← Chapters

ကျွန်း (အပိုင်းနှစ်)

Vol. 60 Ch. 927

ကျွန်း (အပိုင်းနှစ်)

Vol. 60 Ch. 927

ချမ်းဘော့ဒ်ကို ယုံကြည်သူတစ်ဦးအနေဖြင့် လူဝီသည် ဘုရင်ကို မြတ်နိုးပြီး ချမ်းဘော့ဒ်၏ ရန်သူအားလုံးကို စက်ဆုပ် ရွံရှာသည်။

ထို့ကြောင့်၊ သူမသည် ဘက်ကင်ဟမ်၏ ရှင်းပြချက်အား မယုံပါ၊ ပင်လယ်မျိုးနွယ်ဝင် တစ်ဦးသည် ဘုရင်၏ ထောက်လှမ်းမှုအောက်တွင် ခိုးဝင်ကာ သင်္ဘော၏ နံဘေးတွင် ဤအပေါက်ကို ဖန်တီးခဲ့သည် ဟူသော အချက်ကို သူမ လက်မခံနိုင်။

သို့သော်လည်း အပေါက်ကို သေချာလေ့လာပြီးနောက် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့နိုင်ခဲ့သောကြောင့် သူမ၏ ယူဆချက်ကိုသာ စွန့်လွှတ်နိုင်ခဲ့သည်။

ထို့နောက် လူဝီသည် ဤသုံ့ပန်းများကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ပြီး ကျန်အစားအစာနှင့် ရေများကို ကျွန်းပေါ်သို့ ရွှေ့ကာ ကြည့်ရှုခဲ့သည်။

လိုအပ်သောပစ္စည်းများကို သင်္ဘောပေါ်မှ ဖယ်ရှားပြီးနောက် ဖေးသည် ပင်လယ်မျိုးနွယ်များ၏ တိုက်ခိုက်မှုကြောင့် ကမ်းခြေတွင် ကျောက်ချနေသော သဘော်ာ ပျက်သုဉ်းရမည်ကို စိုးရိမ်သဖြင့် သင်္ဘောကို ကျွန်းသို့ အပြည့်အဝ ရွှေ့ပြောင်းသွားခဲ့သည်။

ဘက်ကင်ဟမ်နှင့် အခြားသုံ့ပန်းများကို ခေတ္တ စုရုံးကာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာသူ တောရက်စ်အား ထိုသုံ့ပန်းများအား ထူးဆန်းသည့် အရာများ ဖြစ်ပျက်သည်လား စောင့်ကြည့်ရန် ဖေးက တောင်းဆိုခဲ့သည်။

ဉာဏ်ကြီးရှင် မှော်ဆရာ နေမာ သည် မှော်အစီီအရင်အား စတင် ပြုပြင်ခဲ့တော့သည်။

အခြားကျောင်းသားများသည် လူဝီ၏ ဦးဆောင်မှုအောက်တွင် စခန်းချရန် စတင်ခဲ့သည်။

ချောမောသော လူငယ်လေး ရိုးအေ့စ်သည် တစ်ကိုယ်တော်စခန်းရှိ စခန်းချယာဉ်ခေါင်းဆောင် ဝါရစ် ထံမှ တောတွင်း စခန်းချနည်းများကို သင်ယူခဲ့သည်ဖြစ်ရာ သူက ဤနယ်ပယ်တွင် အထူးကျွမ်းကျင်သူဖြစ်သည်။

ရိုးအော့စ်သည် အစိတ်အပိုင်းများကို ချောချောမွေ့မွေ့ ရွှေ့လိုက်သည်နှင့် မကြာမီ ကမ်းခြေမှ မီတာ တစ်ထောင် ခန့်အကွာရှိ တောင်တန်းတစ်ခုတွင် ပြီးပြည့်စုံသော ခိုနားစရာ စခန်းတစ်ခု ပေါ်လာသည်။

ထို့အပြင် စခန်းချရာ နေရာတစ်ဝိုက်တွင် မှော်ထောင်ချောက် အမျိုးမျိုးကို တပ်ဆင်ထားသည်။

ယခုအချိန်တွင် ချမ်းဘော့ဒ် စစ်ရေးနှင့်မြို့ပြ တက္ကသိုလ်မှ ဤကျောင်းသားများရရှိခဲ့သော ပညာရေးသည် အသက်ဝင်လာပါ၏။ ထို့အပြင် သိပ္ပံရူးသွပ်သူများဓာတ်ခွဲခန်းမှ ဖန်တီးထားသော လျှို့ဝှက်လက်နက် အမျိုးအစားအားလုံးကို ထည့်သွင်းအသုံးပြုခဲ့သည်။ လူတစ်ရာခန့်အတွက် ဤစခန်းငယ်သည် စစ်သားထောင်ပေါင်းများစွာအတွက် ပြုလုပ်ထားသည့်နေရာများထက် ပိုမိုလုံခြုံပါသည်။ ဤစခန်းငယ်ကို စီးနင်းတိုက်ခိုက်လိုသော မည်သည့်အင်အားစုမဆို အသက်ထောင်ပေါင်းများစွာ အသက်စတေးရပေလိမ့်မည်။

စခန်းချတဲ့နေရာ၏ အလယ်မှာ ဧရာမ မှော်တဲကြီးတစ်လုံးကို ဘုရင်က ပိုင်သည်။

ဤတဲထဲတွင် ဘက်ကင်ဟမ် နှင့် အခြားသော သုံ့ပန်းများမသိသော၊ လျှို့ဝှက်ချက်များစွာ ဝှက်ထားသည်။

...

အားလုံးစီစဉ်ပြီးသောအခါ နေဝင်နေပြီ။

ညစာ အဆင်သင့်မဖြစ်မီတွင် ဖေးက အချို့အရာများကို စီစဉ်ပြီး လူဝီ၊ ပါတို နှင့် ပော်စတာ တို့နှင့်အတူ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။

ညမိုးချုပ်မီတွင် ဘုရင်သည် ဤကျွန်းသည် ဘေးကင်းလုံခြုံပြီး ခြိမ်းခြောက်မှုများမရှိကြောင်း အသေအချာစစ်ဆေးနေသည်။ သို့မဟုတ်ပါက အန္တရာယ်တွေ ရုတ်တရက် ပေါ်လာလျှင် အငိုက်မိကြရလိမ့်မည်။

ထို့အပြင် ထွန်းလင်းတောက်ပခြင်း

စစ်သဘော်ပေါ်ရှိ အစားအစာနှင့် ရေများလည်း ကုန်သွားသည်။

ဘုရင်သည် ဤကျွန်းပေါ်တွင် အစာနှင့် သောက်သုံးနိုင်သော ရေကို ရှာတွေ့နိုင်ကောင်းပါသည်။

ဤကျွန်း၏ အရွယ်အစားသည် ခန့်မှန်းရသည်ထက် ကျော်လွန်သွားခဲ့သည်။

စခန်းချရာနောက်ကွယ်ရှိ တောထူထပ်သော သစ်တောသည် အပူပိုင်းမိုးသစ်တောကဲ့သို့ ထင်ရပြီး ထိုနေရာတွင် အပင်မျိုးစုံရှိသည်။ အချင်း လေးမီတာကျော်ရှိသော သစ်ပင်များသည် နေရာတိုင်းတွင် ရှိနေသည်။ ကြီးရင့်လာသောကြောင့် စိမ်းလန်းသောရေညှိများသည် ၎င်းတို့အပေါ်တွင်ရှိကာ ထူထဲသောစပျစ်နွယ်ပင်များ ၎င်းတို့ပတ်လည်တွင် ရစ်ပတ်နေပေသည်။

ထူထဲသော စပျစ်နွယ်ပင်များပေါ်ရှိ အရွက်များသည် ဓားအသွင်ပင်၊ လူတွေရဲ့ အရေပြားထဲကို အလွယ်တကူ ဖြတ်သွားနိုင်၏။

အစတုန်းကတော့ မြေပြင်မှာ သဲပျော့တွေ ရှိနေသေး၏။ မြေပြင်ကို သစ်ရွက်ခြောက်များဖြင့် အုပ်ထားသည်။ ဤအရွက်များသည် ဤနေရာတွင် နှစ်ပေါင်းများစွာ စုပုံနေပုံရသည်။ တချို့က နက်မှောင်ပြီး ထူထဲတဲ့ အရည်တွေ ဖြစ်သွားသည်။

နေရောင်ခြည်သည် သစ်ပင်များအားလုံးကို ဖြတ်ကျော်နိုင်၍ မြေပြင်ပေါ်တွင်

မတောက်ပနိုင်ပါ။ ထူးဆန်းသော ပိုးကောင်မျိုးစုံ မြေ၌ တွားသွားနေသည်။

စိုစွတ်ပြီး မှောင်မိုက်သောပတ်ဝန်းကျင်သည် အဆိပ်ရှိ အကောင်ဗလောင် အားလုံးအတွက် ပျော်ပါးရာ ဘုံကြီး ဖြစ်ခဲ့သည်။

ရောင်စုံမြွေများနှင့် အခြားအဆိပ်ရှိသောပိုးကောင်များ ခုန်ထွက်နိုင်ပြီး လူများကို သေစေနိုင်သည်။

သေခြင်းတရားသည် တောထဲတွင် ရစ်ဝဲနေသဖြင့် ပို၍ကြောက်စရာကောင်းနေသည်။

All Chapters