← Chapters

: ရှင်က သူတို့ရဲ့ဂုဏ်အသရေပဲ(2)

Vol. 8 Ch. 73

: ရှင်က သူတို့ရဲ့ဂုဏ်အသရေပဲ(2)

Vol. 8 Ch. 73

“ရှင့်ရဲ့ ယင်ထန်နှင့် အာဟုန်ကို ပေါင်းလိုက်ရင် ရှင်က ကလေးဘဝတည်းက ကျောင်းမှာဆို အတော်ဆုံးဖြစ်ခဲ့တယ်၊ ကျောင်းကောင်းကောင်းမှာ တက်ခဲ့ရပြီး နယ်မြေစာမေးပွဲတွေမှာ အမြင့်ဆုံးအမှတ်လည်း ရခဲ့တယ်”

“နှလုံးသားက လူတစ်ယောက်ရဲ့ သက်လတ်ပိုင်းအခြေအနေကို ပြောလို့ရတယ်၊ ရှင့်မှာ ဖြောင့်စင်းနေတဲ့ နှာတံမြင့်မြင့်တွေ ရှိတယ်၊ ရုပ်လက္ခဏာဗေဒမှာဆိုရင် ဒါကို ‘အလယ်ခုံရုံး၏ခေါင်းဆောင်မှာ လူကြီးလူကောင်းဖြစ်သည်’ လို့ အဓိပ္ပါယ်ရတယ်”

“ဒါ့အပြင် ရှင့်ရဲ့ နားရွက်တွေက မျက်နှာထက်ကို ပိုဖြူတယ်၊ ဒါက တော်ဝင်ဆန်တဲ့ အသွင်အပြင်ပဲ၊ ဆိုလိုတာက ရှင်က ရှင့်ရဲ့နယ်ပယ်မှာဆိုရင် တော်တော်လေး ကျော်ကြားပြီး အရာအားလုံးကို နှံ့စပ်သိမြင်နေတယ်လို့ ပြောနိုင်တယ်၊ အခုဆိုရင် ရှင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ အောင်မြင်နေတဲ့တပည့်တွေအများကြီးရှိနေပြီဖြစ်တဲ့ ဆရာမပဲ ဖြစ်ရမယ်” 

ရှူးကျုံးသွမ့်ယွဲ့၏ အမူအရာသည်ကား အံ့အားသင့်နေမှုမှတဆင့် လုံးဝအကြွင်းမဲ့ ယုံကြည်လာကြောင်းကိုဖော်ပြလာချေသည်။

သူမ မျက်မှန်အား ပင့်တင်လိုက်ကာ :

“ကုတောက်ကျန့်ပြောတာ မှန်ပါတယ်၊ ကျွန်မက ပညာလေ့လာမှုမှာ နည်းနည်းလောက် အောင်မြင်ခဲ့တာ၊ ငယ်ငယ်ကတည်းက ကျွန်မက မြို့ပြကိုသွားပြီး မိဘတွေကို ဂုဏ်ယူရတဲ့သမီးတစ်ယောက်ဖြစ်ချင်ခဲ့တာ၊ ဒါကြောင့် ကျွန်မ အမြဲကြိုးစားခဲ့တယ်၊

၁၉၉၆ ခုနှစ်တုန်းက ကျွန်မ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတုန်းက ပြည်နယ်တစ်ခုလုံးမှာ ပထမရခဲ့တယ်၊ ကျွန်မ ဇီဝဗေဒမေဂျာကိုပဲ ရွေးချယ်ခဲ့တယ်၊ နောက်တော့ ကျွန်မ ဘွဲ့ရပြီး နိုင်ငံခြားမှာ သွားရောက် လေ့လာခဲ့သေးတယ်၊

ရှာဖွေမှုလမ်းကြောင်းက သိပ္ပံနည်းကျရှာဖွေမှုကနေ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုတွေ ဖြစ်လာတယ်၊ နောက်ပြီး ဆေးဝါးတွေကို တီထွင်ရာမှာလည်း ကျွန်မ ပါခဲ့သေးတယ်”

“အခုတော့ ကျွန်မက X တက္ကသိုလ်က ပရော်ဖက်ဆာဖြစ်ပြီးတော့ နှစ်တိုင်း ကျောင်းသားတွေကို လမ်းပြပေးနေတာပါ”

[ဘုရားရေ၊ ကျဲကျဲ ကျွန်မပြောတာကို လက်ခံပေးပါ၊ ဒါကသာ ‘နည်းနည်းလောက်အောင်မြင်ခဲ့တယ်’ ဆိုရင်တော့ ကျွန်မက အမှိုက်စလေးသာသာပဲ ဖြစ်နေတော့မှာ!]

[မိုက်ချက်ပဲ!  X တက္ကသိုလ်က ပရော်ဖက်ဆာတစ်ယောက်ဖြစ်မှတော့ ရှူးကျုံးသွမ့်ယွဲ့ရဲ့ စိတ်က ဒီလောက်ထိအေးဆေးတည်ငြိမ်နေတာ မထူးဆန်းတော့ပါဘူး]

[X တက္ကသိုလ်က ငါ့ရဲ့ အိပ်မက်ကျောင်းပဲ၊ ဒါပေမယ့် ဒီကျောင်းရဲ့ ဝင်ခွင့်အမှတ်က အရမ်းမြင့်လွန်းတယ်၊ ဒီရှူးကျုံးသွမ့်ယွဲ့က ငါအရင် ရာသီ သုံးခုလုံးမှာ မြင်ဖူးခဲ့သမျှထဲက ပညာအထူးချွမ်ဆုံးပဲ၊ ဒါကိုတော့ ကုကျစ်စုန့်ရဲ့ ကုမ္ပဏီကနေ ငှားထားတဲ့ သရုပ်ဆောင်လို့ ဘယ်သူမှ ပြောလို့မရတော့ဘူး]

[ဒီလောက် အောင်မြင်မှုမြင့်မားနေတာဆိုတော့ ဘာကိုမှ တွက်စရာမလိုလောက်ဘူးထင်ပါတယ်၊ ဟုတ်တယ်မလား??]

ရှူးကျုံးသွမ့်ယွဲ့က ထိုမှတ်ချက်အားမြင်ပြီးနောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ ဘာမှမပြောပေ။

“ရှင်က အရမ်းလည်း ကံကောင်းတယ်၊ ကျွန်မရဲ့ ဟောပြောမှုကလည်း မှန်တယ်ဆိုရင် အခု ရှင်သိချင်တာက ဆွေမျိုးတွေကြောင့်ပဲဖြစ်လိမ့်မယ်”

ကုကျစ်စုန့် ထူးမခြားနားသည့်လေသံဖြင့် ပြောလာသည်။

“ရှင် နဖူးက ပြားတယ်ဆိုပေမယ့် ယောင်ယောင်လေးပဲ ပြားနေတာ၊ ဆိုလိုတာက မိဘနန်းတော်နေရာက ကျယ်ပြန့်ပြီး ပြားနေတာကြောင့် သူတို့ ကွယ်လွန်သွားကြပြီ၊

ညာဘက်နန်းတော်က ပိုလို့တောင် နိမ့်နေတာကြောင့် မိခင်ဖြစ်သူက နာမကျန်းဖြစ်ပြီး လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ကွယ်လွန်သွားတာဖြစ်မယ်၊  ဘယ်ဘက်နန်းတော်ကတော့ နည်းနည်းမြင့်တာကြောင့် ဖခင်ကတော့ လွန်ခဲ့တဲ့ ၂နှစ်၊၃နှစ်လောက်ကမှ ကွယ်လွန်သွားတာဖြစ်လိမ့်မယ်”

“ဒါ့အပြင် ရှင့်ရဲ့ ထိမ်းမြားခြင်းနန်းတော်ကလည်း ပြိုကွဲနေတာကြောင့် ခင်ပွန်းဖြစ်သူကလည်း မကြာခင်ကပဲ ကွယ်လွန်သွားတာ ဖြစ်ရမယ်၊ နားထင်နားက ဆံစပ်နေရာမှာ ဆံပင်ဖြူနေပြီး အဲ့နေရာက ထိမ်းမြားခြင်းနန်းတော်နေရာလေ၊ ဒီတော့ ရှင်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက တော်တော်လေး အဆင်ပြေချောမွေ့တယ်၊

ဒီကိစ္စက ရှင့်အတွက်တော့ တော်တော်လေးအရေးကြီးပြီး ရှင့်ရဲ့စိတ်ကိုလည်း တော်တော်လေး ထိခိုက်သွားပုံပဲ”

ရှူးကျုံးသွမ့်ယွဲ့က ဝမ်းနည်းပုံပေါ်သွားကာ လုပ်ယူထားသည့် အပြုံးဖြင့် ပြန်ဖြေသည်။

“အမှန်ပါပဲ”

“အောင်မြင်ပြီးနောက် မိဘတွေကို ဒီကိုခေါ်လာခဲ့ပေမယ့် အမေ့ရဲ့ ရောဂါက အရင်တည်းက တော်တော်လေး ပြင်းထန်နေခဲ့တာလေ၊ အမေက ကောင်းမွန်တဲ့အရာတွေကို နှစ်နည်းနည်းလောက်ပဲ ခံစားလိုက်ရပြီး ကွယ်လွန်သွားတယ်၊

အဖေကလည်း လယ်ကွင်းမှာ တစ်သက်လုံး အလုပ်လုပ်ခဲ့ရတဲ့ ဒဏ်တွေကြောင့် အသည်းက ထိခိုက်ထားတာ၊ ပြီးခဲ့တဲ့ နှစ်နှစ်ကပဲ ဆုံးသွားခဲ့တယ်.. အမျိုးသားကလည်း ဒီနှစ်ဝက်မှာပဲ ကားမတော်တဆဖြစ်ခဲ့တာ….”

ကုကျစ်စုန့် သက်ပြင်းချကာ စခရင့မျက်နှာပြင်နောက်မှ ပညာရှိအမျိုးသမီးအား ကြည့်လိုက်သည်။

“ဒီတော့ ရှင်ထင်တာက ရှင့်ရဲ့ ကိုယ်ပိုင်ကံကြမ္မာက မကောင်းတာကြောင့် မိသားစုဝင်တွေကိုပါ ထိခိုက်စေပြီး သူတို့ကို ဆုံးရှုံးသွားရတယ်လို့ ထင်နေတာပေါ့၊

ဒါတွေအားလုံးအတွက်လည်း ကိုယ့်ကိုကိုယ်အပြစ်တင်နေတာ၊ အဲလိုတွေးနေတာ ဟုတ်တယ်မလား??”

ရှူးကျုံးသွမ့်ယွဲ့၏ မျက်လုံးများက ရဲနေကာ ခဏကြာတော့ ခေါင်းငြိမ့်လာခဲ့သည်။

သူမ၏ အမျိုးသား ကားအက်ဆီးဒင့်ဖြစ်သည့်နေ့တွင် ထိုသူမှာ သူမအား ကျောင်းမှ လာကြိုခြင်းဖြစ်ပေသည်။

ရလဒ်ကတော့ လမ်းတွင် ကားများ အဆင့်ဆင့်တိုက်မိခြင်းဖြစ်သွားကာ သူမ၏အမျိုးသားသည်လည်း သားကောင်အဖြစ်ပါဝင်သွားခဲ့ရရှာသည်။

ထိုအဖြစ်အပျက်မှာ မတော်တဆမှုသာဖြစ်ပြီး ရှူးကျုံးသွမ့်ယွဲ့တစ်ယောက် အသုဘပွဲတွင် သူမ၏ ဝမ်းနည်းပူဆွေးမှုအား မြိုသိပ်ကာ သေချာကောင်းမွန်စွာ စီစဉ်ပေးခဲ့သည်။

သူမ စိတ်ရောလူပါ ပင်ပန်းနွမ်းနယ်ခဲ့သည်ကြောင့် အနောက်ဘက်သို့သွားကာ အသက်ရှူရန် ခဏနားချင်ခဲ့သော်ငြား သူမ၏ မမြင်ကွယ်ရာတွင် ယောက်မဖြစ်သူက ဆွေမျိုးများအား ပြောနေသည်ကို ကြားလိုက်ရသည်။

“ကျွန်မရဲ့အစ်ကိုက အဖြစ်ဆိုးနဲ့ သေသွားရတာပဲ၊ အမှန်တိုင်းပြောရရင် ယောက်မနဲ့ လက်ထက်ခဲ့တုန်းက မိသားစုက သဘောမတူခဲ့ဘူး၊ ကျွန်မရဲ့ ဒီယောက်မ ဘယ်လောက်တော်တယ်၊ ထက်မြက်တယ်ဆိုတာကို မြင်တယ်မလား??

သူက ပရော်ဖက်ဆာလည်းဟုတ်သလို သုတေသနပြုသူလည်း ဟုတ်တယ်လေ၊ အဲဒီလို မိန်းမမျိုးတွေရဲ့ ဘဝက ခက်ခဲပြီး သာမန်ယောကျ်ားတွေက မထိန်းနိုင်ဘူးဆိုရင် သူတို့ရဲ့ကံကြမ္မာကဖိနှိပ်ချုပ်တည်းခံရတတ်တယ်!!”

ဆွေမျိုး : “အိုး! နင် ဒီလိုတော့ မပြောနဲ့လေ! နင့်ယောက်မက ဒီလောက်ကောင်းတာကို၊ သူမက အမြဲစိတ်အားထက်သန်…”

ယောက်မ:

“အန်တီမသိပါဘူး၊ သူမက ကလေးဘဝတည်းက သူ့အစ်ကိုကို သတ်ခဲ့တာ၊ သူ့အမေကလည်း သူ့ကို ကျွေးမွေးရဖို့အတွက်နဲ့ အသက်တိုခဲ့ရတာပဲ၊ သူ့အဖေကလည်း ကျောက်ကပ်နဲ့ အသည်းမကောင်းတော့ ပြီးခဲ့တဲ့ ၂နှစ်လောက်က ဆုံးသွားတာလေ၊ အခု.. ကျွန်မရဲ့အစ်ကိုကလည်း သေပြီ၊

ကားတွေအများကြီးရှိနေရက်နဲ့ သူမကို သွားကြိုတဲ့ အစ်ကို့ရဲ့ကားက ဘာလို့ အတိုက်ခံလိုက်ရတာလဲ?? ပြောရရင်တော့ သူမက ကံဆိုးလွန်းလို့ပဲလေ! ကျွန်မရဲ့ အစ်ကို့ကိုလည်း သူပဲ သတ်ခဲ့တာ!!”

“… …”

သူတို့နှစ်ယောက်ပြောနေသည့် အသံများအား ခပ်သဲ့သဲ့သာ ကြားလိုက်ရသော်လည်း ရှူးကျုံးသွမ့်ယွဲ့၏ လက်များမှာ အေးစက်သွားခဲ့ရကာ ခြေထောက်များကလည်း တောင့်တင်းလာခဲ့ချေသည်။ သူမ၏စိတ်ကလည်း ဗလာနတ္ထိဖြစ်နေခဲ့ရသည်။

သူမအမျိုးသား၏ မိသားစုမှ သူမ၏ အလုပ်အကိုင်ကို မနှစ်မျို့ကြောင်း၊ သူမ နေ့စဉ် သုတေသနပြုနေသည်အားလည်း မကောင်းမြင်နေခဲ့ကြောင်း သိသော်ငြား သူမနှင့် အမျိုးသားဖြစ်သူမှာ ဆက်ဆံရေး အဆင်ပြေချောမွေ့ကာ သီးသန့်ခွဲနေခဲ့ကြသည်။

ဤအချိန်တစ်လျှောက်လုံးတွင် သူမ၏အမျိုးသားမှာ သူမ၏ ပညာရေးကို အမြဲတစေအားပေးနေခဲ့ကာ ချစ်ရသူဖြစ်သလို သူငယ်ချင်းလည်း ဖြစ်ပေးခဲ့သည်။

သူ ကွယ်လွန်သွားခဲ့သည်ကို လက်ခံရဖို့က သူမအတွက် အလွန်အမင်း နာကျင်လွန်းလှပေသည်။ 

ရှူးကျုံးသွမ့်ယွဲ့ မထင်ထားသည်မှာ ခင်ပွန်းသည်၏ မိသားစုက ထိုကဲ့သို့ အတွေးများတွေးနေမည်ဟုပင်။

သို့သော် ယောက်မဖြစ်သူပြောလာသည့်စကားများအား ပြန်လည်တွေးတောပြီးနောက်တွင် သူမအနေဖြင့် ငြင်းဆန်နိုင်သည့် စကားတစ်ခွန်းမှပင် မရှိနိုင်ခဲ့ပါပေ။

သူမ၏အစ်ကိုဖြစ်သူက သူမ မွေးဖွားပြီးသည်နှင့် ဆုံးပါးသွားခဲ့ရသည်။ မိခင်သည်လည်း သူမအား ကျွေးမွေးရန် ကျန်းမာရေးချူချာခဲ့ရသည်။ ဖခင်မှာလည်း သူမ၏ ပညာရေးကို ရှေ့ဆက်သင်ယူနိုင်ရန် အလုပ်ကြိုးစားရာမှ ပင်ပန်းဆင်းရဲဒဏ် ခံခဲ့ရသည်။

သူမ၏အမျိုးသားပါ… …

သူမ၏  ယောက်မပြောသည်က မှန်ပေသည်။ လမ်းပေါ်တွင် ယာဉ်များ၊ လမ်းသွားလမ်းလာများ အလွန်များပြားလှစွာ ရှိပါနေပါလျက်နှင့် အဘယ်ကြောင့် သူမကို လာကြိုသည့် ခင်ပွန်းသည်၏ ကားကိုသာ ဝင်တိုက်ရပါသနည်း??

ထိုဆိုးရွားလွန်းသည့် ကံကြမ္မာအား သူမကိုယ်တိုင်မှ ပေးနေခဲ့ခြင်းပေလော??

သူမ ထိုသို့ တွေးမိသည်နှင့် ယာဉ်များနှင့် လမ်းသွားလမ်းလာများသည်ပင် သူမအတွက် နာကျင်စရာဖြစ်လာခဲ့သည်။

ထို့ကြောင့် အင်တာနက်တွင် ‘ဝိဉာဉ်ရေးရာ’ အစီအစဉ်အား မြင်တွေ့လိုက်ရပြီး ကုကျစ်စုန့်၏ အနာဂတ်ဟောပြောခြင်းအား တွေ့ခဲ့ရပြီးနောက်တွင် သူမက ယနေ့ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ရောက်လာခဲ့ခြင်းဖြစ်ပေသည်။

သူမ သတိပြန်ကပ်ချိန်၌ သူမ၏ လက်သည်ကား ဟောပြောခြင်းတွင် ပါဝင်မည့် ခလုတ်အား နှိပ်လိုက်ပြီးဖြစ်နေကာ လူ ၄သိန်းခန့်ထဲမှ ကံကောင်းစွာ ရွေးချယ်ခံရသူ ဖြစ်လာခဲ့သည်။

သူမ၏ အတိတ်မှ အဖြစ်အပျက်များနှင့် နာကျင်မှုများ တစ်ခုပြီးတစ်ခုကို တစ်ဖက်လူဆီတွင် ဖော်ထုတ်ခံလိုက်ရပြီးနောက် သူမ အနည်းငယ် စိတ်သက်သာရာရသွားသကဲ့သို့ တစ်ချိန်တည်းတွင် ပို၍ စိတ်လှုပ်ရှားကြောက်ရွံ့လာရသည်။

ကုကျစ်စုန့်က သူမ မိသားစု၏ ကံဆိုးမှုသည် သူမကြောင့်ဖြစ်ရသည်ဟု ပြောလိုက်မည်အား သူမ အင်မတန်ကြောက်ရွံ့နေမိရသည်။

ထိုသို့ အမှန်တကယ်ဖြစ်နေခဲ့ပါက သူမသည်ကား ဤဘဝတွင် ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်တော့မည်မဟုတ်ပါချေ။

ကုကျစ်စုန့်က ထိုစကားများကို လက်မခံသည့် ပုံစံဖြင့် မျက်မှောင်ကျုတ်၍ ပြောလိုက်သည်။

“ဘယ်ကနေ ဘယ်လို ဒီလို အတွေးမျိုးတွေးမိလဲဆိုတာကိုတော့ မသိဘူး၊ ဒါပေမယ့် ကျွန်မ တစ်ခုပြောနိုင်တာကတော့ အားလုံးက မတော်တဆဖြစ်ခဲ့တာတွေပဲ၊ ဘယ်တစ်ခုကမှ ရှင့်ရဲ့ အပြစ်မဟုတ်ခဲ့ဘူး၊ ရှင့်ရဲ့ ဘဝက ကောင်းချီးပေးခံထားခဲ့ရတာ၊ သူများကို သေစေနိုင်တဲ့အထိ ရက်စက်ကြမ်းကြုတ်စေဖို့ဆိုတာက အဝေးကြီးပဲ”

ထိုစကားကိုကြားချိန်တွင် ရှူးကျုံးသွမ့်ယွဲ့မှာ နှာခေါင်းများပင် ရဲလာခဲ့ကာ မျက်ရည်များလည်း အတားအဆီးမဲ့စွာ ကျဆင်းလာခဲ့သည်။ သူမ၏ အသံသည်လည်း အက်ကွဲနေခဲ့လေ၏။

“တကယ်ပြောတာလား ကုတောက်ကျန့်?? ဒါပေမယ့် ကျွန်မ.. ကျွန်မရဲ့ ဘဝက တကယ်ကောင်းချီးပေးခံထားရတယ်ဆိုရင် ဘာလို့ ကျွန်မရဲ့ ဆွေမျိုးတွေက ကျွန်မကို တစ်ယောက်ပြီးတစ်ယောက် ထားခဲ့ရတာလဲ…..”

ကုကျစ်စုန့် :

“ရှင့်ရဲ့ အစ်ကိုက သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးပါးခဲ့ရတာပဲ၊ ရှင့်ရဲ့ခင်ပွန်းသည်ကတော့ လူတွေရဲ့ မဆင်မခြင်ပြုမူတာကြောင့် ဆုံးပါးရတာပဲ ဘယ်တစ်ခုက ရှင်နဲ့ သက်ဆိုင်သွားတာလဲ??

စိတ်မကောင်းစွာနဲ့ပဲ ရှင့်ရဲ့အစ်ကိုဖြစ်သူက ကံဆိုးတဲ့ အချိန်မှာ မွေးဖွားလာခဲ့တယ်၊ ရှင့်ရဲ့ ခင်ပွန်းသည်အတွက်ကတော့  လမ်းအခြေအနေကို မကြည့်၊ မဆင်မခြင်မောင်းနှင့်ပြီး မတော်တဆမှုဖြစ်စေခဲ့တဲ့၊ သူတပါးမိသားစုတွေကိုပါ ဖျက်ဆီးတဲ့ တစ်ဖက်က ကားသမားကိုပဲ အပြစ်တင်ရတော့မှာပဲ”

*

All Chapters