← Chapters

ကျွန်းပေါ်မှ အစုလိုက်အပြုံလိုက် သတ်ပွဲ (အပိုင်းတစ်)

Vol. 60 Ch. 928

ကျွန်းပေါ်မှ အစုလိုက်အပြုံလိုက် သတ်ပွဲ (အပိုင်းတစ်)

Vol. 60 Ch. 928

 ဖေးလို ဆရာကြီးများအတွက် ကံကောင်းစွာဖြင့်၊ ဤအဆိပ်ရှိသော ပိုးကောင်များသည် မခြိမ်းခြောက်နိုင်ပါ။

 အချိန်အတော်ကြာ ရှာဖွေပြီးနောက် ဖေး သည် ခြေထောက်ဖြင့် ရှေ့သို့ ဆက်လှမ်းရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။

 အတွေးတစ်ချက်ဖြင့် သူ့နောက်ကျောတွင် ကြီးမားသော ရွှေဓားအတောင်ပံများ ပေါ်လာပြီး သူသည် ကျောင်းသားသုံးဦးကို ပါ ကောင်းကင်သို့ ဆွဲငင် ခေါ်ဆောင်သွားခဲ့သည်။ အမြင့် သုံးဆယ်၊ လေးဆယ်မီတာရှိသော သစ်ပင်ကြီးများကို ဖြတ်ကျော်ပြီးနောက် သူတို့သည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ရှေ့သို့ ပြေးကြသည်။  

သူတို့သည် အစိမ်းရောင်လှိုင်းလုံးများပေါ် လျှောက်လှမ်းနေသလိုပင် မြင်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်။

 ဤတောအုပ်သည် ဧရာမ ကျယ်ပြော၏။ဖေးသည် ကောင်းကင်မှာ ပျံသန်းရင်းပင် တော၏ အဆုံးကိုတောင် မမြင်နိုင်ခဲ့ပါ။

 ညအချိန် လေထဲမှာ သစ်ပင်တွေက အနည်းငယ် လှုပ်ယမ်းနေသောကြောင့် သစ်တောတွေက မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်သွားသော စိမ်းလန်းသည့် ပင်လယ်ပြင်ကြီးလို အသွင်တူပါ၏။

  ပိုပိုပြီး ပျံသန်းလာတဲ့အခါ ဖေးက နောက်ဆုံးမှာ အချက်အလက်တွေ ပိုရှာတွေ့ခဲ့ပါသည်။

 ဤကျွန်းက ဧရာမ စတုဂံပုံ တောအုပ်ကြီးဖြစ်သည်။ 

ချမ်းဘော့ဒ်နိုင်ငံသားများနှင့် ၎င်းတို့၏ သုံ့ပန်းများသည် စတုဂံ၏ အစွန်းတစ်ဖက်ရှိ ကမ်းခြေအနီးတွင် စခန်းချနေထိုင်ကြပြီး ဤကျွန်းသည် ဤမျှကြီးကျယ်သည်ဟု မသိနိုင်ကြပေ။ ကျွန်းသည် လူအများ၏ ပထမဆုံး ခန့်မှန်းချက်ကို ကျော်လွန်သွားခဲ့သည်။

 ဖေး၏အရှိန်ဖြင့် နာရီဝက်အကြာတွင် သူသည် ကျွန်း၏အလယ်ဗဟို ရောက်လာပါပြီ။

 ရုတ်တရက် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပျက်သွားသည်။

 စိမ်းလန်းသောပင်လယ်ပြင်တွင် မြုပ်နေသော နီလာသလင်းကျောက်သဏ္ဍာန်ရှိသော ကျွန်းအတွင်းရှိ ရေကန်ထဲတွင် ပြင်းထန်ပြီး ထက်ရှသော စွမ်းအင်များ 

တဟုန်ထိုး ပေါ်လာသည်။

 ဤစွမ်းအင်သည် ရိုင်းစိုင်း၍ ရှေးရိုးဆန်ပြီး ပေါက်ကွဲနိုင်စွမ်း အပြည့်ရှိသည်။  ထိတ်လန့်စရာကောင်းပြီး လူသားတွေလက်လှမ်းမမီနိုင်လောက်အောင်ပါပဲ။

 ထို့နောက် မိုးခြိမ်းသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

 မြင်သာသော အသံလှိုင်းကြီးများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားကာ ကြီးမားသော လေပြင်းများကို ဖန်တီးသည်။  ထိုရေကန်၏ဗဟိုချက်အနေဖြင့် လေပြင်းများတိုက်ခတ်လာပြီး ကန်ပတ်လည်ရှိ သစ်ပင်များအားလုံးအား တွန်းထုတ်သည်။  

သစ်ပင် အကြီးကြီးအချို့သည် အသံလှိုင်းရိုက်ခတ်မှုကြောင့် မြေပြင်မှ အမြစ်လှန်ပြီး ကျောက်တုံးများပင် လေထဲသို့ မြောက်တက်သွားကြသည်။

 "ဇာတိနတ်ဆိုးသားရဲတစ်ကောင်လား..! သူ့ရဲ့အငွေ့အသက်က တကယ့်ကို ရှေးရိုးဆန်တယ်။ ဒီကောင့်ရဲ့အစွမ်းသတ္တိက အနည်းဆုံးတော့ နေအဆင့်နယ်ပယ် မှာရှိနိုင်တယ်... အိုး၊ ကမ္ဘာကြီးနဲ့ လူသားတွေရဲ့ဆိုးကျိုးတွေကြောင့် လူသူကင်းမဲ့တဲ့ ဒီကျွန်းမှာ ရှင်သန်နိုင်ခဲ့တဲ့အတွက်၊ ရှားပါးတဲ့ သွေးအမျိုးအစားတစ်ခု ဖြစ်နေမလား၊ဒဏ္ဍာရီခေတ်ကနေ လွတ်မြောက်ပြီး အခုအချိန်အထိ ရှင်သန်ခဲ့နေတာလည်း ဖြစ်နိုင်တယ်။"

ဖေးက ခဏလောက်စဉ်းစားပြီးနောက်  ဤလျှို့ဝှက်ဆန်းကြယ်သော နတ်ဆိုး၏ နယ်မြေတစ်ဝိုက်သို့ လေ့လာရန် ဆုံးဖြတ်လိုက်သည်။

 ဖေး နှင့် ကျောင်းသားများသည် ကြည်လင်သောရေကန်ကို လှည့်ပတ်ကာ ရှေ့သို့ အနည်းငယ် ပြေးလွှားကြသည်။ ထို့နောက် သစ်ပင်များ နည်းပါးလာပြီး ပြန့်ကျဲသွားကာ မြေမျက်နှာသွင်ပြင်သည် ပြန့်ကျဲလာသည်။ မကြာခင်မှာပဲ မြက်ခင်းပြင်တစ်ခု ပေါ်လာပြီး ကောင်းကင်မှာ ကြယ်ပွင့်တွေလို လှပစွာ အလှဆင်ထားသောကျောက်ဖြူဖြူတွေ ရှိနေသည်။

 "ဒီနေရာက လူသားတွေနေထိုင်ဖို့ သင့်တော်ပါတယ်... အယ်၊ ခဏနေ၊ ဘာလို့ သွေးနံ့တွေ ပြင်းထန်နေရတာလဲ"  ဖေး၏ အမူအရာ ရုတ်​တရက်​ ​ပြောင်းသွားသည်​။

 မကြာသေးမီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့သလို ထူထဲသော သွေးနံ့သည် လေထုထဲသို့ စိမ့်ဝင်သွားသည်။ ဖေး၏ အရှေ့ရှိ သဘာဝဒြပ်စင်များသည် ပုံမှန် မဟုတ်စွာ ကြမ်းတမ်းနေပြီး ရေဒြပ်စင်များသည် အတက်ကြွဆုံးဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သည့်ပုံပေါက်သည်။ ဤသည်မှာ ပင်လယ်မျိုးနွယ်စု၏ ထူးခြားသော လက္ခဏာဖြစ်သည်။  သို့သော် ထို ထူထဲသော သွေးညှီနံ့သည် ၎င်းတို့ထံမှမဟုတ်၊ လူသားသွေး ဖြစ်သည်။

 လူများစွာ  အသတ်ခံခဲ့ရလေသည်။

* ထူးဆန်းလိုက်တာ၊ ဒီဝေးလံခေါင်သီတဲ့ ကျွန်းလေးပေါ်မှာ လူသားတွေ ရှိနေတာ လား*

ဖေးက အတွေးနှင့်အတူ ရုတ်တရက် အရှိန်မြှင့်လိုက်ပြီး သွေးနံ့တွေ အထူထပ်ဆုံးနေရာကို ရောက်သွားသည်။

မသေဆုံးခင်မှာ လူတွေက ကြောက်လန့်တကြား အော်ဟစ်ငိုယိုနေခဲ့ကြကြောင်း ထင်ရှားပါသည်။ တစ်ချိန်တည်းမှာပင်၊ ပင်လယ်မျိုးနွယ်ဝင်များ၏ ထူးခြားသော ဟိန်းဟောက်သံများနှင့် ဆူညံသံများသည် ထိုအော်ဟစ်သံများနှင့်ရောထွေးကာ ကောင်းကင်ယံ၌ ပဲ့တင်ထပ်နေပါသည်။

 သို့သော်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပြီးဆုံးသွားပုံ ရသည်။  တိုက်ပွဲဆူညံသံများနှင့် လူသားတို့၏ အော်သံများသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ငြိမ်ကျသွားသည်။

All Chapters