ပင်လယ်မျိုးနွယ်စု (ဒုတိယပိုင်း)
Vol. 60 Ch. 921
ဖေး၏စကားကိုကြားလိုက်ပြီးနောက် ဘက်ကင်ဟမ်သည် တစ်စက္ကန့်လောက်တောင့်တင်းသွားပြီး ဘာပြောရမှန်းမသိဖြစ်သွား၏။
သူတို့ ယခု ပစ်မှတ်ထားခံနေရပြီဖြစ်သည်က အသိသာကြီးဖြစ်သည်။
ဤပင်လယ်သတ္တဝါများ မည်သည့်အုပ်စုနှင့်သက်ဆိုင်သည်ဖြစ်စေ၊ ၎င်းတို့က ထွန်းလင်းတောက်ပခြင်းကို ကိုဆက်လက်တိုက်ခိုက်နေသရွေ့ နောက်ကွယ်မှအင်အားစုသည်လည်း နောက်ဆုံးတွင်ပေါ်လာမည်သာဖြစ်သည်။ အဆိုးဆုံးအနေဖြင့် ဖေး ပြင်းထန်သောတိုက်ပွဲတစ်ခုကို ရင်ဆိုင်ရရုံသာ။
" ငါကြောက်နေမှာလား " လူရိုင်း စစ်သည်၏ရဲရင့်ပြီးမကြောက်ရွံ့တတ်သော ဗီဇဖေး ၏ခန္ဓာကိုယ်ထဲတွင် ပြန်လည်နိုးထလာသည်။
...
**နောက်တစ်နေ့မနက်**
ဖေးသည် ဒိုငိယာဘလိုကမ္ဘာ၏ ငရဲပုံစံ မှထွက်လာပြီး မျက်နှာ သိပ်မကောင်းဖြစ်နေ၏။
တစ်နေ့တာဂိမ်းကစားချိန်တစ်ခုလုံးကိုအသုံးပြုပြီးနောက်၊ ဖေးမှာ အာကိန်းဆန်ကျုရာရီ ရှိနောက်ဆုံးဘော့စ် ဆင့်ခေါ်သူကိုတိုက်ခိုက်ရန် မအောင်မြင်သေးပေ။ ဒိုင်ယာဘလိုကမ္ဘညအတွင်း ဖေးကိုးနာရီကြာမြင့်ခဲ့သောအချိန်အတွင်း၌ နှစ်ဖက်စလုံး အပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီး၊ ပြင်းထန်သောဒဏ်ရာများရရှိခဲ့ကြ၏။
ထိုအခြေအနေအရ၊ ဖေး ဆင့်ခေါ်သူကို ကိုသတ်ရန် နောက်ထပ်နှစ်ရက်ခန့် လိုအပ်နိုင်သည်။ ၎င်းသည် ဖေးမျှော်မှန်းချက်ထက် နှစ်ဆပိုများနေ၏။
" ဘုရားရေ! ဒိုင်ယာဘလိုကမ္ဘာ ထဲမှာ ခက်ခဲမှုတွေက ပိုပိုများလာနေပြီ " ဖေး သူ၏ လူရိုင်း ဇာတ်ကောင်ကိုအဆင့်မြှင့်တင်ခြင်းကို ရပ်တန့်သင့်မသင့် စဉ်းစားနေသည်။ အခြားအတန်းအစားခြောက်ခုကိုလည်း အချိန်ပေးသင့်သည်ဟု သူထင်၏။
ရုတ်တရက်၊ အော်ဟစ်သံများကို ဖေးကြားလိုက်ရသည်။
" ပင်လယ်သားရဲေတွ ပြန်လာပြီ မြန်မြန်ပြင်ဆင်ကြ "
ဘက်ကင်ဟန် ၏အော်သံ သင်္ဘောပေါ်တွင်ထွက်ေပါ်လာပြီးေနာက် သင်္ဘောသားများက မြန်ဆန်သောခြေလှမ်းသံများနှင့်အတူ အလျှင်အမြန် အသင့်ပြင်ဆင်ကြသည်။
သင်္ဘောမှ မီတာရာချီဝေးသောနေရာတွင် တောင်တန်းကြီးများသဖွယ်တူသောအရိပ်များပေါ်လာပြီး၊ ထိုအရိပ်များအနီးရှိပင်လယ်ရေသည်လည်း ပွက်ပွက်ဆူလာသည်။
ပင်လယ်သားရဲသတ္တဝါများသည် ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
ဘက်ကင်ဟန် ၏ညွှန်ကြားချက်အောက်တွင်၊ သင်္ဘောသားများမှာ ပင်လယ်သတ္တဝါများ၏ရုတ်တရက်တိုက်ခိုက်မှုများကိုအသားကျလာ၏။ ၎င်းတို့သည် အလန့်တကြားထွက်ပြေးမှုများ မလုပ်ကြတော့ပေ။ အစီအစဉ်တကျပြင်ဆင်ထားသောအစီအမံများအတိုင်း ၎င်းတို့၏တာဝန်များကိုထမ်းဆောင်ကာ သင်္ဘောများကိုထိန်းချုပ်ကြသည်။ ချမ်းဘော့သား များမှာ ဤပင်လယ်သားရဲသတ္တဝါများကိုသတ်နိုင်သဖြင့် သင်္ဘောထိန်းချုပ်ရန်ဝင်မကူနိုင်ကြပေ။
တိုက်ပွဲ ပြန်လည်စတင်ပြန်သည်။
သို့သော်လည်း ပင်လယ်သားရဲသတ္တဝါများမှာ ဒေါကန်နေသော ဖေးနှင့်တွေ့ဆုံခဲ့ရသည်အတွက် ကံဆိုးသွားကြ၏။
သင်္ဘောခေါင်းပိုင်းတွင်ရပ်ရင်း ဖေးသည် ဖြည်းဖြည်းချင်းပင်လယ်ပိုင်းသို့ ထပ်ခါထပ်ခါထိုးနှက်လိုက်၏။ စွမ်းအင်မီးလျှံများမပေါ်လာသော်လည်း မမြင်ရသောအင်အားတစ်ခုက တောင်တစ်တောင်ကဲ့သို့ ပင်လယ်သတ္တဝါများကို ဖိကြိတ်လိုက်သည်။ ထို့နောက် အော်ဟစ်သံများနှင့်အတူ ပင်လယ်သတ္တဝါ ၁,၀၀၀ ကျော်သေဆုံးသွားပြီး၊ ရှင်ကျန်ခဲ့သော သတ္တဝါများက လျင်မြန်စွာထွက်ပြေးသွားကြ၏။ ၎င်းတို့၏သွေးများက ပင်လယ်ရေပြာကို ရဲရဲနီစေပြီး၊ ပင်လယ်သားရဲ အလောင်း အပိုင်းအစများလည်း နေရာတိုင်းတွင်ပျံ့နှံ့သွားသည်။ ပင်လယ်သားရဲများ သင်္ဘောအနားကပ်လာနိုင်ခြင်းမရှိဘဲ၊ အပိုင်းပိုင်းဖြစ်သွားကြ၏။
မကြာမကြာတိုက်မှုများကြုံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပင်လယ်သတ္တဝါများ အုပ်စုလိုက်ထွက်ပြေးသွားကြခြင်းဖြစ်သည်။
အားကောင်းသော နေအဆင့်အရှင် တစ်ဦးရှေ့တွင်၊ ထိုကြောက်ရွံ့ခြင်းမရှိသောသတ္တဝါများသည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကိုသိလာကြသည်။
**ထွန်းလင်းတောက်ပခြင်းသင်္ဘောခြောက်ကီလိုမီတာအကွာတွင်**
လူသားနှင့်တူသော ခန္ဓာကိုယ်အပေါ်ပိုင်းရှိကာ ငါးနှင့်တူသောအောက်ပိုင်းရှိသော သတ္တဝါများသည် ရေထဲတွင်ကူးခတ်လျက်၊ ထွန်းလင်းတောက်ပခြင်း သေင်္ဘာကို ဝေးဝေးမှကြည့်နေကြသည်။ ၎င်းတို့၏မျက်လုံးများတွင် အနီရောင်အလင်းများထွက်နေသည်။
" ဒီလူသား! သူအရမ်းအားကောင်းတယ် "
" ဘာလုပ်ရမလဲ ပင်လယ်သားရဲသတ္တဝါတွေက အားနည်းပြီးအရေးမပါေပမယ့် ငါတို့အများအပြားကိုဆုံးရှုံး လိုက်ရတာ "
" ဒီလိုဆက်သွားနေရင် ငါတို့ ဒီလူသားကိုဘာမှမလုပ်နိုင်ရင်မင်းသမီးက ငါတို့ကိုပြစ်ဒဏ်ပေးတော့မှာပဲ ငါတို့ဒုက္ခရောက်တော့မယ်..."
"ငါ့အမြင်ေတာ့ ငါတို့မျိုးနွယ်စုက ချိတ်ပိတ်ခံထားရတာကနေ နိုးထခါစ ဒါကို မင်းသမီးက ချက်ချင်း ကုန်းမြေကိုစိုးမိုးထားတဲ့လူသားေတွကို ပစ်မှတ်ထားနေတာ ဒါဟာ လောလွန်းနေတယ်ထင်တာပဲ "
End