စိတ်ပျက်အားငယ်စရာအခြေအနေနှင့် မေးခွန်းများ (အပိုင်းတစ်)
Vol. 60 Ch. 924
~ ကံမကောင်းစွာပဲ၊ ပင်လယ်မျိုးနွယ်စု ထပ်မံမတိုက်ခိုက်မီ ဖေးသည် လက်ရှိပြဿနာအတွက် အဖြေမရှာနိုင်သေးပါ။ ခံစစ်ဗျူဟာကို အသုံးပြုရန်သာ ရွေးချယ်နိုင်ခဲ့သည်။
သူသည် ထွန်းလင်းတောက်ပခြင်း
စစ်သဘ်ော၏ ပင်မ ရွက်မကြီးပေါ်တွင် ရပ်ပြီး သူ၏ အင်အားနယ်ပယ်ကို လွှတ်ပေးခဲ့သည်။ ရွှေစွမ်းအင်မီးတောက်များသည် စစ်သင်္ဘောတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အင်အားကြီးနယ်ပယ်သည် ထွန်းလင်းတောက်ပခြင်း စစ်သဘ်ော၏ မီတာ တစ်ရာ အတွင်းရှိ ပင်လယ်မျိုးနွယ်ဝင်အားလုံးကို အပိုင်းပိုင်း အစစ ကြေမွသွားစေသည်။ ၎င်းတို့သည် အားကောင်းသည်ဖြစ်စေ၊ အားနည်းသည် ဖြစ်စေ
အားလုံး သေကြေပျက်စီးကြရသည်။
သို့သော် မျှော်လင့်ထားသည့်အတိုင်းပင်၊ ပင်လယ်မျိုးနွယ်၏ စွမ်းအားကြီးသော ဆရာသခင်များသည် ဤတိုက်ခိုက်မှုတွင် ပေါ်လာသည်။
သူတို့သည် အားကောင်းပြီး ကြောက်မက်ဖွယ် ကောင်းသော စစ်သည်တော်များဖြစ်သည်။
ဤပင်လယ်မျိုးနွယ်၏ စစ်သည်တော်လေးဦးစလုံးသည် အထွတ်အထိပ်လပြည့်အဆင့်ကို ရောက်ရှိခဲ့ကြပြီး ၎င်းတို့တွင် ငါးမန်းများ၏ ထူးခြားသောလက္ခဏာများရှိသည်။ ဤငါးမန်းစစ်သည်တော်များ၏ မျက်နှာများသည် ၎င်းတို့၏ မူလပုံစံမှ အလွန်အကျွံ မပြောင်းလဲဘဲ ထိုမျက်နှာသည် အံ့ဩစရာ ကောင်းသည်။
ငါးမန်းစစ်သည်တော် လေးယောက်သည် အနီတောက်တောက် ခက်ရင်းခွ အရှည်ကြီး တစ်ချောင်းစီ ကိုင်စွဲထားသည်။ လှုပ်ရှားလိုက်တိုင်း၊ သူတို့နှင့်အတူ အဖျက်စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။
၎င်းတို့သည် ရေ အခြေပြု စစ်သည်တော်များအဖြစ် မွေးဖွားလာခဲ့ကြသည် ဖြစ်ရာ သူတို့၏ ရေ ထိန်းချုပ်မှုမှာ အထွတ်အထိပ်ပါပင်။ သူတို့၏ ခက်ရင်းခွတွေကို ချိန်ရွယ်သည့်အခါ၊ လှိုင်းများ၏ စွမ်းအားက နေအဆင့် ရေအခြေပြု မှော်ဆရာများနှင့် တန်းတူပင်။ လှိုင်းများသည် ဆူနာမီလို ပြင်းထန်သည်။
ဤစစ်သည်တော်လေးယောက်သည် ဖေးအတွက် ဖိအားများစွာကို ယူဆောင်လာခဲ့သည်။
“ပြိုင်ဘက်ကင်းအင်ပါယာလက်သီး..!တစ်ချက်တည်းနဲ့ အသေသတ်မယ်”
ဖေးသည် မှော်သားရဲကြီး တစ်ကောင်ဟိန်းဟောက်နေသလို မာန်ချီသွင်းရင်း ဖေး၏ အနက်ရောင် ဆံပင်ရှည်များသည် လေတွင် တလူလူ လွင့်ဝဲနေသည်။
တိုက်ပွဲ၏ အထွတ်အထိပ်တွင် ဘုရင်သည် လူရိုင်းများ၏ ကြီးစိုးသော စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။ အထိန်းအကွပ်မရှိဘဲ သူ၏ နေအဆင့် စွမ်းအားကို အရှိန်အဟုန်ပြင်းစွာ ထုတ်ပစ်လိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာလက်သီးမှ ဖန်တီးထားသည့် ရွှေစွမ်းအင် လက်သီးလှိုင်းသည် ဧရာမဥက္ကာပျံတစ်ခုကဲ့သို့ ရှေ့သို့ လွင့်သွားသည်။ ထို့နောက် ဘုရင်သည် ခွန်အားများစွာကို ထုတ်လွှတ်ကာ အထပ်ထပ်အခါခါ ထိုးလေသည်။
ဖေးသည် လက်သီးဝိဉာဉ် နေရာလပ် စည်းတံဆိပ်၏ စွမ်းအားအချို့ကို အသုံးပြု၍ သင်္ဘောပတ်လည်ရှိ နေရာလပ်ထဲသို့ စွမ်းအားတစ်ချို့ ထိုးသွင်းကာ သင်္ဘောပေါ်တွင် ပြေးလွှားနေသော ပင်လယ်မျိုးနွယ်ဝင်များကို သတ်ဖြတ်ရင်း ငါးမန်းသူရဲလေးယောက်အတွက် ပြဿနာများ ဖန်တီးပေးခဲ့သည်။
တိုက်ပွဲ၏ အထွတ်အထိပ်သို့ ရောက်သောအခါ ပင်လယ်ပြင်ကြီးတစ်ခုလုံး ကျယ်လောင်စွာ အသံမြည်ဟည်းလာသည်။
"ယုတ်မာတဲ့ လူသား! သေစမ်း !"
ငါးမန်းစစ်သည်တော်များ၏ ပါးစပ်မှ ရှေးဟောင်းဘာသာစကားများ ပွင့်ဟလာက်သောအခါတွင် ကြီးမားသော ကျောက်တုံးကြီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေသလို ရက်စက်ကြမ်းကြုတ်သော အသံဖြစ်သည်။
သူတို့လက်ထဲက အနီရောင် ခက်ရင်းခွ တွေဟာ နတ်ဆိုးတွေ၏ စွမ်းအားကို သယ်ဆောင်လာသည့် အသွင်။
၎င်းတို့ ဝှေ့ယမ်းလိုက်တိုင်း၊ အော်ဟစ်ဆူညံသံတွေ ဆက်တိုက်ဖန်တီးသည်။ ထို့နောက်တွင်၊ အနီရဲရဲ မြူထုများ ပေါ်လာပြီး ပင်လယ်ထဲတွင် နစ်မြှုပ်နေသော သတ္တဝါများစွာသည် ညည်းတွားနေသကဲ့သို့ ခက်ရင်းခွပတ်ပတ်လည်တွင် လည်ပတ်နေကာ အခြားသူများ၏ ဦးခေါင်းများအား မူးနောက်စေကာ ပြိုင်ဘက်များကို အသိစိတ် ပျောက်ဆုံးစေသည်။
ဤငါးမန်း စစ်သည်တော်များသည် သနားညှာတာမှု ကင်းမဲ့ပြီး ထွန်းလင်းတောက်ပခြင်း စစ်သဘ်ောရှိ လူသားများကို အငြိုးတကြီး သတ်ဖြတ်ခဲ့သည်။
ဖေး၏ အကာအကွယ်ကြောင့်သာ မဟုတ်လျှင် သင်္ဘောပေါ်က တခြားလူတွေက အစိစိတ်ပျောက်ဆုံးကာ ထို မြူထုများကြောင့် သေသွားရလိမ့်မည်။ တောရက်စ်လို သခင်တွေက ၎င်းကို ခံနိုင်ရည်ရှိပေမယ့် တိုက်ပွဲမှာ ပြင်းထန်စွာ ဒဏ်ရာရပြီး ပြန်ကောင်းလာဖို့ မဖြစ်နိုင်ပေ။
ဤသံမဏိ ခက်ရင်းခွများသည် လက်ခြောက်ဖက် ပါရှိသော ပင်လယ်မျိုးနွယ်၏ ယခင် အဆင့်မြင့် အဖွဲ့ဝင်များ
ပိုင်ဆိုင်သော တိုက်ခိုက်ရေးလက်နက်များနှင့် ဆင်တူသည်။ ၎င်းတို့အားလုံးသည် ပင်လယ်မျိုးနွယ်စုများသာ ပိုင်ဆိုင်သော ရှားပါးလက်နက်များ ဖြစ်သည်။
ကံကောင်းထောက်မစွာ ဒိုင်ယာဘလိုတွင် ဖေး၏ အတွေ့အကြုံများက သူ့ကို တိုက်ခိုက်နည်းအမျိုးမျိုးကို ကျင့်သားရလာစေသည်။ ဒိုင်ယာဘလိုကမ္ဘာရှိ အသံလှိုင်းများကို တိုက်ခိုက်မှုနည်းလမ်းအဖြစ် အသုံးပြုကြသည့် မွန်းစတားများ အလွန်ပေါများသည်။ ထိုသို့သော တိုက်ခိုက်မှုများသည် အခြားသခင်များကို ထိရောက်စွာ တိုက်ခိုက်နိုင်ပေမည်။ ဖေးနှင့် ပတ်သက်လျှင် လုံးဝ အသုံးမဝင်ပါချေ။ ဖေးသည် ၎င်းအား သူ့ ခြေထောက်အား တစုံတစ်ယောက်က လာ၍ ပွတ်သပ် စနောက်နေသလိုသာ ခံစားရသည်။
ထိုတိုက်ပွဲက အချိန် တစ်နာရီကျော် ကြာမြင့်လေသည်။
ဖေးသည် ငါးမန်း စစ်သည်တော်နှစ်ဦးကိုသတ်ပြီး အခြားနှစ်ဦးကို ပြင်းထန်စွာဒဏ်ရာရစေကာ ပင်လယ်မျိုးနွယ်အား နောက်တစ်ကြိမ် တပ်ပြန်ဆုတ်ခိုင်းခဲ့သည်။
ဤတိုက်ပွဲအပြီးတွင် ထွန်းလင်းတောက်ပခြင်း စစ်သဘ်ောမှ လူများအားလုံး အလွန်စိုးရိမ်လာကြသည်။
ပင်လယ်မျိုးနွယ်သည် အဇာရို့သ်
တိုက်ကြီးတစ်ခုလုံးကို ကြီးစိုးနိုင်သည်ဟု သတင်းကြီးနေသည်မှာ အံ့သြစရာမဟုတ်ပေ။ သူတို့သည် အမည်မသိ အကြောင်းတစ်ခုခုကြောင့် အိပ်ပျော်ရာမှ နိုးလာခဲ့ပြီး သူတို့၏ ခွန်အားသည် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသေးပေ။ သို့သော်၊ သူတို့၏ စစ်သည်တော်များသည် ဤမျှလောက် အစွမ်းထက်နေပြီဖြစ်သည်။ သူတို့တွင် ဆရာသခင်များစွာရှိပုံ ရသည်။
နောက်တစ်ကြိမ်၌ နေအဆင့် မွန်းစတားများသည် ထွန်းလင်းတောက်ပခြင်း စစ်သဘ်ောကို တိုက်ခိုက်လာမည်လားကို မည်သူမှ မသိနိုင်ပါ။