ကျွန်းပေါ်မှ အစုလိုက်အပြုံလိုက် သတ်ပွဲ (အပိုင်းနှစ်)
Vol. 60 Ch. 929
ဖေး သည် လူဝီ၊ ပါတိုနှင့် အော်စကာတို့ကို ခေါ်ဆောင်ကာ အလျင်မြန်ဆုံး အရှိန်ဖြင့် ရှေ့မှ ဦးဆောင် ခေါ်ဆောင်ကာ အခင်းဖြစ်ပွားရာ နေရာသို့ အမြန်ရောက်ရှိသွားခဲ့သည်။
ရှေးရိုးဆန်သော်လည်း ရိုးရှင်းသော လူသား ရွာကလေး။
ဒီရွာမှာ လူဦးရေ ၂၀၀၀ လောက်ရှိပုံရသည်။ အကြည့်တစ်ချက်ဖြင့်ပင် ဤအိမ်အများစုကို မီးခိုးရောင်သစ်လုံးများဖြင့် ပြုလုပ်ထားသည်ကို ဖေးက သတိပြုမိသည်။ အချို့မှာ ကောက်ရိုးတဲများ၊ ရိက္ခာသိုလှောင်ရုံကြီးများ ဖြစ်သည်။
ရွာကို လေးမီတာမြင့်သော အကာအကွယ် တံတိုင်းများဖြင့် ဝန်းရံထားသည်။ အဆိုပါ တံတိုင်းများကို သစ်လုံးများဖြင့် ပြုလုပ်ထားသည်။ ချွန်ထက်သော သစ်သားလှံများ စိုက်ထူထားသော ကင်းမျှော်စင်များနှင့် ခံတပ်များရှိသည်။
တစ်ရွာလုံးက ရန်သူတွေလက်ကနေ ခုခံကာကွယ်ဖို့ ကြိုးစားနေသည့် ဧရာမဖြူကောင်ကြီး တစ်ကောင်လိုပါပဲ။
သစ်သား တံတိုင်းများအပြင်ဘက်တွင် ရေတွင်းများစွာ တည်ရှိသည်။
လယ်ယာမြေအချို့ ဖွံ့ဖြိုးနေပြီး အမည်မသိသော သီးနှံများလည်း စိုက်ပျိုးထား
သည်ကို တွေ့ပါသည်။ ဧရိယာသည် စိမ်းလန်းပြီး အသက်ဝင်သည်။ ထို့အပြင် တံတိုင်းအတွင်းရှိ အိမ်များပတ်လည်တွင် အုန်းပင်နှင့် အသီးအနှံပင်အချို့ကို စိုက်ထားသည်။ အပင်များက လေတိုက်တော့ဘယ်ညာ ယိမ်းနွဲ့ကာ ဤနေရာသည် အေးချမ်းသာယာပြီး ကောင်းကင်ဘုံလို ဖြစ်သည်။
ဟုတ်ပါသည်။ ၎င်းက ယခင် ပုံစံပါ။
ယခုအချိန်မှာတော့ အညှာတာမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက ထိုအလှအပတွေအားလုံးကို ဖျက်ဆီးနေပြီ။
လူသေအလောင်းများ မြေပြင်ပေါ်တွင် နေရာအနှံ့ ရှိနေသည်။ သက်ကြီးရွယ်အိုများ၊ ကလေးများ၊ အမျိုးသားများ အားလုံး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ အကောင်းကပတိပင် မကျန်ရစ်ချေ။
ယခုအချိန်မှာတော့ ပင်လယ်မျိုးနွယ်၏ အောက်ခြေအဆင့် စစ်သည်တော်တွေဟာ နွေးနွေးထွေးထွေးရှိနေဆဲ လူသားအလောင်းတွေကို ကိုက်ဖြတ် ဝါးမျိုနေကြပါပြီ။
ဤသည်မှာ ရက်စက်ပြီး လူမဆန်သော မြင်ကွင်းတစ်ခုပင်။
ဤမြင်ကွင်းကိုကြည့်ခြင်းအားဖြင့် လွန်ခဲ့သောတစ်နာရီခန့်က တစ်ဖက်သတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖေး မှန်းဆနိုင်သည်။
ဘာသတိပေးချက်မှမရှိဘဲ၊ ရက်စက်ကြမ်းကြုတ်ပြီး နတ်ဆိုးဆန်သော ပင်လယ်မျိုးနွယ်မှ စစ်သည်တော်များစွာသည် ပင်လယ်ပြင်မှ တွားသွား ထွက်ပေါ် ကြသည်။ သူတို့သည် ဤနေရာမှ ကီလိုမီတာများစွာကွာဝေးသော ကမ်းခြေပေါ်သို့ ကျူးကျော်လာခဲ့ကြပြီး ဤရွာကို ဖျက်ဆီးသွားကြသည်။ လှပသော ကမ်းခြေတွင် အန္တရာယ်ရှိ ရန်သူများ ရုတ်တရက် ထွက်ပေါ်လာသည်က ရွာသားများအား အငိုက်မိစေပြီး ၎င်းတို့ကို သေကြေပျက်စီးသွားစေသည်။
ရွာသည် ခွန်အားအဆင့် တစ်ခုတော့ ရှိပုံရသည်။ အစပိုင်းမှာတော့ ရွာသူရွာသားတွေက ပြန်ခုခံသည်။ သို့သော်လည်း အကန့်အသတ်မရှိ အားကြီးသော ရန်သူများကို ရင်ဆိုင်ရန်အတွက်
သူတို့၏ ခုခံနိုင်စွမ်းမှာ အားနည်းလွန်းလှသည်။
သစ်သား တံတိုင်းများနှင့် တံခါးကို အစပိုင်းတွင်ပင် ဖျက်ဆီးခံခဲ့ရသည်။
အမာကျောဆုံးသော သစ်လုံးသည်ပင် ရက်စက်ကြမ်းကြုတ်သော ပင်လယ်မျိုးနွယ်စုကို မခုခံနိုင်ပေ။ ရက်စက်ကြမ်းကြုတ်သော သတ္တဝါများသည် သမုဒ္ဒရာမှ ကမ်းခြေပေါ်သို့ တွားသွားကာ လှိုင်းလုံးများအသွင်ဖြင့် လူသားများကို တိုက်ခိုက်ကြသည်။ အထင်ကြီးလောက်စရာ ခွန်အားရှိသော လူသားစစ်သည်တော် အနည်းငယ်ရှိသော်လည်း
ထိုလက်တစ်ဆုပ်စာမျှဖြင့် အခြေအနေကို မပြောင်းလဲနိုင်ပေ။
တစ်ရွာလုံးသည် နိဗ္ဗာန်ဘုံမှ သက်ရှိငရဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လူတိုင်းသည် စိတ်ပျက်အားငယ်နေချိန်တွင် သေကြေပျက်စီးခဲ့ရသည်။
အခုချိန်မှာတော့ ရွာထဲမှာ ဘယ်သူမှ မရှိသလောက်ပါပဲ။ နတ်ဆိုးပင်လယ်မျိုးနွယ်မှ ထွက်ခွာမသွားပါ။ သူတို့သည် ပူနွေးသော လူသေအလောင်းများကို ရွှင်မြူးစွာ အောင်ပွဲခံ စားသောက်ကြပြီး၊ ဝိုးတဝါး ဟိန်းဟောက်သံများနှင့် အသားစုတ်ဖြဲနေသည့် အသံများက နတ်ဆိုးတစ်စု ပျော်ပွဲကျင်းပနေသကဲ့သို့ ဖြစ်နေသည်။
ဖေး နှင့် ကျောင်းသား သုံးယောက် ရောက်ရှိလာခြင်းသည် 'ပျော်ပွဲ' ကို အနှောင့်အယှက် ဖြစ်စေသည်။
လူသစ် လူသားတွေ၏ ရနံ့က ဒီသွေးဆာနေတဲ့ နတ်ဆိုးတွေ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ဖေးနှင့် တော်တော်ရင်းနှီးသည့် ပင်လယ်မျိုးနွယ် အဖွဲ့ဝင်တစ်ယောက်ရှိသည်။
ပင်လယ်မြွေ အဆင့်နိမ့် ပင်လယ်မျိုးနွယ် စစ်သည်တော် တစ်ဦးသည် ၎င်း၏ ကွဲနေသော လျှာများကို ဖြန့်ထုတ်ကာ ဟိန်းဟောက်သည်။
"ဝူး...ဝူး... လူသားတွေ...ဝူးး... ငါတို့အတွက် လတ်ဆတ်တဲ့ အစာတွေထပ်ရောက်လာပြီပဲ!"
၎င်း၏ အရပ်က သုံးမီတာကျော်သည်။ ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ပင်လယ်မြွေပုံစံဖြစ်ပြီး ၎င်း၏အပေါ်ပိုင်းသည် လူနှင့် တူသည်။ အရေပြားသည် အကြေးခွံများနှင့် ပြည့်နေပြီး ၎င်း၏ နှုတ်ခမ်းပေါ်မှ သွေးများ စီးကျနေသည်။
ပြင်းပြင်းထန်ထန် ဟိန်းဟောက်ပြီး ရှေးဟောင်း ကြမ်းတမ်းသော ဘာသာစကားများစွာကို ထွေးထုတ်လျက် လူလေးဦးဆီသို့ အရူးအမူး တိုးဝင်သွားခဲ့သည်။
-------------------