← Chapters

လယ်သမားနှင့် မြွေ (2)

Vol. 7 Ch. 63

လယ်သမားနှင့် မြွေ (2)

Vol. 7 Ch. 63

တစ်ချို့လူတွေက မွေးရာပါ ဗီဇကကို ယုတ်ညံ့နေတတ်တယ်

လျို့ကျင်း၏ အဖေဖြစ်သူမှာ စိတ်လှုပ်ရှား၍ အကြောက်လွန်ကာ တက်သွားခဲ့ချေသည်။

ရုတ်တရက် စွမ်းအားကြီးလာခဲ့ပြီး နှလုံးသားထဲမှ အမုန်းတရားများနှင့်ပါ ပေါင်းစပ်လိုက်သောအချိန်တွင် တုန်ယင်းမှာ လက်စားချေချင်သည့် ခံစားချက်ဖြင့် အမှောင်လွှမ်းကာ ထပ်ပြီး တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ကုကျစ်စုန့်က တားမြစ်လိုက်သည်။

“သေချာစဉ်းစားလိုက်ဦး၊ တစ္ဆေတစ်ကောင်က လူသတ်လိုက်ပြီဆိုတာနဲ့ မကောင်းမှုတွေ လွှမ်းခြုံသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ရှင်က မြေအောက်ကမ္ဘာရဲ့ အလိုရှိစာရင်းထဲကို ရောက်သွားမှာပဲ၊ သူတို့ မိသွားတာနဲ့ ငရဲမီးထဲကို ပစ်ချခံရပြီး ဝေဒနာခံစားရလိမ့်မယ်”

တုန်ယင်းမှာ လက်မလျှော့ချင်သေးချေ။ ဤလူကို ဤမျှလောက်နှင့် လွှတ်မပေးနိုင်ချေ။

သို့သော် လျို့ကျင်း၏ အနူးအညွှတ်တောင်းဆိုမှုနဲ့ တိုက်တွန်းမှုတို့ကြောင့် သူမ၏ရင်ထဲမှ အငြိုးတရားများမှာ အနည်းငယ်ပြေပျောက်သွားခဲ့သည်။

သူမ ကုကျစ်စုန့်ရှေ့တွင် ခါးညွှတ်ကာ အရိုအသေပြုလိုက်ချေသည်။

“ကျေးဇူးပါ၊ တောက်ကျန့်ငယ်လေး”

ကုကျစ်စုန့် မော့ကြည့်လိုက်သည်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး၊ အန်တီရဲ့ သားဖြစ်သူက သူ့ရဲ့ ကောင်းမှုကုသိုလ်တွေ အကုန်လုံးကို အန်တီ့ကို ကယ်တင်ဖို့အတွက် ကျွန်မနဲ့ အပေးအယူလုပ်ခဲ့တာ၊ ကျွန်မတို့က အလုပ်သဘောအရ လုပ်နေတာတွေပါပဲ”

“ဘယ်လို!?”

တုန်ယင်း အံ့ဩသွားရသည်။

တစ္ဆေတစ်ကောင်ဖြစ်လာခဲ့ပြီဖြစ်၍ သူမသည်ကား ကုသိုလ်ကောင်းမှု၏ အရေးပါမှုကို ကောင်းကောင်းသိလာခဲ့သည်။ သားဖြစ်သူက ဤမျှ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရမည်ဟု သူမ မျှော်လင့်မထားမိခဲ့ချေ။

သူမ တုန်လှုပ်စွာ ပြောလိုက်သည်။

“တောက်ကျန့်လေး၊ ကျွန်မရဲ့ ကောင်းမှုတွေ အကုန်ပေးပါ့မယ်၊ ကျွန်မသားရဲ့ ကုသိုလ်တွေကို မယူလိုက်ပါနဲ့!”

ကုကျစ်စုန့် : “???”

“စာချုပ်ချုပ်ဆိုတာကို ကလေးကစားတယ်လို့ ထင်နေတာလား၊ ပြောင်းလဲချင်တိုင်း ပြောင်းလို့ မရနိုင်ဘူး၊ တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှတ်ရမှာပဲ၊ လိုချင်တာကို စွမ်းဆောင်ပေးနိုင်သူတစ်ယောက်က ကြိုးစားမှုရဲ့ အသီးအပွင့်ကိုလည်း ရယူမှာပဲ၊

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သဘောတူညီသူကသာ အကျိုးဆက်ကို ခံစားရလိမ့်မယ်၊ ဒါက ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ နိယာမပဲ”

တုန်ယင်းတစ်ယောက် ငယ်ထိပ်သို့မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသော်လည်း ဘေးမှ သားဖြစ်သူ လျို့ကျင်းကတော့ တည်တည်ငြိမ်ငြိမ်ပင် ရှိနေခဲ့သည်။

“အမေ၊ ကျွန်တော် ကောင်းတဲ့ကိစ္စတွေကို လုပ်နေသရွေ့ ကုသိုလ်ဆိုတာက ပြန်ရနိုင်တာပဲလေ၊ အဆိုးဆုံး ဘာဖြစ်နိုင်မှာလဲ၊ ရုပ်ရှင်ရိုက်ရင်း ငွေကုန်သွားတာမျိုးလောက်ပဲပေါ့၊

ကျွန်တော် ကောင်းမှုကုသိုလ်နဲ့ လှူဒါန်းတာတွေကို ဆက်တိုက် လုပ်နေမှာဆိုတော့ အနာဂတ်မှာ ပြန်ပြီး စုဆောင်းမိမှာ သေချာပါတယ်”

အမေနှင့် သားတို့က တစ်ယောက်ကိုတစ်ယောက် ထိခိုက်မိစေခဲ့သည်ဟု ခံစားနေမိခဲ့ကြကာ အခန်းထဲမှ အခြေအနေမှာလည်း စိတ်ဓာတ်ကျစရာပင် ကောင်းလှသည်။

ကုကျစ်စုန့် ပြတ်သားစွာပြောလိုက်သည်:

“ဒီနေ့ ဖြစ်သမျှပြဿနာတွေအကုန်လုံးက ရှင့်ရဲ့ မပြတ်သားမှုကြောင့် ဖြစ်ရတာပဲ မစ္စတုန်၊ ရှင်က ရှင့်သားအတွက် ကြိုးစားပေးနေတယ်လို့ ထင်ပေမယ့် ဒါရိုက်တာလျို့ကတော့ ရှင့်ကို ကွာရှင်းစေချင်တယ်ဆိုတာကို မသိခဲ့ဘူးလား?

အချိန်အကြာကြီး နာကျင်နေရတာထက် အချိန်တို ထိခိုက်နာကျင်မှုက ပိုကောင်းတယ်ဆိုတာကို နားမလည်တာလား??”

တုန်ယင်း နားလည်ပါသည်။

သူမ ကောင်းကောင်းကြီး နားလည်ခဲ့သည်။

သို့သော် သူမမွေးဖွားချိန်နှင့် နာမည်ကြီးချိန်၏ ခေတ်ကာလအရ သူမသည်ကား နာမည်ကြီးသရုပ်ဆောင်ဖြစ်သော်ငြား နာခံခြင်းနှင့် မှိုင်းမိခြင်းတို့က အရိုးထိ စွဲနေခဲ့သည်။

ထို့ကြောင့်လည်း သူမ ယောကျ်ား၏ ဖျက်ဆီးမှုအောက်တွင် သူမ၏ အိပ်မက်များကို နင်းခြေခံရကာ ကိုယ့်ကိုကိုယ်ဖိနှိပ်ထားခဲ့ခြင်းပင်။

သူမ ယုံကြည်သည်က သားဖြစ်သူ မိတကွဲ၊ ဖတကွဲ မဖြစ်စေဖို့အတွက် ကွာရှင်းဖို့ မလိုအပ်သလို ပြဿနာရှာရန်လည်း မလိုအပ်ဟု ထင်ခဲ့သည်။

သားဖြစ်သူအား ကျောင်းနေဖက်များနှင့် သူငယ်ချင်းများက အထင်မသေးနိုင်စေရဟု တွေးတောခဲ့သည်။ သားဖြစ်သူ၏ အလုပ်အကိုင်အတွက် ဂုဏ်သိက္ခာမကျစေရန်အတွက် သူမ သည်းခံခဲ့သည်။

သို့သော် ထိုခေါင်းမာသည့် ‘သည်းခံရန်ကြိုးစားမှု’သည်ကား လွတ်မြောက်မည့် လမ်းကပိတ်ဆို့နေခဲ့သည်။

တုန်ယင်း နောင်တရသည်။

ထိုလူ့အမှိုက် သူမကို ပထမဆုံးအကြိမ်ဖောက်ပြန်စဉ်ကတည်းက ကွာရှင်းခဲ့ပါလျှင်၊ သူမ၏ စိတ်အလိုအား လိုက်လျောကာ ဇာတ်ကားများ ဆက်၍ ရိုက်ကူးနေခဲ့မည်ဆိုပါလျှင်၊ အရာအားလုံး အခုအချိန်တွင် ပြောင်းလဲသွားနိုင်မည်လော??

သို့သော် ယခုကား အချိန်နှောင်းခဲ့လေပြီ။ သူမမှာ တစ္ဆေတစ်ကောင်ဖြစ်လာခဲ့ကာ မျက်ရည်ပင် မကျနိုင်တော့ချေ။

ယွီထုန်လျို့ သက်ပြင်းချကာ ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

“ကျွန်မ အစတည်းက အားလုံးကို ဗီဒီယို ရိုက်ထားခဲ့တယ့်၊ စီနီယာအစ်ကိုရဲ့အဖေက ဆရာ့ကို ဆေးမပေးခဲ့ဘူးလို့ ဝန်ခံတာကိုလည်း ရိုက်ထားလိုက်မိတယ်၊ တရားရုံးမှာ သက်သေအဖြစ် သုံးလို့ ရ၊မရကိုတော့ မသိပေမယ့် အသုံးဝင်လောက်မှာပါ၊ ကျွန်မ  စီနီယာအစ်ကိုဆီကို မှတ်တမ်းဖိုင် ပို့ထားတယ်”

“ကျေးဇူးပါ၊ ရှစ်မေ့၊ ပြီးတော့ ကုတောက်ကျန့်! တောက်ကျန့်ကြောင့်သာမဟုတ်ရင် ကျွန်တော့် အမေ ဒီလိုဖြစ်နေမှန်းကိုတောင် သိမှာ မဟုတ်ဘူး”

မှတ်တမ်းဗီဒီယိုဆိုသည့် အသံကို ကြားသည်တွင် ကြမ်းပြင်ပေါ်၌ အတောင့်လိုက်လဲနေခဲ့သော အဖေလျို့က ထပ်မံအသနားခံချင်နေသေးသည့်ပုံဖြင့် ‘အား’ ဟု အော်ဟစ်လာသည်။

လျို့ကျင်း ထိုသည်ကို မမြင်ချင်ယောင်ဆောင်ကာ မိခင်ဖြစ်သူအား မေးလိုက်သည်။

“အမေ၊ သူနဲ့‌ ဖောက်ပြန်နေတဲ့ မိန်းမက ဘယ်သူလဲ?”

ထိုအကြောင်းအရာကို ကြားလိုက်ရသည်နှင့် တုန်ယင်း၏မျက်နှာတွင် ဒေါသများ ပြန်လည်ဖုံးလွှမ်းသွားကာ မသတီစရာကောင်းသည်တစ်ခုခုအား စားလိုက်မိသလိုပင်။

“ရှောင်ဝမ်လေ၊ သူ ငါ့အပေါ်ကို ဒီလို လုပ်နိုင်မယ်လို့ တစ်ခါမှ တွေးမထားဘူး!”

လျို့ကျင်း ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့ရသည်။ ထို့နောက် လက်သီးများ ကျစ်ကျစ်ပါအောင်ဆုတ်ကာ အဖေလျို့ရှေ့တွင် ရပ်တန့်လိုက်လေ၏။

ပြီးနောက်တွင် သူ၏ လက်ကို မြှောက်လိုက်ကာ မြေပေါ်မှ အမှိုက်၏မျက်နှာအား မသတီစွာ လက်သီးနှင့်ထိုးတော့သည်။

“လူယုတ်မာကောင်! ဘာလို့ အမေက ခင်များလို လူမျိုးနဲ့ တွေ့ခဲ့ရတာလဲ? အပြင်မှာ ဖောက်ပြန်ရတာ အားမရလို့ အမေ့ကို ဒီဆောက်ထိ ရွံရှာအောင် လုပ်ခဲ့သေးတယ်!?”

ယွီထုန်လျို့လည်း အံ့အားသင့်နေခဲ့သည်။

“ရှောင်ဝမ်? အဲဒါက ဆရာ ထောက်ပံ့ပေးခဲ့တဲ့ ကျောင်းသူမဟုတ်ဘူးလား!??”

တုန်ယင်းသည်ကား အနုပညာလောကမှ အနားယူလိုက်ပြီဆိုသော်ငြား လက်ထဲတွင် ငွေအမြောက်အမြားကျန်ရှိနေခဲ့သည်။ သို့နှင့် တောင်ပေါ်ရွာများမှ ပညာသင်ရန်မတတ်နိုင်သော မိန်းကလေးများ၊ သမီးထက် သားဖြစ်သူကို ပို၍တန်ဖိုးထားသော မိသားစုများမှ မိန်းကလေးများအား ကူညီထောက်ပံ့နေခဲ့သည်။

ထိုမိန်းကလေးအများစုက စာမေးပွဲအောင်မြင်ကာ တက္ကသိုလ်တက်ရောက်ကြပြီး ဘဝကို ပြောင်းလဲနိုင်ခဲ့ကြသည်။ ဝမ်အမျိုးသမီးကလည်း ထိုမိန်းကလေးများမှ တစ်ယောက်သာဖြစ်ချေသည်။

သို့သော် သူမသည်ကား ဝင်ခွင့်စာမေးပွဲ မအောင်မြင်ခဲ့သူများထဲတွင် ပါဝင်သည်။

သူမ၏ မိသားစုအခြေအနေမှာ အင်မတန်ခက်ခဲကာ ဖခင်ဖြစ်သူမှာလည်း ကိုယ်ထိလက်ရောက်ရိုက်နှက်တတ်သော အရက်သမားတစ်ယောက်ဖြစ်ချေသည်။ တုန်ယင်း၏ ထောက်ပံ့ကြေးများကိုလည်း အဖေဖြစ်သူကသာ လက်ဝါးကြီးအုပ်ခဲ့သည်။

သူမ အထက်တန်းကျောင်း မပြီးဆုံးခင် ကျောင်းမှ ထွက်ပြေးကာ တုန်ယင်းဆီသို့လာခဲ့ပြီး သူမကို ကူညီရန် တောင်းဆိုခဲ့သည်။ အိမ်ပြန်လျှင် သေသည်အထိ ရိုက်သတ်ခံရမည်ဟုဆိုကာ အိမ်ကို ခေါ်သွားပေးဖို့ တောင်းဆိုလာခဲ့သည်။

တုန်ယင်းမှာ နှလုံးသား နူးညံ့သူဖြစ်သောကြောင့် သူမ၏အိမ်တွင် ယာယီနေထိုင်ခွင့်ပြုခဲ့သည်။

အိမ်အကူဟု ဆိုသော်ငြား သမီးတစ်ယောက်လိုသာ ဆက်ဆံပေးခဲ့သည်။

ယွီထုန်လျို့ လျို့မိသားစုအိမ်သို့ ညစာစားရန် ရောက်လာသည့် အကြိမ်ပေါင်းများစွာတွင် ထိုအသက် ၃၀ အရွယ် ဝမ်အမျိုးသမီးအား တွေ့ခဲ့ရသည်။

သူမ နားစွန်နားဖျားကြားမိသည်က ဝမ်အမျိုးသမီးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က လျို့ကျင်းအား သဘောကျခဲ့သော်လည်း လျို့ကျင်း၏ နှလုံးသားထဲတွင် ရုပ်ရှင်များသာ ရှိနေခဲ့သည်။ ထိုကိစ္စကလည်း မေ့မေ့ပျောက်ပျောက်ဖြင့်သာ ပြီးဆုံးသွားခဲ့သည်။

နောက်ဆုံးတွင် အဖေလျို့နှင့် ဖောက်ပြန်ကာ တရားမဝင်ကလေးပါ မွေးထားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း??

တုန်ယင်း ထိုမြင်ကွင်းကို မြင်ကာ စိတ်အဆိုးလွန်ပြီး နှလုံးဖောက်သွားခြင်းက မထူးဆန်းတော့ပေ။

သမီးအရင်းလို သဘောထားခဲ့ရသည့် လူတစ်ယောက်က ဤသို့အပြစ်များ ကျုးလွန်ခဲ့သည်ဟု ကြားသိရပါက မည်သူက စိတ်မဆိုးရှိပါမည်နည်း?

ထိုအကြောင်းကြားရပြီးနောက် ယွီထုန်လျို့ပင်လျှင် ခေါင်းနောက်ကာ အန်ချင်သလိုပင် ဖြစ်သွားရသည်။

တုန်ယင်း၏ မျက်နှာက မှုန်မှိုင်းနေခဲ့ပြီး :

“ငါကိုက လူကဲခတ်ညံ့တဲ့ မျက်ကန်းတစ်ယောက်ဖြစ်နေခဲ့တာ၊ သူ့ကို ဒီနှစ်တွေအတွင်း ငါမျက်နှာ တစ်ချက်မပျက်ရအောင် ထားခဲ့တာ၊ အခြားသူတွေ ဒီလိုလုပ်ရင်တောင် ငါလက်ခံနိုင်ပါသေးတယ်၊ သူကတော့ ငါ့အပေါ်ကို ဒီလိုလုပ်လို့ မရဘူးလေ”

ကုကျစ်စုန်:

“အန်တီရဲ့ အမှားက ရက်စက်သူတွေကို ပြန်ပြီး မရက်စက်နိုင်ဘဲ မကြင်နာသင့်သူကိုတော့ ကြင်နာခဲ့မိတာပဲ၊

ရှင် လူတွေအများကြီးကို ထောက်ပံ့ခဲ့တာပဲလေ၊ အဲဒီမိန်းကလေးတွေရဲ့ ဘဝကရော မခက်ခဲ၊ မကြမ်းတမ်းလို့လား?

သူတို့တွေအားလုံးက ကောလိပ်တက်ခွင့်ရတာ မဟုတ်ခဲ့ဘူး၊ ဒါပေမယ့် ဒီတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ ရှင့်အိမ်တံခါးဝကို ရောက်လာဖူးလို့လား??

အဖြေကတော့ မရှိခဲ့ပါချေ။

ကောလိပ်ဝင်ခွင့်မအောင်သည့် ကလေးများသည်လည်း အလုပ်ကြိုးစားကာ တောင်ပေါ်ရွာများမှ ထွက်လာပြီး အသေးစားစီးပွားရေးများ လုပ်ကိုင်နေကြသည်။

နှစ်စဉ် သူမ ကူညီခဲ့သည့် ကလေးများမှ ကျေးဇူးတင်စာများနှင့် လက်ဆောင်များ လက်ခံရခဲ့သော်လည်း သူမအိမ်တွင် တက်နေ,နေသည့် ရှောင်ဝမ်ကတော့ သူမကို တစ်ခါမှ ကျေးဇူးမတင်ခဲ့ပေ။

“တစ်ချို့လူတွေက မွေးလာကတည်းက သွေးထဲမှာ ယုတ်မာတဲ့ ဗီဇက ပါလာတာ၊ ယောကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ထူးခြားမသွားဘူး၊

အဲလို လူမျိုးကို အိမ်ကြီး အိမ်ကောင်းမှာ နေခွင့်ပေးတယ်၊ ဘာမှ လုပ်စရာမလိုပဲ တစ်သက်လုံးမခံစားဖူးတဲ့ စည်းစိမ်ခံစားရတယ်၊

ဒီလိုဖြစ်လာချိန်မှာ အဲဒီလို လူမျိုးက ရှင့်ကို ကျေးဇူးတင်မှာ မဟုတ်ဘူး၊ အချိန်ကြာလေ ပိုပိုပြီး လောဘတက်လာလေပဲ ဖြစ်လာလိမ့်မယ်”

“သူတို့ရဲ့ အရိုးစွဲနေတဲ့ သိမ်ငယ်စိတ်ကြောင့် မနာလိုဝန်တိုစိတ်တွေ ပေါက်ဖွားလာပြီး ကျေးဇူးရှင်ရဲ့ အပိုင်တွေကို ကိုယ်တိုင် ပိုင်ဆိုင်ချင်လာကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ မျက်လုံးထဲမှာ ရှင့်ရဲ့ အကူအညီက အလကားရတယ်လို့ ထင်လာကြလို့ပဲ”

“ဒါပေမယ့် မစ်စတာလျို့ သိလောက်ချင်မယ့်အရာ တစ်ခုတော့ ရှိတယ်”

သူမ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုရောင်ခြည်လေး အရောင်လက်သွားသည်။

ဤအမျိုးသားရော ၊အမျိုးသမီးပါ နှစ်ယောက်လုံးက ယုတ်မာကြသည်။ အဖေလျို့လိုလူမျိုးမှာ ဝမ်အမျိုးသမီးလို လူမျိုးနှင့်သာ ထိုက်တန်ပေသည်။

“ရှင့်မျက်နှာကို ကြည့်ရရင် မျက်ရည်နန်းတော်နေရာက သားသမီးကံအတွက် လူတစ်ယောက်တည်းကိုပဲ ပြပေးတာလေ၊ ညာဘက်က အမျိုးသမီးအတွက်၊ ဘယ်ကတော့ အမျိုးသားတွေအတွက်၊

မစ်စတာလျို့၊ ရှင့်မျက်နှာအရဆိုရင် ဘယ်ဘက်မျက်လုံးအောက်မှာ မျဉ်းတစ်ကြောင်းပဲ ရှိတယ်၊ဒီတော့ ရှင်က ကလေးတစ်ယောက်တည်းပဲ ရှိရမယ့် ကံပါလာတာပဲ။ မျဉ်းကြောင်းက နက်လဲ နက်တော့ အဲဒီကလေးက အလုပ်အကိုင်အောင်မြင်ပြီး ဘာသာတရားကိုင်းရှိုင်းမယ်ဆိုတဲ့ လက္ခဏာပဲ...”

ကုကျစ်စုန့် ရုတ်တရက် ပြုံးလိုက်သည်။

“ဒါပေမယ့် ရှင့်လို ကလေးတစ်ယောက်ပဲ ရရှိမယ့် ကံပါလာတဲ့ အဖိုးကြီးတစ်ယောက်က ဘယ်လိုလုပ်ပြီး သားငယ်တစ်ယောက် ထပ်မွေးထားတာလဲ??”

မျက်လုံးတစ်ဖက်ညိုကာ နှာခေါင်းကိုလည်းရောင်ကိုင်းသည်အထိ အရိုက်ခံထားရသည့် အဖေလျို့က ထိုစကားများကို ကြားရတော့ အသက်ရှုသံများ ပြင်းလာကာ မောဟိုက်လာခဲ့သည်။

ကုကျစ်စုန့်၏ စကားများအား မယုံကြည်နိုင်မှုကြောင့် သူ့၏ ပါးစပ်ကိုဖွင့်ဟကာ တုန်တုန်ယင်ယင်ဖြင်း ပြောလာသည်။

“မင်း.. လိမ်..နေတာ”

“ဘာလို့ လိမ်ရမှာလဲ?”

ကုကျစ်စုန့်:

“ရုပ်လ္ခဏာဗေဒမှာ ပြောစကားတစ်ခုရှိတယ်၊ လူ့ခန္ဓာပေါ်မှာ ကန့်လန့်ဖြတ်မျဉ်းကြောင်းတွေ ရှိနေရင် သူများ သားသမီးကို ပြုစုပျိုးထောင်နေရလို့တဲ့၊ ရှင်က အောင်မြင်ကျန်းမာတဲ့ နောက်ထပ်အမွေဆက်ခံသူ ရမယ့်ကံမရှိဘူး၊

ဒါပေမယ့် ရှင့်ရဲ့ မျက်ရည်ခန်းမမှာ ဘယ်ဘက်ကနေ ညာဘက်ထိ ဖြတ်သွားတဲ့ မျဉ်းတစ်ကြောင်းရှိနေခဲ့တယ်၊ ဆိုလိုတာက ရှင်က တခြားလူတစ်ယောက်ရဲ့ သားကို ပြုစုပျိုးထောင်နေခဲ့တာပဲ”

All Chapters