စိတ်ပျက်အားငယ်စရာအခြေအနေနှင့် မေးခွန်းများ (အပိုင်းနှစ်)
Vol. 60 Ch. 925
~ အကယ်၍ ထိုလမ်းကြောင်းအတိုင်းသာ ဆက်သွားပါက၊ ချမ်းဘော့ဒ် ဘုရင်သည် အတော်အတန် သန်မာလျှင်ပင် သူသည် မည်မျှ အချိန်ကြာကြာ အသက်ရှင် ကျန်ရစ်နိုင်မည်ဟု အာမခံနိုင်ပါသနည်း။
ဖေးအတွက်ပင်လျှင် ဤပြဿနာသည် ခေါင်းခဲစရာပင်။
ပင်လယ်မျိုးနွယ်၏ စစ်သည်တော်များသည် စွမ်းအားကြီးမားပြီး လူရိုင်းများကဲ့သို့ပင် သန်စွမ်းသော ကိုယ်ခန္ဓာဖြင့် မွေးဖွားလာကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ပင်လယ် အောက်ခြေရှိ ပြင်းထန်သောရေဖိအားကို ကိုင်တွယ်နိုင်သည်။ ဤသည်မှာ သူတို့သည် သံကဲ့သို့ မာကျောခက်ထန်သည်ဟု ဆိုလိုပါသည်။
ဖေး၏ လူရိုင်းပုံစံနှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် ၎င်းတို့သည် မနိမ့်ကျလွန်းလှပါ။
သူတို့၏ အစွမ်းထက် သွေးမျိုးဆက်များနှင့် ထူးခြားဆန်းကြယ်သော ရှေးဟောင်းတိုက်ပွဲ စွမ်းရည်များဖြင့်၊ သူတို့၏
မိခင်ဌာနေဖြစ်သည့် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတွင် ၎င်းတို့နှင့် ထိပ်တိုက် တိုက်ခိုက်ရန် မှာ မည်သူ့အတွက်မဆို ခက်ခဲပါသည်။
အကယ်၍ ထိုငါးမန်းစစ်သည်တော်လေးယောက်သည် ဖေးမဟုတ်ဘဲ မကြာသေးမီက အဆင့်တက်လာသော နေအဆင့်သခင်နှင့် တိုက်ခိုက်ပါက ၎င်းတို့သည် အစောကတည်းက အနိုင်ရခဲ့နိုင်သည်။
"ဘာတွေ ဖြစ်နေတာလဲ၊ ဒီအကောင်ကြီးတွေက ဘာလို့ ထွန်းလင်းတောက်ပခြင်း
စစ်သဘ်ောကို အရမ်း စိတ်ဝင်စားနေကြတာလဲ၊ သင်္ဘောပေါ်မှာ နတ်ဘုရားရတနာတစ်ခု ရှိပြီး သူတို့ ဒါကို တပ်မက်လို့လား...ဒါမှမဟုတ် ... သူတို့က ငါ့ကို ပစ်မှတ်ထားတာလား"
ဖေးက ၎င်းကို တွေးကြည့်ပါသော်လည်း ဘာ့ကြောင့်မှန်း အဖြေ မရှာနိုင်ပါ။
...
- နောက်တစ်နေ့၌-
ထွန်းလင်းတောက်ပခြင်း စစ်သဘ်ောသည် ပြင်းထန်စွာ ပျက်စီးသွားပြန်သည်။
ဖေးသည် သင်္ဘောကို ကိုယ်တိုင်ကိုယ်ကျ စောင့်ကြပ်နေသော်လည်း နေအဆင့်သခင် နှစ်ယောက် တိုက်ခိုက်လာသည်ဖြစ်ရာ ထိရောက်မှု မရှိနိုင်ပေ။
ဖေး သည် သင်္ဘောကို ကာကွယ်ရန် လိုအပ်ပြီး လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သောကြောင့် သူ၏ ခွန်အားကို အပြည့်အဝ မထုတ်နိုင်ခဲ့ပါ။ သူ့ခွန်အား အများစုမှာ ရန်သူများ၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နေရသည်။
သို့သော်လည်း လေးနာရီကျော်ကြာပြီးနောက်၊ လက်ခြောက်ဖက်ပါ သတ္တဝါ၊ လူတစ်ပိုင်းမြွေတစ်ပိုင်းနှင့် ငါးမန်းစစ်သည်တော်များကဲ့သို့သော ပင်လယ်မျိုးနွယ်၏ အဆင့်မြင့်အဖွဲ့ဝင်များသည် နောက်ဆုံးတွင် အခွင့်အရေးကောင်းတစ်ခုကို ရရှိခဲ့သည်။
ထို နေအဆင့်သခင် နှစ်ဦး၏ ပြီးပြည့်စုံသော ပူးပေါင်းမှုအောက်တွင် ၎င်းတို့သည် ရွှေစွမ်းအင်မီးတောက်များဖြင့် ဖန်တီးထားသော စွမ်းအင်စက်ဝိုင်းကို ဖြတ်ကျော်ကာ ထွန်းလင်းတောက်ပခြင်း စစ်သဘ်ော၏ ယန္တရားကို ဖျက်ဆီးပစ်လိုက်ကြသည်။
အခြေအနေက အရမ်းအန္တရာယ်များလေသည်။
ထိုသေရေးရှင်ရေး အခိုက်အတန့်တွင် လေ၏ သားတော်တောရက်စ်သည် သူ့အသက်ကို လောင်းကြေးထပ်ကာအန္တရာယ်ကို မကာကွယ်နိုင်ခဲ့ပါက သင်္ဘောရှေ့ပိုင်းတစ်ခုလုံး ပျက်စီးသွားမည် ဖြစ်သည်။
ရလဒ်အနေဖြင့် သင်္ဘော၏ အစိတ်အပိုင်းအများစုကို ကယ်ဆယ်နိုင်ခဲ့သော်လည်း တောရက်စ်သည် အကြီးအကျယ်ဒဏ်ရာရခဲ့ပြီး တိုက်ပွဲ ထိရောက်မှု စွမ်းရည်ဆုံးရှုံးခဲ့သည်။
ချမ်းဘော့ဒ် တက္ကသိုလ်ကျောင်းသား ကိုးဦးလည်း ဒဏ်ရာရရှိခဲ့သည်။ အဂ္ဂိရတ်ပညာနှင့် အခြား မှော်နယ်ပယ်များကို နှစ်သက်သော အော်စကာသည် ကျောင်းသားကိုးဦးတွင် အားအနည်းဆုံးလူဖြစ်သောကြောင့် ဒဏ်ရာရသည့် အခြေအနေ အများဆုံး ဖြစ်သည်။ ယခုအချိန်မှာတော့ အော်စကာသည်လည်း တောရက်စ်လိုပဲ သူ့ကုတင်ပေါ်မှာ လဲလျောင်းနေခဲ့ရပါသည်။
သို့သော်၊ ဘက်ကင်ဟမ်နှင့် လီယွန်၏ အခြားသုံ့ပန်းများသည် တိုက်ပွဲတွင် ပါဝင်ခြင်းမရှိသောကြောင့် သူတိို့ကတော့ အသေအပျောက် မရှိခဲ့ကြပေ။
ထိုစဉ် မည်သူမျှ မသိလိုက်ချိန်တွင်
ဘက်ကင်ဟမ် ဘုရင် လီယွန်၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။
...
- နောက်တစ်နေ့သ၌...
ထွန်းလင်းတောက်ပခြင်း စစ်သဘ်ော သည် လက်မှိုင်ချသော အခြေအနေတွင်ရှိနေသည်။
သင်္ဘောပေါ်ရှိ မှော်အတက်အဆင်း
အစီအရင်ကို ယခုထိ မပြုပြင်ရသေးပါ။ လီယွန်အင်ပါယာ၏ မှော်အခင်းအကျင်းများသည် ထူးခြားသည်။ မှော်အခင်းအကျင်းတွေမှာ ထူးချွန်သည့် ကျောင်းသား ကိုးယောက်ထဲက တစ်ဦးဖြစ်သော နေမာပင် ထိုမှော်အစီအရင်ကို တစ်ရက်တည်းနှင့် မပြုပြင်နိုင်ခဲ့ပါ။
ပင်လယ်မျိုးနွယ်စု၏ တိုက်ခိုက်မှုသည် အလွန် ပြင်းထန်ရက်စက်နေဆဲသာ။
ပင်လယ်မျိုးနွယ်စုသည် သုံးနာရီတိုင်းတွင် နောက်ထပ် တိုက်ခိုက်မှုလှိုင်းများကို လွှင့်တင်ကာ ပိုမိုအားကောင်းသော သခင်များ တယောက်ပြီးတယောက် ပေါ်လာတတ်သည်။
နေဝင်ခါနီးတွင် ဖေး နှင့် ပြိုင်နိုင်သော ပင်လယ်မျိုးနွယ်ဝင်တစ်ဦး ပေါ်လာသည်။
အင်မော်တယ် ဘုရင် စတုန်းခရက်ရှာကို
မခေါ်ဘဲ ဖေးက သူ့အစွမ်းထက်ဆုံးနည်းပညာဖြစ်သည့် [လေပွေ] ကို သုံးခဲ့မည်ဆိုလျှင် ရှုံးရလိမ့်မည်။
ထိုသခင်သည် ဖေးသည် နေအဆင့် သခင် ဖြစ်လာပြီးကတည်းက ဖေး ရင်ဆိုင်ခဲ့ရသည့် ကြောက်စရာအကောင်းဆုံးပြိုင်ဘက်ဖြစ်သည်။
ဤသည်မှာ ခရီးမထွက်မီက ဖေးပင်
ကြိုမတွေးရဲသော အခြေအနေတစ်ခု ဖြစ်သည်။
အဆိုးဆုံးအခြေအနေအတွက် စီစဉ်ပြီး လီယွန်၏သုံ့ပန်းများကို ချမ်းဘော့ဒ် နိုင်ငံသားတို့နှင့်အတူ လာရာလမ်းကို
ပြန်မလွှတ်မီတွင် မမျှော်လင့်ထားသော ကယ်တင်ရှင်တစ်ဦး ပေါ်လာသည်။
----------------