← Chapters

လူသားများ၏ ကပ်ဆိုး.. (အပိုင်းနှစ်)

Vol. 60 Ch. 931

လူသားများ၏ ကပ်ဆိုး.. (အပိုင်းနှစ်)

Vol. 60 Ch. 931

“တကယ်လား ဟားဟားဟား..!ဒါက ဘုရားရဲ့ ရှုံ့ချခြင်းပဲ”

လူဝီနှင့် ပါတိုတို့ နှစ်ဦးစလုံး ပီတိဖြစ်ခဲ့ကြသည်။

ရွာမှာ တွေ့လိုက်ရသည့် မြင်ကွင်းက ကြောက်စရာကောင်းပြီး လူသားတွေနှင့် ပင်လယ်မျိုးနွယ်စုကြားက ဆက်ဆံရေးကို နားလည်စေသည်။ မုဆိုးနှင့် အမဲလိုက်သူများကြား ဆက်ဆံရေး ဖြစ်သည်။

ဤလူသားများနှင့် သွေးဆာမှု ကြီးစိုးသော ဤနတ်ဆိုးများအကြား စေ့စပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအတွက် နေရာမရှိပေ။

ဤလောက၌ သဘာဝတရား၏ နိယာမအား ချမှတ်ထားကြသည်။ သားသတ်သမားများက သားသတ်ရုံရှိ ဝက်များနှင့် စေ့စပ်ညှိနှိုင်းခြင်းမပြု၊ ခြင်္သေ့များက ၎င်းတို့ ဖမ်းမိသော သိုးများနှင့် စကားမပြောပါ။ လင်းယုန်များသည် ၎င်းတို့၏ ခြေသည်းများကြားရှိ ယုန်များနှင့် စကား

မပြောကြပေ။

၎င်းတို့ ထိန်းချုပ်ပြီးသား အစားအသောက်တွေနှင့် ညှိနှိုင်းဖို့ မည်သူမှ ဆန္ဒရှိမှာ မဟုတ်ပေ။ ညှိနှိုင်းမှုအားလည်း လက်ခံမည် မဟုတ်ပါ။

ပင်လယ်မျိုးနွယ်စုသည် ကြောက်မက်ဖွယ်ကောင်းသော မျိုးနွယ်စု ဖြစ်ပြီး ၎င်းတို့သည် ရှေးဦးဗီဇနှင့် စစ်မက်ဆန္ဒကြောင့် တွန်းအားပေးခံခဲ့ရသည်။ ၎င်းတို့က ပင်လယ်ထဲမှ အချိန်အကြာကြီး ထွက်ခွာကာ ကုန်းပေါ်၌ ကျင်လည်နေပါက လူသားများအတွက် ကပ်ဆိုးကြီးတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ရှေးခေတ်ဒဏ္ဍာရီများတွင် အဇာရို့သ် တိုက်ကြီးသည် ကုန်းမြေ၏ အဆများစွာကြီးမားသော သမုဒ္ဒရာကြီးများဖြင့် ဝန်းရံထားသည်။ ပင်လယ်မျိုးနွယ်စု၏ လူဦးရေသည် ကုန်းမြေပေါ်ရှိ လူမျိုးအားလုံး၏ လူဦးရေထက် အဆများစွာ ရှိလေသည်။ သူတို့သည် တိုက်ကြီးအား စစ်ပွဲ ဆင်နွှဲနိုင်ပြီး ၎င်းတို့၏ အရေအတွက် အသာစီးဖြင့် ကုန်းမြေကို သိမ်းပိုက်နိုင်ကြသည်။

သို့သော် နတ်ဘုရားများက ဤပင်လယ်မျိုးနွယ်အား အရေအတွက်များပြားမှုနှင့် လျင်မြန်စွာ မျိုးပွားနိုင်စွမ်းကို ပေးခဲ့သော်လည်း၊ ၎င်းတို့သည် အခြားကဏ္ဍများတွင် အဟန့်အတားဖြစ်စေခဲ့သည်။

သူတို့သည် ပင်လယ်ရေကို အချိန်အကြာကြီး ကင်းကွာ၍ မရနိုင်ဘဲ၊ ဤချို့တဲ့မှုကြောင့် ကုန်းမြေပေါ်ရှိ လူမျိုးများကို ဘယ်သောအခါမျှ မခြိမ်းခြောက်နိုင်တော့ပေ။

ထို့ကြောင့် လူသားများသည် ကုန်းမြေပေါ်တွင် ကြီးစိုးနိုင်ဆဲ ဖြစ်သည်။

အော်စကာသည် အရည်အချင်း ရှိသူပင်။

အလောင်းအားလုံးကို အချိန်အတော်ကြာအောင် အကဲခတ်ပြီးနောက် နောက်ထပ် ကောက်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းက ပင်လယ်မျိုးနွယ်ဝင်သည် အဆင့်မြင့်လေ၊ ကုန်းမြေပေါ်တွင် ကြာကြာ နေနိုင်လေဖြစ်သည်။

ဥပမာအားဖြင့် ပင်လယ်မျိုးနွယ်စု၏ ကြယ်တစ်ပွင့် စစ်သည်တော်သည် ကုန်းပေါ်တွင် သုံးနာရီသာ အသက်ရှင်နိုင်လျှင် ကြယ်ခြောက်ပွင့်စစ်သည်တော်သည်သည် ကုန်းပေါ်တွင် ဆယ်ရက်ထက်ပို၍ အသက်ရှင်နိုင်သည်။ ပင်လယ်မျိုးနွယ်စု၏ နေအဆင့် အရှင်သခင်ကမူ ဤမွေးရာပါကန့်သတ်ချက်ကြောင့် ဒုက္ခမခံရဘဲ ကုန်းပေါ်တွင် ထာဝရနေနိုင်မည် ဖြစ်သည်။

သို့သော် သမုဒ္ဒရာများသည် ကျယ်ပြောပြီး ပင်လယ်သတ္တဝါများစွာရှိသော်လည်း ၎င်းတို့ထဲမှ အရေအတွက် ဘယ်လောက်များများ နေအဆင့်၏ နယ်ပယ်သို့ ရောက်ရှိနိုင်ပါ့မလဲ..

ထိပ်တန်း သခင်များနယ်ပယ်၌ ပြိုင်ဆိုင်မှု နှင့် ဖျက်ဆီးခြင်းတွင် ထူးချွန်သော လူသား များသည်လည်း အမှန်တကယ် အားနည်းချက် မရှိပါ။

“အိုး၊နောက်ကျနေပြီ၊ ရွာထဲပြန်သွားကြည့်ရအောင်၊ အသက်ရှင် ကျန်ရစ်သူ ရှိသေးလားဆိုတာ ကြည့်ရအောင်။ အနည်းဆုံးတော့ ဘယ်လိုလူမျိုးတွေ ဒီမှာနေနေတာလဲ၊ ဘာလို့ ဒီမှာ နေနေကြတာလဲ အဖြေရှာနိုင်တာပေါ့။”

ဖေးက လှိုင်းလုံးကြီးတွေ ဖုံးလွှမ်းနေသည့် ကမ်းခြေကို ကြည့်ပြီး ဆက်ပြောလာသည်။

“ငါတို့ ဒီကို နည်းနည်းစောပြီး ရောက်နိုင်ရင် ငါတို့ သူတို့ကို ကယ်နိုင်ဦးမှာကွ။ ပင်လယ်နွယ်ဝင်တွေက ဒီကျွန်းကို အခုမှ ရှာတွေ့ထားတာ၊ ဒီအကောင်တွေ ပြန်လာကြလိမ့်မယ်။ ငါတို့ စခန်းချတဲ့နေရာကို အမြန်ပြန်သွားရမယ်။”

တက္ကသိုလ်ကျောင်းသား သုံးဦးသည်ဖေး၏ စကားကို ခေါင်းညိတ်ရင်း ၎င်းတို့၏ လက်နက်များကို ရုတ်သိမ်းကာအသက်ရှင် ကျန်ရစ်မည့် အလားအလာများကို ထပ်မံရှာဖွေခဲ့သည်။

ဖေးသည် ရွာတစ်ဝိုက်တွင် လမ်းလျှောက်ရင်း အလောင်းကောင်များကို နေရာအနှံ့တွေ့သည်။ သွေးနံ့သည် လေထဲသို့ စိမ့်ဝင်သွားကာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းသို့ တိုးဝင်လာသည်။

ခိုကိုးရာမဲ့ ရွာသားတွေဟာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခံခဲ့ရပါသည်။

အိမ်တစ်အိမ်တွင် မိခင်ငယ်တစ်ဦးသည် သူ့ကလေးကို အကာအကွယ်ပေးလိုသော်လည်း သားအမိ နှစ်ဦးစလုံးကို ခါးတစ်ဝက်ခန့်ဖြတ်ပိုင်းခံထားရသည်။ သူတို့၏ အတွင်းအင်္ဂါများ မြေပြင်ပေါ်သို့ မြင်မကောင်းစွာ ပွင့်ကျနေသည်။

သစ်ပင်တစ်ပင်အောက်မှာ ဆံပင်ဖြူ အဘိုးကြီးတစ်ယောက်၊ သူ့ခေါင်းတစ်ဝက်ကို ကိုက်ဖြတ်ခံထားရပြီး သူ့မျက်နှာတစ်ဝက်လောက်သာ ကျန်တော့သည်။

သစ်သားနံရံဘေးတွင် သတ္တုချပ်ဝတ် ဝတ်ဆင်ထားသော စစ်သည်တော်

တစ်ဦး၏ သူ့ ခန္ဓာကိုယ်အောက်ပိုင်းသည် အသား အပိုင်းပိုင်းအစစ ပဲ့ကြေနေသည်။

ချပ်ဝတ်သည် ပုံပျက်နေပြီး သူ့အတွင်းအင်္ဂါများ ကြေမွသွားကာ ဦးခေါင်းလည်း ပျောက်ဆုံးသွားခဲ့သည်။

ဖေးသည် ဒိုင်ယာဘလို ကမ္ဘာတွင် သေဆုံးမှု အမျိုးအစားအားလုံးကို မြင်တွေ့ခဲ့ရသော်လည်း သူ မြင်လိုက်ရသည့်အတွက် စိတ်မကောင်း ဖြစ်မိပါသေးသည်။

-----------------

All Chapters