← Chapters

ရုတ်တရက် သေဆုံးခြင်း(2)

Vol. 8 Ch. 76

ရုတ်တရက် သေဆုံးခြင်း(2)

Vol. 8 Ch. 76

လျို့ရှောင်ဖုန်မှာ သူသဘောကျရသည့် မိန်းကလေးနှင့် သူငယ်ချင်းကြား အဖတ်ဆည်နိုင်ရန် ဤလိမ်ညာနေသည့် မင်းသမီးအား တိုက်ခိုက်ဖို့ ပြင်လိုက်သည်။

“ခင်များပြောတော့ ကျွန်တော့်ဆီမှာ ကံဆိုးမှုအကြီးကြီးဖြစ်မှာဆို၊ညဒါဆို ပြောပါဦး၊  ကျွန်တော် ဘယ်အချိန်မှာ ဘယ်လိုသေမှာလဲဆိုတာ !”

“အရင်ဆုံး စိတ်ကိုလျှော့ထားလိုက်ဦး၊ စိတ်ခံစားချက်တွေကို အများကြီး ပြင်းထန်လွန်းမနေစေနဲ့၊ မင်းတို့အရွယ်ကလေးတွေက အရေပါးတယ်ဆိုတာကို သိပေမယ့် မင်း အရမ်းစိတ်တိုလွန်းရင် မူးလဲသွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် မင်းရဲ့အမေက ၁၂၀ ကို ဖုန်းဆက်ခေါ်နေရဦးမယ်”

လျို့ရှောင်ဖုန်: “ခင်များ!”

ကုကျစစ်စုန့်၏ မျက်လုံးများက အေးစက်နေသည်။

“မင်းရဲ့ခန္ဓာကိုယ်က တစ်ခုခုဖြစ်နေတာကို သတိမထားမိဘူးလား?? မင်းရဲ့နှလုံးက နာနေတာမဟုတ်ဘူးလား??”

ထိုစကားဆုံးသည်နှင့် လျို့ရှောင်ဖုန် ၏နှလုံးသည် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြန်သည်။

ဤအကြိမ်တွင် နာကျင်မှုက အလွန်ပြင်းထန်သောကြောင့် လျို့ရှောင်ဖုန်မှာ ခါးပင်ညွှတ်ကျသွားကာ အသက်ကို ပြင်းပြင်းရှုလိုက်ရပြီး နဂိုကမှ စိတ်ဆိုးနေသည့် မျက်နှာကလည်း ပို၍ပင် ရှုံ့မဲ့သွားရသည်။

ဘေးနားတွင်ရှိနေသော ရှုကျုံးသွမ့်ယွဲ့ မှာ သားဖြစ်သူ၏အခြေအနေအား မြင်လိုက်ပြီးနောက်တွင် မည်သည့်  သံသယမျှ မရှိတော့ပေ။

“ပြန်ပြောနေတာကို ရပ်လိုက်တော့၊ ကောင်စုတ်လေးရဲ့!”

လျို့ရှောင်ဖုန်ကသူ၏ ရင်ဘတ်ကို ဖိကာ တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်သို့ ကြည့်ရင်း အံ့ဩတကြီးမေးလိုက်သည်။

“ခင်များ.. ကျွန်တော့်ကို ဘာလုပ်လိုက်တာလဲ…”

ကုကျစ်စုန့်:

“ငါက မင်းကို ဘာလုပ်လို့ရမှာတုန်း? မင်းဘာသာမင်း တစ်ချိန်လုံးဘာတွေ လုပ်နေခဲ့လဲဆိုတာ ကိုယ့်ကိုကိုယ်  ပြန်မေးကြည့်လေ၊ အိပ်ရေးပျက်၊ နေ့နဲ့ ညနဲ့မှားပြီး၊ အေးစက်နေတဲ့ အစားအသောက်တွေစားပြီး ခန္ဓာကိုယ်ကိုလည်း အာဟာရလည်း မဖြစ်စေခဲ့ဘူး… ဒီတိုင်းသာ ဆက်နေနေမယ်ဆိုရင် မင်း  ရုတ်တရက် သေဆုံးသွားလိမ့်မယ်”

သားဖြစ်သူ၏ အပြစ်ရှိသည့် မျက်နှာအား မြင်ရပြီးနောက် ရှုကျုံးသွမ့်ယွဲ့ ချက်ချင်း သဘောပေါက်သွားကာ ကွန်ပြူတာခုံတွင် ဖုံးကွယ်ပြီးပိတ်လိုက်သော စခရင်အား ကြည့်လိုက်သည်။

“မင်း ညဉ့်နက်တဲ့ထိ ဂိမ်းတွေ ဆော့နေပြန်ပြီလား?!”

ကုကျစ်စုန့်:

“သူက ညဉ့်နက်တဲ့အထိ ဂိမ်းဆော့တာ မဟုတ်ပါဘူး၊ သူက မနေ့ကနေ အခုထိ လုံးဝမအိပ်ရသေးတာ၊ နောက်ပြီး ဒါမျိုးက ဒီတစ်ရက်တည်း မဟုတ်ဘူး၊ ဒီနှစ်ထဲမှာ သူဒီလိုနေတဲ့အကြိမ်ရေက အရမ်းများနေပြီ”

“ခင်များ!”

‘တစ်ညလုံး’ ဆိုသည်ကို ကြားလိုက်ရသည့်နောက်တွင် ရှုကျုံးသွမ့်ယွဲ့၏ မျက်နှာမှာ ဒေါသစိတ်ကြောင့် နီရဲလာခဲ့သည်။

သူမသည်ကား ဇီဝဗေဒပညာရပ်များကိုလေ့လာသူ ဖြစ်သည့်အလျောက် အိပ်ရေးပျက်ခြင်းနှင့် လူ့ခန္ဓာကိုယ်အပေါ်  သက်ရောက်မှုတို့ကို သူမ ကောင်းစွာနားလည်သည်။

ကုကျစ်စုန့်ပြောသလိုပင် လျို့ရှောင်ဖုန်သာ တစ်ညလုံး ဂိမ်းဆော့ကာ ကျန်းမာရေးနှင့် မညီညွှတ်အောင် စားသုံးနေခဲ့သည်ဆိုပါက ရုတ်တရက်သေဆုံးနိုင်ချေရှိနေသည် အမှန်ပင်ဖြစ်ချေသည်။

လျို့ရှောင်ဖုန် စကားအနည်းငယ်ဆက်ပြောလိုခဲ့သော်ငြား နှလုံးက ထပ်ပြီး နာကျင်လာရပြန်သည်။

သူခေါင်းကို ငုံ့လိုက်ချိန်တွင် အချိန်အကြာကြီး မအိပ်စက်ထားခြင်းကြောင့် ပင်ပန်းနေသည့် ဦီးနှောက်၏အာရုံကြောကြောင့် မျက်လုံးများများ ပြာဝေသွားခဲ့ကာ တည့်တည့်ပင်မရပ်နိုင်ဘဲ လဲကျတော့မလို ဖြစ်သွားရသည်။

ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်သည်။

“အခုချက်ချင်း သားဖြစ်သူကို ဆေးရုံခေါ်သွားပြီး ဆေးစစ်လိုက်တာ အကောင်းဆုံးပဲဝ ပြီးတော့ သေချာလေး အနားယူခိုင်းလိုက်ပါ”

ရှုကျုံးသွမ့်ယွဲ့မှာ အလွန်အမင်း ဒေါသထွက် တုန်လှုပ်နေခဲ့သော်လည်း ခေါင်းကို ဆက်တိုက်ငြိမ့်ကာ ဖြူဖျော့နေသည့် သားငယ်ဖြစ်သူအား ဆေးရုံသို့ ချက်ချင်းခေါ်သွားခဲ်တော့သည်။

သူမက မေးမြန်းစရာရှိလျှင် ကုကျစ်စုန့်အား တိုက်ရိုက်မေးနိုင်ရန်အတွက် ထုတ်လွှင့်မှုအားလည်း မရပ်တန့်ရဲခဲ့ပေ။

ကံကောင်းစွာပင် သူတို့က ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်နေခဲ့ကြခြင်းဖြစ်တာကြောင့် အနီးဆုံးဆေးရုံသို့ရောက်ရန်အတွက် ဆယ်မိနစ်ခန့်သာ မောင်းလိုက်ရသည်။

သူတို့ ဆေးရုံသို့ရောက်လျှင်ရောက်ချင်းပင် သူမ ရှောင်ဖုန်အား နှလုံးအထူးကုဌာနသို့ စာရင်းသွင်းလိုက်သည်။

လျို့ရှောင်ဖုန်၏ နှလုံးခုန်သံအား နားထောင်ပြီးနောက် ဆရာဝန်၏ မျက်နှာမှာ လေးနက်တည်တံ့သွားရသည်။

“ဒီကလေးက နှလုံးရောဂါရှိနေခဲ့တာလား??”

ရှုကျုံးသွမ့်ယွဲ့ ချက်ချင်းခေါင်းခါကာ ပြောလိုက်သည်။

“မရှိပါဘူး”

ဆရာဝန်:

“ဒါဆိုရင် အလုပ်နဲ့ အနားယူချိန်မမျှတတာ တော်တော်ကြာပြီထင်တယ်၊ သူ့ရဲ့နှလုံးခုန်သံကို နားထောင်ကြည့်ရတာ မူမမှန်ဘူး? ပြီးတော့ အသက်ရှူသံကလည်း နည်းနည်းပြင်းတယ်၊

နည်းနည်းလောက်သာ နောက်ကျပြီး ရောက်လာခဲ့မယ်ဆိုရင် သေချာပေါက် ပြဿနာကြီးဖြစ်လိမ့်မယ်၊ ကျွန်တော်တို့ အသေးစိတ် သေချာစစ်ဆေးမှုတွေ လုပ်ဖို့ လိုပါလိမ့်မယ်”

လျို့ရှောင်ဖုန်အား စစ်ဆေးနေစဉ်တွင် ရှုကျုံးသွမ့်ယွဲ့တစ်ယောက် ဆေးဌာန၏ အပြင်တွင် ငူငူငေါင်ငေါင်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန်မှသာလျှင် သူမက တိုက်ရိုက်ကြည့်ရှုနေသူများအား ပြန်လည် စကားပြောနိုင်သည်။

“တကယ်တော့ ရှောင်ဖုန်က ဂိမ်းကစားရတာကို အမြဲတမား သဘောကျတာ၊ ဒါပေမယ့် သူက အတန်းထဲမှာဆို စာအတော်ဆုံးတစ်ယောက်ပဲ၊

မနှစ်တုန်းကစပြီး သူ ဂိမ်းတွေကို ပိုပိုပြီး ရူးသွပ်လာတယ်၊ သူ့ရဲ့ အဆင့်တွေကလည်း မမှန်တော့ဘူး၊ ကျွန်မက အရမ်းထိန်းချုပ်တဲ့ မိဘတွေထဲကမဟုတ်ပါဘူး၊ ကလေးတွေ စိတ်ပြေလက်ပျောက် ဂိမ်းဆော့တာက မှားတယ်လို့လည်း မထင်ခဲ့ဘူး၊

ဒါပေမယ့် သူက ကျောင်းထွက်ပြီး ပရော်ဖက်ရှင်နယ်က၀ားသမား လုပ်ချင်တယ်လို့ ပြောလာတယ်လေ၊  ကျွန်မ ဒါကို ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ??” 

“ကျွန်မတို့ရဲ့ ဆက်ဆံရေးက တင်းမာနေခဲ့ပြီး ဂိမ်းကစားတာကလည်း ပြဿနာတစ်ခုဖြစ်လာတယ်၊ဘ နောက်တော့ သူက တဖြည်းဖြည်းနဲ့ အဲဒီစကားကိုပြောလာတာ ရပ်သွားတဲ့အတွက် ကျွန်မက သူ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက် ဖြစ်ချင်တဲ့ စိတ်ကို လက်လျှော့လိုက်ပြီလို့ ထင်နေခဲ့တာ”

နောက်ပိုင်းတွင်တော့ ခင်ပွန်းသည်၏ မတော်တဆမှုဖြစ်သွားပြီးနောက် သူမသည့်လည်း နာကျင်မှုနှင့် ကိုယ့်ကိုကိုယ်သံသယဝင်မှုများတွင် နစ်မြှုပ်ခဲ့ကာ သားဖြစ်သူကို မကြည့်နိုင်တော့ချေ။

သားဖြစ်သူက သူမ နောက်ကွယ်တွင် တစ်ညလုံး ဂိမ်းဆော့နေသည်ကိုပင် သတိမထားမိခဲ့ချေ။

[ငါ  ATG အကြောင်းကို နည်းနည်းလောက် ပြောပြမယ်၊ အဲတာက လူတစ်ရာဆော့ရတဲ့ သေနတ်ပစ်ဂိမ်းပဲ၊ ပုံမှန် e-sport ပြိုင်ပွဲတွေရော ပရော်ဖက်ရှင်နယ် ကစားသမားတွေရော ရှိတယ်၊

အခုလေးတင် ရှုန်းတိတစ်ယောက် မြင်လိုက်တဲ့အတိုင်းဆိုရင် ကောင်လေးက စနိုက်ပါတိကျမှုကို လေ့ကျင့်နေတာဆိုပဲ၊

အမှန်တိုင်းပြောရရင် အဲ့ဒီလောက် ကြိုးစားနေတာမြင်တော့ အံ့တောင် အံ့ဩသွားတယ်၊ ဒါပေမယ့်လည်း…]

[ဘာပဲဖြစ်ဖြစ် ရှုကျုံးသွမ့်ယွဲ့က ဇီဝဗေဒပညာရပ်ရဲ့ ပရော်ဖက်ဆာလေ၊ သားဖြစ်သူကို ပညာရေးဘက်ကိုပဲ လိုက်စေချင်မှာပေါ့ ]

[ဂိမ်းအကြောင်းကတော့ ပြောမနေပါနဲ့၊ အခုချိန်က ကလေးဆယ်ယောက်မှာ ကိုးယောက်လောက်တော့ ဂိမ်းဆော့ကြတာပဲ၊ အခု အဓိက ပြောရမှာက တစ်ညလုံးမအိပ်ဘဲနဲ့ ဆော့နေတဲ့ကလေးကို ပြောရမှာ၊ တစ်ညလုံးက အဓိကပဲ!]

လျို့ရှောင်ဖုန်ထွက်လာပြီးနောက် ဆရာဝန်၏ ဆေးစစ်မှု အဖြေမှာ အာရုံကြောပြဿနာရှိနေခြင်းဖြစ်ကာ နှလုံးသွေးပို့ကြောတွင်လည်း ပြဿနာအနည်းငယ်ရှိနေသည်။ ထိုအချက်က နှလုံးခုန်မမှန်ခြင်းအား ဖြစ်စေခြင်းပင်။

ထို့အပြင် သူ့အနေနှင့် နှလုံးစစ်ဆေးစက်တစ်ခုအား တစ်နေကုန် ဝတ်ဆင်ထားရန်လိုအပ်ပြီး ဆေးရုံတွင် ပို၍ အသေးစိတ်စစ်ဆေးရန်အတွက် ရက်အနည်းငယ်တွင် ပြန်လာရမည်ဖြစ်သည်။

ဆရာဝန်က အသေအချာမှာသည်။

“သူရဲ့ လက်ရှိဘဝသွားနေပုံအတိုင်းဆိုရင် ရုတ်တရက်သေဆုံးမှုက မဖြစ်နိုင်တာမဟုတ်ဘူး၊ တော်တော်လေး ကြုံရာကျပန်းအခြေအနေမျိုးနှင့် နေထိုင်နေတာပဲ”

ရှုကျုံးသွမ့်ယွဲ့က ဆရာဝန်အား ကျေးဇူးအကြိမ်ကြိမ်တင်ကာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

ဤအကြိမ်တွင် သူ့၏ အခြေအနေက အလွန်ပြင်းထန်ကြောင်း သိလိုက်ရသောကြောင့် လျို့ရှောင်ဖုန်သည်လည်း ကြောက်ရွံ့နေခဲ့သည်။ သူ၏မျက်နှာတစ်ခုလုံးကလည်း ဖြူဆုတ်နေခဲ့ကာ ဘာကိုမှလည်း ဖုန်းကွယ်မထားနိုင်တော့ပေ။

သူ၏ ပြောပြချက်အရ စနိုက်ပါလက်ရည်တိုးတက်စေနိုင်ရန်အတွက် အဖွဲ့ကြီးများတွင် ပါဝင်ခဲ့ကာ အဖွဲ့ဝင်များဖြင့် နေ့စဉ် ဂိမ်းကစားရသည်။

လွန်ခဲ့သည့် ၆လအတွင်း ရင်ဘတ်တင်းကြပ်ခြင်း၊ အသက်ရှူကြပ်ခြင်းနှင့် နှလုံးခုန်မြန်ခြင်းတို့လည်း မကြာခဏဖြစ်ခဲ့သည်။ သူ့အနေနဲ့ နေ့ခင်းပိုင်းတွင် ပင်ပန်းကာ အိပ်ချင်နေခဲ့သော်လည်း ညဘက်တွင်တော့ တစ်ညလုံး လန်းဆန်းနေခဲ့သောကြောင့် သူ ထိုလက္ခဏာများအား စိတ်ထဲသို့ သိပ်မထည့်ခဲ့ပေ။

ရှုကျုံးသွမ့်ယွဲ့သာ ကုကျစ်စုန့်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းကို မဝင်ရောက်ခဲ့ပါလျှင်၊ သူ၏ အခြေအနေကိုသာ ကြို၍ မသိခဲ့ရပါလျှင် သူသည် တစ်လ၊နှစ်လအတွင်း ညဘက် ဂိမ်းဆော့နေရင်း အသက်ဆုံးရနိုင်ချေရှိသည်။

ရှုကျုံးသွမ့်ယွဲ့ :

“ဒါတွေ နောက်မှပဲ ပြောကြတာပေါ့၊ အခု အရင်ဆုံး အိမ်ပြန်ပြီး အိပ်လိုက်ရအောင်၊  ကားထဲမှာလည်း သေချာအနားယူလိုက်ဦး”

စကားပြောပြီးနောက် သူမ ကုကျစ်စုန့်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်းမှ ကြည့်ရှုသူများအား ပြောလာသည်။

“တောင်းပန်ပါတယ် ကုတောက်ကျန့်၊ တောက်ကျန့်ရဲ့ အချိန်နဲ့ လူတိုင်းရဲ့ အချိန်တွေကို ဖြုန်းတီးသလို ဖြစ်သွားရပါတယ်”

ကုကျစ်စုန့် :

“ရပါတယ်၊ သူ့ခန္ဓာကိုယ်က တော်တော်လေး ထိခိုက်ထားတာ၊ သူ့ရဲ့ ယန်စွမ်းအင်တော်တော်များများ ကုန်ဆုံးလုဖြစ်နေပြီ၊ အဲဒါကိုသာ ကောင်းကောင်းပြန်မဖြည့်တင်းနိုင်ရင် မကြာခဏ ဖျားနာလိမ့်မယ်”

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် ကုတောက်ကျန့်”

**

All Chapters