတဲ့အတွက် ပန်းတွေ၊ လရောင်တွေနဲ့ အချစ်ရေးကို ပုံမှန်နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့ လုံးဝအဆင်ပြေမှာ မဟုတ်ဘူး။ ငါက သူမကို လုံးဝကို အနိုင်ယူပြီး သိမ်းပိုက်ရလိမ့်မယ်” ဟု ဆိုလိုက်သည်။

“သိမ်းပိုက်ရမယ်”

ဘိုင်လီဖုန်းကျီက ခဏတာ စဉ်းစားပြီးမှ "အရှင့်သား ကျွန်မကို ခဏလောက်စောင့်ပေးလို့ရမလား” ဟု ပြောလိုက်သည်။

“အင်း”

လင်းယွဲ့က သူ့ကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

“ကျွန်မ ဒီနေ့ပဲ အိမ်တော်သွေးကတိစာချုပ်ကို လက်မှတ်ထိုးခဲ့ပြီး အခု ကျွန်မရဲ့ ကျင့်ကြံခြင်းကို စတင်နိုင်ပါပြီ”

ဘိုင်လီဖုန်းကျီက ရှင်းပြသည်။

“ဖီးနစ်သွေးရဲ့ အကူအညီနဲ့ ကျွန်မရဲ့ စွမ်းအားတိုးတက်မှုက အလွန်မြန်ပါတယ်။ လေးသင်္ကေတ ထိပ်ဆုံးအဆင့်ကို လအနည်းငယ်အတွင်းမှာ ရောက်နိုင်လိမ့်မယ်လို့ ကျွန်မ ခန့်မှန်းထားတယ်။ ကျွန်မရဲ့ စွမ်းရည်တွေနဲ့ အပြင်းစားတိုက်ခိုက်မှုတွေကလည်း ပိုပြီးအားကောင်းလာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်မ ချီမျိုးနွယ်ရဲ့ သမီးအငယ်ဆုံးလေးကို တိတ်တိတ်လေး ဖမ်းဆီးနိုင်လိမ့်မယ်”

“..ငါ အနိုင်ယူပြီး သိမ်းပိုက်မယ်လို့ ပြောတာက အဲ့လိုမျိုးကို ဆိုလိုတာမဟုတ်ဘူးဟေ့”

လင်းယွဲ့က ဘာပြောရမှန်းမသိစွာ ဖြေလိုက်တော့သည်။

လင်းယွဲ့၏ပါးစပ်တစ်စွန်းတစ်စက နည်းနည်းလေး တွန့်သွားကာ အပြုံးတစ်ခုကို ထိန်းချုပ်မထားနိုင်တော့ပေ။

"အဲဒါက အရမ်းယုတ်မာလွန်းတယ်။ ဖြောင့်မတ်မှန်ကန်တဲ့လူတွေ လုပ်တဲ့အလုပ် မဟုတ်ဘူး"

ဘိုင်လီဖုန်းကျီမှာ ပို၍ရှုပ်ထွေးသွားတော့သည်။

သူမ တကယ်ကို မေးချင်မိသည်။

ဇနီးဖြစ်သူရဲ့ညီမကို တိတ်တိတ်လေးယူတာကလည်း သိပ်ပြီးတော့ ဖြောင့်မတ်မှန်ကန်တာမှ မဟုတ်တာ။

နောက်တစ်နေ့နံနက် ဟန်ဘုရင်၏အိမ်တော်၏ ပင်မခန်းမဆောင်အတွင်း။

ယနေ့တွင် ချီမျိုးနွယ်၏ ပင်မမိသားစုဝင်များအားလုံး ရောက်ရှိလာကြပြီး ဒုတိယနှင့် တတိယမျိုးနွယ်ခွဲများကလည်း လူအချို့ကို ခေါ်ဆောင်လာခဲ့ကြကာ ချီမျိုးနွယ်မှ ဝန်ကြီးအကြီးအကဲငါးဦးနှင့် ဆယ်ဦးကျော်သော အထက်တန်းဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဤအချိန်တွင် လူတိုင်းက လင်းယွဲ့ကို သေချာစွာအကဲခတ်နေကြသည်။

ဟန်ဘုရင်၏အဆိုအရ သခင်လေး မုယွဲ့သည် မပြောနိုင်သောအကြောင်းအရာများရှိသည့် မိတ်ဆွေဟောင်းတစ်ဦး၏ သားဖြစ်ပြီး ငယ်စဉ်ကတည်းက စေ့စပ်ထားခဲ့ကာ ယခု ထိုကတိကို ဖြည့်ဆည်းရန် ရောက်ရှိလာခြင်းဖြစ်သည်။

အကြောင်းစုံသိထားပြီး ခန့်မှန်းပြီးသား လူအနည်းငယ်မှလွဲ၍ ကျန်သူအများစုက ထိုအကြောင်းကို ယုံကြည်ခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ်...

ရှားဟုန် မင်းသားသည် အမြဲတမ်း အထီးကျန်ပြီး အစွမ်းထက်သည့် ပုံရိပ်ကိုပေးသည်။ နိုးထခြင်း၏ ထူးဆန်းသောအရာများရှိနေသော်လည်း မင်းသားသည် သူတို့ရှေ့တွင် ရှိနေပြီး အယောင်ဆောင်၍ လက်ထပ်ရန် လာရောက်သည်ကို မည်သူက ယုံကြည်မှာလဲ။

"သခင်လေး မုယွဲ့ ကျွန်တော့်ရဲ့ ဘယ်သမီးကို ရွေးချယ်ဖို့ ဆုံးဖြတ်ပြီးပြီလဲ"

ဟန်ဘုရင်က ပြုံးနေသောမျက်နှာဖြင့် လင်းယွဲ့ကို ကြည့်လိုက်သည်။ သူ့အပြုံးက စစ်မှန်သော်လည်း သူ့မျက်လုံးများကမူ ရှုပ်ထွေးပြီး အကူအညီမဲ့နေသည်။

လင်းယွဲ့သည် နှစ်ချက်ချောင်းဆိုးကာ လက်အုပ်ချီပြီး "သခင်ချီ ကျွန်တော် ဆုံးဖြတ်ချက်ချပြီးပါပြီ" ဟု ပြောလိုက်သည်။

ချီမျိုးနွယ်၏ သမီးအကြီးဆုံးလေးက ဖြူဖျော့နေသည့်လရောင်လို အဖြူရောင်ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ကုလားထိုင်ပေါ်မှာ အားအင်ချိနဲ့စွာ ထိုင်နေ၏။

မနေ့ကနှင့်မတူဘဲ သူမသည် လောကီအရာများကို စိတ်ဝင်စားမှုမရှိသည့် ပုံစံမျိုးကို ဆောင်နေပြီး မည်သူ့ကိုရွေးချယ်သည်ဖြစ်စေ၊ ပတ်ဝန်းကျင်ကအကြည့်များကို ဂရုမစိုက်သည့်ပုံစံမျိုးဖြင့် သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင် နေထိုင်နေသကဲ့သို့ပင်။

ချီမျိုးနွယ်၏ သမီးအငယ်ဆုံးလေးကတော့ ဒီနေ့မှာလည်း အမျိုးသမီးဝတ်စုံကိုပင် ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို သပ်သပ်ရပ်ရပ်စည်းထားသည်။ သူမ၏ မျက်ခုံးမွှေးများကိုလည်း ပို၍ထူအောင်ရေးဆွဲထားသောကြောင့် သူရဲကောင်းဆန်သည့် ပုံစံလေးတစ်မျိုးကို ထပ်လောင်းဖြည့်ဆည်းပေးနေသည်။

သူမသည် စိတ်ထဲတွင် အတွေးပေါင်းစုံကို လျှို့ဝှက်စွာ တွေးနေသည်။ အစ်မကြီးက ဤမျှထူးဆန်းနေပြီး သူမက ဤမျှဆွဲဆောင်မှုရှိကာ လှပနေတာဆိုတော့ ကောင်းကင်ဘုံကနတ်သမီးတစ်ပါးလိုမျိုးဖြစ်နေသည့်အတွက် မင်းသားက သေချာပေါက် သူမကိုသာ ရွေးချယ်မည်ဟု တွက်ထားသည်။

ဤမင်းသားက နည်းနည်းတော့ ရူးနေသလိုပဲဟု ထင်ရသော်လည်း တခြားမင်းသားများက မဟာစွမ်းအားရှင်များဖြစ်နေသည့်အတွက် ဤမင်းသားလည်း အနာဂတ်တွင် သိပ်ကွာခြားမည်မဟုတ်ဘူး မဟုတ်လားဟု တွေးမိသည်။

“အင်း သူ့ကို ငါ့ရဲ့ခင်ပွန်းအဖြစ်ရတာ သိပ်မဆိုးပါဘူး။ အခုချိန်မှာ သူ့ကို ငါ ထိန်းချုပ်လို့ရတာကြောင့် အချိန်မှန်ပါပဲ။ ဟဲဟဲ ငါကလည်း ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲလေ။ သိပ်ပြီးနောက်ကျကျန်ခဲ့မှာ မဟုတ်ပါဘူး...

အော် ငါ့ရဲ့ ဒုတိယအစ်မရဲ့ခင်ပွန်းက သူ့ကို အရမ်းကြောက်တယ်လို့ ကြားမိတယ်။ သူပြောသမျှကို အမြဲလိုက်လုပ်ပြီး သူ့ရဲ့ကြီးစိုးမှုကို အပြည့်အဝခံယူထားရတယ်...

အင်း ဒုတိယအစ်မကို သူ့ခင်ပွန်းကို ဘယ်လိုလေ့ကျင့်ပေးခဲ့လဲဆိုတာ ငါ နောက်မှမေးကြည့်ရမယ်။ ငါသာ မင်းသားကို အဲ့ဒီလောက် နာခံအောင် လေ့ကျင့်ပေးနိုင်ခဲ့ရင် ငါ့ရဲ့ဘဝက ပိုပြီးတိုးတက်မှာ မဟုတ်ဘူးလား။ ဟန်ဘုရင်ရဲ့အိမ်တော်အတွက် တောက်ပတဲ့အနာဂတ်အတွက် ငါ့ရဲ့ပျော်ရွှင်မှုကို စတေးလိုက်တာ ငါ တကယ့်ကို မြင့်မြတ်ပါတယ်…”

အငယ်ဆုံး ချီမင်းသမီးလေးသည် သူ့ကိုယ်ပိုင်အတွေးများကြောင့် မျက်ရည်ကျလုနီးပါးဖြစ်နေချိန်တွင်…

“သခင်ချီ ကျွန်တော် သမီးအကြီးဆုံးလေးကို ရွေးချယ်ပါတယ်” ဟူသော စကားသံကို ကြားလိုက်ရသည်။

အငယ်ဆုံး ချီမင်းသမီးလေး၏ အိမ်မက်များ ပျက်စီးသွားပြီး သူမ၏ပါးစပ်ကို ဟောင်းလောင်းဖွင့်ကာ လင်းယွဲ့ကို တွေဝေစွာကြည့်နေမိသည်။

သခင်ချီက ကျယ်ပြန့်သောအပြုံးကို ဖန်တီးနိုင်ခဲ့ပြီး “ကောင်းတယ် ကောင်းတယ် ကောင်းတယ်” ဟု ထပ်ခါတလဲလဲ ပြောလိုက်သည်။

သူသည် သူ့၏သမီးအငယ်ဆုံးလေးကို သနားဂရုဏာစိတ်ဖြင့် မကြည့်ဘဲ မနေနိုင်ပေ။ ဤကလေးမလေးသည် လွတ်မြောက်သွားပြီဟု ထင်နေပုံရသည်…

သို့သော် သူမက အရမ်းကို စိတ်အားထက်သန်နေပုံရသည်…။

သူသည် သူ၏သမီးအကြီးဆုံးလေးကို ပြုံးပြပြီး “ဝမ်ချို မင်း မုယွဲ့နဲ့ မကြာခင် လက်ထပ်ရတော့မယ်။ မင်းရဲ့ပျော်ရွှင်တဲ့နေ့မှာ ပျော်ရွှင်ပါစေ” ဟု ပြောလိုက်သည်။

သမီးအကြီးဆုံး ချီမင်းသမီးလေးကတော့ လင်းယွဲ့ကို ပျင်းရိစွာ တစ်ချက်ကြည့်လိုက်ပြီး သူမ၏မျက်နှာအမူအရာနှင့် ကိုက်ညီသည့် စိတ်ဝင်စားမှုမရှိသောလေသံဖြင့် “အော် ပျော်ပါတယ်” ဟု ပြန်ဖြေလိုက်သည်။

All Chapters