← Chapters

အမဲလိုက်ခံနေရသော ကျောင်းဆောင်အိပ်ခန်း(1)

Vol. 8 Ch. 78

အမဲလိုက်ခံနေရသော ကျောင်းဆောင်အိပ်ခန်း(1)

Vol. 8 Ch. 78

မှတ်ချက်ဧရိယာထဲတွင် အကူအညီတောင်းသည်ကို မြင်လိုက်ရသည်နှင့် စိတ်အားတက်ကြွနေကြသည့် ကြည့်ရှုသူများကလည်း တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်ပေါ်၌ မှတ်ချက်ရေးသားခြင်းကိုရပ်တန့်ကာ နေရာရှင်းပေးလိုက်ကြသောကြောင့် ကုကျစ်စုန့်လည်း မြင်သွားခဲ့သည်။

သူမ ပြန်ပင် မဖြေလိုက်ရသေးခင် အခန်းတံခါးအား အပြင်မှ ခေါက်လိုက်ကာ ဒါရိုက်တာအဖွဲ့မှ ရိုက်ကူးရေးအဖွဲ့သားက သူမကို အပြင်သို့ ထွက်လာရန် အချက်ပြလိုက်သည်။

ကုကျစ်စုန့် အပြင်ဘက်သို့လျှောက်သွားလိုက်ပြီး:

“ဘာဖြစ်လို့လဲ?”

ဝန်ထမ်း:

“ဒီလိုပါ စုန့်ကျဲ၊  အခုလေးတင် သိလိုက်ရတာ ၊ ကျောင်းသူလေးတစ်ဖွဲ့က သဘာဝလွန်ကိစ္စရပ်တွေကို ကြုံတွေနေရလို့ဆိုပြီး ပရိုဂရမ်အဖွဲ့ဆီကနေ အကူအညီတောင်းခံလာကြတယ်၊

သူတို့က အကူအညီအတွက် မက်ဆေ့ချ်တွေလည်း အခြားပြိုင်ပွဲဝင်တွေရဲ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ဝင်ရေးခဲ့ကြသေးတယ်၊ နောက်တော့ ဒါရိုက်တာက အဖွဲ့နဲ့ ညှိနှိုင်းပြီး ခဏလောက် ကြားဖြတ်ပွဲစဉ်တစ်ခု လုပ်ဖို့ ပြင်လိုက်တယ်၊ ပြိုင်ပွဲဝင်တွေ အားလုံး စုပေါင်းပြီး ကျောင်းသူလေးတွေရဲ့ ပြဿနာကို ကူညီပေးရလိမ့်မယ်” 

“အဲဒါ စုန့်ကျဲအတွက် ဒီလို အစီအစဉ်က အဆင်ပြေနိုင်လား?”

ကုကျစ်စုန့် ခေါင်းငြိမ့်ကာ ပရိုဂရမ်အဖွဲ့၏ စီစဉ်မှုအား သဘောတူလိုက်သည်။

ဆယ်မိနစ်ကြာပြီးနောက် သူမ ခုံပေါ်တွင် ပြန်ထိုင်လိုက်ကာ ချက်ချင်းဆိုသလို သူမ၏ရှေ့မှ တိုက်ရိုက်ထုတ်လွှင့်နေသည့် မျက်နှာပြင်က ခွဲထွက်သွားပြီး နောက်ထပ် မျက်နှာပြင်အပိုင်းအခြားများ ပေါ်လာခဲ့သည်။

စုစုပေါင်း မျက်နှာပြင် ၆ခုရှိပြီး နှစ်တန်းခွဲထားခဲ့သည်။

ပြိုင်ပွဲဝင်ကစားသမား ၄ ယောက်၏ မျက်နှာပြင်၊ အစီအစဉ်တင်ဆက်သူနှင့် အကူအညီတောင်းသူ ကျောင်းသူလေးများပင် ဖြစ်သည်။

တင်ဆက်သူ လျို့၏ မျက်နှာက အပေါ်ဆုံးဘယ်ဘက်ထောင့်မှ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

သူက လက်ထဲတွင် မိုက်ကရိုဖုန်းကို ကိုင်ထားကာ အပြုံးနှင့် စကားဆိုလာသည်။

“ကြည့်ရှုသူ  ပရိသတ်တို့ ..မတွေ့ရတာကြာပြီနော် ၊ ပရိုဂရမ်ကို နောက်ဆုံးထုတ်လွှင့်ခဲ့တာက (၈)ရက်တောင် ကြာသွားခဲ့ပြီ၊

အခု ကျွန်တော်တို့မှာ လွန်ခဲ့တဲ့ နာရီဝက်လောက်က ကျောင်းသူလေးတစ်စုဆီကနေ သူတို့ရဲ့ ကျောင်းမှာ ကြောက်စရာကောင်းပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရတယ်ဆိုပြီး အကူအညီတောင်းစာကို အစီအစဉ်အဖွဲ့ကနေတဆင့် ရရှိထားခဲ့ပါတယ်”

“ပရိုဂရမ်အဖွဲ့နဲ့ ပြိုင်ပွဲဝင်တွေရဲ့ သဘောတူညီမှုကို ရပြီးတဲ့နောက် ကျောင်းသူလေးတွေက သူတို့ အယုံကြည်ဆုံးနဲ့ အသိအမှတ်အပြုဆုံးဖြစ်တဲ့ ပြိုင်ပွဲဝင် လေးယောက်ကို ရွေးပြီး ပူးတွဲ ထုတ်လွှင့်မှုလုပ်ဆောင်ပြီး ပြဿနာကို ဖြေရှင်းကူညီပေးကြမှာဖြစ်ပါတယ်၊

မင်္ဂလာပါ ကျောင်းသူလေးတို့.. ကြည့်ရှုသူတွေကို နှုတ်ဆက်လိုက်ပါဦး”

တင်ဆက်သူ လျို့ ပြောပြီးသည်နှင့် ညာဖက်အပေါ်ဆုံးမှမျက်နှာပြင်က လင်းလာခဲ့သည်။

ထုတ်လွှင့်ရေးဗီဒီယိုထဲတွင် အကူအညီတောင်းခံသည့် မိန်းကလေး လေးယောက်ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့မှာ ကျောင်းသူလေးများဖြစ်ကာ အလွန်ဆုံး အသက်နှစ်ဆယ်ခန့်လောက်သာ ရှိလောက်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ဘအစီအစဉ်ပြောင်းသွားခြင်းကြောင့် ကြားဖြတ်အစီအစဉ်တွင် ပါဝင်လာခဲ့သည့် ကစားသမားများ၏ ပရိသတ်များကလည်း ယခုတိုက်ရိုက်ထုတ်လွှင့်ခန်းသို့ အလျိုလျိုဝင်ရောက်လာကြသည်။

တိုက်ရိုက်ထုတ်လွှင့်နေခြင်းတွင် ကြည့်ရှုသူ ၁သန်းပြည့်ရန်အတွက် အချိန်သိပ်မကြာလိုက်သောကြောင့် ဤမျှလောက်မမျှော်လင့်ထားသည့် ပရိုဂရမ်အဖွဲ့မှာ အံ့ဩပျော်ရွှင်ဖြစ်နေခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်က ထိုတိုးဝှေ့ဝင်ရောက်မှုကြောင့် လိုင်းကြပ်ကာ တစ်မိနစ်ကျော်ခန့်ရပ်တန့်သွားခဲ့ပြီးမှ ပုံမှန်ပြန်ဖြစ်သွားရသည်။

[မျက်နှာပြင်က ရပ်သွားပြီး ppt ဖြစ်သွားတယ်ဆိုတော့  ပရိုဂရမ်အဖွဲ့က အဆာပြေမုန့်တွေဝယ်စားလို့ရပြီမလား?]

[ငါက အစီအစဉ်ရဲ့ ဒုတိယပိုင်းကတည်းက စုန့်စုန့်ကိုရော၊ ဒေစီကိုပါ စက်နှစ်လုံးနဲ့ တစ်ပြိုင်တည်းကြည့်နေခဲ့တာ၊ ဒီနေ့တော့ ငါ့ရဲ့ဇနီးချောလေး နှစ်ယောက်လုံးကို တစ်နေရာတည်းမှာ မြင်ရပြီ၊ ဘယ်မှာတစ်ယောက်၊ ညာမှာ တစ်ယောက်ပဲ၊ သူတို့တွေက အရှေ့တိုင်းနဲ့ အနောက်တိုင်းရဲ့ အလှအပတွေကို တကယ်ကိုယ်စားပြုနိုင်တယ်နော်! ငါကတော့ ကျေနပ်နေပြီ!]

[ဘာလို့ ပြိုင်ပွဲဝင်နည်းနည်းလောက်ပဲ ကြားဖြတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ရတာလဲ? ရှောင်စစ်ကလည်း အခုတစ်လော နာမည်ကြီးနေတာပဲမဟုတ်ဘူးလား? ပရိုဂရမ်အဖွဲ့က ဒီလိုမျိုး ပေါ်တင်ကြီးပဲ ဘက်လိုက်ရွေးထားတာလား?]

[ပူးတွဲတိုက်ရိုက်လွှင့်တာက စိတ်ဝင်စားစရာတော့ ကောင်းတယ်၊ ကြည့်ရတာ ပြိုင်ပွဲဝင်တွေအချင်းချင်း အတူတူစုပြီး တိုက်ကြတော့မယ့်ပုံပဲ]

[အားလုံးပဲ၊ စိတ်ဆိုးမနေကြပါနဲ့၊ ရှောင်စစ်က ဟောပြောမှုတွေမှာ  သူ မကျွမ်းကျင်ဘူးလို့ ပြောထားပြီးသားလေ၊ ပြီးတော့ သူက လူတွေကိုလည်း ကြောက်တတ်သေးတယ်မလား၊ သူကိုယ်တိုင်ကိုက ကြားဖြတ်ပြိုင်ပွဲမှာ မပါချင်တာပဲလေ၊  အခြားပြိုင်ပွဲဝင်တွေနဲ့ ပရိုဂရမ်အဖွဲ့ကို ပြဿနာမရှာကြနဲ့ ဟုတ်ပြီလား!]

[ကျောင်းသူလေးတွေက ငယ်ငယ်လေးပဲရှိသေးတာကို ဘယ်လိုသဘာဝလွန်ဖြစ်ရပ်တွေကို ကြုံခဲ့ရတာပါလိမ့်?]

လူများသည့်အလျောက် မှတ်ချက်ဧရိယာသည်လည်း ပွက်လောရိုက်နေခဲ့သည်။

မမျှော်လင့်ထားပဲ လူသန်းနှင့်ချီပြီး တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုလာခဲ့ကြသည်။  ကျောင်းသူလေးများမှာ ထိုလူစုကြီးကြောင့် စိတ်လှုပ်ရှားနေခဲ့ကြပြီး ကင်မရာရှေ့တွင် တောင့်တင်းစွာ နှုတ်ဆက်လာကြသည်။

အခြားပြိုင်ပွဲဝင်များ၏ ပရိတ်သတ်များ၊ အထူးသဖြင့် ပြိုင်ပွဲဝင် နံပါတ်(၉)ဟဲမီထူ၏ ပရိတ်သတ်များက မေးခွန်းများ ထုတ်နေသည်ကို မြင်တွေ့လိုက်ရသောကြောင့် တင်ဆက်သူလျို့က ရှင်းပြလာခဲ့သည်။

“ဒီကြားဖြတ်ပွဲစဥ်က မြေပြင်မှာ ပြိုင်တာမျိုး မဟုတ်ဘူးလေ၊ ကျောင်းသူလေးတွေကလည်း ဒီကို မလာနိုင်တဲ့အတွက် တိုက်ရိုက်ထုတ်လွှင့်မှုကနေပဲ အခြေအနေကို ကြည့်ရမှာ၊

ဒီတော့ လူအရမ်းများရင်  ရှုပ်ထွေးသွားမှာကိုလည်း စိုးရိမ်ရတယ်၊ တိုက်ရိုက်ထုတ်လွှင့်တာက တချို့ပြိုင်ပွဲဝင်တွေရဲ့ အားသာချက်မဟုတ်ဘူး၊ ဒါ့အပြင် အခု ဒီကြားဖြတ်ပွဲစဥ်က အကူအညီတောင်းသူတစ်ယောက်ကို ပြိုင်ပွဲဝင်တစ်ယောက်က ကူညီမယ့် ပုံစံမျိုးဖြစ်လို့ လေးယောက်ပဲ ပါဝင်တာ ဖြစ်ပါတယ်”

“ဒီပြိုင်ပွဲဝင် (၄)ယောက်ကလည်း အကူအညီတောင်းသူတွေကိုယ်တိုင် ရွေးချယ်ထားကြတာပါ၊ ပရိုဂရမ်အဖွဲ့က ဘာကိုမှ ဝင်ပြီး မစွက်ဖက်ထားပါဘူး၊ ဘက်လိုက်တာ၊ လှည့်ကွက်တွေလုပ်တာလည်း တစ်ခုမှ မရှိပါဘူး”

မိန်းကလေးအများစုကလည်း မှတ်ချက်များရေးကာ ရှင်းပြနေခဲ့ကြသည်။ ဟဲမီထူ အရွေးမခံရသည့် အကြောင်းရင်းမှာ သူက  ကျိန်စာအရုပ်များကို အဓိကကျွမ်းကျင်သည့် ထိုင်းမာစတာတစ်ဦး ဖြစ်သောကြောင့် သူတို့၏ မကောင်းဆိုးဝါးနှင့် ကြုံခဲ့ရသော အဖြစ်အပျက်တွင် မကူညီနိုင်မည် စိုးရိမ်၍သာ ဖြစ်ကြောင်း..

အခွင်အရေးရလာသည်နှင့် ခုန်ထလာကြသော ဘလက်ဖန်များနှင့် တချို့ပရိတ်သတ်များကတော့ မကျေနပ်ကြောင်း ပြောဆိုနေကြသေးသော်ငြား ပူးတွဲ တိုက်ရိုက်ထုတ်လွှင့်မှုက စတင်ပြီဖြစ်သည်။

တင်ဆက်သူလျို့ : “ လေးယောက်လုံးက တစ်ချိန်တည်းမှာ မကောင်းဆိုးဝါးတွေ့နဲ့ တွေ့ခဲ့ရတာလား??”

“ ဟုတ်ပါတယ်၊ ကျွန်မတို့က အခန်းဖော်တွေလေ၊ စားအတူ သွားအတူပဲဆိုတော့ အခုလို ထူးဆန်းတာကိုလည်း အတူတူ ကြုံတွေ့ခဲ့ရတာ...”

“ဒါဆို ကျောင်းသူလေးတွေက ကျောင်းမှာ ဘာတွေ ဖြစ်ခဲ့တာလဲ?? ပထမဆုံးပြိုင်ပွဲဝင် နံပါတ် ၁၀၊ အရင်ဆုံး လေ့လာကြည့်ပါဦး”

ပရိုဂရမ်အဖွဲ့က ဖုံးကွယ်ထားသော တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်အား အလိုရှိသလိုပြင်ဆင်လိုက်ပြီးနောက် အကူအညီတောင်းသော မိန်းမငယ်လေးများနှင့် ရှီဟေးဟုန်တို့၏ မျက်နှာပြင်သာ ကျန်ရစ်ခဲ့သည်။

ရှီဟေးဟုန်နှင့် ဆက်သွယ်နေသည့် ကျောင်းသူလေးက ကင်မရာရှေ့တွင် နားရွက်များနီရဲကာ ထိုင်နေခဲ့ပြီး နှုတ်ဆက်လာကြသည်။

“ဟယ်လို ကျဲကျဲ”

“ဟယ်လို၊ စိတ်လှုပ်ရှားဖို့ မလိုဘူး၊ သရဲတွေနဲ့ ကြုံခဲ့ရတယ်လို့ ခံစားနေရတာလို့ ပြောခဲ့တယ်မလား၊ အဲဒါက ဒီအတိုင်းစိတ်က ခံစားနေရတာလား? ဒါမှမဟုတ် တစ်ခုခုကို အမှန်တကယ် မြင်ခဲ့၊ ခံစားခဲ့ရလို့လား??”

ဆံပင်တိုလေးနှင့် ကျောင်းသူလေးက တုန်လှုပ်စွာ ဖြေသည်။

“တကယ်မြင်ခဲ့တာ၊ တကယ်ကို သရဲနှင့် တိုက်မိခဲ့တာပါ!”

သူမ တစ်ခုခုဆက်ပြောလိုက်ချင်နေသော်လည်း ပရိုဂရမ်အဖွဲ့၏ တိုက်တွန်းချက်အား သတိရပြီးနောက် ပြောချင်စိတ်ကို ထိန်းချုပ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။

ရှီဟေးဟုန် ခေါင်းငြိမ့်လိုက်ကာ ကင်မရာဘက်သို့ ပြောလိုက်သည်။

“ကျွန်မရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုဖူးသူတိုင်း သိမှာပါ၊ ကျွန်မက ကျွန်မရဲ့ ဘိုးဘေးတွေနဲ့ မြေအောက်ကမ္ဘာတို့ကြားက စာချုပ်ကို အမွေလက်ခံရခဲ့တဲ့ ဝိဥာဥ်လမ်းပြတစ်ယောက်ပဲ၊

ပြီးတော့ ကျွန်မ အများဆုံးထိတွေ့ရတာက သေပြီးကာစ ဝိဉာဉ်အသစ်တွေနဲ့ပါပဲ၊ ဆိုလိုတာက ကျွန်မ သူတို့ကို မြင်ရတယ်”

“ဝိဉာဉ်တွေက ယင်စွမ်းအင်ကို သယ်ဆောင်ကြတယ်၊ သက်ရှိလူတစ်ယောက်က သူတို့နှင့် တိုက်ခံလိုက်ရပြီဆိုရင် သူ့ရဲ့ခန္ဓာကိုယ်မှာ ကျန်ရှိနေတဲ့ ယင်စွမ်းအင်ရဲ့ သက်ရောက်မှုကို ခံရတတ်တယ်၊

ကျွန်မရဲ့ ဝိဉာဉ်အာရုံခံနိုင်စွမ်းကို ဖွင့်လိုက်ပြီး ဒီက ညီမလေးကို ပထမဆုံးကြည့်လိုက်ချိန်မှာ သူ့မရဲ့ မျက်နှာက ယင်စွမ်းအင် နည်းနည်းလောက် ဖုံးလွှမ်းနေတာကို မြင်နိုင်ပါတယ်၊

ဒီတော့ ဒီညီမလေးက ဝိဉာဉ်တစ်ကောင်နဲ့ ဆုံခဲ့ရတယ်ဆိုတာက အမှန်ပါပဲ၊ ပြီးတော့ အဲတာက မတော်တဆလည်း မဟုတ်ခဲ့ဘူး၊ အဲဒီအချိန်မှာ မင်း အရမ်းကြောက်နေခဲ့မှာပဲ ဟုတ်တယ်မလား?”

ဆံပင်တိုနှင့် ကောင်မလေးက မျက်လုံးနီနီရဲရဲလေးများဖြင့် ခေါင်းငြိမ့်သည်။

“ဝိဥာဥ်လမ်းပြ၊ လူတိုင်းသိကြတဲ့အတိုင်း ကျွန်မတို့က မြေအောက်ကမ္ဘာနှင့် စာချုပ်ချုပ်ဆိုထားပြီး အလုပာလုပ်ကိုင်ပေးတဲ့ သက်ရှိလူသားတွေပဲ၊  ယန်ကမ္ဘာထဲမှာ နေ့စဉ်နေ့တိုင်း လူအများကြီး သေဆုံးနေတာကြောင့် မြေအောက်ကမ္ဘာရဲ့ ကျေးကျွန်တွေက မကူညီပေးနိုင်တဲ့ ကိစ္စမျိုးလည်း ရှိတယ်၊

ကျွန်မတို့ စာချုပ်ချုပ်ဆိုထားတဲ့ အလုပ်သမားတွေက ဝိဉာဉ်တွေကို မြေအောက်ကမ္ဘာကို ပို့ဆောင်ပေးရတဲ့ တာဝန်ရှိတယ်”

“ကျွန်မက ယင်နှင့် ယန်မျက်လုံးတွေနဲ့ မွေးဖွားလာတဲ့သူဖြစ်ပြီး ကျွန်မတို့ရဲ့ ဘိုးဘေးတွေမှာလည်း ဝိဥာဥ်လမ်းပြတွေ အများကြီးရှိခဲ့တယ်၊ ဘိုးဘေးတွေရဲ့ ကောင်းချီးတွေကြောင့် ကျွန်မလည်း ဒီစာချုပ်ကို အမွေရခဲ့တယ်၊

ဒီထူးခြားတဲ့ အလုပ်ကြောင့်ပဲ ကျွန်မက လူတွေရဲ့ ဝိဉာဉ်အခြေအနေကို ခံစားလို့ရတယ်၊ သူတို့တွေ သန်မာလား၊ အားနည်းလား၊ ကျန်းမာလား၊ သေဆုံးတော့မှာလား ဆိုတာတွေကိုပေါ့…”

“ဒါကြောင့် အခု ဒီညီမလေးရဲ့ ခန္ဓာကိုယ်ကနေ သူမရဲ့ ဝိဉာဉ်က တော်တော်လေး မတည်မငြိမ်ဖြစ်နေပြီး အချိန်မရွေးဝိဥာဥ်လွင့်သွားနိုင်ချေတောင် ရှိနေတာကို ကျိန်မမြင်နေရတယ်၊ ကျွန်မ  သူမရဲ့အချေအနေတကြောင့် လန့်တောင်လန့်သွားရတယ်၊ သူမက သရဲနဲ့ တွေ့ဖူးခဲ့တာလား? မျက်နှာချင်းဆိုင် မြင်ခဲ့ရတာလား?? ဘယ်လိုကြောင့် ဒီလောက်တောင် ကြောက်လန့်နေရတာလဲ…..”

သူမပြောနေရင်းနှင့်ပင် စဉ်းစားရကြပ်နေခဲ့သည်။

လူတိုင်းတွင် ဝိဉာဉ်သုံးခုနှင့် လိပ်ပြာခုနှစ်ခု ရှိသည်။ ၎င်းတို့အားလုံးက စိတ်ခံစားချက် ခုနှစ်ခု၊ တပ်မက်ခြင်း ခြောက်ခုနှင့် အသိဉာဏ်ပညာတို့ဖြင့် ဆက်စပ်နေကြသည်။

မျိုးဆက်ဟောင်းများပြောခဲ့သည့် ‘အကြောင်းပြချက်မရှိရူးသွပ်သွားခြင်း’ဟူသည်မှာ တစ္ဆေတစ်ကောင်နှင့် ထိတွေ့ပြီး၊ ခြောက်လန့်ခံရပြီးနောက် လိပ်ပြာတချို့ လွင့်သွားခြင်းကြောင့် ဖြစ်သည့် လက္ခဏာဖြစ်သည်။

မပြင်းထန်သည့် ကိစ္စများတွင်မူ မကြာခဏ မေ့လျော့တတ်ကာ စိတ်သဘောထား အပြောင်းအလဲမြန်ခြင်းတို့ ဖြစ်တတ်သည်။

ပြင်းထန်သော ကိစ္စရပ်များတွင်မူ လိပ်ပြာလွင့်စင်မှု များပြားပါက ရူးသွပ်သွားခြင်း၊ အသိစိတ်ပျောက်ဆုံးခြင်းနှင့် အနီးအနားမှ သရဲတစ္ဆေများမှ ခန္ဓာကိုယ်သို့ ဝင်ပူးခြင်းများ ဖြစ်တတ်ကြသည်။

ဆံပင်တိုနှင့်မိန်းကလေးမှာ  အပြင်ပန်းအဆင်ပြေပုံပေါ်သော်ငြားလည်း သူမ၏ ဝိဉာဉ်ကတော့ ခန္ဓာကိုယ်မှ လွင့်သွားမတတ်ဖြစ်နေကာ အလွန် အန္တရာယ်များလှသည်ပင်။

မှတ်ချက်ထဲမှ တစ်ချို့လူများကတော့ ငရဲနှင့် ဝိဥာဥ်လမ်းပြများဟူသော စကားလုံးများမှာ အလွန် ထူးဆန်းလွန်းသည်ကြောင့် ရှီဟေးဟုန်အား ပုံပြင်များလျှောက်ပြောနေသည့် ပညာရှင်အတုဟု ထင်နေကြသည်။

[အတုလို့ ထင်တာပဲ၊ သက်ရှိလူတွေက မြေအောက်ကမ္ဘာအတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာ ဖြစ်နိုင်လို့လား?] 

[ကျန်တာတော့ မသိဘူး၊ ဒါပေမယ့် လိပ်ပြာလွင့်တာကတော့ တော်တော်ဆိုးတာနော်၊ ငါငယ်ငယ်တုန်းက အပြင်းဖျားခဲ့တာ၊ အဖျားကြီးပြီး မပျောက်နိုင်တော့ အဘွားက အနီးအနားရွာက နတ်ဆရာမဆီ ခေါ်သွားခဲ့တယ်၊

နတ်ဆရာမ ပြောတာက ငါက အရမ်းငယ်ပြီး မမြင်အပ်တာတစ်ခုခုကို မြင်ခဲ့ရလို့ လိပ်ပြာလွင့်သွားတာတဲ့၊ အဲဒီနတ်ဆရာမက လိပ်ပြာကို ပြန်ခေါ်ပေးခဲ့ရတာ၊

နတ်ဆရာမက မီးဖိုချောင်သုံး ဓားနဲ့ ငါ့အိပ်ရာဘေးမှာ အမှားခြစ်,ခြစ်၊ နောက်ပြီး အဲအမှားခြစ်ပေါ်မှာ ကြက်ဥတစ်လုံးတင်ပြီး အမွှေးတိုင်ထွန်းရင်းနဲ့ ငါ့နာမည်ကို ဆက်တိုက်ခေါ်ခဲ့တာတဲ့၊ ငါ့အဘွားပြောတာတော့ အဲဒီကြက်ဥက သူ့ဘာသာသူထောင်လာတာတဲ့လေ၊

အဲဒီညကျတော့ အဖျားလည်း ကျသွားတယ်၊ နတ်ဆရာမက လိပ်ပြာကို ပြန်ခေါ်ပြီးပြီလို့ပြောပြီး အဲဒီကြက်ဥကို ချက်ပြီး ငါ့ကို ကျွေးလိုက်တာတဲ့]

[ပြိုင်ပွဲဝင် နံပါတ် ၁၀၊ ငါ မင်းပြောတာတွေက အမှန်ပဲဆိုတာကို ယုံတယ်၊ ငါ့ရဲ့ ဆွေမျိုးအဝေးထဲက တစ်ယောက်ကလည်း ဝိဥာဥ်လမ်းပြတစ်ဦးပဲ၊ ငါ့အဒေါ် နေမကောင်းဖြစ်တော့ သူက အလည်လာပြီး အဒေါ့်ရဲ့ မိသားစုကို တိုက်ရိုက်ပြောခဲ့တာ၊ အမယ်အိုက အချိန်သိပ်မရှိတော့ဘူး၊ အမြန် သူ့အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြတဲ့၊

အဲဒီတုန်းကတော့ အမျိုးတွေက သူလျှောက်ပြောနေတယ်လိုထင်ပြီး ဒေါသတကြီးနှင့် အိမ်ကနေ နှင်ထုတ်ခဲ့ကြတာ၊ ရလဒ်ကတော့ အဒေါ့်ကို ဆေးရုံတင်ပြီး နှစ်ရက်မှာပဲ ဆုံးသွားခဲ့တယ်လေ၊

မိသားစုဝင်တွေက ဝမ်းနည်းပေမယ့် သိပ်ပြီး မတွေးမိကြဘူး၊ အဝေးက အမျိုးပြောတာကို မေ့မေ့ပျောက်ပျောက်ပဲ၊ ဒါပေမယ့် အဒေါ့်ကို သင်္ဂြိုလ်ပြီး ပထမအပတ်မှာပဲ အဒေါ်က သူ့သားကို အိပ်မက်ပေးပြီး အဲဒီအမျိုးကို တောင်းပန်ခိုင်းရော၊

အဒေါ်ပြောတာက ဝိဥာဥ်လမ်းပြတွေက ကမ္ဘာပေါ်က လူတွေရဲ့ သေခြင်းနဲ့ ရှင်ခြင်းကံကြမ္မာကို လွယ်လွယ်နဲ့ ထုတ်ဖော်ပြောလို့ မရဘူး၊ သူမက ကိုယ့်ကိုယ်ကို အထိခိုက်ခံပြီး အဒေါ်ရဲ့သားဖြစ်သူကို သတိပေးခဲ့ပေမယ့် မိသားစုကတော့ သူ့ကို ဆူပူကြိမ်းမောင်းခဲ့ကြတယ်လေ၊

တော်သေးတာက အဲဒီအမျိုးဖြစ်သူက ဗွေမယူဘဲနဲ့  အဒေါ့်ကို မြေအောက်ကမ္ဘာကို သေချာ ပို့ပေးခဲ့တာ ]

[မှတ်ချက်ထဲက လူတွေရဲ့ မိသားစုတွေမှာ အတွေ့အကြုံအပြည့်ပဲ၊ ငါတစ်ယောက်တည်းပဲ နေ့ခင်းကြောင်တောင် ကြောက်လွန်းလို့ စောင်ကိုခေါင်းမြီးခြုံပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေရတယ် …]

All Chapters