ပင်လယ်မျိုးနွယ်စု ၁
Vol. 60 Ch. 920
ထင်ထားသည့် ပုံစံအတိုင်း နောက်တစ်နေ့အမျိုးမျိုးဖြစ်ပျက်တော့၏။
ထွန်းလင်းတောက်ပခြင်းမှာ အကြိမ်ကြိမ်တိုက်ခိုက်ခံရတော့သည်။ ထွန်းလင်းတောက်ပခြင်းက အသားတုံးဆိုပါက ပင်လယ်သတ္တဝါများက ဝံပုလွေများအလားပင်၊ အမျိုးမျိုးသောထူးဆန်းသည့်ပုံစံရှိကာ အစွမ်းထက်သည့် သတ္တဝါကြီးများက ခနခနလာရောက်တိုက်ခိုက်နေ၏။ အမြှီးခတ်ပြီး ပင်လယ်လှိုင်းများ ဖန်တီးနိုင်သည့်ဧရာမငါးကြီး၊ လက်တံများနှင့် သတ္တဝါကြီး မီတာများစွာကြီးမားသော လိပ်ကြီး ရေမြားများဖြင့် ပစ်လွှတ်နိုင်သော သတ္ထုရောင်ငါး စသဖြင့် အမျိုးမျိုးသော သတ္တဝါများ လာတိုက်ခိုက်ကြသည်။
နောင်ဆုံးတွင်တော့ ရေဓာတ်ကိုပင် ထိန်းချူပ်နိုင်သော ရေနတ်ဆိုးသားရဲများပင် ပါလာတော့၏။
၎င်းတို့က အခြေခံအသိညဏ်ရှိပြီး တစ်ကောင်နှင့်တစ်ကောင် ဆက်သွယ်နိုင်ကာ လေ့ကျင့်ထားသော တပ်တစ်ခုသဖွယ်ဖြစ်သည်။ တစ်ချို့က ရေခဲတုံးများထုတ်ဖော်နိုင်သည်။ တစ်ချို့က ရေလှိုင်းများဖန်တီးနိုင်ပြီး တစ်ချို့ကတော့ လေနှင့်မိုးကိုဆင့်ခေါ်နိုင်ကြ၏။
ရေဓာတ်က ပင်လယ်အတွင်း၌ ပြင်းထန်သည်ဖြစ်ရာ အဆင့် ၃၊၄ ရေဓာတ်မှော်အကွက်များပင် ၎င်းသတ္တဝါများလက်တွင်း၌ အဆင့်၅၊၆ မှော်သိုင်းကွက်များအလား အစွမ်းထက်လှပေသည်။
ထွန်းလင်းတောက်ပခြင်းမှာ အကြိမ်များစွာ မှောက်လုနီးနီးဖြစ်ခဲ့၏။ သို့သော်လည်း လာတိုက်သော မည်သည့်ရေသတ္တဝါများ ပြန်သွားနိုင်ခြင်းမရှိခဲ့ပေ။
ဖေးပင် လှုပ်ရှားစရာမလိုခဲ့ပေ။ တောရက်နှင့် ကျောင်းသားများ၏ လှုပ်ရှားမှုက အမျိုးမျိုးသော ရေသတ္တဝါအလောင်းများကို ပင်လယ်ရေမျက်နှာပင်ထက်၌ ပေါလောပေါနေစေခဲ့သည်။
တချို့ရှားပါးသတ္တဝါများကတော့ သင်္ဘောပေါ်ဆွဲတင်ကာ ချက်ပြုတ်ခံရ၏။ တချို့ ထူးဆန်းသည့် ပုံစံနှင့်သတ္တဝါများကတော့ စမ်းသပ်အလောင်းများ ဖြစ်လာကာ သင်္ဘောပေါ်တွင် လေ့လာခံရတော့သည်။
သို့သော်လည်း ထွန်းလင်းတောက်ပခြင်းက ရေနက်ပိုင်းသို့ပို့ရောက်လေလေ ဖိအားပိုခံရလေဖြစ်လာကာ ကိုယ်ထဲ၌ ပျက်စီးမှုများဖြစ်ပေါ်လာ၏။
" ဒါက သာမန်အင်အားစုတွေ၊ ပင်လယ်ဓားပြတွေမဟုတ်ဘူး ပင်လယ်ထဲမှာ ဒီလောက်များတဲ့ သတ္တဝါတွေကို သူတို့တွေဆင့်ခေါ်နိုင်စွမ်းမရှိဘူး "
အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် ရေကြောင်းကျွမ်းကျင်သူ ဘက်ကင်ဟမ်က ဖေးကို လေးနက်စွာလာပြောသည်။
" ဒါဆို မင်းဘယ်သူလို့ထင်လဲ "
" ပင်လယ် မျိုးနွယ်စု "
ဘက်ကင်ဟမ်၏ ထိုစကားကြောင်းဖေးြငိမ်ကျသွား၏။ စိတ်ထဲတွင်တော့ မဖြစ်နိုင်ဟု ထင်နေမိသည်။
ဒဏ္ဍာရီခေတ်ပြီးနောက် ပင်လယ်မျိုးနွယ်စုမှာ လူသားများနှင့် ဆက်သွယ်ခြင်းမရှိတော့ပေ။ စစ်ရှုံးအဖွဲ့၏ မဟာမိတ်အုပ်စုထုံးစံအတိုင်း ကွယ်ပျောက်သွားကာ မည်သို့မျှ ရှာမတွေ့တော့ပေ။ အချို့သူများက ပင်လယ်တွင်း၌ ပင်လယ်မျိုးနွယ်စုကို တွေ့ကြသည်ဆိုသော်လည်း အမှန်စုံစမ်းသည့်အခါ၌ တမင်လိမ်လည်၌ နာမည်ကြီးလိုကြောင်းတွေ့ရပေသည်။
သို့သော်လည်း ပင်လယ်မျိုးနွယ်စုမဟုတ်ပါက မည်သူက ဤများအစွမ်းထက်သောအင်အားကို သုံးနိုင်မည်နည်း။ ဇင်းနစ် အင်ပါယာ၏ ကီလိုမီတာငါးသိန်းဝန်းကျင်၌ မည်သည့်အင်ပါယာကမျှ ထိုသို့မစွမ်းဆောင်နိုင်ပေ။ ပင်လယ်ကား လူသားတို့ မလွှမ်းမိုးနိုင်သော နေရာပင်ဖြစ်သည်။
အချို့အင်ပါယာကြီးများက အလွန်ပင်အစွမ်းထက်လှသော်လည်း ပင်လယ်သမုဒ္ဒရာကြီးတစ်ခုလုံးအား ထိန်းချုပ်ရန်ကိုတော့ မစွမ်းနိုင်ကြပေ။ သာမန် ပင်လယ်မုန်တိုင်းကြီးတစ်ခုက ရေတပ်တစ်ခုလုံးကိုနှစ်မြုပ်ကာ ငါးစာဖြစ်သွားစေနိုင်သည်။
လူသားတို့၏ ရေတပ်များက ကမ်းရိုးတန်းတစ်လျှောက်တွင်သာ သွားလာကြ၏။ ကုန်းတွင်းပင်လယ်ဖြစ်သော မွေးရနှံ့ပင်လယ်တွင်ပင် အတွေ့အကြံမရှိပဲ ရေနက်ပိုင်းသို့ ရွက်လွှင့်ခြင်းက သေကြောင်းကြံခြင်းပင်ဖြစ်ပေသည်။
" ပင်လယ်မျိုးနွယ်စုဆိုတော့ရော သူတို့ ဘာတက်နိုင်မှာလဲ " ဖေး တွေးမရ၍ ဆက်တွေးမနေတော့ပေ။ ဘက်ကင်ဟမ်ကိုသာ လီယွန်အင်ပါယာသို့ အမြန်ရောက်စေရန် သင်္ဘောကို အရှိန်တင်စေလိုက်၏။
End