ရှင်က သူတို့ရဲ့ ဂုဏ်အသရေပဲ (3)
Vol. 8 Ch. 74
“ရှင့်ရဲ့ မိဘတွေအတွက်ကတော့.. သေချာပြောနိုင်တာတစ်ခုက သူတို့တွေ ရှင့်အတွက် လုပ်ပေးခဲ့ရတာကို ဘာတစ်ခုကိုမှ နောင်တမရခဲ့ဘူးဆိုတာပဲ၊ ရှင့်ဆီမှာ ဘယ်လိုအငြိုးတရားကိုမှ မမြင်ရဘူး၊ သူတို့ရဲ့ ကောင်းချီး၊နှစ်သိမ့်မှုနဲ့ တွန့်ဆုတ်မှုတွေပဲ ရှိတယ်”
“သူတို့က ဘယ်တုန်းကမှ အောင်မြင်ထက်မြက်တဲ့ မိန်းကလေးတွေက မကောင်းဘူးလို့ မတွေးခဲ့ဖူးဘူး၊ ဆန့်ကျင်ဘက်အားဖြင့် သူတို့က ရှင့်အပေါ် အမြဲတမ်းဂုဏ်ယူနေခဲ့တာ၊
သူတို့က ဒီလို ဆင်းရဲတဲ့ဘဝနှင့်နေလာခဲ့တာတောင်မှ တိုင်းပြည်ကို အထောက်အပံ့နိုင်တဲ့ သမီးကို ပျိုးထောင်ပေးနိုင်လို့ဆိုပြီး အမြဲဂုဏ်ယူခဲ့ရတာ”
ရှူးကျုံးသွမ့်ယွဲ့ ကြက်သေ,သေလျှက်ရှိနေခဲ့သည်ကို မြင်တော့ ကုကျစ်စုန့်က အင်ပါယာအကြွေစေ့သုံးစေ့အား ထုတ်ယူလိုက်ပြီး တွက်ချက်မှုတစ်ခု ပြုလုပ်လိုက်သည်။
ခဏကြာပြီးနောက် သူမ ခေါင်းကိုပြန်မော့ကာ ရှူးကျုံးသွမ့်ယွဲ့အား ပြောလိုက်သည်။
“ရှင့်အဖေ မကွယ်လွန်ခင်တုန်းက ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းတွေ အိမ်မှာရှိသေးတယ်မလား??”
ရှူးကျုံးသွမ့်ယွဲ့၏ မျက်လုံးများက နီရဲနေလျှက်ရှိနေခဲ့ကာ ကုကျစ်စုန့်၏ စကားကိုကြားတော့ ခေါင်းငြိမ့်ပြလာသည်။
“ရှိပါတယ်၊ ကျွန်မ အားလုံးကို သေချာလေး သိမ်းဆည်းထားတာပါ”
ကုကျစ်စုန့် :
“သူက တံဆိပ်ခေါင်းတွေ စုဆောင်းရတာကို ဝါသနာပါတယ်၊ သူ ချန်ခဲ့တဲ့ ပစ္စည်းတွေထဲမှာ တံဆိပ်ခေါင်းထည့်ထားတဲ့ စာအုပ်တစ်အုပ် ရှိလိမ့်မယ်၊ ရှင် ပစ္စည်းတွေ သိမ်းတဲ့အချိန်တုန်းက အဲဒါကို မဖွင့်ကြည့်လိုက်ဘူးမလား၊ အခု သေသေချာချာ ရှာကြည့်လိုက်ပါ၊ တစ်ခုခု ရှာတွေ့ပါလိမ့်မယ်”
ရှူးကျုံးသွမ့်ယွဲ့တစ်ယောက် နှလုံးခုန်မြန်သွားကာ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
သူမက ခပ်သွက်သွက် ခေါင်းငြိမ့်ပြလိုက် အနောက်ဘက်မှ အခန်းသို့ ဝင်သွားခဲ့ချေသည်။
ထို့နောက် အတန်ကြာမှ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ ခေတ်ဟောင်းစတိုင် ဟောင်းနွမ်းနေပြီဖြစ်သော တံဆိပ်ခေါင်းစာအုပ်ထူကြီး တစ်အုပ်ဖြင့် ပြန်ရောက်လာခဲ့သည်။
“ဒီစာအုပ်ပါပဲ”
သူမ အသက်ကို ပြင်းပြင်းရှူလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် စာအုပ်အား ဖွင့်လှစ်လိုက်သည်။
အရှေ့ပိုင်းတွင် တံဆိပ်ခေါင်းအချို့သာရှိသည်။ သို့သော် သူမ စာအုပ်အလယ်ပိုင်းကို ရောက်သောအချိန်တွင် သူမ၏ မျက်ဝန်းများ ဝိုင်းစက်သွားရကာ စာရွက်လှန်နေသည့် လက်ချောင်းများသည်လည်း တုန်ယင်လာခဲ့သည်။
စာရွက်အကြည်လေး၏ နောက်တွင် သူမ၏ သုတေသနနှင့် သတ်ဆိုင်သော သတင်းများ၊ တင်ပြချက်များနှင့် အင်တာဗျူးအပိုင်းအစလေးများအား မြင်တွေ့လိုက်ရပေသည်။
သူမ ကျောင်းတွင် စာသင်နေချိန် ကျောင်း၏ တရားဝင်ဝက်ဆိုက်မှ တင်သော ဓာတ်ပုံများသည်လည်း ထိုအထဲတွင် ရှိနေခဲ့သည်။
ထိုစာရွက်နှင့် တခြားအတိုအစလေးများအားလုံးက ပရင့်ထုတ်ကာ သေချာသေသပ်စွာဖြတ်ထုတ်ခြင်းဖြစ်ပြီး လူအိုကြီး၏ ရတနာစာအုပ်လေးထဲတွင် တန်ဖိုးထားစွာသိမ်းဆည်းထားခဲ့ခြင်းပင်။
တချို့ အင်တာဗျူးများမှာ ပညာရေးဖြင့်သာ သက်ဆိုင်သည်ကြောင့် ပုံမှန်သတင်းစာနှင့် ဂျာနယ်များကဲ့သို့ အရေအတွက် အများအပြား ထုတ်လုပ်ထားသည်မဟုတ်ပေ။
အွန်လိုင်းပေါ်မှ ကြည့်ရှုသူများသည်လည်း အလွန်နည်းပါးခဲ့သည်။
ရှူးကျုံးသွမ့်ယွဲ့ ကိုယ်တိုင်ပင်လျှင် သူမ ထိုနေရာများကို သွားခဲ့ဖူးသည်အား မမှတ်မိတော့ပေ။
အသက် ၅၀ ကျော်၊ မျက်လုံးအားနည်းကာ ကျန်းမာရေးချူချာသည့် လူအိုကြီးနှစ်ယောက်..
သူတို့သည် ခေတ်ရေစီးကြောင်းအားလည်း အမှီလိုက်နိုင်စွမ်းမရှိခဲ့ကြပါချေ။
သူတို့မှာ အိမ်တွင်ရှိသည့်မိုဘိုင်းဖုန်းအား ဗီဒီယိုကော ပြောတတ်ရန်အတွက်ပင် နားမလည်နိုင်ဖြစ်နေခဲ့ကြရပြီး အချိန်အကြာကြီး မေးခွန်းများကို ဖြေဆိုနေခဲ့ရသေးသည်။
ရှူးကျုံးသွမ့်ယွဲ့အနေဖြင့် သူမ၏ အချက်အလက်များ ဤမျှစုဆောင်းနိုင်ရန် သူတို့ နှစ်ဦးအတွက် မည်မျှခက်ခဲခဲ့မည်အား တွေးပင် မတွေးကြည့်နိုင်ပါချေ။
သူတို့က စာကြည့်မျက်မှန်များကို တပ်ဆင်ကာ သမီးဖြစ်သူ၏ အမည်အား ရှာဖွေရန်အတွက် လောကဓံရိုက်ခတ်မှုကြောင့် ကြမ်းတမ်းနေခဲ့သည့် လက်ချောင်းများဖြင့် စာလုံးကိုတစ်လုံးခြင်းရိုက်နှက်၍ ရှာဖွေကြည့်ခဲ့ကြလိမ့်မည်။
သူတို့သမီးလေး၏ ဓာတ်ပုံများ၊ အင်တာဗျူးများနှင့် သတင်းများအား ရှာတွေ့ချိန်တွင် ပျော်ရွှင်စွာဖြင့် ပရင့်ထုတ်၍ သေသေချာချာ ဖြတ်ထုတ်ခဲ့ကြလိမ့်မည်။
သူတို့က စကားလုံးအကြီးများကိုသာ ဖတ်နိုင်ကြပြီး ဇီဝဗေဒဆိုင်ရာ သုတေသနနှင့် ဆေးဝါးများဖော်ထုတ်ခြင်းအကြောင်းကို တစ်လုံးတစ်ပါဒမျှပင် နားမလည်နိုင်ပေ။
သို့သော်လည်း သူတို့က အပတ်စဉ်သိပ္ပံ သတင်းစာများအား ဝယ်ယူနေဆဲဖြစ်ကာ သမီးဖြစ်သူ၏ နာမည်အား ရှာဖွေနေခဲ့ကြလိမ့်မည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် တံဆိပ်ခေါင်းစုဆောင်းခြင်းစာအုပ်လေး၏ ဒုတိယတစ်ဝက်မှာ ဖြတ်ထုတ်ထားသော သတင်းစာ အစအနများဖြင့်သာ ပြည့်လျှံလာခဲ့ပေပြီ။
ထိုအရာမှာ မိဘများ၏ သမီးဖြစ်သူအပေါ်ထားသည့် နက်ရှိုင်းသော မေတ္တာတရားပင်ဖြစ်ပေသည်သာ။
သူတို့က သူတို့၏ချစ်ခြင်းမေတ္တာအား စကားလုံးများဖြင့် ထုတ်ဖော်ပြောရမည်အား ရှက်ရွံ့ခဲ့ကြသော်ငြား သူတို့နည်း၊သူတို့ဟန်ဖြင့် ထုတ်ဖော်ပြသနေခဲ့ကြသည်။
သူတို့က သမီးဖြစ်သူအား အလုပ်အလွန်အမင်း ကြိုးစားလွန်းသည်၊ ဤမျှအသက် ၄၀ကျော်နေချိန်တွင်ပင် သိပ္ပံဆိုင်ရာ သုတေသနအခန်းထဲတွင် တစ်နေကုန် အချိန်ကုန်နေပြီး ည ၂နာရီ၊ ၃နာရီအထိ မအိပ်စက်ဘဲနေသည် အစရှိသည်ဖြင့် မကျေမချမ်း ညည်းညူတတ်ကြသည်။
သို့သော် ညဘက်ကိုရောက်လျှင်တော့ သူတို့နှစ်ဦးမှာ တံဆိပ်ခေါင်းစာအုပ်လေးအား ထုတ်ယူကာ ထိုသတင်းများမှ ထင်ရှားကာ အံ့ဩဖွယ်ကောင်းသော စာလုံးများအား ဖတ်ရှိကြည့်နေတတ်ကြသည်။ သမီးဖြစ်သူ၏ရာဇဝင်အတ္ထုပ္ပတ္တတိစာအုပ်စာအုပ်ပေါ်မှ သမီးဖြစ်သူ၏ ဓာတ်ပုံအား တယုတယကြည့်ကာ တိတ်တိတ်လေး ဂုဏ်ယူနေတတ်ကြသည်။
ကုကျစ်စုန့်:
“သူတို့က သူတို့လုပ်ခဲ့သမျှအတွက် ဘာတစ်ခုကိုမှ နောင်တမရခဲ့ဘူး၊ သူတို့သေဆုံးတဲ့အချိန်ထိ ရှင်က သူတို့ရဲ့ ဂုဏ်အသရေပဲ”
ထိုအချိန်တွင်တော့ ရှူးကျုံးသွမ့်ယွဲ့မှာ ထိန်းမထားနိုင်တော့ပေ။
သူမ၏မျက်လုံးမှ မျက်ရည်တို့က ဆည်ကာတာ ပြိုကျသွားသည့်အလား တံဆိပ်ခေါင်းစာအုပ်လေးအား ပွေ့ဖက်ကာ ဝမ်းပန်းတနည်းငိုကြွေးနေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်ရေးအခန်းမှ ကြည့်ရှု့သူများသည်လည်း မျက်ရည်သုတ်နေကြရသည်။
[ဘုရားရေ၊ ငါကတော့ ဖုန်းစခရင်ရှေ့မှာ ခွေးလိုမျိုး ငိုနေမိပြီ၊ အန်တီနဲ့ ဦးလေးက သမီးဖြစ်သူကို ချစ်တဲ့ကြောင်း သေသွားတဲ့ထိ ပြောမသွားခဲ့ဘူး၊
ဒီတင်ဆက်သူကသာ ပြောမပြခဲ့ရင် ရှူးကျုံးသွမ့်ယွဲ့တစ်ယောက် သူမရဲ့မိဘနှစ်ယောက်က သူမကို ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာနဲ့ သူက သူ့မိဘတွေရဲ့ ဂုဏ်အသရေပဲဆိုတာကို တစ်သက်လုံးသိလိုက်ရမှာမဟုတ်ဘူး]
[ဘယ်လိုပြောရမလဲ၊ ရင်ဘတ်တွေကတောင် နာကျင်လာသလိုပဲ၊ ပုံမှန်ဆိုရင် ငါက ချစ်ခြင်းမေတ္တာတွေ၊ ဂရုဏာတွေကို သိပ်ပြီး ဂရုမစိုက်တတ်ဘူး၊ ဒါပေမယ့် အခု ဒီအချိန်မှာတော့ ငါမိသားစုမေတ္တာကို ယုံကြည်သွားမိပြီ-]
[ဘုရားရေ… ငါဧည့်ခန်းထဲသွားပြီး ငါ့ အဖေနဲ့ အမေကို သွားဖက်လိုက်ဦးမယ်]
အချိန်အတော်ကြာအောင် ငိုကြွေးနေခဲ့ပြီးနောက် ရှူးကျုံးသွမ့်ယွဲ့က တဖြည်းဖြည်း စိတ်တည်ငြိမ်သွားခဲ့သည်။
သူမက မျက်မှန်ကို ချွတ်ကာ တိုက်ရိုက်ထုတ်လွှင့်ရာသို့ အက်ကွဲသည့် အသံဖြင့် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကုတော့ကျန့်၊ ကွန်မ ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး၊ ကျွန်မ ဒါတွေကို လုံးဝကို မသိခဲ့ဘူး တကယ် … ကျေးဇူးတင်ပါတယ်!!”
ကုကျစ်စုန့်ခေါင်းငြိမ့်လိုက်သည်။
“ရှင်ဝမ်းမနည်းတော့ရင် ပြီအဆင်ပြေပါတယ်၊ ဒါပေမယ့်…”
သူမ ရှူးကျုံးသွမ့်ယွဲ့၏ မျက်နှာအား တစ်ချက်ကြည့်လိုက်ကာ သူမ၏ အသက်နန်းတော်သည် မြုခိုးဖုံးနေသည်ကို မြင်လိုက်ရသည်။
“မိသားစုထဲမှာ ရှင်တစ်ယောက်တည်းပဲ ကျန်တာတော့ မဟုတ်နိုင်ဘူး၊ ရှင့်ရဲ့ အသက်နန်းတော်ထဲမှာ ကလေးတစ်ယောက်ရှိနေတယ်၊ သားတစ်ယောက်ရှိသေးတာပဲ”
ရှူးကျုံးသွမ့်ယွဲ့ အံ့အားသင့်သွားရပြန်သည်။
“ဟုတ်ပါတယ်၊ ကျွန်မရဲ့ သားလေး အိမ်မှာ ရှိပါသေးတယ်၊ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်မတို့ရဲ့ဆက်ဆံရေးက နည်းနည်းတော့ အဆင်မပြေခဲ့ဘူး”
သူမ စကားပြောနေရင်းနှင့်မှ ကုကျစ်စုန့် ထောက်ပြလိုက်ခြင်းက ကောင်းသည့် အချက်မဖြစ်နိုင်ဟု သဘောပေါက်သွားကာ သူမ၏ အမူအယာသည်လည်း တုန်လှုပ်သွားသည်။
“သူ အခု အခန်းထဲမှာ အိပ်နေတုန်းပဲဖြစ်ရမယ်၊ ကုတောက်ကျန့် သူ တစ်ခုခုများ မှားနေလို့လား!?”
ကုကျစ်စုန့်: “… …”
“သူအခု အိပ်နေတာမဟုတ်ဘူး၊ အခန်းထဲကို သွားပြီး ကြည့်ကြည့်စေချင်တယ်၊ ရှင့်ရဲ့ သားသမီးနဲ့ ဆက်သွယ်ချက်ကနေ သူ့အခြေအနေကို နည်းနည်းတွက်ကြည့်လို့ရတယ်၊ ရှင့်ရဲ့ မျက်နှာအရဆိုရင် သားဖြစ်သူနဲ့ ရှင့်ရဲ့ကြားက ဆက်သွယ်ရေးက သူ အသက် ၁၇ပြည့်ပြီးရင် လုံးဝယတိပြတ်တောက်သွားလိမ့်မယ်”
ရှူးကျုံးသွမ့်ယွဲ့၏ ကွယ်လွန်သွားသော ဆွေမျိုးများနှင့် သူမ၏ ကြားက ဆက်သွယ်ချက်သည် သာမန်မဟုတ်ပေ။ သို့သော် သူမ၏ ကံကြမ္မာနှင့် လားလားမျှ မသက်ဆိုင်ဘဲ တိုက်ဆိုင်မှုများ စုစည်းသွားခြင်းသာ ဖြစ်သည်။
သူမ၏ ဘဝမှာ ပထမပိုင်းတွင် ချောမွေ့နေခဲ့သော်ငြား အသက်ကြီးပိုင်းတရားရုံးအား ကြည့်ခြင်းအားဖြင့် သူမ ဘဝ၏ အိုဇာတာမှာ မကောင်းလှပေ။
ရှူးကျုံးသွမ့်ယွဲ့၏ မျက်နှာက သေးသွယ်နူးညံ့ကာ ဆိုဖာအဝိုင်းလေးကဲ့သို့ ဖြစ်သည်။ ထိုကဲ့သို့သော မျက်နှာမျိုးသည် လက္ခဏာဗေဒတွင် သားသမီးကံဆိုးကာ မတော်တဆမှုဖြစ်တတ်သော မျက်နှာမျိုးလည်းဖြစ်ချေသည်။
သူမ သမီးမွေးထားသည်ဆိုပါက ဆက်ဆံရေး အဆင်ပြေချောမွေ့လိမ့်မည်။
သို့သော် သူမ၏ မျက်နှာတွင် အလျားလိုက် ကန့်လန့်ဖြတ်လိုင်းများလည်း ရှိနေသည်။
သူမသာ သားတစ်ယောက်မွေးခဲ့မည်ဆိုပါက ထိုကလေးသည် သူမထက်အရင် ဆုံးပါးရပေလိမ့်မည်။
ရှူးကျုံးသွမ့်ယွဲ့၏ နှလုံးခုန်သံများ မြန်ဆန်လာရသည်။
“သားလေးနဲ့ ကျွန်မကြားက ဆက်သွယ်မှုက ယတိပြတ်တောက်သွားမယ်….”
ကုကျစ်စုန့်:
“သားဖြစ်သူက အသက် ၁၇နှစ်မှာ သေဆုံးလိမ့်မယ်”
ရှူးကျုံးသွမ့်ယွဲ့: “?!!”
ကြည့်ရှု့သူများ: “?!!”
ရှူးကျုံးသွမ့်ယွဲ့၏ အသံသည် တုန်ရီနေခဲ့ကာ :
“ကျွန်မရဲ့သားလေးက ဒီနှစ်ထဲမှာပဲ ၁၇နှစ်ပြည့်တာလေ…”
[ဘုရားရေ၊ ဒါက ဘယ်လို ကြောက်စရာဇာတ်လမ်းကြီးလဲ!!]
[ပြောချင်တာက သူမရဲ့သားလေး တစ်ခုခုဖြစ်တော့မယ်လို့လား?? သေချာမသိတဲ့သူဆိုရင်တော့ ရှူးကျုံးသွမ့်ယွဲ့ရဲ့ ကံကြောင့် မိသားစုကို သတ်လိုက်တယ်ဆိုတဲ့စကားကို သေချာပေါက် ယုံတော့မှာပဲ]
သူမ မျက်နှာ၏ ကံကြမ္မာနန်းတော်တွင် ကုကျစ်စုန့်မြင်နေရသည့် မြူခိုးမှာ သူမ၏ သားနှင့် ဆက်သွယ်ချက် ပြတ်တောက်တော့မည်ဆိုသည့် ရှေ့ပြေးလက္ခဏာများပင်။
သားဖြစ်သူတွင် မကြာခင် မတော်တဆမှုတစ်ခုခုဖြစ်တော့မည်။
ယခုထိတော့ သားဖြစ်သူ၏ သေဆုံးမှုဟု မဟုတ်ဘဲ မတော်တဆမှုဟုသာ ပြောလို့ရနိုင်သေးသည်။
သို့သော် မှတ်ချက်များမှ ပြောသည့်အတိုင်း အခြားသူများ၏ အမြင်တွင်တော့ သူမ၏ ကံသည် ဆိုးရွားလွန်းသည်ကြောင့် သူမက တစ်မိသားစုလုံးအား သေစေသည်ဟုသာ ထင်ကြမည်ဖြစ်သည်။
ခင်ပွန်းသည် မိသားစုထံမှ စွပ်စွဲချက်များ၊ ဆွေမျိုးများ၏ သွားပုတ်လေလွင့် စကားများကြောင့် ရှူးကျုံးသွမ့်ယွဲ့က မိသားစုအား ဆုံးရှုံးလိုက်ရချိန်တွင် လုံးဝပြိုလဲကျသွားလိမ့်မည်။
သူမ၏ တစ်မိသားစုလုံးအား သေစေခဲ့သည်ဟု ယုံကြည်သွားခဲ့ကာ ကိုယ့်ကိုကိုယ်အပြစ်တင်ခြင်းနှင့် နာကျင်မှုများအား မထိန်းနိုင်တော့ဘဲ နေ့စဉ်နေ့တိုင်း နာကျင်ခံစားနေရလိမ့်မည်။
နောက်ဆုံးတွင် သူမ ချစ်မြတ်နိုးသော အလုပ်ကို စွန့်ပစ်ကာ သူမ၏ ဘဝအစောပိုင်းတွင် ကြိုးစားခဲ့သမျှအား သဲထဲရေသွန်ဖြစ်စေ၍ စွန့်ပစ်လိုက်မည်ဖြစ်သည်။
နောက်ပိုင်းနှစ်များတွင် သူမက နောက်အိမ်ထောင်မပြုခဲ့သလို ဆွေမျိုးများနှင့်လည်း အဆက်အသွယ်မလုပ်ရဲခဲ့တော့ပေ..
ကုကျစ်စုန့်၏ စကားမဆုံးသေးခင်မှာပင် ဖြူဖျော့နေသည့် ရှူးကျုံးသွမ့်ယွဲ့က မတ်တပ်ရက်လိုက်ကာ စားပွဲပေါ်မှ ဖုန်းကို ကောက်ယူပြီး သားဖြစ်သူအခန်းထဲသို့ ပြေးလွှားလျှက်ဝင်သွားတော့သည်။
*