← Chapters

အသက်ရှင်ကျန်ရစ်သူများ.. (အပိုင်း တစ်)

Vol. 60 Ch. 932

အသက်ရှင်ကျန်ရစ်သူများ.. (အပိုင်း တစ်)

Vol. 60 Ch. 932

~ပင်လယ်မျိုးနွယ်စုသည် ဒဏ္ဍာရီလာခေတ်မှ ပုံပြင်များစွာ တည်ရှိသော မျိုးနွယ်တစ်ခု ဖြစ်သော်လည်း ၎င်းတို့သည် ရက်စက်ပြီး လူမဆန်သော မျိုးနွယ် ဖြစ်သည်။ ၎င်းတို့၏ သနားညှာတာ ကင်းမဲ့မှုအောက်တွင်၊ ဤလူသား ရွာလေးသည် ငရဲ နတ်ဆိုးများ မွေနှောက်၍ အရာအားလုံးကို ဖျက်ဆီးကာ ကုန်းမြေကို မှောင်အတိ ကျစေသော ဒိုင်ယာဘလိုကမ္ဘာရှိ ရွာများကဲ့သို့ပင်။

ပင်လယ်မျိုးနွယ်စုဝင်များသည် ငရဲနတ်ဆိုးများနှင့် မတူပေ။

ဤအရာအားလုံးသည် နယ်လှည့်ကဗျာဆရာများ တန်ဆာဆင်သော ပုံပြင်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လှပပြီး စိတ် ခံစားလွယ်‌သော ရေသူမလေး၊ ရဲရင့်၍ ဖြောင့်မတ်သော ပင်လယ်မြင်းမင်းသား၊ သတ္တိရှိပြီး ဇွဲနပဲကြီးသော ဝေလငါးစစ်သည်တော်များနှင့် ကြီးမားသော ကွာခြားချက် ဖြစ်သည်။

ဖေးက သက်ပြင်းချလိုက်တော့သည်။

"ဇာတ်လမ်းထဲက စိတ်ကူးယဉ်ဆန်ပြီး ဒီဇာတ်ကောင်တွေကို သဘောကျတဲ့ လူငယ်တွေက ဒီမြင်ကွင်းကို မြင်ပြီးရင် ဘယ်လိုခံစားရမလဲ။ လူသားနဲ့ ပင်လယ်မျိုးနွယ်ဝင်တွေကြားက အချစ်ဇာတ်လမ်းကို သူတို့ စောင့်မျှော်နေကြဦးမှာလား။"

ဤကြမ်းတမ်းသော မျိုးနွယ်သည် လူသားမျိုးနွယ်၏ ကပ်ဆိုး ဖြစ်သည်။

ဖေးအား စိတ်ရှုပ်ထွေးစေသည့် တစ်ခုတည်းသောအချက်မှာ ဒဏ္ဍာရီများတွင်သာ ရှိခဲ့သော ဤလူမျိုးသည် ရုတ်တရက် ပေါ်လာရခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ၎င်းတို့ကို မည်သည့်နေရာတွင်မျှ မတွေ့ခဲ့ရသော်လည်း ပင်လယ်သို့ ပထမဆုံးအကြိမ် ထွက်သောအခါတွင် သူသည် ချက်ချင်းပင် ၎င်းတို့နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။

"ငါ တကယ်ကံမကောင်းတာပဲလား? ဒါမှမဟုတ် ဒီနောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အကြောင်းပြချက်တွေရှိ နေလား"

ပင်လယ်မျိုးနွယ်စု၏ ပေါ်ထွက်လာမှုသည် မြန်ဆန်ပြီး တစ်ကြိမ်သာ ဖြစ်မည်လား။ သို့မဟုတ် ဤကြောက်စရာကောင်းသောမျိုးနွယ်သည် သမိုင်းမှ ပြန်လည်ရှင်သန်လာပြီး ဖရိုဖရဲခေတ်တွင် နေရာတစ်ခုရယူသွားတော့မည်လား။

၎င်းတို့သည် ထွန်းလင်းတောက်ပခြင်းစစ်သဘ်ောကို အဘယ်ကြောင့် ယခုလို မျက်စိကျနေကြသလဲ။

သူတို့သည် အဘယ်အရာကို လိုချင်ကြသလဲ။လူသားများကို အလိုလိုမုန်းတီးနေခြင်းလား။

ယင်းသည် ရိုးရှင်းမည် မဟုတ်ပေ။ လာမည့် ဖရိုဖရဲ အခြေအနေနှင့် ပတ်သက်သည့် ရှေ့ဖြစ်ဟောချက်သည် မှန်ကန်လာပြီလား။

ဖရိုဖရဲ အခြေအနေက လူသားတွေကြားထဲမှာပဲ မဟုတ်ပဲ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည့် မျိုးနွယ်အားလုံး ပြန်လာပြီး အချင်းချင်း ပြိုင်ဆိုင်နေကြပြီလား၊

အခု ပင်လယ်မျိုးနွယ်တွေ ပြန်ရောက်လာတော့ ဒဏ္ဍာရီဆန်ဆန် နတ်ဘုရားများနှင့် နတ်ဆိုးများလည်း ဒီကမ္ဘာကို ရုတ်ချည်း ပြန်ပေါ်လာမှာလား....?။

ချမ်းဘော့ဒ်၏ အနောက်ဘက်တောင်တန်းများတွင် သူ တွေ့ခဲ့သော ထိတ်လန့်ဖွယ်ရာရှာဖွေတွေ့ရှိမှုကို ဖေး ရုတ်တရက် ပြန်တွေးမိသည်။ လူပုလေးများ၏ လွန်ခဲ့သော

ဘိုးဘေးနေရာတွင်၊ လူပုဘုရင်၏ သမိုငင်းမှတ်တမ်း၌ နတ်ဘုရားတစ်ပိုင်းများ တည်ရှိမှုကို မှတ်တမ်းတင်ထားသည်။

"သူတို့လည်း အိပ်ပျော်ရာကနေ နိုးလာမှာလား? သူတို့ တိုက်ကြီးကို ပြန်ပြီး ဖြတ်သန်းပြီး နောက်ဆုံး အကြိမ်ကလို မျိုးနွယ်အားလုံးကို ဖျက်ဆီးပြီး ဘေးဥပဒ် ရောက်စေမှာလား။ ဒဏ္ဍာရီလာခေတ်ကြီးမှာ ယဉ်ကျေးမှုတွေ ရှိခဲ့ပေမယ့် အလွယ်တကူ ဖျက်ဆီးခံခဲ့ရတယ်။ နှစ်ပေါင်းထောင်ချီပြီးရင် အဲ့ဒီဖြစ်ရပ်က ထပ်ဖြစ်ဦးမှာလား။ ဒဏ္ဍာရီလာ ယဇ်ပလ္လင်မှာ ပြန်လည်ရှင်သန်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရွှေအရိုးစုနဲ့ ဒါဟာ ဆက်စပ်မှု ရှိနေသလား"

ထိုသို့ ဖေး စိတ်ထဲမှာ မေးခွန်းတွေ အရမ်းများနေပါသည်။

ရွာကို တစ်ခေါက်လောက် လမ်းပတ်လျှောက်ပြီး ဘယ်နေရာမှ မသွားတော့ပေ။

စခန်းချသည့် နေရာသို့ မပြန်မီ အလောင်းအားလုံးကို သင်္ဂြိုဟ်ရန် တက္ကသိုလ်ကျောင်းသား သုံးဦးကို ခေါ်ကာ ဖေးသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်သည်။ ရွာအစွန်မှာ အရင်က သတိမထားမိသော ထူးဆန်းသည့် အရိပ်အယောင်တွေ ရှိနေပြီး ၎င်းသဲလွန်စတွေက ထူထပ်သည့် တောအုပ်ဆီ ဦးတည်သွားကြသည်။

ခြေရာတွေ အစီအရီ မြေပြင်မှာ ကျန်ခဲ့သည်။

ဂရုတစိုက် ဖုံးကွယ်ထားသော်လည်း ဖေး ကဲ့သို့ သခင်ကို လှည့်စားနိုင်သည့် အရာမဟုတ်ပေ။

"ဟင်? တစ်ယောက်ယောက် ဒီကနေ လွတ်မြောက်သွားတာလား"

ဖေး ၎င်းနေရာသို့ အမြန်လျှောက်ကြည့်ပြီး သူ့ကို စိတ်လှုပ်ရှားစေသော နောက်ထပ်သဲလွန်စများကို ရှာဖွေတွေ့ရှိခဲ့သည်။

ဤအမှတ်အသားများကို ချန်ထားခဲ့သည်မှာ လူသားများဆိုသည်မှာ သေချာပါသည်။ ပင်လယ်မျိုးနွယ်စုဝင်များသည် ကြီးမားပြီး ၎င်းတို့ပတ်လည်တွင် အရည်ထူထပ်သည်။ ဒီလို ပေါ့ပေါ့ပါးပါး အမှတ်အသားတွေ မထားခဲ့နိုင်ပေ။

နောက်တစ်စက္ကန့်တွင်၊ ဖေးသည် မြေပြင်အထက် မီတာ ၄၀ ခန့်ရှိ ကြမ်းတမ်းသော ရေအခြေပြုတိမ်တိုက်များကို ခံစားလိုက်ရသည်။

လွတ်မြောက်လာသူတွေဟာ ရန်သူတွေကို အလွတ်မပေးသည်က ထင်ရှားပါသည်။

လအဆင့်နယ်ပယ် စွမ်းအားရှိ ပင်လယ်မျိုးနွယ် အဖွဲ့ဝင်များသည် ကောင်းကင်ယံ၌ ဖေးတို့နောက်ကို လိုက်နေပါသည်။

ဖေး သည် တက္ကသိုလ်ကျောင်းသား သုံးဦးအား ချက်ချင်း အမူအရာပြကာ သူ့နောက်သို့ အမြန်လိုက်ရန် ပြောခဲ့သည်။ ထို့နောက် သူသည် ယခင်က သတိမမူမိသော ဤလမ်းလေးကို လျှောက်လှမ်းခဲ့သည်။

All Chapters