← Chapters

ချစ်ခြင်းမေတ္တာမှ မွေ့ဖွားလာခြင်း(2)

Vol. 7 Ch. 69

ချစ်ခြင်းမေတ္တာမှ မွေ့ဖွားလာခြင်း(2)

Vol. 7 Ch. 69

လူသားများမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ပြည့်ဝလျှင် ဂုဏ်ဒြပ်နှင့် ချမ်းသာမှုအား လိုချင်ကြပြန်သည်။

ထိုအရာများ ပြည့်စုံလာလျှင်လည်း အာဏာကို လိုချင်လာကြသည်။

အာဏာရလာလျှင် လူအများအား အုပ်စိုးချင်လာကြပြန်သည်။

နောက်တွင် ရောဂါဝေဒနာကင်းသည့် ခန္ဓာကိုယ်လိုချင်သည်။

နောက်တွင် ထာဝရအသက်ရှင်ခြင်းအား တောင့်တကြပြန်သည်။

ဤသည်မှာရှေးခေတ်အချိန်အခါများကပင် ရှိနေခဲ့သော လူသားများ၏ လိုချင်လောဘပင် ။

ကုကျစ်စုန့် သူမ၏ သွယ်လျသည့်လက်ချောင်းများအား အားလျှော့ပေးလိုက်သည်နှင့် ကလေးသရဲလေးမှာ သူမ၏လက်ထဲမှ ထွက်ပြေးသွားခဲ့သည်။

ထို့နောက်တွင် ခေါင်းကွဲလုနီးနီး ဖြစ်နေခဲ့သော သရဲလေးက ဆူညံစွာ အော်ဟစ်ကာ သူဌေး X ၏ မျက်နှာပေါ်သို့ ခုန်တက်လိုက်တော့သည်။

ကြောက်စရာကောင်းသည့် သရဲလေးအား မျက်နှာချင်းဆိုင် တွေ့လိုက်ရပြီးသည့်နောက်တွင် သူဌေးXမှာ အလွန်အမင်း ထိတ်လန့်တကြားဖြင့် အော်ဟစ်လာခဲ့ကာ သရဲအား ခါထုတ်ရန် အသည့်အသန်ရုန်းကန်ကြိုးစားနေခဲ့ရသည်။

သို့သော် သရဲလေး၏ ခြေလက်များက သူ၏ ပါးပြင်အား ဆွဲကုတ်ထားခဲ့ပြီး ချိတ်များကဲ့သို့ပင် စွဲမြဲနေခဲ့ကာ ဆွဲဖယ်၍မရနိုင်ခဲ့ပေ။

သူဌေးX ပါးစပ်ဟလိုက်သည်နှင့် သူ့၏ ခန္ဓာကိုယ်တွင်းမှ ဒေါသစိဝိဥာဥ်များက ဇွတ်အတင်း ဆွဲငင်စုပ်ယူခံလိုက်ရတော့သည်။

သူ၏ ပါးစပ်၊ မျက်လုံးနှင့် နှာခေါင်းတို့မှ အဖြူရောင်လေများ ထွက်ပေါ်လာခဲ့ကာ ကလေးသရဲလေး၏ အငမ်းမရ စုပာယူစားသုံးခြင်းအား ခံနေခဲ့ရချေသည်။

သူ၏ အဆီများသောမျက်နှာမှာ တဆတ်ဆတ်တုန်ယင်လာရကာ နဂို နီမြန်းမှုများမကျန်တော့ဘဲဖြူဖပ်ဖြူရော်ဖြစ်လာခဲ့ပြီး အားအင်များ ကုန်ခန်းလာရသည်။

သူ၏ဒေါသစိတ်ဝိဥာဥ်များအား ဆုံးရှုံးရပြီးနောက် သူဌေးXတစ်ယောက် ပို၍ပင်ကယောင်ကတမ်းနှင့် ထင်ယောင်ထင်မှားများ ဖြစ်လာတော့သည်။

သူ ယခင်တုန်းက မသေမချင်း ရိုက်သတ်ခဲ့သော ကျောင်းသူလေးမှာ လက်ရှိတွင် တစ်ကိုယ်လုံးတွင် သွေးများဖြင့်နီရဲနေခဲ့ပြီး ဒေါသတကြီးဖြင့် သူ့ထံသို့ ပြေးလာနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် စက္ကူကဲ့သို့ ဖြူဖျော့နေသည့် မျက်နှာဖြင့် အမျိုးသားတစ်ယောက်သည်လည်း မျက်လုံးများက ပျက်စီးနေခဲ့လျှက် ဒဏ်ရာအပြည့်နှင့် အသက်လျော်ကြေး တောင်းနေခဲ့ပြန်သည်။

အဆုံးတွင်တော့ သူဌေး Xမှာ ငိုယိုအော်ဟစ်လျှက်ပင် မျက်ဖြူလန်သွားပြီး မေ့လဲသွားတော့သည်။

ထိုတစ်ချိန်လုံး ကုကျစ်စုန့်က ကလေးသရဲလေး၏ စားသောက်နေခြင်းကို မတားဆီးခဲ့ပေ။

သူဌေး X ၏ ဒေါသဝိဥာဥ်အား ဝါးမြိုပြီးနောက် ကလေးသရဲ၏ ရောင်ကိုင်းနေခဲ့သော ခရမ်းပုတ်ရောင် ခြေလက်များက ပိုမို ကြီးထွားလာကာ ပါးစပ်ထဲတွင်လည်း သွားအချွန်အတက်များ အသစ်ပြန်ထွက်လာသည်။

စားသောက်ပြီးသွားသည့် သရဲလေးက လေးဖက်ထောက်နေရင်းဖြင့် ကုကျစ်စုန့်ထံသို့ ကြောက်လန့်နေသည့် မျက်နှာနှင့် လှမ်းကြည့်လာကာ စူးစူးရှရှအော်ဟစ်လျှက် ပြတင်းပေါက်မှ ထွက်ပြေးရန် ကြိုးစားလာခဲ့သည်။

ထိုအခိုက်တွင် ကုကျစ်စုန့်က လက်ကို မြှောက်လိုက်ပြီး ကလေးသရဲ၏ ခန္ဓာကိုယ်မှာ ဟိုတယ်မှ မှန်ပြတင်းအား ဝင်ဆောင့်ကာ မှန်များပင် အက်ကွဲသွားတော့သည်။

ကလေးသရဲလေးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကာ မတုံ့ပြန်နိုင်သေးခင်မှာပင် ထိုကြောက်စရာကောင်းသည့် အမျိုးသမီးဆီမှ ပြန်လည်ဆွဲခေါ်ခံလိုက်ရရှာသည်။

“ငါ မင်းကို ထွက်ပြေးလို့ရတယ်လို့ ပြောခဲ့လို့လား?”

သူကိုယ်တိုင်နှင့် ဤ လူသားအမျိုးသမီး၏ စွမ်းအား ကွာခြားမှုအား သဘောပေါက်သွားပြီးနောက်တွင် ကလေးသရဲလေးမှာ အင်မတန် ထိတ်လန့်ကြောက်ရွံ့နေခဲ့ကာ သူကိုယ်သူ ထိန်းချုပ်ထားသည့်နောက်တွင်တောင် ဝူးဝူးဝါးဝါးအသံငယ်လေးများထွက်နေခဲ့သည်။

သူက ခဏမျှ အော်ဟစ်ယောက်ယက်ခက်နေခဲ့ပြီး ခဏအကြာတွင် အကူအညီမရမှန်းကိုသိကာ ငြိမ်ကျသွားရှာသည်။

ကုကျစ်စုန့်က ကလေးသရဲလေးအား ဆွဲခေါ်ကာ အိပ်ရာပေါ်တွင် လဲနေခဲ့သည့် လင်းဟူ၏ ခန္ဓာကိုယ်ထံသို့ လျှောက်သွားခဲ့သည်။

ခုတင်ပေါ်တွင််တောာ့ မိန်းမငယ်‌လေး၏ မျက်လုံးများမှာ တင်းတင်းစေ့နေခဲ့ကာ နှုတ်ခမ်းများကလည်း‌ ဖြူဖျော့နေခဲ့ပြီး သူမ၏ဆံပင်များကလည်း ပုံပျက်ယိုယွင်းနေခဲ့သည်။

သို့သော် အဝတ်အစားများကတော့ အကောင်းအတိုင်း ရှိနေဆဲပင်။

လင်းဟူမှာ မျက်ရည်များပြည့်နေသည့် မျက်လုံးများဖြင့် ကုကျစ်စုန့်အနီးသို့ လွင့်ပျံလာခဲ့သည်။

“ကျွန်မ သေသွားပြီလား”

ကုကျစ်စုန့် သူမအား စကားတစ်ခွန်းမှ မပြောဘဲ စိုက်ကြည့်လိုက်ကာ လက်ညိုးနှင့် လက်ခလယ်အား ဆန့်ထုတ်လိုက်သည်။

ထို့နောက် သူမ၏ လက်ချောင်းများနှင့် လင်းဟူ၏ နဖူးပေါ်မှ ထျန်းကျုံး အမှတ်နှင့် သုန်းထန် အမှတ်တို့အား ထိထားလိုက်လေသည်။

သာမန်မျက်လုံးနှင့် မမြင်နိုင်သော အနက်ရောင် အမှုန်လေးများက လင်းဟူ၏ နှုတ်ခမ်းမှ ထွက်လာခဲ့ကာ ကုကျစ်စုန့်၏ လက်ဖဝါးပေါ်သို့ကူးပြောင်းလာခဲ့ပြီး ကုကျစ်စုန့်ထံတွင် ဖမ်းမိသွားခဲ့သည်ကို လင်းဟူ ကူရာကယ်ရာမဲ့စွာ တွေ့မြင်နေခဲ့ရသည်။

ကုကျစ်စုန့် အေးစက်စွာ ပြောလိုက်ချေသည်။

“မင်း အစားအစာတွေကို သတိလက်လွတ် မစား၊မသောက် နေလိုက်ရုံနဲ့ လုံခြုံမယ်လို့ ထင်နေတာလား?? ချင်ကျန်းက မင်းသုံးမယ့် တူပေါ်မှာ အစီအရင် ကြိုလုပ်ထားပြီးသားပဲ၊ တကယ်လို့ မင်း တူကို မသုံးရင်တောင်မှ သူ့ဆီမှာ ဒါတွေကို ရှူသွင်းမိအောင် လုပ်မယ့် နည်းလမ်း ရှာထားသေးတယ်”

လင်းဟူတစ်ယောက် ရုတ်တရက် သဘောပေါက်သွားရသည်။

သူမအနေဖြင့် ထိုယင်စွမ်းအင်ကျိန်စာ ဟုခေါ်သော အနက်ရောင်အမှုန်များက မည်သည့်အရာများလဲဆိုသည်ကို မမေးရဲခဲ့ပါချေ။ ထိုအရာများက ကောင်းသည့် အရာမဟုတ်သည်ကိုတော့ သူမ သေချာပေါက် သိနေခဲ့သည်။

“ကုကျစ်စုန့်၊ ကျွန်မ ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး... အရင်က ကျွန်မ ရှင့်ရဲ့ ရပိုင်ခွင့် အရင်းအမြစ်တွေအများကြီးကို လုယူခဲ့ပေမယ့် ရှင်ကတော့ ကျွန်မကို ကယ်ပေးခဲ့တယ်၊ တကယ်ကို ..ကျေးဇူးအများကြီးတင်ပါတယ်!!”

“မလိုဘူး၊ ငါက ဒီကိုလာတာ မင်းကိုကယ်ဖို့ တမင်လာခဲ့တာ မဟုတ်ဘူး၊ ငါက ဒီကောင်စုတ်လေးကို ဖမ်းဖို့ လာခဲ့တာ”

ကုကျစ်စုန့် လင်းဟူ၏ ဝိဉာဉ်အား ပြန်ပြောခဲ့ပြီး တစ်ချိန်တည်းတွင် ကလေးသရဲအား ငေါက်ငမ်းလိုက်ချေသည်။

“သူ့ရဲ့ ဒေါသစိတ်ဝိဥာဥ်တွေကို ပြန်ထုတ်ပေးလုက်စမ်!”

ကလေးသရဲလေးမှာ အချိန်အတော်ကြာအောင် ဝေ့ဝိုက်နေခဲ့ကာ နောက်ဆုံးတွင်တော့ အဖြူရောင် အခိုးငွေ့စုအား မထုတ်ချင်၊ထုတ်ချင်ဖြင့် ပြန်ထုတ်ပေးခဲ့သည်။

ဆုံးရှုံးသွားသည့် အသက်စွမ်းအင်များ ခန္ဓာကိုယ်သို့ ပြန်ရောက်လာသည်နှင့် လင်းဟူ၏ အားနည်းနုန်းချိနေခြင်းလည်း ချက်ချင်း ပြေပျောက်သွားရတော့သည်။

သူမ ခန္ဓာနှင့် ဝိဉာဉ်တို့ကြားမှ ဆက်သွယ်မှုသည်လည်း တစ်ဖြည်းဖြည်းနီးကပ်လာသည့်ဟု ခံစားရကာ သူမ၏ ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်ရန် ထပ်မံကြိုးစားလိုက်မိပြန်သည်။

အချိန်မည်မျှကြာမြင့်သွားသည်ကို မသိပါဘဲ လင်းဟူမှာ တစ်ဖြည်းဖြည်း ပြန်လည်နိုးထလာခဲ့သည်။

သူမ ထထိုင်လိုက်ချိန်တွင်တော့ ဦးခေါင်းတစ်ခုလုံးကွဲကြေလုမတတ် ကိုက်ခဲနေခဲ့ရပြီး အခန်းထဲတွင် ကုကျစ်စုန့်လည်း မရှိတော့ပေ။

သူဌေးX တစ်ယောက်တည်းကသာ ကြမ်းပြင်ပေါ်တွင် ဝက်သေတစ်ကောင်ကဲ့သို့ လဲကျနေခဲ့သည်။

လင်းဟူ၏ နှာခေါင်းက အနည်းငယ်တော့ ချဥ်စူးလာခဲ့ရသည်။

သူမ အိပ်ရာပေါ်မှ ထလိုက်ကာ အိပ်ရာဘေးတွင် ပြုတ်ကျနေသည့် ဒေါက်မြင့်ဖိနပ်အား ပြန်လည် စီးနင်းလိုက်သည်။

ထို့နောက် သူဌေး X ၏အနီးသို့ သွားကာ သူ၏ အဆီပိတ်နေသည့် ခန္ဓာကိုယ်နှင့် မျက်နှာအား တက်နင်း၊ ကန်ကျောက်တော့သည်။

“သေလိုက်စမ်း၊ လူယုတ်မာ! ခွေးသူတောင်းစားကောင်!!”

ထိုလူအား ကျေနပ်သည်အထိ ကန်ကျောက်ပြီးနောက်တွင် သူမ၏ ဆံပင်အား သပ်ရပ်အောင်ပြန်လည်ပြင်ဆင်လိုက်ကာ အန်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး သူဌေးX၏အနီးသို့ သွားကာ သူ့၏ကိုယ်ပေါ်မှ ဖုန်းအား ရှာဖွေလိုက်သည်။

ထိုလူ၏ လက်ဗွေရာအား အသုံးပြု၍ ဖွင့်လိုက်ပြီးနောက် လင်းဟူတစ်ယောက် ထိုလူနှင့် ချင်ကျန်းတို့၏ စကားပြောမှတ်တမ်းအား ရှာဖွေကြည့်လိုက်လေသည်။

သူမ ဆက်၍ ကြည့်လေလေ၊ ပိုပို ဒေါသထွက်လာလေဖြစ်ကာ အဆုံးတွင်တော့ သူမ၏ ဖုန်းနှင့် ထိုမှတ်တမ်းများအား သက်သေအဖြစ် အသုံးပြုနိုင်ရန် ဓာတ်ပုံရိုက်ယူထားလိုက်သည်။

ထိုနှစ်ဦးသား၏ စကားပြောမှတ်တမ်းများတွင် ချင်ကျန်း စတင်ကူညီသည့် အချိန် တစ်နှစ်၊နှစ်နှစ်ခန့်အထိ ရှိနေခဲ့ကာ အကြောင်းအရာများအားလုံးမှာ ဆိုးရွားလွန်းလှသည်။

ကုမ္ပဏီအတွင်းမှ အနုပညာရှင်ပေါက်စများတင်မက အပြင်လောကမှ စတင်ဝင်ရောက်လာသည့် လူသစ်များပင် အသုံးချခံခဲ့ရသည်။

သူက ထိုကလေးများအား နာမည်ကြီးဖြစ်လာစေရန်ဟု လိမ်ညာ၍ စာချုပ်ချုပ်ဆိုကာ သည်။ အနည်းဆုံး လူဦးရေ ဒါဇင်ခန့်ပင် ရှိနိုင်သည်!!

သူဌေး X သာမက အခြားလူသော ကြံရာပါများလည်း ရှိနေသေးသည်ပင်။

သူတို့တွင် Group chat တစ်ခုရှိကာ ထိုgpတွင်းမှ စာသားများက ပို၍ပင် ရွံရှာစက်ဆုပ်ဖွယ်ကောင်းလှသည်။

လင်းဟူတစ်ယောက် သူမ မြင်ခဲ့ရသော စကားပြောမှတ်တမ်းများနှင့် screenshot များကို အကောင်းဆုံး သက်သေများအဖြစ်သိမ်းဆည်းခဲ့သည်။

လင်းဟူ အန်ချင်စိတ်အား ထိန်းချုပ်ကာ ပုံများကို ရိုက်ယူခဲ့ပြီးနောက်တွင် ထိုဖုန်း၏ gallery အား မတော်တဆ ထိမိသွားသည်။

ထိုအထဲမှ ဗီဒီယို တစ်ပုဒ်ချင်းစီတိုင်းအား မြင်လိုက်ရပြီးနောက် သူမ၏ အစာအိမ်မှာ ပြောင်းပြန်လှန်လုမတတ်ဖြစ်သွားခဲ့ကာ ဒေါသထွက်လွန်း၍ မျက်ရည်များပင် ကျလာခဲ့ရတော့သည်။



တစ္ဆေတံခါးဝအား ကူးသန်းသွားလာရေးယာဉ်တစ်ခုကဲ့သို့ သဘောထားသုံးစွဲနေခဲ့သော ကုကျစ်စုန့်ကတော့ ကလေးသရဲအား ကိုင်ဆွဲကာ သူမ၏တိုက်ခန်းသို့ ပြန်လာခဲ့သည်။

တုန်ယင်းက အိမ်စောင့်အဖြစ်ကျန်နေခဲ့ကာ ဆိုဖာပေါ်တွင် ထိုင်နေရင်း တီဗီမှ ပြသနေသည့် ဟွမ်မိန် အော်ပရာ ဇာတ်ထုပ်တစ်ခုအား ကြည့်နေခဲ့သည်။

သူမက ကုကျစ်စုန့်၏လက်ထဲတွင် ကြက်တစ်ကောင်ကဲ့သို့ ဆွဲလာသော ကလေးသရဲအား မြင်ပြီးနောက် သူမကိုယ်တိုင် သရဲဖြစ်နေသော်လည်း လန့်ဖြန့်သွားဝသည်။

တုန်ယင်း : “ဒီကလေးလေးက တော်တော်လေး.... ထူးခြားသလိုပဲ”

ကုကျစ်စုန့် ကလေးလေးအား ကြမ်းပေါ်ချလိုက်သည်။

“ဒီအိမ်ထဲမှာ လျှောက်ပြေးနေဖို့တော့ မကြံနဲ့နော်၊ ငါ့နေရာက အဆောင်တွေ၊ ကျမ်းစာတွေနဲ့ ပြည့်နေတာ၊ မင်းအတွက်နဲ့တော့ ငါက အဲဒါတွေကို ဖယ်ပေးမှာ မဟုတ်လို့ ထိခိုက်မိမှ ငါကို အပြစ်မတင်နဲ့”

ကြမ်းပြင်ပေါ်မှ ကလေးသရဲလေးက သူမဆီသို့ ပြူးကြောင်ကြောင်နှင့် ပြန်ကြည့်လာခဲ့သည်။

ထိုအချိန်တွင် စနစ်က ခေါင်းပြူထွက်လာပြီး မေးလာခဲ့သည်။

“စုန့်စုန့်၊ မင်းပြောတော့ သူ့ကို ထိန်းချုပ်နေတဲ့ နှိပ်စက်ကိရိယာကို အရင်ပြန်ယူရမယ်ဆို??”

ကုကျစ်စုန့်က သူမ၏ လက်ဖဝါးအား ဖြန့်လိုက်သည်တွင် လက်ဖဝါးပေါ်၌ရှိနေသည့် အမည်းရောင် သဲမှုန့်လေးများကို စနစ်လည်း တွေ့မြင်နိုင်ခဲ့သည်။

“မလိုတော့ဘူး၊ အဲဒါက ဒါပဲ”

“ဒါက ခုနတုန်းက လင်းဟူ စားလိုက်မိပြီး သူမရဲ့အစာအိမ်ထဲက ပြန်ထုတ်လာတာမလား ...”

“မင်းထင်နေတဲ့ အတိုင်းပဲ”

ကုကျစ်စုန့်က အစီအရင်ဖျက်ဆီးရန်အတွက် လိုအပ်သည့် ပစ္စည်းများကိုထုတ်ယူနေခဲ့သည်။

“ကလေးသရဲက စွမ်းအားကြီးပေမယ့် ချင်ကျန်းက ကံဆိုးလွန်းတယ်၊ ဒါကြောင့် သူ အခြားသူတွေကို ထိန်းချုပ်ဖို့အတွက်ဆိုရင် ကျိန်စာတိုက်မယ့်လူနဲ့ ဆက်သွယ်မှုကို ပိုပြီး အားကြီးအောင် လုပ်ရတယ်၊

ဒါမှ ကလေးသရဲလေးက ဆက်သွယ်မှုကနေတဆင့် တခြားလူရဲ့ ကိုယ်ထဲကို ဝင်ပြီး ထိခိုက်ဒဏ်ရာရအောင် လုပ်လို့ ရမှာလေ”

“ဒီအမှုန့်လေးက ကလေးသရဲရဲ့ အလောင်းကို မှုန့်ညက်နေအောင် ကြိတ်ထားတဲ့ အမှုန့်တွေပဲ”

စနစ်: “ဖွီ! ဖွီ! ဖွီ! ဒါက ရွံစရာကောင်းလွန်းတယ်!!”

လိုအပ်သည့် ပစ္စည်းများကို ယူလာပြီးနောက် ကုကျစ်စုန့် ဧည့်ခန်းသို့ ပြန်သွားကာ ထူထဲသည့်ကော်ဇောပေါ်တွင် ခြေတင်ပလ္လင်ချိတ်ထိုင်လိုက်သည်။

သူမလက်ထဲတွင် ရွှေသစ်ရွက်ပန်းကန်အသေးအား ကိုင်ထားကာ ထိုအထဲတွင် ကလေးသရဲလေး၏ အလောင်းမှုန့်များ ပါဝင်သည်။ ထို့အပြင် ထိပ်ပိုင်းချွန်ထက်သည့် ငွေအပ်တစ်ချောင်း၊ ခေါင်းဘီးအသေးတစ်ခုနှင့် သစ်ကြံပိုးခေါက်အနှစ်တို့ အထပ်လိုက်ပါဝင်သေးသည်။

သူမက ဘေးတစ်ဖက်မှနေရာအား ညွှန်ပြလိုက်ကာ ကလေးသရဲလေးကို ပြောလိုက်သည်။

“ဒီနားလာထိုင်”

ကလေးသရဲလေး ခဏလောက် တွေဝေနေပြီးနောက် လေးဖက်ထောက်လျှက် တွားသွားကာ ရောက်လာခဲ့သည်။

ဆိုဖာပေါ်တွင် ထိုင်ကာ အော်ပရာကိုကြည်ရှုနေသည့် တုန်ယင်းသည်လည်း ထိုဘက်ကို စိတ်ွဝင်စားတော့ဘဲ သူမ ဝင်ရောက်ထားသည့် အဝါရောင်စက္ကူရုပ်လေးက ဆိုဖာထောင့်ဆီသို့ လွင့်ပျံလာခဲ့သည်။

ကုကျစ်စုန့်က သစ်ကြံပိုးခေါက်ထဲကို စုတ်တံနှစ်လိုက်ပြီး ချွန်ထက်သည့် ငွေထိုးအပ်ရှိနေသည့် နေရာကို ရွှေ့လိုက်သည်။သူမ၏လက်များက အလွန်တည်ငြိမ်နေပြီး အချိန်တိုလေးအတွင်းမှာပင် ငွေထိုးအပ်ကို ဆေးများ ဖုံးလွှမ်းသွားခဲ့တော့သည်။

သူက စုတ်တံကို ပြန်ချပြီးနောက် ထိုငွေရောင်အပ်ဖြင့် သူမ၏လက်ချောင်းထိပ်ကို ထိုးလိုက်ရာ သွေးတစ်စက်ကို အပ်ဖျားက စုတ်ယူသွားခဲ့ပြီး ထိုအပ်မှာ ချက်ချင်းပင် နီရဲလာခဲ့တော့သည်။

**

All Chapters