ချစ်ခြင်းမေတ္တာမှ မွေးဖွားလာခြင်း (၁)
Vol. 7 Ch. 68
ဤအချိန်တွင် လေပေါ်၌ ဝဲလွင့်နေသော လင်းဟူ၏ ဝိဉာဉ်မှာ ကုကျစ်စုန့်တစ်ယောက် ကလေးသရဲအား လက်ဗလာဖြင့် အမဲဖျက်နေသည်ကို မြင်တွေ့နေရသည်။
သူမ၏နောက်တွင်လည်း သုံးမီတာအမြင့်ရှိသည့် မှောင်မည်းနေသော တစ္ဆေတံခါးဝကိုလည်း မြင်နေရသည်။
သို့သော် သူဌေး X သည်ကာ ထိုအရာများကို မမြင်တွေ့နိုင်ခဲ့ပေ။
သူဌေး X မှာ လက်ရှိတွင် ဟိုတယ်မှ ရေချိုးခန်းဝတ်စုံအား ဝတ်ဆင်ထားကာ သီချင်းတစ်ပုဒ်ကိုပင် ညည်းဆိုနေခဲ့သည်။
သူက ခုတင်ပေါ်တွင် မေ့မြောနေခဲ့သော လင်းဟူ၏အနီးသို့ ချည်းကပ်ရန် ကြိုးစားလိုက်ချိန်တွင် အခန်းထဲသို့ ရုတ်တရက်ကြီး လေထဲမှ လူတစ်ယောက် ဘွားခနဲ ထွက်ပေါ်လာသည်ကြောင့် သူ အလွန်ထိတ်လန့်သွားရသည်။
“မင်း ဘယ်သူလဲ? ဒါက သီးသန့်အခန်းပဲ၊ ဘယ်သူက လွယ်လွယ်ဝင်ခွင့်ပေးလိုက်တာလဲ??”
သူဌေး X မှာ ယခုကိစ္စအား လူများသိသွားပြီး သူ၏ ယုတ်မာမှုများ ပေါ်ထွက်လာသောကြောင့် ရဲ သို့မဟုတ် လင်းဟူ၏ မိသားစုဝင်ရောက်လာသည်ဟု ထင်လိုက်မိသည်။
သို့သော် ပိန်ပါးသွယ်လျသည့် အမျိုးသမီးတစ်ဦးတည်းသာ ဆိုဖာရှေ့တွင် ရှိနေသည်ကို တွေ့မြင်လိုက်ရချိန်တွင် စိတ်သက်သာရာရသွားချေသည်။
ထို မိန်းကလေး၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် သက်လတ်ပိုင်းအရွယ် လူကြီး၏ မြူဆိုင်းနေသော မျက်လုံးများက ကာမစိတ်များကို ပြသလာကာ မကောင်းသည့် အကြံများ ပြည့်နေသည့် အမူအရာ ဖြစ်လာသည်။
သူက ထိုပိန်ပါးသွယ်လျသည့် အမျိုးသမီးက မည်သူလဲဆိုသည်ကို သိလိုက်သည်။
သူမက အခုတလော အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ အမျိုးသမီး သရုပ်ဆောင် မဟုတ်ဘူးလား??
သူဌေး Xမှာ ကုကျစ်စုန့်၏ ဓာတ်ပုံအား အင်တာနက်တွင် သိပ်မကြာမီကမှ မြင်ဖူးခဲ့ကာ သူမ၏အလှကြောင့်အံ့အားသင့်ခဲ့ရသည်။ သူ့အနေနှင့် ချင်ကျန်းအားပင် ထိုမင်းသမီးအား အလိုရှိကြောင်း ပြောခဲ့သေးသည်။
သို့သော် ချင်ကျန်း၏ အဖြေမှာ ကုကျစ်စုန့်သည် လတ်တလော၌ နာမည်ကြီးလာခဲ့ပြီး ကုမ္ပဏီ၏ အထူးသတိပြုနေရသူလည်း ဖြစ်နေခဲ့ကာ နာမည်မကြီးသည့် တက်သစ်စလေးများကဲ့သို့ အကွက်ရွှေ့ရမလွယ်ကြောင်း ပြောလာခဲ့သည်။
ချင်ကျန်းမှ သူမအား အလွယ်တကူ အကွက်ရွေ့၍ မရနိုင်ခဲ့သောကြောင့်သာ သူကလက်လျှော့လိုက်ရကာ ဒေါသထွက်စွာဖြင့် ကျန်ရှိနေသည့်အထဲမှ လင်းဟူအား ရွေးချယ်ခဲ့ခြင်းပင်။
သူ ညစ်ပတ်သည့် အပြုံးပြုံးလိုက်တယ်။
“ဒီအလှလေးကိုလည်း ချင်ရှုန်းတိ စီစဉ်ပေးထားတာလား?? ဘယ်လိုတောင် အံ့ဩသင့်စေလောက်အာင် လုပ်နိုင်တာလဲ??”
ကုကျစ်စုန့်: “???”
စနစ် ဒေါသတကြီးဖြင့် အော်ပြောလာသည် ။
“အဲဒီ အဖိုးကြီးရဲ့ ကြည့်နေတဲ့ မျက်လုံးတွေက ရွံစရာကောင်းလွန်းတယ်! ကျွန်တော် သူ့ကို လက်သီးနှင့် ထိုးကြိတ်ချင်နေပြီ!!”
“ငါလည်း အဲလိုပဲ ထင်တယ်”
သူမ၏ လေသံမှာ အေးစက်နေခဲ့ကာ ဒေါသအရိပ်ယောင်များပါရှိနေခဲ့သည်။
သူမ သူဌေး X ၏ မျက်နှာပေါ်တွင် အမည်းနှင့် မီးခိုးရောင် ဝဍ်ကြွေးလမ်းများအား မြင်တွေ့နေရသည်။
သူအတိတ်တွင် ပြုလုပ်ခဲ့သည် ယုတ်မာမှုများမှာ ထိုမသတီစရာ မျက်နှာပေါ်တွင် အတိုင်းသားပေါ်နေခဲ့သည်။
ပထမအချက်? သူ၏ ခေါင်းပုံစံသည် အလွန်ထူးဆန်းသည်။ ထိပ်ပိုင်းတွင် ကျဉ်းမြောင်းကာ အောက်ပိုင်းတွင် အဆီများ စုနေသည်။ သူ့ခေါင်းသည် ထိပ်ချွန်နေသည့် ကြက်ဥကဲ့သို့ပင် ဖြစ်နေခဲ့သည်။
ရှေးဆိုရိုးစကား တစ်ခု ရှိခဲ့ဖူးသည်။
‘ နဖူးကျဉ်းကျဉ်း ခေါင်းကျဉ်းကျဉ်းသည် တော်ဝင်ဟန်ပန်မရှိ’
ဆိုလိုသည်မှာ နဖူးကျဉ်းကာ ခေါင်းကျဉ်းသော လူများသည် ချမ်းသာကြွယ်ဝကာ ဘုန်းတံခိုးကြီးသူများ ဖြစ်မလာနိုင်ပါချေ။ အလွန်ဆုံး အသေးစားစီးပွားရေး လုပ်ငန်းလောက်ကိုသာ လုပ်ကိုင်နိုင်ကြသည်။
သူတို့မှာ ဉာဏ်ရည်ထက်မြတ်လွန်းကြသော်ငြား ပျင်းရိကာ မျှော်မှန်းချက်မရှိကြချေ။ ထို ထက်မြက်မှုအား မကောင်းသည့် နေရာများတွင်သာ အသုံးချကာ တစ်ဖက်လူအား ဒုက္ခရောက်စေ၍ ကိုယ်ကျိုးကို ရှာဖွေတတ်ကြသူများသာ ဖြစ်သည်။
သူဌေး X မှာ ပင်ကို ချမ်းသာသူ မဟုတ်ပေ။ သို့သော် သူက ကုမ္ပဏီကြီးတစ်ခုတည်ထောင်ကာ ငွေနှင့် အကျိုးအမြတ်များအား စုဆောင်းနေနိုင်သည်။
ဖြစ်နိုင်သည်မှာ ထိုသူက တစ်စုံတစ်ယောက်၏ ကံကြမ္မာနှင့် လဲလှည်ထားခြင်း သို့မဟုတ် အောက်တန်းကျသော နည်းလမ်းများဖြင့် လက်ရှိကုမ္ပဏီအား တည်ထောင်ထားခြင်းသာ ဖြစ်သည်။
သူမနှင့် လင်းဟူကို ကြည့်နေသည့် အကြည့်များမှာ တဏှာရာဂစိတ်များနှင့် ပြည့်နှက်နေသည်။
မျက်ဆံများက တိမ်ထူ၍ ပြာနေခဲ့ပြီးသူ့၏ မျက်လုံးအောက်တွင်လည်း မျက်တွင်းများ မည်းနက်နေကာ နှုတ်ခမ်းများက ခရမ်းရောင် ဖြစ်နေသည်။
ထို မြင်သာသည့် အချက်အလက်များ အားလုံးမှာ တဏှာလောဘကြီးခြင်းကြောင့် ဖြစ်ပေါ်သည့် ခန္ဓာကိုယ်ကို အားနည်းစေမှုပင်ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ထိမ်းမြားခြင်း နန်းတော်နေရာတွင် မျဉ်းကြောင်းအပါးလေးများနှင့် အရေတွန့်ခြင်းများ ရှိနေသည်၊ ထိုအချက်သည် အမျိုးသားနှင့် အမျိုးသမီးကြားမှ ဆက်ဆံရေးမှာ လိုက်ဖက်ညီခြင်းမရှိဘဲ အကြပ်ကိုင်ခြင်း၊ လှည့်စားခြင်းများကိုသာ အသုံးချထားကြောင်း ဖော်ပြနေသည်။
သို့ မျဉ်းပါးလေးများသည် မတရားကျင့်ခံခဲ့ရသော အမျိုးသား၊အမျိုးသမီးများ၏ အငြိုးတရားနှင့် မုန်းတီးမှုတို့မှ ပေါက်ဖွားလာခြင်းပင်။
ဤလူသတ်သမား လက်ထဲသို့ လင်းဟူကဲ့သို့ လူငယ်လေးများ မည်မျှလောက် ကျရောက်ခဲ့ပြီးပြီလဲဟူသည်ကိုပင် သူမ မသိနိုင်တော့။
“အလှလေး၊ မင်း လိမ်လိမ်မာမာနှင့်ငါ့စကားကိုပဲ နာခံလိုက်၊ မင်းလိုချင်သမျှ အရင်းအမြစ်တွေ အကုန်ရစေရမယ်”
သူဌေး X က ကုကျစ်စုန့်၏အနားသို့ လျှောက်လာရင်းပြောလိုက်သည်။
ဤမြင်ကွင်းကို မြင်သည့တွင် လေပေါ်လွင့်ပျံနေသော လင်းဟူက စိတ်ပူပန်စွာနှင့် ပြောလာခဲ့သည်။
“ကုကျစ်စုန့်၊ သတိထားနော်!!”
သူမ၏ အတွေးတွင် ကုကျစ်စုန့်မှာ သဘာဝလွန်စွမ်းအင်များရှိသော်လည်း ယောကျ်ားတစ်ယောက်၏အားနှင့် မိန်းမတစ်ယောက်၏ခွန်အားကြားမှ ကွာခြားမှုကလည်း ကြီးမားပေသည်။
ထို ဝဖိုင့်သည့်ဦးလေးကြီး၏လက်တွင် မိသွားပါကာ ကောင်းသည့်အရာများ ဖြစ်မလာနိုင်ပေ။
သို့သော် မျက်စိတစ်မှိတ်အတွင်းတွင် ရွံရှာဖွယ်သူဌေးက လက်ကို ဆန့်လိုက်သည်နှင့် ကုကျစ်စုန့်ကသူမ၏ လက်သီးကို မြှောက်လိုက်ကာ တစ်ဖက်လူ၏ ဖောရောင်နေသော မျက်နှာနှင့် နှာခေါင်းသို့ တည့်တည့် ပစ်ထိုးလိုက်လေသည်။
ထိုထိုးချက်က ပြင်းထန်လွန်းပြီး အသံပင် ထွက်သွားခဲ့ သူဌေး X မှာ သူ့၏ မျက်နှာအား လက်ဖြင့်ဖုံးကွယ်၍ နာကျင်မှုကြောင့်မျက်ရည်များပင် ကျဆင်းလာရကာ နောက်သို့ဆုတ်သွားခဲ့သည်။
သူ၏ နှာခေါင်းမှလည်း သွေးများ ဆက်တိုက်ထွက်နေခဲ့သည်။
“ခွေးမ၊ နင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ?? ငါ ချန်ယင် အကျိုးဆောင် ကုမ္ပဏီကို ပြောပြီး မင်းကို အလုပ်ထုတ်ခိုင်းပစ်မယ်!!”
သူဌေး X ၏မျက်နှာက သွေးများဖြင့်နီရဲနေခဲ့သော်လည်း နှာခေါင်းမှ နာကျင်မှုအား ထိန်းချုပ်၍ မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ချင်းကျန်းအား မေးခွန်းထုတ်ဖို့အတွက် ဖုန်းခေါ်ရန် ပြင်လိုကာသည်။
သို့သော် သူမော့ကြည့်လိုက်သည်နှင့် ကုကျစ်စုန့်၏ လက်ထဲတွင် ခရမ်းပြာရောင် တိမ်တစ်စုဖုံးလွှမ်းနေသည့်ကလေးသရဲအား တွေ့လိုက်ရတော့သည်။
သူ ကုကျစ်စုန့်ဆီသို့ မျက်လုံးများပြူးကျယ်စွာ စိုက်ကြည့်နေခဲ့ပြီး ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်သွားရင် ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
“သရဲ! သရဲ ရှိနေတယ်! ကယ်ကြပါဦး၊ သရဲတွေ ရှိနေတယ်!!”
ကုကျစ်စုန့်မှ အတွင်းအားဖြင့် ထိုးလိုက်သည့် လက်သီးချက်မှာ ထိုသူ၏ နှာခေါင်းရိုးကို ကျိုးသွားစေရုံသာမက သူ့၏ပုခုံးပေါ်မှ ဝိဉာဉ်မီးတောက်ကိုပင် ထိခိုက်စေခဲ့က်အရှိန်မသတ်နိုင်လောက်အောင် ရမ်းခါသွားခဲ့ပြီး ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်အား ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်သွားစေသည်။
ထိုကဲ့သို့အချိန်၌ အနီးအနားတွင် သရဲ၊တစ္ဆေများ ရှိနေပါက သူသည်ကား ယင်ချီ၏သက်ရောက်မှုဖြစ်စေကာ ‘ယင်မျက်လုံး’က ပွင့်လာလိမ့်မည် ဖြစ်သည်။
ထိုသို့အချိန်၌ သူက သရဲများအား မြင်နိုင်တော့မည်ဖြစ်သောကြောင့် ထိုပွင့်လာသောမျက်လုံးကို သရဲမျက်လုံးဟုလည်း ခေါ်ကြသည်။
ထို့ကြောင့် သူဌေး X မှာ အမျိုးသမီး သရုပ်ဆောင် ကုကျစ်စုန့်၏လက်ထဲ၌ ကြောက်မက်ဖွယ်ရာ ကလေးတစ္ဆေတစ်ကောင်အား ဆွဲကိုင်ထားသည်ကို မြင်တွေ့နိုင်နေခဲ့ပြီ။
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်ကာ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။
“ကြည့်ရတာ ရှင်က သရဲကိုတော့ကြောက်တတ်ပုံပဲ၊ မကောင်းတဲ့အရာတစ်ခုခုကိုလုပ်ရင် အဲဒီဝဋ်ကြွေးကိုပြန်ခံရမယ်ဆိုတာကို သိထားရဲ့နှင့် ဘာလို့ အမျိုးသား၊ အမျိုးသမီးတွေကို အနိုင်ကျင့်တာတွေ၊ လူသတ်တာတွေ လုပ်နေရရတာလဲ?”
ထိုလူ၏ မျက်နှာကို ကြည့်သည်နှင့် ထိုသူက လိင်ပိုင်းဆိုင်ရာပြစ်မှုများ ကျူးလွန်ရုံသာမက သူ၏ လက်များတွင်လည်း သွေးစွန်းနေခဲ့သေးသည်ကို တွေ့နိုင်သည်။
သူ၏ မျက်ခုံးများက ငေါ့ထွက်ပြီး တိုပြတ်ကာ ထူထဲနေခဲ့သည်။ အောက်ဘက်မှ ချွန်တက်နေသည့် မျက်လုံးများကလည်း တစ်ဘက်ကျဉ်း၊ တစ်ဘက်ကျယ်ဖြစ်ကာ မျက်နှာတွင်လည်း အမည်းရောင် ဒဏ်ရာငယ်များနှင့် ပြည့်နေသည်။
ထိုအရာ အားလုံးသည်ကား သေဆုံးပြီးသည့် စွမ်းအင်နှင့် ကံကြမ္မာဝဍ်ကြွေးတို့၏ ဖုံးလွှမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးရွားသော အခြေအနေများပင် ဖြစ်ချေသည်။
သူဌေး X မှာ ဆိုဖာ ခြေထောက်နားအထိ ကပ်သွားခဲ့ပြီး ပြေးစရာမြေမရှိတော့ချေ။ ကုကျစ်စုန့်၏လက်ထဲမှ ကြောက်လန့်ဖွယ်ရာအော်ဟစ်နေသည့် ကလေးသရဲအား စေ့စေ့ပင် မကြည့်ရဲပေ။
ကုကျစ်စုန့်၏ အေးတိအေးစက်မေးခွန်းအား ကြားရပြီးနောက် သူ၏ ဝဖိုင့်ဖိုင့် ကိုယ်လုံးကြီးက တုန်ခါသွားကာ ကြောက်လန့်တုန်လှုပ်စိတ်အား မထိန်းချုပ်နိုင် ဖြစ်လာရသည်။
သူ၏ မသိစိတ်ထဲတွင် ငယ်ရွယ်နေသည့် မျက်နှာတစ်ခုက ထိတ်လန့်ဖွယ်ကောင်းကာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားခဲ့သည်ကို မျက်နှာအား တွေးတောမိလာခဲ့ရသည်။
အစောပိုင်းနှစ်များတွင် သူ ချင်းကျန်းနှင့် မရင်းနှီးစဉ်က တခြားလူများအား အနိုင်ကျင့်ခြင်းကြောင့် ထောင်ကျခါနီးအခြေအနေ ဖြစ်ဖူးခဲ့သည်။
ထိုအကြောင်းများကို သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။ ထိုကိစ္စများဖြစ်ခဲ့ပြီးနောက် တစ်ဖက်မှမိန်းကလေးမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့ပြီး ရဲကိုတိုင်ကြားခဲ့သော်လည်း သူက လက်ဦးကာ ပြဿနာအား ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် ထိုမိန်းကလေးက အင်တာနက်ပေါ်တွင် သတင်းဖြန့်ရန် ကြိုးစားပြန်သည်။
နောက်ဆုံးတွင် သူ့၌ ရွေးချယ်ရာ မရှိတော့ဘဲ ငွေအမြောက်အမြားသုံး၍ လူသတ်သမားငှားကာထိုအမျိုးသမီးသတ်ဖြတ်ခဲ့ရတော့သည်။
နောက်ပိုင်းတွင် သေဆုံးသွားသည့် အမျိုးသမီးမှာ သူ့ကို မပျေနပာသည့်စိတ်နှင့် အလွန်အငြိုးကြီးမားလာပြီး သရဲအဖြစ်နှင့် သူ့အား ခြောက်လှန့်ပြဿနာ ရှာပြန်သည်။
နေ့စဉ်နေ့တိုင်း သွေးချင်းချင်းနီနေကာ ပျက်စီးနေသော မျက်နှာဖြင့် ခြောက်လှန့်နေခဲ့သည်။ ထိုနေ့ရက်များသည် သူ့အတွက်တော့ အိပ်မက်ဆိုးပင်။
နောက်ဆုံးတော့ သူက ပိုက်ဆံများထပ်သုံးကာ သရဲနှင်ရန်အတွက် တောက်ကျန့်တစ်ဦး ငှားရပြန်သည်။ထိုတောက်ကျန့်မှ သရဲကို နှင်ပြီးကြောင်း ပြောလာမှသာ သူသက်ပြင်းချ၍ စိတ်အေးလက်အေးနိုင်တော့သည်။
ထိုမိန်းကလေးမှာ သူ့လက်ကြောင့် သေရသော ပထမဆုံးလူဖြစ်ခဲ့သည်။
လွန်ခဲ့သည့် သုံးနှစ်ခန့်တွင် သူ အနုပညာနယ်ပယ်ထဲသို့ ရင်းနှီးမြှုပ်နှံမှုများဖြင့် စတင်ဝင်ရောက်လာချိန်တွင် လောလောလတ်လတ်အချိန်ကမှ ပွဲဦးထွက်ထားသော အိုင်ဒေါလေးတစ်ဦးအား ချစ်ကြိုက်မိခဲ့သည်။
သို့ရာတွင် ထိုအိုင်ဒေါလေးမှာ ကောင်လေးတစ်ယောက်ဖြစ်သော်လည်း မိန်းကလေးများထက်ပင် အရှက်အကြောက်ကြီးကာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့လေသည်။
ထိုအဖြစ်အပျက်နှစ်ခုမှာ လွန်ခဲ့သည့် နှစ်များက ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပြီး လူနည်းစုသာ သိသော သူ၏ အကြီးမားဆုံးလျို့ဝှက်ချက်များဖြစ်ပေသည်။
ထိုအကြောင်းကို ဤသရုပ်ဆောင် မင်းသမီးက မည်သည့်နေရာမှ ကြားသိလာရသည်နည်း?
သူဌေး X တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လာသည်။
“မင်း ဘာတွေပြောနေတာလဲ! ငော နားမလည်ဘူး၊ မကောင်းဆိုးဝါးမ! ငါနဲ့ ဝေးဝေးမှာနေစမ်း!!”
သူက ချင်ကျန်းနှင့် တွေ့ဆုံပြီးသည့်နောက်တွင် ချင်ကျန်းဆီ၌ ထိုအနုပညာရှင်များအား နာခံအောင် လုပ်နိုင်သည့် အထူးနည်းလမ်းရှိသည်ကို တွေ့ရှိခဲ့ရသောကြောင့် လူများကို ဆက်တိုက် တောင်းဆိုခဲ့သည်။
ထို့နောက်တွင် ခြေရာလက်ရာဖျောက်ခြင်းနှင့် နောက်ကြောင်းရှင်းခြင်းအား ချင်ကျန်းကပင် ကူညီပေးခဲ့သည်။ သူ အနည်းမျှပင် စိတ်ပူပန်ရန်မလိုအပ်ခဲ့ပေ။
ထို လူငယ်အနုပညာရှင်လေးများသည် ငွေမရှိသကဲ့သို့ စွမ်းအားလည်း မရှိ။
သူတို့ ပြဿနာရှာချင်လျှင်ပင် သူတို့ထံ၌ သက်သေအထောက်အထားမရှိနေခဲ့ချေ။ ထိုကဲ့သို့ ကိစ္စများက သူတို့၏ ကျော်ကြားမှုနှင့် အလုပ်အကိုင်အား ပျက်စီးစေမည်အားလည်း ကြောက်ရွံ့ခဲ့ကြသည်။
သို့နှင့် ကုမ္ပဏီမှ နှင်ထုတ်မခံရစေရန်အတွက် သူတို့မှာ ဒေါသအား မြိုချကာ အသံတိတ်နေခဲ့ရုံသာ တတ်နိုင်ခဲ့ကြသည်။
ချင်ကျန်းကဲ့သို့ မကောင်းမှုအား ကူညီသည့် လူများကြောင့် သူဌေး X မှာ တစ်နေ့ထက်တစ်နေ့ ပို၍ ရမ်းကားလာခဲ့သည်။
အကြောက်အလန့်ပင် မရှိတော့သလောက်ပင်။
ကုကျစ်စုန့် နှာခေါင်းရှုံ့လိုက်သည်။
“ရှင့်လိုလူမျိုးက ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး”
သက်မဲ့ဝိဥာဥ်များနှင့် ဆက်ဆံရခြင်းထက် သက်ရှိလူများနှင့် ဆက်ဆံရသည်ကို သူမ မနှစ်မြို့ရသည့် အကြောင်းရင်းမှာ သက်ရှိများ၏ လိုချင်လောဘ အတောမသတ်နိုင်ခြင်းကြောင့်သာ ဖြစ်ပေ၏။
သူတို့၏ လိုချင်မှုများသည် အဆုံးမရှိသည့် ချောက်နက်အလားပင်။
ဆင်းရဲသူများက ငွေကြေးချမ်းသာလာဖို့ရန် တောင့်တကြသည်။
ချမ်းသာလာကြပါပါက ကောင်းမွန်သည့်အရသာများအပေါ် မွေ့ပျော်ချင်လာကြတတ်သည်။
*